စစ္မွန္တဲ့ခ်မ္းသာမႈကိုလိုခ်င္ရင္ ဘာေတြ စြန္႔လႊတ္သင့္သလဲ။

0
0
ခ်မ္းသာမႈကိုလိုခ်င္ရင္
ခ်မ္းသာမႈကိုလိုခ်င္ရင္

၁။ ေငြေရးေၾကးေရ စီမံခန္႔ခြဲႏိုင္ျခင္း


ကၽြန္ေတာ္တို႔အမ်ားစု ေငြရွာတဲ့အခါမွာ ဘယ္ေလာက္ပဲရရ ရသေလာက္စုေဆာင္းမိတယ္ဆိုတာမရွိဘူးျဖစ္တတ္ပါတယ္။ ဒါကကၽြန္ေတာ္တို႔ရရွိတဲ့ ဝင္ေငြအေပၚမွာ စီမံခန္႔ခြဲမႈမရွိလို႔ ခုလိုျပႆနာေတြျဖစ္ေပၚေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ ရရွိတဲ့ဝင္ေငြအေပၚမွာ ကိုယ္ပိုင္စည္းမ်ဥ္းေလးေတာ့ခ်မွတ္ထားသင့္ပါတယ္။ အၾကမ္းျပင္းအားျဖင့္ ကၽြန္ေတာ္တို႔တစ္လစာရရွိတဲ့ဝင္ေငြ ၁၀၀ရာခိုင္ႏႈန္းကို ၅၀% ၊ ၃၀%၊ ၂၀% ဆိုၿပီး ေဝစုခြဲလိုက္ပါ။ ကၽြန္ေတာ္တို႔ရဲ႕ လစဥ္စားေသာက္စရိတ္အတြက္ ဝင္ေငြရဲ႕ ၅၀ ရာခိုင္ႏႈန္းကိုအသုံးျပဳပါ။ ပုဂၢိဳလ္ေရးနဲ႔ အျခား သင့္အသုံးစရိတ္အတြက္ ၃၀%ကို အသုံးျပဳပါ။ က်န္တဲ့ ၂၀% ကိုေတာ့ သင့္ရဲ႕ ေရွ႕ေရးအတြက္ စုေဆာင္းလိုက္ပါ။ ဒီလိုစည္းမ်ဥ္းေတြမရွိသေရြ႕ေတာ့ သင့္လည္း ပလိုင္းေပါက္နဲ႔ ဖားေကာက္ေနသလိုပဲျဖစ္ေနပါလိမ့္မယ္။

၂။ ေစ်းႏႈန္းသက္သာတဲ့အေပၚဝယ္ယူျခင္း


ေစ်းဝယ္တဲ့အခါ သင့္အတြက္ တကယ္လိုအပ္တဲ့ ပစၥည္းမ်ိဳးကို ပထမဦးစားေပးၿပီး ဝယ္ယူသင့္ပါတယ္။ ေစ်းဝယ္ထြက္တဲ့အခါ ေစ်းဖိုးအသုံးစရိတ္ကို လိုအပ္သေလာက္ပဲ ယူၿပီး သင့္အတြက္တကယ္လိုအပ္တာမ်ိဳးကိုပဲ ေရြးဝယ္ပါ။ ကုန္ပစၥည္း ေတြဟာ တစ္ခုနဲ႔တစ္ခု အသုံးဝင္ပုံျခင္းတူေပးမဲ့ ေစ်းႏႈန္းကေတာ့ အမ်ိဳးမ်ိဳးကြာျခားမႈရွိပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔ အသုံးျပဳလို႔သင့္ေတာ္မဲ့ ကုန္ပစၥည္းမ်ိဳးကိုရွာႀကံၿပီး ေစ်းနႈန္းခ်ိဳသာမႈရွိတဲ့အေပၚမွာ ဝယ္ယူသင့္ပါတယ္။ သင့္အေနနဲ႔ ပိုက္ဆံကို မခ်င့္ခ်ိန္ပဲ အကုန္ယူလာမိလွ်င္ သင္လိုခ်င္တဲ့ ပစၥည္းေတြကို ေတြ႕တဲ့အခါ စိတ္ကထိန္းမရ၊ ပိုက္ဆံကလည္းပါလာတဲ့အတြက္ေၾကာင့္ တကယ္မလိုအပ္ပဲ ဝယ္ယူမိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

