၆ႏွစ္ေအာက္ ကေလးငယ္ရွိတဲ့ မိဘတိုင္းအတြက္ သတိထားစရာ အျဖစ္အပ်က္တစ္ခုပါ။ ဘာကိုမွ နားမလည္ေသးတဲ့ ၆ႏွစ္ေအာက္ ကေလးငယ္ေတြအမ်ားစုဟာ ဆိုးလဲ ဆိုးသလို အရမ္းလည္း စပ္စုတတ္ၾကတဲ့ အရြယ္ျဖစ္ပါတယ္။ ဒီလိုအရြယ္မွ မိဘေတြဘက္က ကိုယ့္သားသမီးကို ကိုယ္ ဂ႐ုစိုက္မႈေလး အနည္းငယ္ေမ့ေလ်ာ့သြားတာနဲ႔ ျပႆနာတစ္ခုမဟုတ္ တစ္ခုႀကံဳရေတာ့တာပါပဲ။ ၁ႏွစ္အထက္ကေန ၆ႏွစ္ေအာက္အရြယ္အထိ ကေလးေတြအမ်ားစုဟာ သူတို႔အနားပတ္ပတ္လည္မွာရွိတဲ့ အရာဝတၳဳမွန္သမွ်ကို စပ္စုတတ္ၾကပါတယ္။ ယခုလည္း တ႐ုတ္ႏိုင္ငံ ရွမ္းယန္မွာေနထိုင္တဲ့ Yan ဆိုတဲ့ ၂ႏွစ္အရြယ္ကေလးဟာ စားစရာမဟုတ္တာ ပါးစပ္ထဲ ထည့္မိလို႔ ပါးစပ္ထဲမွာ ေပါက္ကြဲမႈျဖစ္ၿပီး ႏႈတ္ခမ္းကို ၃ခ်က္ေလာက္ ခ်ဳပ္လိုက္ရပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းငယ္တုန္းက Yan Yan ဟာ ဧည့္ခန္းထဲမွာ ကစားစရာေတြနဲ႔ ကစားေနစဥ္ အေမျဖစ္သူက မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ေနခဲ့ပါတယ္။ ႐ုတ္တရက္ အဧည့္ခန္းအျပင္ဘက္ကေန ေပါက္ကြဲတဲ့အသံတစ္ခုထြက္ေပါက္လာ တာေၾကာင့္ မိခင္ျဖစ္သူက မီးဖိုေခ်ာင္ကေန အေျပးထြက္ၾကည့္ရာမွာေတာ့ Yan Yan ဟာ ပါးစပ္တျပင္လုံး ေပးသလူးၿပီး ေသြးေတြလည္းထြက္ခါ ေအာ္ဟစ္ငိုယိုေနတာကို ေတြ႕ရပါတယ္။ အေမျဖစ္သူက အနီးကပ္ၾကည့္မိတဲ့အခါ ဓာတ္ခဲ/ဘက္ထရီ အပိုင္းအစေတြ ၾကမ္းျပင္ေပၚမွာ ျပန္႔က်ဲေနၿပီး ကေလးရဲ႕ ပါးစပ္မွာလည္း မီးေလာင္ၿပီး ေပါက္ကြဲမႈဒဏ္ရာမ်ိဳးျဖစ္ေပၚေနတာေၾကာင့္ နီးစပ္ရာေဆး႐ုံကို လ်င္လ်င္ျမန္ျမန္ပဲ ပို႔ေဆာင္ေပးခဲ့ရပါတယ္။

ကေလးဟာကစားစရာထဲမွာပါတဲ့ ဘက္ထရီ/ ဓာတ္ခဲကို ထုတ္ၿပီး ကိုက္ရာကေန ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ကေလးရဲ႕ အေပၚႏႈတ္ခမ္းေထာင့္နားကြဲသြားၿပီး ၃ခ်က္ေလာက္ ခ်ဳပ္လိုက္ရပါတယ္။ ဒီလိုအျဖစ္အပ်က္ဟာ အခက္မသင့္ရင္ေသေစႏိုင္သလို ႀကီးတဲ့အထိ ကေလးရဲ႕ ဘဝဟာ ဒုကၡိတဘဝကို အေရာက္ေစႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။ ဒါ့ေၾကာင့္ Yan Yan ရဲ႕ မိခင္ျဖစ္သူဟာ မိမိလိုအျဖစ္မ်ိဳး အျခားကေလးရွိတဲ့ မိခင္ေတြ မျဖစ္ေအာင္ ပိုမိုသတိျပဳမိေအာင္လို႔သူ႔ရဲ႕ အျဖစ္အပ်က္ေလးကို မွတ္တမ္းတင္ခဲ့ၿပီး ကေလးနဲ႔ ပတ္သတ္တဲ့ အျခားအႏၱရာယ္ျဖစ္ေစမဲ့ အရာေတြပါ ထည့္သြင္းမွ်ေဝသြားခဲ့ပါတယ္။
