စက်ဘီးစီးခြင်းက အရပ်မြင့်စေဖို့ အကူအညီဖြစ်ပါသလား?

0
104

စက်ဘီးစီးခြင်းက ကာယပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါတယ်။ စက်ဘီးစီးခြင်းက ကျန်းမာကြံ့ခိုင်စေသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး အဆီတွေကို မြန်မြန်လောင်ကျွမ်းစေပါတယ်။ စက်ဘီးစီးခြင်းက အရပ်မြင့်မှုကို မြှင့်တင်ပေးနိုင်ပေမယ့် ဒါကအကြောင်းရင်းမဟုတ်နိုင်ပါဘူး။ စက်ဘီးစီးတာက အရပ်မြင့်ဖို့ အကူအညီဖြစ်တယ်ဆိုရင် စဉ်းစားရမယ့် တချို့အချက်လေးတွေရှိပါတယ်။

စက်ဘီးစီးခြင်းက အရပ်မြင့်စေသလား?

အရပ်အမြင့်က အဓိကအားဖြင့် အချက် (၂)ချက်ပေါ်မှာ မူတည်ပါတယ်။ တစ်ခုက အရေးအကြီးဆုံးအချက်ဖြစ်တဲ့ မျိုးရိုးဗီဇဖြစ်ပြီး နောက်တစ်ချက်က အသက်အရွယ်ပါ။ တချို့အသက်အရွယ်ကျော်သွားရင် အရပ်မြင့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ မြင့်ရင်တောင် မဆိုစလောက်လေးပါပဲ။

သင်ဟာ ဆယ်ကျော်သက်တစ်ဦးဖြစ်လျှင် စက်ဘီး စစီးဖို့ မှန်ကန်တဲ့ အသက်အရွယ်ပါပဲ။ ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်အရပ်အမြင့်ကို သိသိသာသာ ကွာခြားသွားစေနိုင်ပါတယ်။
စက်ဘီးစီးခြင်းနှင့်အတူ အာဟာရပြည့်ဝကောင်းမွန်တဲ့ အစားအစာများ စားပေးခြင်းက သင့်ကို အရပ်တိုးသထက် တိုးလာစေမှာပါ။

စက်ဘီးစီးခြင်းက သင့်ခန္ဓာကိုယ်အပေါ် ဘယ်လိုအကျိုးသက်ရောက်လဲ?

စက်ဘီးစီးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို အပြင်းအထန် အလုပ်လုပ်စေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၄မိုင်စီးရင် သင့်ခြေထောက်နှင့် ခြေသလုံးကြွက်သားတွေကို တင်းရင်းစေပါတယ်။ ရလဒ်ကတော့ ခန္ဓာကိုယ်အောက်ပိုင်း ကျစ်လာပါတယ်။ ကိုယ်ကာယဖွံ့ဖြိုးပြီးတာနဲ့ အရပ်ရှည်ပုံပေါက်လာပါတယ်။ သင့်ရဲ့ absကလည်း သန်မာလာပါတယ်။ ထိုဖြစ်စဉ်မှာ သင့်ခြေထောက်တွေက ဆန့်သွားပြီး ခန္ဓာကိုယ်ကို လက်မအနည်းငယ် တိုးလာစေနိုင်ပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူများက နေ့တိုင်းနွားနို့နှင့်အတူ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးဖို့ အကြံပြုထားပါတယ်။ စက်ဘီးစီးခြင်းက ကယ်လိုရီအများစုကို လောင်ကျွမ်းတာကြောင့် dietကို မှန်မှန်ကန်ကန်စားရင် ကြွက်သားတွေ သန်မာလာစေဖို့ ကူညီပေးပါတယ်။ အမြဲတမ်းစက်ဘီးစီးသူရဲ့ ခြေသလုံးကြွက်သားတွေကို သင်သတိထားမိမှာပါ။ သူတို့ခြေသလုံးကြွက်သားတွေက ကျစ်ပြီး သန်မာပါတယ်။