၃။ ခရက္ဒစ္ကဒ္/ အေၾကြးကဒ္အသုံးမျပဳျခင္း


သင့္မွာ အေၾကြးကဒ္ရွိေနတဲ့အခါ တကယ္လိုအပ္တဲ့အရာေတြတဲ့ လိုခ်င္တဲ့အရာေတြေတာ္ေတာ္မ်ားမ်ားအေပၚမွာ ျဖဳန္းတီးဖို႔အတြက္ ဒီကဒ္ကအမ်ားႀကီး အားေပးေနပါတယ္။ အေၾကြးကဒ္ကိုအသုံးျပဳတဲ့အခါမွာလည္း အတိုးႏႈန္းကလည္း လက္ေတြ႕ထက္ပိုၿပီးျမင့္မားေနတာေၾကာင့္ သင္ ရသင့္ရထိုက္တဲ့ ပိုက္ဆံေတြက အေလအလြင့္ေတြျဖစ္ကုန္ပါတယ္။ အေၾကြးကဒ္/ ခရက္ဒစ္ကဒ္ဆိုတာ အေရးေပၚအေျခအေနမ်ိဳး ဒါမွမဟုတ္ လုပ္ငန္းတစ္ခုခုရင္းႏွီးျမွဳပ္ႏွံဖို႔အတြက္ပဲ အသုံးျပဳသင့္ပါတယ္။

၄။ Brand အေပၚမွာ ႐ူးသြပ္စြဲလန္းျခင္း


သန္းၾကြယ္ခ်မ္းသာတဲ့သူေဌးတစ္ဦး ေစ်းႀကီးတဲ့ Brand ေတြအသုံးျပဳလို႔ သူ႔အတြက္ ဘာမွမေျပာပေလာက္ေပမဲ့ ကၽြန္ေတာ္တို႔ရဲ႕ အေျခေအေနေတြနဲ႔ဆိုရင္ေတာ့ အမ်ားႀကီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။ လက္ရွိအေနအေျခမွာ သာမန္လခစားတစ္ဦးျဖစ္ေနရင္သင္ႀကိဳက္တဲ့ Brand ေတြကိုေတြ႕ေနေပမဲ့ ဒါကိုဝယ္ႏိုင္တဲ့ အေျခအေနတစ္ဦးျဖစ္ဖို႔အတြက္ အရင္ႀကိဳးစားသင့္ပါတယ္။ လက္ရွိရတဲ့ဝင္ေငြနဲ႔ ဒီ Brand ေတြအေပၚမွာ မက္ေမာၿပီး မရမက အသုံးျပဳေနရင္ေတာ့ သင့္အတြက္ တြက္ေျခမကိုက္သလို အပိုဝင္ေငြစုဖို႔ေနေနသာသာ အေၾကြးနဲ႔တင္သံသရာလည္ေနပါလိမ့္မယ္။

၅။ ပကာသနေတြျဖင့္ ေနထိုင္ျခင္း


တကယ့္ကိုစစ္မွန္တဲ့ သန္းၾကြယ္ေဌးေတြက လူအထင္ႀကီးေအာင္ ပကာသနေတြအေပၚမွာ သူတို႔ရဲ႕ ေငြေၾကးကို မျဖဳန္းတီးပါဘူး။ သူ႔အတြက္ သင့္ေတာ္မဲ့ အေျခအေနတစ္ခုမွာေက်နပ္ၿပီး မလိုအပ္တဲ့အရာေတြထက္ တကယ္လိုအပ္မဲ့အရာေတြအေပၚမွာပဲသူတို႔ရဲ႕ ေငြေၾကးကို ရင္းႏွီးျမွဳပ္ႏံွတတ္ၾကပါတယ္။ ဥပမာ – သိန္းရာခ်ီတဲ့ နာရီတစ္လုံးနဲ႔ ၄ေထာင္ ၅ေထာင္ေပးရတဲ့ နာရီတစ္လုံးဟာ ေစ်းႏႈန္းသာ အဆေပါင္းအေျမာက္အမ်ားကြာျခားမႈရွိေပးမဲ့ အခ်ိန္ကို ျပတာကေတာ့ အတူတူပဲျဖစ္တာေၾကာင့္ မလိုလားတဲ့အရာေတြအေပၚမွာ သင့္ရဲ႕ ေငြေၾကးကို မျဖဳန္သင့္ပါဘူး။