၁။ ေရေႏြးပူပူ

ေရေႏြးအပူေလာင္မႈေၾကာင့္ ႀကီးတဲ့အထိ ဒုကၡိတဘဝ၊ မသန္စြမ္းတဲ့ ဘဝကို ေရာက္ခဲ့တဲ့ ကေလးနဲ႔ပတ္သတ္တဲ့ အျဖစ္အပ်က္ေတြ အျပင္ေလာကမွာ အမ်ားႀကီး ႀကံဳေတြ႕ေနရပါတယ္။ ဒါ့ေၾကာင့္ ကေလးငယ္ေတြရွိတဲ့ မိဘေတြအေနနဲ႔အပူေလာင္ေစမဲ့ အရာမ်ိဳး၊ ေရေႏြးပူ၊ လွ်ပ္စစ္မီးပူ၊ လွ်ပ္စစ္မီးဖို စတဲ့ အႏၱရာယ္ရွိေစႏိုင္မဲ့ အရာမ်ိဳးကို သင့္ကေလးလက္လွမ္းမမွီတဲ့ေနရာမ်ိဳးမွာ ထားတာအေကာင္းဆုံးပါ။
၂။ မီးပလက္ေပါက္

အထူးသျဖင့္ အေပါက္ျမင္ရင္ လက္ထိုးထည့္တတ္တဲ့ အက်င့္ရွိတဲ့ သင့္ကေလးေတြအတြက္ မီးပလတ္ေပါက္ေတြကို သင့္ကေလးမမွီတဲ့ အျမင့္ဆုံးမွာ ထားထားေပးပါ။ ဖုန္းအားသြင္းႀကိဳးတန္းလန္းထားတာမ်ိဳး၊ ယာယီအသုံးျပဳဖို႔သြယ္ထားတဲ့ မီးပလက္ခုံ စတဲ့အႏၱရာယ္ရွိတဲ့ ပစၥည္းေတြကို အသုံးျပဳၿပီးလွ်င္ေသခ်ာသိမ္းဆည္းဖို႔ လိုအပ္ပါတယ္။
၃။ ေသးငယ္တဲ့ အရာဝတၳဳေတြ

၁ႏွစ္ေက်ာ္ကေန ၅ႏွစ္မေရာက္ခင္အရြယ္ဟာ ထိန္းရခက္ခဲသလို နည္းနည္းေလး ဂ႐ုတစ္ခ်က္မစိုက္မိလိုက္တာနဲ႔ အႏၱရာယ္ျဖစ္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါတယ္။ သင့္အိမ္မွာ ဒီလိုအရြယ္ ကေလးငယ္ရွိေနရင္ ကေလးငယ္ရဲ႕အနီးနား ပတ္ပတ္လည္မွာေသးငယ္တဲ့ အရာဝတၱဳေတြကို မထားတာအေကာင္းဆုံးပါ။ ဒီလိုအရြယ္ဟာ ေတြ႕ကရာျမင္ကရာ ပါးစပ္ထဲ ထည့္တတ္တဲ့အရြယ္ျဖစ္တာေၾကာင့္ ဖန္ေဂၚလီလုံး၊ ေဘာစိ၊ အျခားေသးေသးမႊားမႊားကစားစရာပစၥည္းေတြကို ပါးစပ္ထဲထည့္မိလိုက္တဲ့အခါအသက္႐ွဴလမ္းေၾကာင္းပိတ္ဆို႔ၿပီး မြန္းၾကပ္ျခင္း၊ ေလျပြန္နဲ႔ အေစာေျခစနစ္ပ်က္စီးျခင္းအျပင္ အသက္ပါဆုံး႐ႈံးႏိုင္တဲ့အတြက္ အထူးဂ႐ုစိုက္ေပးဖို႔လိုအပ္ပါတယ္။
၄။ ေဆးဝါးမ်ား

ေဆးဝါးေတြဟာ ေသာက္ခ်င္စရာျဖစ္ေအာင္ ေရာင္စုံေလးေတြနဲ႔ ပုံစံအမ်ိဳးမ်ိဳးဖန္တီးထားတာေၾကာင့္ ကေလးေတြအတြက္ ဆြဲေဆာင္မႈရွိေစပါတယ္။ ဒါ့ေၾကာင့္ ကေလးအတြက္ မဟုတ္တဲ့ သင္တို႔အသုံးျပဳေနတဲ့ေဆးဝါးေတြကို သင့္ကေလးနဲ႔လြတ္ရာကၽြတ္ရာမွာ သိမ္းထားဖို႔ လိုအပ္ပါတယ္။
၅။ ျပတင္းေပါက္၊ တံခါး

