စမတ်ဖုန်းတွေကို နေ့စဥ်အသုံးပြုတဲ့အခါမှာ လူတိုင်းပြုလုပ်နေကြတဲ့ အမှားများ

0
37

မနက်စောစော အိပ်ယာကနေ မနိုးမှာစိုးလို့ ဖုန်းကိုသုံးပြီးတော့ နှိုးစက်ပေးတာ သို့မဟုတ် အိပ်စက်ခြင်းကို ပိုကောင်းစေဖို့ ကျန်းမာရေးဆိုင်ရာရည်ရွယ်ချက်တွေကြောင့် လူအများစုက ဖုန်းကိုအနားထားပြီး အိပ်တတ်ကြပါတယ်။ သို့သော်လည်း သင့်ရဲ့ဖုန်းက အိပ်စက်ရာမှာတော့ ကောင်းကျိုးတွေမဖြစ်စေပါဘူး။ ညအချိန်မှာသာမက နေ့လည်ခင်းအချိန်တွေမှာလည်း သင်သဘောမပေါက်နိုင်တဲ့ပုံစံမျိုးတွေနဲ့ သင့်ကိုအန္တရာယ်တွေပေးနိုင်ပါသေးတယ်။

-Advertisement-

ဒါကြောင့် ကိုယ့်အတွက်အကျိုးဖြစ်စေမယ့် နည်းပညာကို ကျန်းကျန်းမာမာနဲ့ နည်းလမ်းမှန်မှန်အသုံးပြုနိုင်ဖို့အတွက် သင်သတိထားရမယ့် အမှားလေးတွေကိုပြောပြပေးချင်ပါတယ်။

၁။ အနားမှာထားအိပ်ခြင်း

ဆဲလ်ဖုန်းဆိုတာက လျှစ်စစ်သံလိုက်ထုတ်လွှင့်ပြီး လက်ခံရာ အရာဝတ္ထုပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ ရေဒီယိုလှိုင်းတွေကို ထုတ်လုပ်တာပါ။ နာရီပေါင်းမြောက်မြားစွာ ဖုန်းကိုအနားမှာထားပြီး အိပ်စက်ခြင်းက သင့်ဦးနှောက်အပေါ်မှာ ရေဒီယိုလှိုင်းတွေ ဘယ်လောက်တောင်သက်ရောက်နိုင်တယ်ဆိုတာကို သုတေသီတွေက ရှာဖွေဖော်ထုတ်လျက်ရှိနေပါတယ်။ အိပ်နေချိန်မှာ Noti တွေကြောင့် လန့်နိုးစေနိုင်သည့်အတွက် ဖုန်းကိုလုံးလုံးပိတ်ပစ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ အိပ်တော့မယ်ဆိုရင် ဖုန်းကိုတခြားမှာထားခဲ့လိုက်ပါ။

၂။ အချိန်အကြာကြီးအသုံးပြုခြင်း

သင့်ဖုန်းစခရင်မ်ရဲ့ အလင်းရောင်က အိပ်စက်ခြင်းကိုပုံမှန်ဖြစ်စေတဲ့ Melatonin ခေါ် ဟော်မုန်းတစ်မျိုးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အိပ်ခါနီးကို အနားမှာလုံးဝမထားသင့်ပါဘူး။ ခေါင်းကိုက်ခြင်း၊ မျက်လုံးနဲ့အမြင်ဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါသေးတယ်။

၃။ အသားအရေနဲ့ နီးနီးကပ်ကပ်ထားပြီး အသုံးပြုခြင်း

ဖုန်းအရမ်းပူနေချိန်မှာ ထိုဖုန်းကိုခန္ဓာကိုယ်နဲ့ အရမ်းနီးနီးကပ်ကပ်ထားမယ်ဆိုပါက အသားအရေက ထိုအပူကိုဖြည်းဖြည်းချင်းစုပ်ယူသွားမှာဖြစ်ပါတယ်။ ဒီလိုစုပ်ယူတာများလာခြင်းဟာ ကင်ဆာရောဂါလိုမျိုး စိုးရိမ်စရာကောင်းတဲ့ရောဂါတွေကို ဖြစ်လာနိုင်စေသည့်အတွက် ဖုန်းကိုအသားအရေနဲ့မထိအောင် ဝေးဝေးမှာထားပါ။

၄။ ကိုယ်နေဟန်ထားမမှန်ဘဲ ဖုန်းကိုအသုံးပြုခြင်း

မိုဘိုင်းလ်ဖုန်းတွေကို အသုံးပြုခြင်းက လက်တွေကိုထိခိုက်အနာတရတွေဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ နောက်ထပ်ထိခိုက်ဒဏ်ရာတစ်ခုကတော့ ဇက်တွေပဲဖြစ်ပါတယ်။ ဖုန်းကိုကြည့်ဖို့အတွက် ဇက်ကိုကိုင်းလိုက်ချိန်မှာ သင့်ရဲ့သားအိမ်ရိုးပေါ်မှာပါ ဖိအားတွေဖြစ်ပေါ်စေနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here