စတီဖင်ဟော့ကင်းမသေဆုံးခင် လူသားတွေအတွက် ချန်ရစ်ထားခဲ့တဲ့သတိပေးချက်

0
570

-Advertisement-

ကမ္ဘာကျော်သီအိုရီရူပဗေဒပညာရှင်စတီဗင်ဟော့ကင်းဟာ အသက်၇၆နှစ်အရွယ်မှာ Englandနိုင်ငံ၊Cambridgeမြို့ သူရဲ့ နေအိမ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ALSရောဂါခံစားနေရပေမယ့်လည်း ၂၁အရွယ်မှာ အကြောသေ(သွက်ချာပါဒ)ရောဂါထပ်မံ ခံစားခဲ့ရပြန်ပါတယ်။ Mastermindကြောင့် အခက်အခဲအားလုံးကို ကျော်လွှားကာ မျိုးဆက်သစ်တွေအတွက် အလွန်ကို တန်ဖိုးထားခံရမယ့် ကမ္ဘာကြီးအား သိပ္ပံနည်းကျပံ့ပိုးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဟော့ကင်းဟာ အရာရာတိုင်းရဲ့ သီအိုရီကို ရှာဖွေဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရာင်းရဆုံးစာအုပ်ဖြစ်တဲ့ အချိန်ရဲ့ သမိုင်းအကျဥ်းချုပ်ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကျွန်တော်တို့ပတ်၀န်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များနှင့် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို အပြည့်အ၀နားလည်ဖို့ပါလို့ ရေးသားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ မေးခွန်းတွေအားလုံးကို ဖြေဆိုနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း ထိုအဖြေများကို ရှာဖွေချင်စိတ်တွေက သူ့အတွေးထဲမှာ အမြဲဖြစ်ပေါ်နေခဲ့တယ်။


သူဟာ အာကာသနှင့်အချိန်ကာလတွေကို အလွန်စိတ်၀င်စားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နှစ်ပေါင်း၅၀ကျော်ကြာအောင် ကုသလို့မရနိုင်ခဲ့တဲ့ ရောဂါကို ခံစားနေရစဥ်မှာလည်း ၂၀၁၄ခုနှစ် ဇီ၀ရုပ်ရှင် Theory of everything ကို ပုံဖော်အသက်သွင်းခဲ့ပါတယ်။ အလွန်တော်တဲ့ စိတ်ကူးညဏ်ကောင်းသူတစ်ယောက်အဖြစ် Eddie Redmayne သရုပ်ဆောင်ခဲ့ပါတယ်။


စတီဖင်ဟော့ကင်းသေဆုံးသွားပြီး မိသားစုအသိုင်းအ၀ိုင်းတွေ၊ သရုပ်ဆောင်တွေနဲ့၊ ပရိတ်သတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ၀မ်းနည်းကြေကွဲခြင်း၊ နှမြောတသဖြစ်ခြင်းများစွာ ခံစားခဲ့ကြရပါတယ်။ ဟော့ကင်းရဲ့ Lucky, Robert နှင့် Tim တို့က ”ကျွန်တော်တို့ချစ်တဲ့ ဖခင်ကွယ်လွန်သွားတာကြောင့် ကျွန်တော်တို့ အလွန်၀မ်းနည်းကြရပါတယ်။ သူဟာ သိပ္ပံပညာရှင်ကြီးဖြစ်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်လို့ သူရဲ့ အလုပ်နှင့် အမွေတွေဟာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်သွားမှာပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိနှင့် ဇွဲရှိမှု၊ အရောင်အသွေးနှင့် ဟာသညဏ်တို့ကြောင့် ကမ္ဘာတစ်၀ှမ်းမှာရှိတဲ့လူများကို လှုံ့ဆော်ပေးခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။ အကယ်၍ သင်ချစ်မြတ်နိုးရသူတွေ နေထိုင်ရာနေရာမဟုတ်ဘူးဆိုရင် စကြာ၀ဠာကြီးတစ်ခုထက်မပိုပါဘူး။ ကျွန်တော်တို့အားလုံးခင်ဗျားကို အမြဲတမ်းအတွက် သတိရနေကြမှာပါ။


အော်စကာဆုရရှိခဲ့တဲ့ Redmayneကလည်း ”ကျွန်တော်တို့ဟာ တကယ့်ကို လှပတဲ့စိတ်၊ အံ့ဩဖွယ်ကောင်းသောသိပ္ပံပညာရှင်နဲ့ တွေ့ကြုံခဲ့ရပြီးတော့ ပျော်ရွှင်စရာအကောင်းဆုံးလူကို ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အတွေးတွေဟာ သူ့ရဲ့ထူးခြားတဲ့မိသားစုနဲ့ ထပ်တူပါပဲ”လို့ ပြောကြားခဲ့ပြန်ပါတယ်။


ဟော့ကင်းဟာ စကြာ၀ဠာကို ပိုမိုနားလည်သဘောပေါက်အောင် ညဏ်ပညာများစွာ ပေးခဲ့ပါတယ်။ ဟော့ကင်းကလူသားတွေအနေနဲ့ ကမ္ဘာမြေပေါ်မှာ အချိန်အကြာကြီးရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှင်သန်ရပ်တည်မှုကို သေချာစေဖို့ အခြားအချိန်တွေမှာ အခြားဂြိုလ်များကို ကျွန်တော်တို့ ရှာရမယ်။ ဒီကိန်းဂဏန်းတိုးတက်မှုဟာ နောက်ထောင်စုနှစ်အတွင်းမှာ ဆက်လက်ရှိနေနိုင်တော့မှာ မဟုတ်ဘူးလို့ ၂၀၁၇နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။

၂၆၀၀ပြည့်နှစ်ရောက်ရင် ကမ္ဘာ့လူဦးရေဟာ တစ်ဦးနှင့်တစ်ဦး ပခုံးချင်းယှဥ်ရပ်နေရပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ကမ္ဘာကြီးကိုပူနွေးလာစေပါလိမ့်မယ်။ ဒီစနစ်မျိုးဟာ တစ်နာရီမပြည့်ခင် အင်္ဂါဂြိုလ်ကို ရောက်နိုင်တယ်၊ ဒါမှမဟုတ် ရက်ပေါင်းများစွာမှာ ပလူတိုကို ရောက်နိုင်တယ်၊ တစ်ပတ်မပြည့်ခင် Voyagerကို ဖြတ်သန်းနိုင်ပြီး အနှစ်၂၀ကျော်အတွင်းမှာ Alpga Centauriကို ရောက်နိုင်ပါတယ်”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒီစိတ်ကူးဟာ လူတစ်ချို့အတွက် ရူးသွပ်မှုတစ်ခုအဖြစ်ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ သိပ်ပြီး မ၀ေးလှတော့ပါဘူး။ Space Xရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Elon Muskက လူသားတွေကို အင်္ဂါဂြိုလ်သို့ ဆယ်စုနှစ်မပြည့်ခင် စေလွှတ်ဖို့ စီစဥ်နေပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-shared

LEAVE A REPLY

Please enter your comment!
Please enter your name here