စားခ်င္တာေတြလည္းစားရ၊ ပိုက္ဆံေတြလည္းရ၊ ခပ္ေခ်ာေခ်ာေကာင္ေလးလည္း ပိုင္ဆိုင္ထားတယ္ဆိုတဲ့ Soobin

0
2430
Soobin
Soobin

အစားအေသာက္ ႐ုပ္သံလိုင္းေတာ္ေတာ္မ်ားမ်ားျဖင့္ ပရိတ္သတ္ ၅သန္းနီးပါ အခိုင္အမာရရွိထားတဲ့ အသက္ ၂၄ႏွစ္အရြယ္ Soobin ဟာ လက္ရွိအခ်ိန္မွာ ကိုရီးယားႏိုင္ငံမွာ လူႀကိဳက္အမ်ားဆုံး ဆယ္လီတစ္ဦးျဖစ္ၿပီး သူဟာ ၂၈၇ေပါင္အေလးခ်ိန္ရွိပါတယ္။ သူမဟာ ခႏၶာကိုယ္အေလးခ်ိန္ကို သိပ့္ဂ႐ုမစိုက္တတ္ဘဲ ဝတ္စားဆင္ယင္မႈနဲ႔ မိတ္ကပ္လိမ္းျခယ္တာေလာက္ပဲ အာ႐ုံစိုက္မႈရွိပါတယ္။ ဒါေပမဲ့ သူလို အစားပုတ္ပုတ္၊ ဝတုတ္တုတ္ေကာင္မေလးတစ္ေယာက္မွာ ခပ္မိုက္မိုက္၊ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ ပိုင္ဆိုင္ထားတယ္ဆိုတာ ဘယ္သူမွ ယုံမယ္မထင္ပါဘူး။ သူမဟာ အစားအေသာက္ေတြေပၚမွာ စိတ္အားထက္သန္မႈရွိၿပီး တစ္ေန႔တာအတြက္ စားစရာမရွိရင္ေတာင္ အသက္မရွင္ႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒါကလည္း သူမခႏၶာကိုယ္တစ္ဆတစ္ဆႀကီးလာရတဲ့အေၾကာင္းအရင္းတစ္ခုပဲျဖစ္ပါတယ္။

သူမရဲ႕ အစားအေသာက္ေတြကို အားပါးတရစားေသာက္ေနတဲ့ ဗီဒီယို ကလစ္ေတြေၾကာင့္ လူေပါင္း ၄သန္းခြဲေက်ာ္ေလာက္ရဲ႕ အားေပးမႈကိုရရွိၿပီး ထိုအစားအေသာက္စားေနရတာ သူ႔ရဲ႕ ဝါသနာျဖစ္သလို သူ႔ရဲ႕ အလုပ္ဆိုလည္း မမွားပါဘူး။ ဒီအလုပ္ကေန ဝင္ေငြအမ်ားအျပားရရွိၿပီး ယခုဆိုရင္ ထိုင္းႏိုင္ငံနဲ႔ ကိုရီးယားႏိုင္ငံေတြရဲ႕ brand ေတာ္ေတာ္မ်ားမ်ားမွာ သူမပုံကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ သူမဟာ ခႏၶာကိုယ္ကသာ ဝေနေပမဲ့ ႐ုပ္ရည္က မင္းသမီးေတြလို ခ်စ္စရာေကာင္းၿပီး လွပမႈရွိပါတယ္။ သူမရဲ႕ မိတ္ကပ္ျပင္ဆင္မႈေတြ၊ ဖက္ရွင္ဝတ္ဆင္မႈေတြအျပင္ ထူးျခားတဲ့ အသံကို ပိုင္ဆိုင္ထားတာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ႀကိဳက္ႏွစ္သက္ၾကပါတယ္။

အြန္လိုင္းအသုံးျပဳသူေတြ အံ့အားသင့္စရာ အရာတစ္ခုကေတာ့ Soobin မွာ ခပ္မိုက္မိုက္၊ ခပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ေနတယ္ဆိုတာပါပဲ။ သူမကို ၾကည့္ၿပီး သူ႔ရဲ႕ ေကာင္ေလးလည္း ဝတုတ္တုတ္ႀကီးလို႔ မထင္လိုက္ပါနဲ႔။ သူ႔ရဲ႕ ေကာင္ေလးဟာ ခႏၶာကိုယ္အခ်ိဳးအစားက်က်နဲ႔ ေခ်ာေမာတဲ့ မ်က္ႏွာမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ သူမရဲ႕ ခ်စ္သူဟာသူမကို အရမ္းခ်စ္တတ္ၿပီး ေနာက္ကြယ္ကေန အၿမဲဂ႐ုစိုက္ ပံ့ပိုးေပးေနတဲ့သူလည္းျဖစ္ပါတယ္။ ဝင္ေငြလည္းေကာင္း၊ စားခ်င္တာေတြလဲစားရ၊ အဆိုေတာ္တစ္ေယာက္လို အသံပါဝါကလည္းရွိ၊ မိတ္ကပ္ပိုင္းလည္း ကၽြမ္းက်င္ၿပီး ခပ္ေခ်ာေခ်ာေကာင္ေလးကို ပိုင္ဆိုင္ထားလို႔ ကမာၻတစ္လႊားက (ဝက္ကေလးေတြ) မိန္းကေလးေတြက သူမကို အရမ္းအားက်ေနၾကပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ဂ်ပိန္ဘဝကေန ေပါင္ ၇သိန္းခြဲနဲ႔ ကမ္းလွမ္းခံရေလာက္ေအာင္ ခႏၶာကိုယ္ေျပာင္လဲလိုက္တဲ့ အမ်ိဳးသား

