ကိုယ့်ချစ်သူက ကျောင်းမှာ စာဂျပိုးလေးလား။ ဒါမှမဟုတ် အပြင်စာပေ ဗဟုသုတတွေ အများကြီးဖတ်လေ့ရှိသူလား။ စာအရမ်းဖတ်တဲ့ ချစ်သူကို ရွေးချယ်ထားပြီဆိုရင် အခုအားသာချက်လေးတွေကို သိထားဖို့လိုပါတယ်နော်။
နားထောင်ပေးတတ်တယ်။
စာများများဖတ်တဲ့သူတွေဟာ တခြားသူတစ်ယောက်အကြောင်းကိုလည်း စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ သင်စိတ်ညစ်လို့ ပဲဖြစ်ဖြစ် သင့်အကြောင်းတွေကိုပဲဖြစ်ဖြစ် ရင်ဖွင့်သမျှကို သူက အကောင်းဆုံး နားထောင်ပေးတတ်သူဖြစ်ပါတယ်။ သင်ပြောသမျှကို လေးလေးစားစားနဲ့ နားထောင်ပြီး အကြံဉာဏ်ကောင်းတွေ ပေးတတ်သူပါ။

စာပေအကြောင်းတွေသိရမယ်။
သူတို့လေးတွေကို ချစ်သူအဖြစ်ရွေးချယ်ထားပြီဆိုရင်တော့ စာကြောင်းပေကြောင်းတွေ နည်းနည်းလေ့လာထားသင့်တယ်နော်။ သင်မသိတဲ့အကြောင်းအရာတွေကို တခါတလေ ဆရာကြီးလုပ်ပြီး ပြောပြမယ့်သင့်ချစ်သူကြောင့် သင်ဗဟုသုတတွေ အများကြီးရမှာပါ။
သူတို့လေးတွေကို သင်စိတ်ချရမယ်။
သူတို့လေးတွေဟာ စာအုပ်ဖတ်ပြီး အချိန်တွေကုန်ဆုံးတာဖြစ်လို့ အချိန်ကို ကောင်းစွာအသုံးချတယ်ဆိုတာ သင်သိထားပြီဖြစ်ပါတယ်။ တခါတလေ သင်နဲ့အတူတူ မရှိချိန်မှာတောင် သူတို့လေးတွေက စာအုပ်ကိုဖတ်နေမှာပါနော်။

အသေးစိတ်ကအစ မှတ်မိနေတတ်တယ်။
သင့်ရဲ့ အကြိုက်ဆုံးအစားအစာ။ သင့်အမေရဲ့မွေးနေ့ စတဲ့ အသေးစိတ်အချက်အလက်တွေက အစ မှတ်မိနေမယ့်သူတွေပါ။ စာများများဖတ်တာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။
သင်လည်း စာဖတ်ဖြစ်လာမယ်။
စာအရမ်းဖတ်တဲ့သင့်ချစ်သူက သင့်ကို စာဖတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်မှာပါ။ သူတို့ရဲ့အကြိုက်စာအုပ်လေးတွေ လိုက်ဝယ်ပေးဖြစ်ရင်း သူပြောတဲ့အကြောင်းအရာတွေနားထောင်ရင်းနဲ့ သင်လည်း စာပေကို ချစ်မြတ်နိုးတတ်လာမှာပါ။

သင့်ကို စာပြနိုင်တယ်။
ကျောင်းတူတယ်။ အတန်းတူတယ်ပဲဆိုပါစို့။ စာဂျပိုးလေးတွေကို သင့်ကို စာသေချာရှင်းပြပေးနိုင်ပါတယ်။
စာနာတတ်တယ်။
လေ့လာတွေ့ရှိမှုအရ စာများများဖတ်တဲ့သူတွေဟာ စာနာစိတ်ရှိသူတွေဖြစ်ကြပါတယ်။ တခြားသူတစ်ယောက်ကိုလည်း နားလည်နိုင်ဖို့ အမြဲကြိုးစားတတ်သူတွေပါ။

Lifestyle_Myanmar
ref-huffpost