Home Fitness စကၠန္႔ အနည္းငယ္အတြင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစမဲ့ အိပ္ယာဝင္ေလ့က်င့္ခန္း ၆မ်ိဳး

စကၠန္႔ အနည္းငယ္အတြင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစမဲ့ အိပ္ယာဝင္ေလ့က်င့္ခန္း ၆မ်ိဳး

0
13453
အိပ္ယာဝင္ေလ့က်င့္ခန္း
အိပ္ယာဝင္ေလ့က်င့္ခန္း

ဒီေလ့က်င့္ခန္းဟာ သင့္ကို စကၠန္႔အနည္းငယ္အတြင္း အိပ္ေပ်ာ္ေစသလို ဦးေႏွာက္နဲ႔ အာ႐ုံေၾကာစနစ္ကို တည္ၿငိမ္ေအာင္ ကူညီေပးၿပီး စိတ္ဖိစီးမႈမ်ားကို အခ်ိန္တိုအတြင္း သက္သာေစတဲ့ ေလ့က်င့္ခန္းေလးပဲျဖစ္ပါတယ္။

ေလ့က်င့္ခန္း ၁

-Advertisement-

ပထမဦးစြာ ပက္လက္အေနအထားေနၿပီး သင့္ခါးေအာက္မွာ ေခါင္းဦးတစ္လုံးကို ခုထားေပးပါ။ ၿပီးလွ်င္ေျခႏွစ္ဖက္စလုံးဟာ နံရံမွာ ကပ္ၿပီး အေပၚကို ေထာင္ထားေပးလိုက္ပါ။ ထိုအေနအထားအတိုင္း ၂မိနစ္ေလာက္ေနေပးဖို႔လိုအပ္ပါတယ္။ နံရံနဲ႔ အရမ္းႀကီး ကပ္ေနစရာမလိုဘဲ သင့္ေျခေထာက္ျပန္ခ်လို႔ရမဲ့ အေနအထားအထား၊ ဒူးေခါင္းေကြးခ်လို႔ရမဲ့ အေနအထားေလာက္ပဲ ေျခေထာင္ကို နံရံေပၚမွီးၿပီး ေထာင္ထားေပးပါ။

ေလ့က်င့္ခန္း ၂

ေမွာက္ခုံအေနအထားအတိုင္းေနၿပီး ဗိုက္ေအာက္မွာ ေခါင္းဦးကို ခုထားေပးပါ။ ၿပီးလွ်င္ သင္ရဲ႕ လက္ႏွစ္ဖက္ကို ေနာက္ေက်ာကိုပစ္ၿပီး ခ်ိတ္ဆက္ထားေပးပါ။ အသက္ကို ျပင္းျပင္း႐ွဴထုတ္ၿပီး ခ်တ္ဆက္ထားတဲ့လက္ႏွစ္ဖက္ဟာ ေအာက္ဘက္ ေျခဖေနာင့္ေနရာကို ေရာက္ေအာင္ ခါးကို ေကာ့ၿပီး ျဖည္းျဖည္းျခင္း ဆင္းသြားပါ။ ၿပီးလွ်င္အသက္ကို ႐ွဴထုတ္ၿပီး ပုံမွန္အေနအထားကိုေရာက္ေအာင္ျဖည္းျဖည္းျခင္းျပန္ေနျပန္သြားပါ။ ထိုနည္းအတိုင္း ၅ ႀကိမ္ကေန ၁၀ႀကိမ္အထိျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။

ေလ့က်င့္ခန္း ၃

ေျခေထာက္ဆင္းၿပီး ေပါင္ကုိ အက်ယ္ဆုံးအေနအထားကို ေရာက္ေအာင္ ကားထုတ္လိုက္ပါ။ ၿပီးလွ်င္ သင့္ရဲ႕ ေရွ႕မွာ ေခါင္းအုံးတစ္လုံးခ်ထားၿပီး ထိုေခါင္းအုံးေပၚကို အိပ္ခ်လိုက္ပါ။ အိပ္တဲ့အခါ ခါးကို ကုန္းမေနပဲ ဆင္းထားေပးဖို႔လိုအပ္ပါတယ္။ ထိုအေနအထားအတိုင္း အသက္ကို ၁၀-၁၅ႀကိမ္ေလာက္ ႐ွဴထုတ္ၿပီး မူလအေနအထားသို႔ ျပန္ေနေပးလိုက္ပါ။