Unicode

စားချင်တာတွေလည်းစားရ၊ ပိုက်ဆံတွေလည်းရ၊ ခပ်ချောချောကောင်လေးလည်း ပိုင်ဆိုင်ထားတယ်ဆိုတဲ့ Soobin
အစားအသောက် ရုပ်သံလိုင်းတော်တော်များများဖြင့် ပရိတ်သတ် ၅သန်းနီးပါ အခိုင်အမာရရှိထားတဲ့ အသက် ၂၄နှစ်အရွယ် Soobin ဟာ လက်ရှိအချိန်မှာ ကိုရီးယားနိုင်ငံမှာ လူကြိုက်အများဆုံး ဆယ်လီတစ်ဦးဖြစ်ပြီး သူဟာ ၂၈၇ပေါင်အလေးချိန်ရှိပါတယ်။ သူမဟာ ခန္ဓာကိုယ်အလေးချိန်ကို သိပ့်ဂရုမစိုက်တတ်ဘဲ ဝတ်စားဆင်ယင်မှုနဲ့ မိတ်ကပ်လိမ်းခြယ်တာလောက်ပဲ အာရုံစိုက်မှုရှိပါတယ်။ ဒါပေမဲ့ သူလို အစားပုတ်ပုတ်၊ ဝတုတ်တုတ်ကောင်မလေးတစ်ယောက်မှာ ခပ်မိုက်မိုက်၊ ခပ်ချောချောကောင်လေးတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုတာ ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ သူမဟာ အစားအသောက်တွေပေါ်မှာ စိတ်အားထက်သန်မှုရှိပြီး တစ်နေ့တာအတွက် စားစရာမရှိရင်တောင် အသက်မရှင်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကလည်း သူမခန္ဓာကိုယ်တစ်ဆတစ်ဆကြီးလာရတဲ့အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။

သူမရဲ့ အစားအသောက်တွေကို အားပါးတရစားသောက်နေတဲ့ ဗီဒီယို ကလစ်တွေကြောင့် လူပေါင်း ၄သန်းခွဲကျော်လောက်ရဲ့ အားပေးမှုကိုရရှိပြီး ထိုအစားအသောက်စားနေရတာ သူ့ရဲ့ ဝါသနာဖြစ်သလို သူ့ရဲ့ အလုပ်ဆိုလည်း မမှားပါဘူး။ ဒီအလုပ်ကနေ ဝင်ငွေအများအပြားရရှိပြီး ယခုဆိုရင် ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေရဲ့ brand တော်တော်များများမှာ သူမပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သူမဟာ ခန္ဓာကိုယ်ကသာ ဝနေပေမဲ့ ရုပ်ရည်က မင်းသမီးတွေလို ချစ်စရာကောင်းပြီး လှပမှုရှိပါတယ်။ သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုတွေ၊ ဖက်ရှင်ဝတ်ဆင်မှုတွေအပြင် ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားတာကြောင့် လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။

အွန်လိုင်းအသုံးပြုသူတွေ အံ့အားသင့်စရာ အရာတစ်ခုကတော့ Soobin မှာ ခပ်မိုက်မိုက်၊ ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုတာပါပဲ။ သူမကို ကြည့်ပြီး သူ့ရဲ့ ကောင်လေးလည်း ဝတုတ်တုတ်ကြီးလို့ မထင်လိုက်ပါနဲ့။ သူ့ရဲ့ ကောင်လေးဟာ ခန္ဓာကိုယ်အချိုးအစားကျကျနဲ့ ချောမောတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ ချစ်သူဟာသူမကို အရမ်းချစ်တတ်ပြီး နောက်ကွယ်ကနေ အမြဲဂရုစိုက် ပံ့ပိုးပေးနေတဲ့သူလည်းဖြစ်ပါတယ်။ ဝင်ငွေလည်းကောင်း၊ စားချင်တာတွေလဲစားရ၊ အဆိုတော်တစ်ယောက်လို အသံပါဝါကလည်းရှိ၊ မိတ်ကပ်ပိုင်းလည်း ကျွမ်းကျင်ပြီး ခပ်ချောချောကောင်လေးကို ပိုင်ဆိုင်ထားလို့ ကမ္ဘာတစ်လွှားက (ဝက်ကလေးတွေ) မိန်းကလေးတွေက သူမကို အရမ်းအားကျနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here