စာနာစိတ်အပြည့်ရှိတဲ့ လူအချို့ရဲ့ ချစ်စရာ အပြုအမူလေးတွေ

0
34
ချစ်စရာ အပြုအမူလေးတွေ
ချစ်စရာ အပြုအမူလေးတွေ

ဒီပုံရိပ်လေးတွေ မြင်တဲ့အချိန်မှာ သင့်ရဲ့ ဒေါသစိတ်လေးတွေခဏမေ့ပြီး ကြည်နူမှုလေးတွေရရှိသွားစေမှာအမှန်ပါပဲ။

၁။ ဆင်းရဲစုတ်ပြတ်နေပေမဲ့ ဓာတ်ပုံလှမ်းရိုက်တဲ့ ဓာတ်ပုံဆရာကို သူထဲက သကြားလုံးကို လှမ်းကျွေးနေတဲ့ကလေးသူငယ်

၂။ အိန္ဒိယနိုင်ငံ ယာဉ်ထိန်းရဲတစ်ဦးက သူ့ရဲ့ နေ့လည်စာကို လမ်းဘေးက အိုးမဲ့အိမ်မဲ့အဖွားအိုးတစ်ဦးအား ခွံကျွေးနေတဲ့ ကြည်းနူဖွယ်မြင်ကွင်း

၃။ ဖိနပ်ပေါက်ပြီး မစီးနိုင်တဲ့ ချစ်သူကို သူ့ဖိနပ်ပေးစီးပြီး ခြေဖလာနဲ့ လမ်းလျှောက်နေတဲ့ ကြည်နူးဖွယ်ရာစုံတွဲတစ်တွဲ

၄။ နိုင်ငံခြားက ဝတ်စရာမရှိတဲ့သူတွေအတွက် အဝတ်လှူဒါန်းလို့ရတဲ့နံရံလေးမှာ မိမိရဲ့ အပေါ်အနွေးထည်ကို ချွတ်ပြီးလှူနေတဲ့လေးစာဖွယ်အမျိုးသမီးတစ်ဦး

၅။ နယူးယောက်မှာ ဆံပင်ညှပ်ဆရာတစ်ဦးက တနင်္ဂနွေနေ့တိုင်း လမ်းဘေးက အိုးမဲ့အိမ်မဲ့တဲ့သူတွေကို အခမဲ့ ဆံပင်ညှပ်၊ ခေါင်းဖီးပေးနေတဲ့ ပုံရိပ်လေး

၆။ အောက်ပိုင်းသေတဲ့သူတွေအတွက် သီးသန့်ဒန်းစီးလို့ရတဲ့ ပန်းခြံလေး

၇။ သူအသက် ၃နှစ်မှာ သူ့သခင်အိမ် မီးလောင်ပြီး ဆုံးရှုံးသွားတဲ့အတွက် ယခုအချိန်မှာ မီးသတ်သမားနဲ့အတူ အလုပ်လုပ်ပေးနေတဲ့ Jake ဆိုတဲ့ ခွေးကလေး

၈။ မီးလောင်နေတဲ့ အိမ်ထဲမှ ကြောင်လေးကို ကယ်ထုတ်ခဲ့ပြီး သူ့ရဲ့အောက်စီဂျင်ဖြင့် အသက်ဆက်ခဲ့တဲ့ မီးသတ်သမားတစ်ဦး

၉။ မိမိရဲ့ကားကို လမ်းဘေးအိုးမဲ့အိမ်မဲ့တဲ့သူတွေ အခမဲ့ရေးချိုး၊ အဝတ်လျှော်ပြုလုပ်လို့ရအောင်ဖန်တီးပေးခဲ့တဲ့ အသက် ၂၀အရွယ်ကောင်လေးတစ်ဦး

၁၀။ ဆေးရုံမှာ ကင်ဆာဝေဒနာခံစားနေရတဲ့သူအတွက် အခမဲ့ဖျော်ဖြေရေးပြုလုပ်ပေးနေတဲ့ မြင်ကွင်း

၁၁။ မိခင်ဖြစ်သူ ဆေးရုံတက်နေချိန်မှာ အိမ်မှာကျန်ခဲ့တဲ့ ကလေး ၅ယောက်အတွက် ညစာပြင်ဆင်ပေးနေရတဲ့ ဦးဦးရဲကြီး

၁၂။ ငိုနေတဲ့ ပြိုင်ဘက်ကို နှစ်သိမ့်ပေးပြီး ပန်းမဝင်လိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ကြည်နူဖွယ်ရာအပြုအမူလေး

၁၃။ သြစတြေးလျ ရေကြီးတဲ့အချိန်မျှောပါလာတဲ့ သားပိုက်ကောင်ကို သက်စွန့်စံဖျားကယ်တင်ခဲ့ စာနာစိတ်အပြည့်ရှိတဲ့အမျိုးသားတစ်ဦး

#Lifestyle_Myanmar

#Thar_Nage

ယာဥ်မောင်းလိုင်စင်အသိမ်းခံရလို့ ကလေးစီး jeep ကားနဲ့ ကျောင်းသွားတဲ့ကျောင်းသူလေး

LEAVE A REPLY

Please enter your comment!
Please enter your name here