၆။ ေငြေၾကးသည္ အရာအားလုံးအတြက္မဟုတ္


ေငြေၾကးဟာ ဘဝအတြက္ မရွိမျဖစ္လိုအပ္တယ္ အေရးပါတယ္ဆိုေပမဲ့ အခ်ိဳ႕ေသာအရာေတြအေပၚမွာေတာ့ ေငြေၾကးျဖင့္ ဝယ္ယူလို႔မရတာေတြ အမ်ားႀကီးရွိပါတယ္။ သင့္မွာပိုက္ဆံရွိလို႔ အိမ္ေကာင္းေကာင္းတစ္လုံးကိုဝယ္ယူႏိုင္ေပမဲ့သင္နဲ႔အတူ ဘဝကို ဆုိးတူေကာင္းဘက္ လက္တြဲေပးမဲ့ စစ္မွန္တဲ့ မိသားစုကိုေတာ့ေငြေၾကးနဲ႔ဝယ္ယူလို႔ရမွာမဟုတ္ပါဘူး။ ဒါကို သင့္အေနနဲ႔ ဘဝလက္တြဲေဖာ္/ အခ်စ္ကို ေငြေၾကးျဖင့္ ဝယ္ယူလိုက္ရင္ေတာ့ စစ္မွန္တဲ့ ခ်စ္ျခင္းကို မရရွိႏိုင္တဲ့အျပင္ သင့္ရဲ႕ ပိုင္ဆိုင္မႈ စည္းစိမ္အေပၚ အျမတ္ႀကီးထုတ္သြားၾကပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဘဝအတြက္ စစ္မွန္တဲ့မိသားစု/ ခ်စ္ျခင္းတရားကို ရွာဖို႔အတြက္ ေငြေၾကးကို ၁၀၀% အားမကိုးပါနဲ႔။

#Lifestyle_Myanmar

#Thar_Nage

ေဖ့ဘုတ္ဆိုရွယ္မီဒီယာေပၚမွာ မတင္သင့္တဲ့ ပို႔စ္ နဲ႔ သတင္း အခ်ိဳ႕


Unicode

တကယ့်စစ်မှန်တဲ့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်အချို့
၁။ ငွေရေးကြေးရေ စီမံခန့်ခွဲနိုင်ခြင်း
ကျွန်တော်တို့အများစု ငွေရှာတဲ့အခါမှာ ဘယ်လောက်ပဲရရ ရသလောက်စုဆောင်းမိတယ်ဆိုတာမရှိဘူးဖြစ်တတ်ပါတယ်။ ဒါကကျွန်တော်တို့ရရှိတဲ့ ဝင်ငွေအပေါ်မှာ စီမံခန့်ခွဲမှုမရှိလို့ ခုလိုပြဿနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ရရှိတဲ့ဝင်ငွေအပေါ်မှာ ကိုယ်ပိုင်စည်းမျဉ်းလေးတော့ချမှတ်ထားသင့်ပါတယ်။ အကြမ်းပြင်းအားဖြင့် ကျွန်တော်တို့တစ်လစာရရှိတဲ့ဝင်ငွေ ၁၀၀ရာခိုင်နှုန်းကို ၅၀% ၊ ၃၀%၊ ၂၀% ဆိုပြီး ဝေစုခွဲလိုက်ပါ။ ကျွန်တော်တို့ရဲ့ လစဉ်စားသောက်စရိတ်အတွက် ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုအသုံးပြုပါ။ ပုဂ္ဂိုလ်ရေးနဲ့ အခြား သင့်အသုံးစရိတ်အတွက် ၃၀%ကို အသုံးပြုပါ။ ကျန်တဲ့ ၂၀% ကိုတော့ သင့်ရဲ့ ရှေ့ရေးအတွက် စုဆောင်းလိုက်ပါ။ ဒီလိုစည်းမျဉ်းတွေမရှိသရွေ့တော့ သင့်လည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲဖြစ်နေပါလိမ့်မယ်။