ျပတင္းေပါက္က ျပဳတ္က်လို႔၊ ေလွခါးေပၚက ေခ်ာ္က်လို႔ ဆိုတဲ့ အသံေတြက အျပင္ေလာကမွာ ကေလးငယ္ေတြအတြက္ မၾကာခဏဆိုသလို ႀကံဳေတြ႕ေနရတဲ့ အျဖစ္အပ်က္တစ္ခုပဲျဖစ္ပါတယ္။ ေမ်ာက္႐ႈံးေအာင္ေဆာ့တဲ့ ဒီအရြယ္မွာ သင္သတိေလးတစ္ခ်က္ေမ့ေလ်ာ့သြားတာနဲ႔ သင့္ကေလး အနာတရျဖစ္ဖို႔ က်ိန္းေသသေလာက္ျဖစ္ေနပါၿပီ။ ဒါ့ေၾကာင့္ သင့္ကေလး ေက်ာ္လႊားႏိုင္တဲ့ ျပတင္းေပါက္၊ တံခါးေပါက္၊ ေလွကား စတဲ့ေနရာေတြကို သင့္ကေလး မလာႏိုင္ေအာင္တားဆီးထားေပးပါ။ ဒါမွမဟုတ္ဒီအေပါက္ေတြကို ေသခ်ာလုံၿခံဳေအာင္ ပိတ္ထားေပးပါ။
၆။ ဗီဒို၊ ပုံး၊ နံရပ္ကပ္စင္

သင့္ကေလးေတြ တက္ေဆာ့ႏိုင္တဲ့ ဗီဒိုအေသးစားေလးေတြ၊ ပုံးေတြ၊ အျခားနံရံကပ္စင္ေတြကို ျပဳတ္မက်ေအာင္ ေသခ်ာျပဳလုပ္ထားဖို႔ လိုအပ္ပါတယ္။ မ်ားေသာအားျဖင့္ ကေလးေတြက နံရံေတြမွာ ကပ္ေထာင္ထားတဲ့ စင္ေတြ၊ ဗီ႐ိုေတြေပၚ အတက္မ်ားတာေၾကာင့္လဲက်ၿပီး ကေလးအေပၚ မပိေအာင္ ႀကိဳတင္ျပဳလုပ္ထားဖို႔ လိုအပ္ပါတယ္။
Lifestyle_Myanmar
#Thar_Nage
သင္သိေသးမွာ မဟုတ္တဲ့ သဘာဝဒိန္ခ်ဥ္ကို အသံုးျပဳဖို႔ နည္းလမ္း (၆)ခု
Unicode
စားစရာမဟုတ်တာ ပါးစပ်ထဲထည့်မိလို့ ပေါက်ကွဲမှုဖြစ်ခဲ့ရတဲ့ ၂နှစ်အရွယ် ကလေးငယ်
၆နှစ်အောက် ကလေးငယ်ရှိတဲ့ မိဘတိုင်းအတွက် သတိထားစရာ အဖြစ်အပျက်တစ်ခုပါ။ ဘာကိုမှ နားမလည်သေးတဲ့ ၆နှစ်အောက် ကလေးငယ်တွေအများစုဟာ ဆိုးလဲ ဆိုးသလို အရမ်းလည်း စပ်စုတတ်ကြတဲ့ အရွယ်ဖြစ်ပါတယ်။ ဒီလိုအရွယ်မှ မိဘတွေဘက်က ကိုယ့်သားသမီးကို ကိုယ် ဂရုစိုက်မှုလေး အနည်းငယ်မေ့လျော့သွားတာနဲ့ ပြဿနာတစ်ခုမဟုတ် တစ်ခုကြုံရတော့တာပါပဲ။ ၁နှစ်အထက်ကနေ ၆နှစ်အောက်အရွယ်အထိ ကလေးတွေအများစုဟာ သူတို့အနားပတ်ပတ်လည်မှာရှိတဲ့ အရာဝတ္ထုမှန်သမျှကို စပ်စုတတ်ကြပါတယ်။ ယခုလည်း တရုတ်နိုင်ငံ ရှမ်းယန်မှာနေထိုင်တဲ့ Yan ဆိုတဲ့ ၂နှစ်အရွယ်ကလေးဟာ စားစရာမဟုတ်တာ ပါးစပ်ထဲ ထည့်မိလို့ ပါးစပ်ထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး နှုတ်ခမ်းကို ၃ချက်လောက် ချုပ်လိုက်ရပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက Yan Yan ဟာ ဧည့်ခန်းထဲမှာ ကစားစရာတွေနဲ့ ကစားနေစဉ် အမေဖြစ်သူက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေခဲ့ပါတယ်။ ရုတ်တရက် အဧည့်ခန်းအပြင်ဘက်ကနေ ပေါက်ကွဲတဲ့အသံတစ်ခုထွက်ပေါက်လာ တာကြောင့် မိခင်ဖြစ်သူက မီးဖိုချောင်ကနေ အပြေးထွက်ကြည့်ရာမှာတော့ Yan Yan ဟာ ပါးစပ်တပြင်လုံး ပေးသလူးပြီး သွေးတွေလည်းထွက်ခါ အော်ဟစ်ငိုယိုနေတာကို တွေ့ရပါတယ်။ အမေဖြစ်သူက အနီးကပ်ကြည့်မိတဲ့အခါ ဓာတ်ခဲ/ဘက်ထရီ အပိုင်းအစတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး ကလေးရဲ့ ပါးစပ်မှာလည်း မီးလောင်ပြီး ပေါက်ကွဲမှုဒဏ်ရာမျိုးဖြစ်ပေါ်နေတာကြောင့် နီးစပ်ရာဆေးရုံကို လျင်လျင်မြန်မြန်ပဲ ပို့ဆောင်ပေးခဲ့ရပါတယ်။
ကလေးဟာကစားစရာထဲမှာပါတဲ့ ဘက်ထရီ/ ဓာတ်ခဲကို ထုတ်ပြီး ကိုက်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးရဲ့ အပေါ်နှုတ်ခမ်းထောင့်နားကွဲသွားပြီး ၃ချက်လောက် ချုပ်လိုက်ရပါတယ်။ ဒီလိုအဖြစ်အပျက်ဟာ အခက်မသင့်ရင်သေစေနိုင်သလို ကြီးတဲ့အထိ ကလေးရဲ့ ဘဝဟာ ဒုက္ခိတဘဝကို အရောက်စေနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် Yan Yan ရဲ့ မိခင်ဖြစ်သူဟာ မိမိလိုအဖြစ်မျိုး အခြားကလေးရှိတဲ့ မိခင်တွေ မဖြစ်အောင် ပိုမိုသတိပြုမိအောင်လို့သူ့ရဲ့ အဖြစ်အပျက်လေးကို မှတ်တမ်းတင်ခဲ့ပြီး ကလေးနဲ့ ပတ်သတ်တဲ့ အခြားအန္တရာယ်ဖြစ်စေမဲ့ အရာတွေပါ ထည့်သွင်းမျှဝေသွားခဲ့ပါတယ်။
၁။ ရေနွေးပူပူ
ရေနွေးအပူလောင်မှုကြောင့် ကြီးတဲ့အထိ ဒုက္ခိတဘဝ၊ မသန်စွမ်းတဲ့ ဘဝကို ရောက်ခဲ့တဲ့ ကလေးနဲ့ပတ်သတ်တဲ့ အဖြစ်အပျက်တွေ အပြင်လောကမှာ အများကြီး ကြံုတွေ့နေရပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေရှိတဲ့ မိဘတွေအနေနဲ့အပူလောင်စေမဲ့ အရာမျိုး၊ ရေနွေးပူ၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖို စတဲ့ အန္တရာယ်ရှိစေနိုင်မဲ့ အရာမျိုးကို သင့်ကလေးလက်လှမ်းမမှီတဲ့နေရာမျိုးမှာ ထားတာအကောင်းဆုံးပါ။
၂။ မီးပလက်ပေါက်
အထူးသဖြင့် အပေါက်မြင်ရင် လက်ထိုးထည့်တတ်တဲ့ အကျင့်ရှိတဲ့ သင့်ကလေးတွေအတွက် မီးပလတ်ပေါက်တွေကို သင့်ကလေးမမှီတဲ့ အမြင့်ဆုံးမှာ ထားထားပေးပါ။ ဖုန်းအားသွင်းကြိုးတန်းလန်းထားတာမျိုး၊ ယာယီအသုံးပြုဖို့သွယ်ထားတဲ့ မီးပလက်ခုံ စတဲ့အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုပြီးလျှင်သေချာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။
၃။ သေးငယ်တဲ့ အရာဝတ္ထုတွေ
