နည်းပညာတိုးတက်အားကောင်းမှုတွေရဲ့ လွှမ်းမိုးမှုအောက်မှာ စစ်မှန်တဲ့သဘာဝတရားတချို့ မျောပါသွားတတ်ပါတယ်။ အဓိက လျော့ရဲသွားစေလာတဲ့ အရာတစ်ခုကတော့ ချစ်ခြင်းမေတ္တာပါ။ Digital ခေတ်မှာ သူ့ထက်ငါအပြိုင် Romantic ဆန်ဖို့၊ Social Media မှာ အမြင်လှနေစေဖို့ စသဖြင့် မရှိကိုအရှိလုပ်ချင်သူတွေ များသထက်များလာနေပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ Digital App တွေရဲ့ အကူအညီနဲ့လွယ်လင့်တကူ ရစေနိုင်မယ့်အချစ်ထက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဖို့ ဘယ်လိုအရာတွေကို ဆောင်ထားသင့်လဲ သိရဖို့ တူတူလေ့လာကြရအောင်။
(၁) ရိုးသားမှုနဲ့အစပြုပါ
ကိုယ့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ ဆုံစည်းရဖို့အရေးဆိုရင် Dating App တွေရဲ့ အပေါ်ယံ Profile တွေကို အားမကိုးပါနဲ့။ ကိုယ့်ရဲ့လက်တွေ့ဘဝထဲက ကိုယ်သဘောကျတဲ့သူကို ဘယ်လိုချဉ်းကပ်ရမလဲပဲ စဉ်းစားပါ။ အရေးကြီးဆုံးတစ်ခုကတော့ Relationship တစ်ခု အစပျိုးတော့မယ်ဆိုရင် အပြန်အလှန်လေးစားမှုနဲ့ ရိုးသားမှုက အခြေတည်ဖို့ပါပဲ။ ဒါကြောင့် Messenger Apps တွေကနေ Hi နေမယ့်အစား လက်တွေ့မှာ ကိုယ့်ဘက်ကပဲ ရိုးရှင်းစွာမိတ်ဆက်လိုက်ပါ။

(၂) Technology ကို ကြားခံတစ်ခုအနေနဲ့ ကောင်းကောင်းအသုံးချတတ်ဖို့ ကြိုးစားပါ
Relationship တစ်ခု အစပျိုးဖို့ဆိုရင်တော့ Social Media တွေကိုပဲ အားကိုးပြီး အလွယ်မလိုက်သင့်ပါဘူး။ ဒါပေမယ့် ခိုင်မာစပြုတဲ့ အခြေနေတစ်ခုရောက်ပြီဆိုရင်တော့ Social Media Appတွေကို အချစ်တွေတိုးပွားဖို့ ကြားခံကောင်းတစ်ခုအဖြစ် အသုံးပြုပါ။ Digital ခေတ်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း၊ သတိရကြောင်းကို အမြဲမပြတ် စာတိုပို့နေလို့ရတဲ့အပြင် Video Chat တွေကလဲ ချစ်သူနဲ့ပိုပြီး ထိတွေ့မှုများစေနိုင်လို့ မေ့မထားသင့်တာ အသေချာပါပဲ။

(၃) အမှန်တရားကိုပဲပြောပါ
ကိုယ့်ဘဝရဲ့ ဖြစ်ရပ်တိုင်းကို အမှန်တိုင်း ထုတ်မပြောပြနိုင်မချင်း လက်တွဲဖော်မရှာတာ အကောင်းဆုံးပါပဲ။ ကိုယ့်အကြောင်းကို လိမ်ညာဖုံးကွယ်နေခြင်းက ကိုယ့်လက်တွဲဖော်ကို အလေးမထားရာရောက်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရာလည်း ရောက်ပါတယ်။ ကိုယ့်ရဲ့ပညာအရည်ချင်း၊ စီးပွားရေး၊ မိသားစုအသိုင်းဝိုင်း စတဲ့ အရာအားလုံးကို အရှိအတိုင်းထုတ်ပြောပြီး လက်ခံနိုင်တဲ့သူနဲ့မှ Relationship တစ်ခုတည်ဆောက်ခြင်းကသာ သင့်ကိုအသည်းကွဲခြင်းက ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် အမှန်တိုင်း ကြိုတင်ပြောပြထားဖို့ မတွန့်ဆုတ်ပါနဲ့။

(၄) ကိုယ့်ကိုယ်ကိုချစ်ပါ
လူတိုင်းဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကင်းတယ်လို့ မရှိဘူးမဟုတ်လား။ ဒါကြောင့် သင့်မှာ ရုပ်ရည်၊ ခန္ဓာကိုယ်သွင်ပြင်နဲ့ ပတ်သက်ပြီး အားနည်းချက်ရှိနေရင် စိတ်မပျက်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အနေနဲ့ လက်ခံပြီး ဒါဟာအားငယ်နေစရာ မဟုတ်ဘူးဆိုတာ အမြဲအမှတ်ရပါ။ ဘာလို့ဆို ကိုယ့်ကိုတကယ်ချစ်တဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်တွေကိုတောင် အမြဲချစ်တဲ့မျက်စိနဲ့ ကြည့်နေပေးမှာ ဖြစ်လို့ပါ။ ကိုယ့်ကိုအရှိအတိုင်း လက်ခံပြီးချစ်ပေးနိုင်တဲ့ အဖော်ကောင်းကပဲ တစ်သက်လုံးအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။

(၅) အရိုးရှင်းဆုံးနဲ့ စမတ်ကျစွာ ဝတ်စားပါ
Relationship တစ်ခုမှာ နှစ်အတော်တန်ကြာလာရင် ပြင်ပြင်ဆင်ဆင်နေဖို့ မေ့လျော့လာတာဟာ လွဲမှားတဲ့ အယူအဆတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်နေခြင်းဟာ ကိုယ့် Partner ကိုသာမက ကိုယ့်ကိုယ်ကိုတန်ဖိုးထားရာရောက်လို့ အချိန်ဘယ်လောက်ကြာကြာ မမေ့လျော့သင့်ပါဘူး။
Lifestyle_Myanmar
ref-lifehack