၂။ စျေးနှုန်းသက်သာတဲ့အပေါ်ဝယ်ယူခြင်း
စျေးဝယ်တဲ့အခါ သင့်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းမျိုးကို ပထမဦးစားပေးပြီး ဝယ်ယူသင့်ပါတယ်။ စျေးဝယ်ထွက်တဲ့အခါ စျေးဖိုးအသုံးစရိတ်ကို လိုအပ်သလောက်ပဲ ယူပြီး သင့်အတွက်တကယ်လိုအပ်တာမျိုးကိုပဲ ရွေးဝယ်ပါ။ ကုန်ပစ္စည်း တွေဟာ တစ်ခုနဲ့တစ်ခု အသုံးဝင်ပုံခြင်းတူပေးမဲ့ စျေးနှုန်းကတော့ အမျိုးမျိုးကွာခြားမှုရှိပါတယ်။ ဒါ့ကြောင့် သင်နဲ့ အသုံးပြုလို့သင့်တော်မဲ့ ကုန်ပစ္စည်းမျိုးကိုရှာကြံပြီး စျေးနှုန်းချိုသာမှုရှိတဲ့အပေါ်မှာ ဝယ်ယူသင့်ပါတယ်။ သင့်အနေနဲ့ ပိုက်ဆံကို မချင့်ချိန်ပဲ အကုန်ယူလာမိလျှင် သင်လိုချင်တဲ့ ပစ္စည်းတွေကို တွေ့တဲ့အခါ စိတ်ကထိန်းမရ၊ ပိုက်ဆံကလည်းပါလာတဲ့အတွက်ကြောင့် တကယ်မလိုအပ်ပဲ ဝယ်ယူမိတာမျိုးတွေဖြစ်တတ်ပါတယ်။

၃။ ခရက်ဒစ်ကဒ်/ အကြွေးကဒ်အသုံးမပြုခြင်း
သင့်မှာ အကြွေးကဒ်ရှိနေတဲ့အခါ တကယ်လိုအပ်တဲ့အရာတွေတဲ့ လိုချင်တဲ့အရာတွေတော်တော်များများအပေါ်မှာ ဖြုန်းတီးဖို့အတွက် ဒီကဒ်ကအများကြီး အားပေးနေပါတယ်။ အကြွေးကဒ်ကိုအသုံးပြုတဲ့အခါမှာလည်း အတိုးနှုန်းကလည်း လက်တွေ့ထက်ပိုပြီးမြင့်မားနေတာကြောင့် သင် ရသင့်ရထိုက်တဲ့ ပိုက်ဆံတွေက အလေအလွင့်တွေဖြစ်ကုန်ပါတယ်။ အကြွေးကဒ်/ ခရက်ဒစ်ကဒ်ဆိုတာ အရေးပေါ်အခြေအနေမျိုး ဒါမှမဟုတ် လုပ်ငန်းတစ်ခုခုရင်းနှီးမြှုပ်နှံဖို့အတွက်ပဲ အသုံးပြုသင့်ပါတယ်။

