#Lifestyle_Myanmar
#TB_Nandar
Souce-soompi
Radio Romance ဒရမ်မာကားထဲက ရေဒီယိုမင်းသားလေး Yoon Doo Joonရဲ့ဖက်ရှင်များ
Unicode
စစ်ရေးလေ့ကျင့်စခန်းမဝင်ခင် ဆံပင်ပုံစံအသစ် ညှပ်လိုက်တဲ့ လီမင်ဟို
မင်းသားလီမင်ဟိုဟာ စစ်ရေးလေ့ကျင့်စခန်း သွားဖို့အတွက် ဆံပင်ညှပ်လိုက်တဲ့ ဓါတ်ပုံတွေကို မျှဝေခဲ့ပါတယ်။
မတ်လ ၁၅ရက်နေ့က စတင်ပြီး လီမင်ဟိုသည် Nonsan Training Center မှာ လေးပတ်ကြာ အခြေခံ စစ်ရေးလေ့ကျင့်သင်တန်း တတ်ရောက်မှာ ဖြစ်ပါတယ်။ အဆိုပါသရုပ်ဆောင်သည် သူ့ရဲ့ စစ်မှုမထမ်းမနေရတာဝန်က ၂၀၁၇ မေလနောက်ဆုံးမှာ စတင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀လလောက်တည်းက Gangnam District Office မှာ လူမှု့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ လီမင်ဟိုဟာ ယာဉ်မတော်ဆမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်မှုထမ်းတာဝန်ကို ဆိုင်းငံ့ထားခဲ့ရပြီး လူမှု့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုမှ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု သင်တန်းကို တတ်ရောက်ရခြင်းဖြစ်ပါတယ်။
မတ်လ ၁၅မှာ လီမင်ဟိုသည် စစ်ရေးလေ့ကျင့်သင်တန်းသို့ မသွားခင်မှာ အင်စတာဂရမ်ပေါ်ကို Selfies ပုံတော်တော်များများကို တင်ခဲ့ပါတယ်။ ဓါတ်ပုံတွေထဲမှာ သရုပ်ဆောင်ဟာ face mask တပ်ထားပြီး အသစ်စက်စက်ညှပ်ထားတဲ့ ကတုံးဆံပင်ကေနဲ့ တွေ့ရမှာပါ။ လီမင်ဟိုသည် 2019 မေလမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးမှာ ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Souce-soompi