စိတ်ပညာရှင်တွေ လေ့လာမှုအရ မိန်းကလေးအများစု စိတ်ခံစားမှုကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းအရင်း
0
718
စိတ်ခံစားမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်းစိတ်ခံစားမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်း
စိတ်ခံစားမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းအရင်း
#Lifestyle_Myanmar
#Thar_Nage
တွေ့မြင်နေကျသတ္တဝါတွေလိုမဟုတ်ဘဲထူးခြားတဲ့အသွင်သဏ္ဍာန်မျိုး ပိုင်ဆိုင်ထားတဲ့တိရိစ္ဆာန်အချို့
Unicode
စိတ်ပညာရှင်တို့ရဲ့ လေ့လာမှုအရ စိတ်ခံစားမှုမတည်ငြိမ်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်း
၁။ ပေါ်ပြူလာဖြစ်ချင်တဲ့အလိုဆန္ဒ
လူအများစုဟာ အရမ်းကို ပေါ်ပြူလာဖြစ်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းကြားမှာပဲဖြစ်ဖြစ် အခုလို အွန်လို်င်း မီဒီယာတွေမှာပဲဖြစ်ဖြစ် ပေါ်ပြူလာဖြစ်ချင်ပေမဲ့ တခါတလေမှာ ထင်ထားသလိုမဖြစ်လာတာကများပါတယ်။ အဲ့ဒီအခါကြာရင် အလိုလိုနေရင် ဒီအရာအပေါ်မှာ အချိန်ကုန်ခံပြီး စိတ်ခံစားမှုတွေဖြစ်ပေါ်လာပါတယ်။ ၂၁ ရာစုမှာတော့ အွန်းလိုင်းကို စိတ်ဝင်စားလာကြာတာကြောင့် အများစုက ပေါ်ပြူလာဖြစ်ဖို့အတွက် နည်းလမ်းမျိုးစုံတွေသုံးပြီး လူတွေ မိမိကိုစိတ်ဝင်စားလာအောင် ကောင်း၏ မကောင်း၏ မစဉ်းစားဘဲ နည်းအမျိုးမျိုးဆွဲဆောင်လာကြပါတယ်။ ဒါ့ကြောင့် မိမိရဲ့ စိတ်ကို အခြားမဟုတ်တဲ့အရာတွေမှာ အရမ်းခံစားမှုမရှိအောင် ရှောင်ကြဉ်သင့်တာ အကောင်းဆုံးပါ။
၂။ သူများတွေရဲ့ အခြေအနေကိုလိုက်ပြီး အားကျခြင်း/ သံသယဝင်ခြင်း
ကိုယ့်ကိုကိုယ်ပြည့်စုံတယ်လို့ ထင်ထားပေမဲ့ ကိုယ်ထက် ပိုပြည့်စုံတဲ့သူ ဒါမှမဟုတ် ကိုယ်ထက်ပိုလှပြီး ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ကို တွေ့တဲ့အခါကျရင် အလိုလိုနေရင် အားငယ်တဲ့ စိတ်ခံစားမှုတွေဖြစ်ပေါ်လာပါတယ်။ တကယ်တော့ လူတိုင်းမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီအားနည်းချက် အားသာချက်ကို သင့်အနေနဲ့ မရှာဖွေတတ်တဲ့အခါမှာ စိတ်ခံစားတဲ့ပြဿနာရပ်တွေဖြစ်ပေါ်လာပါတယ်။ အဲ့ဒီလိုပြဿနာရပ်မျိုးကြုံလာတဲ့အခါမျိုးမှာ သူနဲ့အားနည်းချက် ကိုယ်ရဲ့ အားသာချက်ကို ရှာပြီး ဖြေသိမ့်လိုက်ပါ။ ဒါဆို သင်လည်း သင့်ကို သင်ယုံကြည်မှုရှိလာပါလိမ့်မယ။
၃။ အခြားသူတွေရဲ့ အမြင်အာရုံအပေါ်မှာ အရမ်းဂရုစိုက်ခံခြင်း
လူကြားထဲမှာ ကိုယ်ဟာ အားလုံးထက်ပိုပြီး ပေါ်လွင်နေတယ်ဆိုရင် ကိုယ့်ကိုကိုယ်သဘောကြပီတိဖြစ်ကြပါတယ်။ ငါဟာ အားလုံးထဲမှာ ထင်ပေါ်ဆုံးပဲဆိုပြီး ဂုဏ်ယူနေတတ်ကြပါတယ်။ ဒီလိုထင်ပေါ်ဖို့အတွက် မိမိမှာ ဘာတွေပြောင်းလဲလိုက်လဲဆိုတော့ အဝတ်အစား၊ မိမိရဲ့ ဒီဇိုင်း စတဲ့အပေါ်ယံ ပြောင်းလဲမှုလောက်ပဲရှိပါတယ်။ ဒီလိုအပေါ်ယံလေးပြောင်းလဲဖို့ကို မိမိမှာ လူကြားထဲသွားခံနီးတဲ့အခါ – ငါ ဒါလေးနဲ့ လိုက်ပါ့မလား၊ ဒီအရောင်ကြီးက ငါနဲ့အဆင်ပြေပါ့မလား စတဲ့ စိတ်က ဂနာမငြိမ်းအမြဲဖြစ်ပြီး စိတ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အပြင် အချိန်လဲ ကုန်စေပါတယ်။ လူတစ်ယောက်က ထင်ပေါ်ဖို့ဆိုတာ သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ ကိုယ်ပိုင်အစွမ်းစ စတဲ့ အရာတွေအပေါ်မှာပဲမူတည်ပါတယ်။ ဒါဆို သင်ဘာပဲ ဝတ်သွားသွား၊ ဘယ်နေရာပဲသွားသွား သင်ဟာ အမြဲလူကြားထဲမှာ ထင်ပေါ်ပြီးသားဖြစ်မှာပါ။ ဒါ့ကြောင့် ဒီလို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အချိန်ကုန်စေမဲ့ အလုပ်တွေကို ရှောင်ကြဉ်နိုင်တာသင့်အတွက် အကောင်းဆုံးပါပဲ။
၄။ မနာလိုမှုအပေါ် စိတ်ခံစားမှုဖြစ်ခြင်း
လူအများစုဟာ အွန်လိုင်းပေါ်မှာ တွေ့မြင်ရသမျှအရာတွေအပေါ် အခံပြီး မနာလိုမှုတွေ အများဆုံးဖြစ်တတ်ကြပါတယ်။ အွန်းလိုင်းပေါ်က အရာတွေ မှန်/ မမှန် အပေါ်မစဉ်စားဘူး။ တွေ့သမျှ ပို့စ်တွေကို ယုံစားပြီး မနာလိုမှုတွေ၊ စိတ်အားငယ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ ဒေါသဖြစ်စရာတွေကိုသာဖြစ်ပေါ်ပြီး မိမိရဲ့ဘဝ ၅၀% လောက်က ဒီထဲမှာပဲ နစ်မြောရင်း အချိန်တွေကုန်လွန်တတ်ပါတယ်။ နေ့စဉ်မြင်တွေ့နေရတဲ့ အွန်လိုင်းပေါ်က အရာတွေကို ကြည့်ပြီး မိမိမှာလည်း နေ့စဉ်နဲ့အမျှ စိတ်ခံစားမှုက အမျိုးမျိုးဖြစ်ပေါ်လာတတ်ပါတယ်။ ဗဟုသုတဖြစ်စရာအရာတွေကို ရှာဖွေတာထက် အခြား ခံစားချက်ပို့စ်တွေ၊ ဟာသပို့စ်တွေ၊ ဗီဒီယိုတွေ ပေါ်မှာပဲ ပိုပြီးစိတ်ဝင်စားမှုရှိပါတယ်။ တစ်ယောက်ရဲ့ ဘဝကို တစ်ယောက်က ခရေစေ့တွင်းကျ မသိနိုင်တာကြောင့် သူတို့ရဲ့ အပေါ်ယံခံစားမှုတွေ၊ သာယာမှုတွေကို နှိုင်းယှဉ်ပြီး မခံစားနေပါနဲ့။ လက်ရှိရရှိထားတဲ့ မိမိရဲ့ ဘဝကိုသာအကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ကိုယ့်ဘဝကို ကိုယ်မြတ်နိုးပါ။
၅။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ရယူခြင်း
တစ်ခါတလေမှာ ကိုယ့်ကိုကို ဆုံဖြတ်ချက်ချတဲ့အခါမှာ အရမ်းကို အချိန်ကြာပြီး စိတ်ထဲမှာ မတင်မကြနဲ့ ဖြစ်နေတတ်ပါတယ်။ ဒီအခါ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ရယူဖို့အတွက် လိုအပ်လာပါတယ်။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ရယူတဲ့အခါ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ မိမိအပေါ် ယူဆချက်တွေကလည်း ကောင်းတာရော ဆိုးတာရော ပေါင်းစုံနေပါလိမ့်မယ်။ ဒီအပေါ်မှာ စိတ်ခံစားပြီး ပိုပြီး ဇဝေဇဝါဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းရဲ့ ထင်မြင်ချက်/ သူတို့မိမိအပေါ်ထောက်ပြတဲ့အချက်တိုင်း ပြုပြင်ပြောင်းလဲဖို့ အလိုအပ်ပါဘူး။ ဒါပေမဲ့ တကယ်သင့်ကို ပြောင်းလဲ စေချင်ရင် သူတို့တက်နိုင်တဲ့ဘက်က သင့်ကိုကူညီပါလိမ့်မယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here