၄။ Brand အပေါ်မှာ ရူးသွပ်စွဲလန်းခြင်း
သန်းကြွယ်ချမ်းသာတဲ့သူဌေးတစ်ဦး စျေးကြီးတဲ့ Brand တွေအသုံးပြုလို့ သူ့အတွက် ဘာမှမပြောပလောက်ပေမဲ့ ကျွန်တော်တို့ရဲ့ အခြေအေနေတွေနဲ့ဆိုရင်တော့ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ လက်ရှိအနေအခြေမှာ သာမန်လခစားတစ်ဦးဖြစ်နေရင်သင်ကြိုက်တဲ့ Brand တွေကိုတွေ့နေပေမဲ့ ဒါကိုဝယ်နိုင်တဲ့ အခြေအနေတစ်ဦးဖြစ်ဖို့အတွက် အရင်ကြိုးစားသင့်ပါတယ်။ လက်ရှိရတဲ့ဝင်ငွေနဲ့ ဒီ Brand တွေအပေါ်မှာ မက်မောပြီး မရမက အသုံးပြုနေရင်တော့ သင့်အတွက် တွက်ခြေမကိုက်သလို အပိုဝင်ငွေစုဖို့နေနေသာသာ အကြွေးနဲ့တင်သံသရာလည်နေပါလိမ့်မယ်။

၅။ ပကာသနတွေဖြင့် နေထိုင်ခြင်း
တကယ့်ကိုစစ်မှန်တဲ့ သန်းကြွယ်ဌေးတွေက လူအထင်ကြီးအောင် ပကာသနတွေအပေါ်မှာ သူတို့ရဲ့ ငွေကြေးကို မဖြုန်းတီးပါဘူး။ သူ့အတွက် သင့်တော်မဲ့ အခြေအနေတစ်ခုမှာကျေနပ်ပြီး မလိုအပ်တဲ့အရာတွေထက် တကယ်လိုအပ်မဲ့အရာတွေအပေါ်မှာပဲသူတို့ရဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နှံတတ်ကြပါတယ်။ ဥပမာ – သိန်းရာချီတဲ့ နာရီတစ်လုံးနဲ့ ၄ထောင် ၅ထောင်ပေးရတဲ့ နာရီတစ်လုံးဟာ စျေးနှုန်းသာ အဆပေါင်းအမြောက်အများကွာခြားမှုရှိပေးမဲ့ အချိန်ကို ပြတာကတော့ အတူတူပဲဖြစ်တာကြောင့် မလိုလားတဲ့အရာတွေအပေါ်မှာ သင့်ရဲ့ ငွေကြေးကို မဖြုန်သင့်ပါဘူး။

၆။ ငွေကြေးသည် အရာအားလုံးအတွက်မဟုတ်
ငွေကြေးဟာ ဘဝအတွက် မရှိမဖြစ်လိုအပ်တယ် အရေးပါတယ်ဆိုပေမဲ့ အချို့သောအရာတွေအပေါ်မှာတော့ ငွေကြေးဖြင့် ဝယ်ယူလို့မရတာတွေ အများကြီးရှိပါတယ်။ သင့်မှာပိုက်ဆံရှိလို့ အိမ်ကောင်းကောင်းတစ်လုံးကိုဝယ်ယူနိုင်ပေမဲ့သင်နဲ့အတူ ဘဝကို ဆိုးတူကောင်းဘက် လက်တွဲပေးမဲ့ စစ်မှန်တဲ့ မိသားစုကိုတော့ငွေကြေးနဲ့ဝယ်ယူလို့ရမှာမဟုတ်ပါဘူး။ ဒါကို သင့်အနေနဲ့ ဘဝလက်တွဲဖော်/ အချစ်ကို ငွေကြေးဖြင့် ဝယ်ယူလိုက်ရင်တော့ စစ်မှန်တဲ့ ချစ်ခြင်းကို မရရှိနိုင်တဲ့အပြင် သင့်ရဲ့ ပိုင်ဆိုင်မှု စည်းစိမ်အပေါ် အမြတ်ကြီးထုတ်သွားကြပါလိမ့်မယ်။ ဒါ့ကြောင့် ဘဝအတွက် စစ်မှန်တဲ့မိသားစု/ ချစ်ခြင်းတရားကို ရှာဖို့အတွက် ငွေကြေးကို ၁၀၀% အားမကိုးပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here