၁နှစ်ကျော်ကနေ ၅နှစ်မရောက်ခင်အရွယ်ဟာ ထိန်းရခက်ခဲသလို နည်းနည်းလေး ဂရုတစ်ချက်မစိုက်မိလိုက်တာနဲ့ အန္တရာယ်ဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ သင့်အိမ်မှာ ဒီလိုအရွယ် ကလေးငယ်ရှိနေရင် ကလေးငယ်ရဲ့အနီးနား ပတ်ပတ်လည်မှာသေးငယ်တဲ့ အရာဝတ္တုတွေကို မထားတာအကောင်းဆုံးပါ။ ဒီလိုအရွယ်ဟာ တွေ့ကရာမြင်ကရာ ပါးစပ်ထဲ ထည့်တတ်တဲ့အရွယ်ဖြစ်တာကြောင့် ဖန်ဂေါ်လီလုံး၊ ဘောစိ၊ အခြားသေးသေးမွှားမွှားကစားစရာပစ္စည်းတွေကို ပါးစပ်ထဲထည့်မိလိုက်တဲ့အခါအသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး မွန်းကြပ်ခြင်း၊ လေပြွန်နဲ့ အစောခြေစနစ်ပျက်စီးခြင်းအပြင် အသက်ပါဆုံးရှုံးနိုင်တဲ့အတွက် အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
၄။ ဆေးဝါးများ
ဆေးဝါးတွေဟာ သောက်ချင်စရာဖြစ်အောင် ရောင်စုံလေးတွေနဲ့ ပုံစံအမျိုးမျိုးဖန်တီးထားတာကြောင့် ကလေးတွေအတွက် ဆွဲဆောင်မှုရှိစေပါတယ်။ ဒါ့ကြောင့် ကလေးအတွက် မဟုတ်တဲ့ သင်တို့အသုံးပြုနေတဲ့ဆေးဝါးတွေကို သင့်ကလေးနဲ့လွတ်ရာကျွတ်ရာမှာ သိမ်းထားဖို့ လိုအပ်ပါတယ်။
၅။ ပြတင်းပေါက်၊ တံခါး
ပြတင်းပေါက်က ပြုတ်ကျလို့၊ လှေခါးပေါ်က ချော်ကျလို့ ဆိုတဲ့ အသံတွေက အပြင်လောကမှာ ကလေးငယ်တွေအတွက် မကြာခဏဆိုသလို ကြံုတွေ့နေရတဲ့ အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ မျောက်ရှုံးအောင်ဆော့တဲ့ ဒီအရွယ်မှာ သင်သတိလေးတစ်ချက်မေ့လျော့သွားတာနဲ့ သင့်ကလေး အနာတရဖြစ်ဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။ ဒါ့ကြောင့် သင့်ကလေး ကျော်လွှားနိုင်တဲ့ ပြတင်းပေါက်၊ တံခါးပေါက်၊ လှေကား စတဲ့နေရာတွေကို သင့်ကလေး မလာနိုင်အောင်တားဆီးထားပေးပါ။ ဒါမှမဟုတ်ဒီအပေါက်တွေကို သေချာလုံခြံုအောင် ပိတ်ထားပေးပါ။
၆။ ဗီဒို၊ ပုံး၊ နံရပ်ကပ်စင်
သင့်ကလေးတွေ တက်ဆော့နိုင်တဲ့ ဗီဒိုအသေးစားလေးတွေ၊ ပုံးတွေ၊ အခြားနံရံကပ်စင်တွေကို ပြုတ်မကျအောင် သေချာပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ကလေးတွေက နံရံတွေမှာ ကပ်ထောင်ထားတဲ့ စင်တွေ၊ ဗီရိုတွေပေါ် အတက်များတာကြောင့်လဲကျပြီး ကလေးအပေါ် မပိအောင် ကြိုတင်ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။