အသက္ ၂၈ႏွစ္အရြယ္ စကၤာပူႏိုင္ငံရဲ႕ နာမည္ေက်ာ္႐ုပ္ရွင္မင္းသား Aloysius Pang ဟာ စစ္ေရးေလ့က်င့္စခန္းမွာ မေတာ္တဆမႈတစ္ခုနဲ႔ ႀကံဳခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၄ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။ Pang ဟာ နယူးဇီလန္မွာ Thunder Warrior လို႔ ေခၚတဲ့ အေျမာက္တပ္ စစ္ေရးေလ့က်င့္ခန္းတြင္ တပ္ၾကပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၿပီးခဲ့တဲ့ စေနေန႔က အေျမာက္အတြင္းပိုင္းကို ျပဳျပင္ေနစဥ္အတြင္း ရင္ဘက္နဲ႔ ဝမ္းဗိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ နယူးဇီလန္ရဲ႕ ေျမာက္ဘက္ကၽြန္းရွိ Waiorou စစ္ေရးေလ့က်င့္စခန္းကေန ရဟတ္ယာဥ္နဲ႔ ေဆး႐ုံကို ေခၚေဆာင္သြားၿပီး ၃ႀကိမ္တိုင္တိုင္ ခြဲစိတ္ကုသခဲ့ေပမဲ့ ကံမေကာင္းခဲ့ပါဘူး။
Mr Pang ဟာ စကၤာပူ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကားစီးရီးေတြမွာ သ႐ုပ္ေဆာင္သူတစ္ဦးျဖစ္ၿပီး စစ္မႈမထမ္းမေနရ ဥပေဒေၾကာင့္ လက္နက္ကိရိယာ နဲ႔ နည္းပညာကာကြယ္ေရးတပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနခဲ့တာျဖစ္ပါတယ္။ Pang ရဲ႕ စ်ာပနကို သူ႔ရဲ႕ ခ်စ္သူေကာင္မေလးလည္း မိသားစုနဲ႔အတူတက္ေရာက္ခဲ့ၿပီး သူမရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္ခဲ့ပါတယ္။ ” Pang တစ္ေယာက္ ခုလိုျဖစ္သြားတာေၾကာင့္ သူမရဲ႕ ခံစားခ်က္ေတြ မထိန္ခ်ဳပ္ႏိုင္ေလာက္ေအာင္နာက်င္ရၿပီး သူ အသက္ ၃၁ႏွစ္ေရာက္ရင္ လက္ထပ္ၾကမယ္လို႔ ေျပာထားေပမဲ့ သူရဲ႕ ဆႏၵေလး မျပည့္ဝခဲ့ဘူးလို႔” ဆိုပါတယ္။ Pang တစ္ေယာက္ရဲ႕ အသုဘကို စကၤာပူတပ္သားေပါင္း ၃၀၀ ေက်ာ္တက္ေရာက္ဂုဏ္ျပဳေပးခဲ့ၾကပါတယ္။
#Lifestyle_Myanmar
#Thar_Nage
EXO အဖြဲ႕ဝင္ D.O နဲ႔ပတ္သတ္ၿပီး သူဘယ္လိုခံစားရတယ္ဆိုတာ မွ်ေဝခဲ့တဲ့ မင္းသား Jo Jungsuk
Unicode
စစ်ရေးလေ့ကျင့်ရေးစခန်းမှာ ဒဏ်ရာရပြီး သေဆုံးသွားတဲ့ စင်္ကာပူနိုင်ငံက သရုပ်ဆောင် Aloysius Pang
အသက် ၂၈နှစ်အရွယ် စင်္ကာပူနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသား Aloysius Pang ဟာ စစ်ရေးလေ့ကျင့်စခန်းမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ Pang ဟာ နယူးဇီလန်မှာ Thunder Warrior လို့ ခေါ်တဲ့ အမြောက်တပ် စစ်ရေးလေ့ကျင့်ခန်းတွင် တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က အမြောက်အတွင်းပိုင်းကို ပြုပြင်နေစဉ်အတွင်း ရင်ဘက်နဲ့ ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ကြောင့် နယူးဇီလန်ရဲ့ မြောက်ဘက်ကျွန်းရှိ Waiorou စစ်ရေးလေ့ကျင့်စခန်းကနေ ရဟတ်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားပြီး ၃ကြိမ်တိုင်တိုင် ခွဲစိတ်ကုသခဲ့ပေမဲ့ ကံမကောင်းခဲ့ပါဘူး။
Mr Pang ဟာ စင်္ကာပူရုပ်ရှင်နဲ့ ရုပ်မြင်သံကြားစီးရီးတွေမှာ သရုပ်ဆောင်သူတစ်ဦးဖြစ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လက်နက်ကိရိယာ နဲ့ နည်းပညာကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေခဲ့တာဖြစ်ပါတယ်။ Pang ရဲ့ စျာပနကို သူ့ရဲ့ ချစ်သူကောင်မလေးလည်း မိသားစုနဲ့အတူတက်ရောက်ခဲ့ပြီး သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။ ” Pang တစ်ယောက် ခုလိုဖြစ်သွားတာကြောင့် သူမရဲ့ ခံစားချက်တွေ မထိန်ချုပ်နိုင်လောက်အောင်နာကျင်ရပြီး သူ အသက် ၃၁နှစ်ရောက်ရင် လက်ထပ်ကြမယ်လို့ ပြောထားပေမဲ့ သူရဲ့ ဆန္ဒလေး မပြည့်ဝခဲ့ဘူးလို့” ဆိုပါတယ်။ Pang တစ်ယောက်ရဲ့ အသုဘကို စင်္ကာပူတပ်သားပေါင်း ၃၀၀ ကျော်တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။