ေလ့က်င့္ခန္း ၄

ေခါင္းအုံးတစ္လုံးကို ေက်ာေအာက္မွာထားၿပီး အိပ္ခ်လိုက္ပါ။ အိပ္ၿပီးတဲ့အခါ ဒူးႏွစ္လုံးကို ေထာင္ၿပီး ဘယ္ညာတစ္ဖက္ဆီကို ျဖန္႔ကားလိုက္ၿပီး ေျခဖဝါးႏွစ္ဖက္ကို မ်က္ႏွာခ်င္းဆိုင္ထားေပးပါ။ သင့္ရဲ႕ လက္ႏွစ္ဖက္ကိုလည္း ေဘးတစ္ဖက္တစ္ခ်က္ဆီမွာ ဆန္႔ၿပီး ခ်ထားေပးလိုက္ပါ။ ထိုအေနအထားအတိုင္း ၃မိနစ္ေလာက္ေနၿပီး အသက္ကို ျဖည္းျဖည္းနဲ႔ မွန္မွန္႐ွဴေပးပါ။

ေလ့က်င့္ခန္း ၅

အိပ္စက္တဲ့ အေနအထားမွာ ခႏၶာကိုယ္အေပၚပိုင္းနဲ႔ ေအာက္ပိုင္းကို ဆန္႔က်င္ဖက္ထားေပးရမွာျဖစ္ပါတယ္။ ပုံမွာေဖာ္ျပထားသလိုသင့္ရဲ႕ ေျခေထာက္ႏွစ္ဖက္ဟာ ဘယ္ဘက္မွာ ခ်ထားတယ္ဆိုရင္ ခါးကို အနည္းငယ္လွည့္ၿပီး ဦးေခါင္းနဲ႔ အေပၚပိုင္းဟာညာဘက္ကို လွည့္ေပးထားရမွာျဖစ္ပါတယ္။ ထိုအေနအထားအတုိင္း ၁မိနစ္ေလာက္ေနၿပီး ဘယ္ညာ တစ္လွည့္စီျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။

ေလ့က်င့္ခန္း ၆

အေၾကာအားလုံးကို ေလ်ာ့ထားၿပီး အိပ္ယာေပၚတြင္ ပက္လက္လွန္ၿပီး အိပ္စက္လိုက္ပါ။ လက္ႏွစ္ဖက္ကို ေဘးတစ္ဖက္စီမွာ ျဖန္႔ခ်ထားၿပီး အသက္ကို ၃မိနစ္ေလာက္ ေလဝင္ေလထြက္မွတ္ၿပီး ႐ွဴထုတ္ေပးပါ။ ထိုအေနအထားက သင့္ကို အခ်ိန္တိုအတြင္းမွာ အိပ္ခ်င္စိတ္ကို ျဖစ္ေပၚေစပါတယ္။

#lifestyle_Myanmar

#Thar_Nage

အျဖဴေရာင္ အ၀တ္အစားေတြကို ထိန္းသိမ္းႏိုင္မယ့္နည္းလမ္းေလးမ်ား

Unicode

စက္ကန့် အနည်းငယ်အတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမဲ့ အိပ်ယာဝင်လေ့ကျင့်ခန်း ၆မျိုး
ဒီလေ့ကျင့်ခန်းဟာ သင့်ကို စက္ကန့်အနည်းငယ်အတွင်း အိပ်ပျော်စေသလို ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တည်ငြိမ်အောင် ကူညီပေးပြီး စိတ်ဖိစီးမှုများကို အချိန်တိုအတွင်း သက်သာစေတဲ့ လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၁

ပထမဦးစွာ ပက်လက်အနေအထားနေပြီး သင့်ခါးအောက်မှာ ခေါင်းဦးတစ်လုံးကို ခုထားပေးပါ။ ပြီးလျှင်ခြေနှစ်ဖက်စလုံးဟာ နံရံမှာ ကပ်ပြီး အပေါ်ကို ထောင်ထားပေးလိုက်ပါ။ ထိုအနေအထားအတိုင်း ၂မိနစ်လောက်နေပေးဖို့လိုအပ်ပါတယ်။ နံရံနဲ့ အရမ်းကြီး ကပ်နေစရာမလိုဘဲ သင့်ခြေထောက်ပြန်ချလို့ရမဲ့ အနေအထားအထား၊ ဒူးခေါင်းကွေးချလို့ရမဲ့ အနေအထားလောက်ပဲ ခြေထောင်ကို နံရံပေါ်မှီးပြီး ထောင်ထားပေးပါ။

လေ့ကျင့်ခန်း ၂

မှောက်ခုံအနေအထားအတိုင်းနေပြီး ဗိုက်အောက်မှာ ခေါင်းဦးကို ခုထားပေးပါ။ ပြီးလျှင် သင်ရဲ့ လက်နှစ်ဖက်ကို နောက်ကျောကိုပစ်ပြီး ချိတ်ဆက်ထားပေးပါ။ အသက်ကို ပြင်းပြင်းရှူထုတ်ပြီး ချတ်ဆက်ထားတဲ့လက်နှစ်ဖက်ဟာ အောက်ဘက် ခြေဖနောင့်နေရာကို ရောက်အောင် ခါးကို ကော့ပြီး ဖြည်းဖြည်းခြင်း ဆင်းသွားပါ။ ပြီးလျှင်အသက်ကို ရှူထုတ်ပြီး ပုံမှန်အနေအထားကိုရောက်အောင်ဖြည်းဖြည်းခြင်းပြန်နေပြန်သွားပါ။ ထိုနည်းအတိုင်း ၅ ကြိမ်ကနေ ၁၀ကြိမ်အထိပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း ၃

ခြေထောက်ဆင်းပြီး ပေါင်ကို အကျယ်ဆုံးအနေအထားကို ရောက်အောင် ကားထုတ်လိုက်ပါ။ ပြီးလျှင် သင့်ရဲ့ ရှေ့မှာ ခေါင်းအုံးတစ်လုံးချထားပြီး ထိုခေါင်းအုံးပေါ်ကို အိပ်ချလိုက်ပါ။ အိပ်တဲ့အခါ ခါးကို ကုန်းမနေပဲ ဆင်းထားပေးဖို့လိုအပ်ပါတယ်။ ထိုအနေအထားအတိုင်း အသက်ကို ၁၀-၁၅ကြိမ်လောက် ရှူထုတ်ပြီး မူလအနေအထားသို့ ပြန်နေပေးလိုက်ပါ။

လေ့ကျင့်ခန်း ၄

ခေါင်းအုံးတစ်လုံးကို ကျောအောက်မှာထားပြီး အိပ်ချလိုက်ပါ။ အိပ်ပြီးတဲ့အခါ ဒူးနှစ်လုံးကို ထောင်ပြီး ဘယ်ညာတစ်ဖက်ဆီကို ဖြန့်ကားလိုက်ပြီး ခြေဖဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်ထားပေးပါ။ သင့်ရဲ့ လက်နှစ်ဖက်ကိုလည်း ဘေးတစ်ဖက်တစ်ချက်ဆီမှာ ဆန့်ပြီး ချထားပေးလိုက်ပါ။ ထိုအနေအထားအတိုင်း ၃မိနစ်လောက်နေပြီး အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန်ရှူပေးပါ။

လေ့ကျင့်ခန်း ၅

အိပ်စက်တဲ့ အနေအထားမှာ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ဆန့်ကျင်ဖက်ထားပေးရမှာဖြစ်ပါတယ်။ ပုံမှာဖော်ပြထားသလိုသင့်ရဲ့ ခြေထောက်နှစ်ဖက်ဟာ ဘယ်ဘက်မှာ ချထားတယ်ဆိုရင် ခါးကို အနည်းငယ်လှည့်ပြီး ဦးခေါင်းနဲ့ အပေါ်ပိုင်းဟာညာဘက်ကို လှည့်ပေးထားရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ၁မိနစ်လောက်နေပြီး ဘယ်ညာ တစ်လှည့်စီပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း ၆

အကြောအားလုံးကို လျော့ထားပြီး အိပ်ယာပေါ်တွင် ပက်လက်လှန်ပြီး အိပ်စက်လိုက်ပါ။ လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ဖြန့်ချထားပြီး အသက်ကို ၃မိနစ်လောက် လေဝင်လေထွက်မှတ်ပြီး ရှူထုတ်ပေးပါ။ ထိုအနေအထားက သင့်ကို အချိန်တိုအတွင်းမှာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here