စက်ဘီးစီးတာနှင့်ပတ်သတ်တဲ့ အယူအဆ အမှားတွေ

စက်ဘီးစီးတာက အရပ်ဖွံ့ဖြိုးမှုနှုန်း အပေါ် ဘယလိုအကျိုးသက်ရောက်သလဲ ဆိုတာနှင့် ပတ်သတ်ပြီး ငြင်းခုံမှုတွေ အတော်များများရှိပါတယ်။ ဆေးဘက်ဆိုင်ရာပညာရှင်များက စက်ဘီးစီးတာဟာ အရပ်မြင့်ကြောင်း ဖော်ပြထားတဲ့ သိပ္ပံနည်းကျသုတေသန မရှိဘူးလို့ ဆိုကြပါတယ်။ အရပ်မြင့်တာက မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်အပေါ်မှာ မူတည်တယ်လို့ သူတို့က ပြောကြပါတယ်။ ဒါက လွန်ခဲ့တဲ့ တစ်ချိန်ချိန်က အချက်အလက်တွေဖြစ်ပြီး ယခုအချိန်မှာ အယူအဆအမှား တစ်ခုဖြစ်လာပါတယ်။

စက်ဘီးစီးတာနှင့်ပတ်သတ်တဲ့ အယူအဆ အမှန်

စက်ဘီးစီးတာက သင့်ကို အရပ်ရှည်လာမှာမဟုတ်ပေမယ့် သင်ကို ကျိန်းသေ ပါးလျသွားစေပါတယ်။ စက်ဘီးစီးစဉ် ပျမ်းမျှအားဖြင့် တစ်နာရီကို ကယ်လိုရီ ၄၀၀ လောင်ကျွမ်းစေနိုင်ပါတယ်။ သင်အနားယူတဲ့အချိန်မှာတောင် သင့်ခန္ဓာကိုယ်က ကယ်လိုရီဆက်လက်လောင်ကျွမ်းပါတယ်။ တစ်နေ့ ၁၀မိုင် စက်ဘီးစီးရင် ကယ်လိုရီ ၇၀၀ လောင်ကျွမ်းပါတယ်။ စက်ဘီးစီးတာနှင့် ပတ်သတ်ပြီး တခြားကောင်းတဲ့အချက်က သင့်ခန္ဓာကိုယ်ကိုယ်ဟန်အနေအထားကို တိုးတတ်ကောင်းမွန်စေတာကြောင့်ပါ။ သင်ဟာ ခွေခေါက်ပြီး နေတတ်တဲ့ အကျင့်ရှိပါက စက်ဘီးစီးခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ ကိုယ်ဟန်အနေအထားကို ပိုကောင်းစေပြီး ကိုယ်ကာယ ကျစ်လစ်စေပါတယ်။ အရပ်ရှည်ပြီး ပိန်သွယ်တဲ့ပုံပေါက်စေပါတယ်။

စက်ဘီးစီးခြင်းကို အရပ်မြင့်ဖို့ တစ်ခုတည်း မကြည့်ပါနဲ့။ ဒီလေ့ကျင့်ခန်းကနေ ကျန်းမာရေးအကျိုးကျေးဇူး အတော်များများ ရနိုင်ပါတယ်။ ၎င်းတို့ကို အောက်မှာဖော်ပြထားပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကြွက်သားတွေကို ကျစ်လစ်စေပြီး အစာအစားချင်စိတ်ကို ပိုကောင်းစေပါတယ်။

အသက်ရှုအားကောင်းပြီး သင့်ရဲ့ နှလုံးကြွက်သားများကို အားကောင်းစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းနှင့် နက်ရှိုင်းစွာ အသက်ရှုခြင်းကနေ အဆုတ်ကို ပိုပြီး strong ဖြစ်စေပါတယ်။
ဒါ့အပြင် သဘာဝပတ်ဝန်းကျင်အကျိုးကျေးဇူးတွေအကြောင်း စဉ်းစားမိပါတယ်။ စက်ဘီးစီးခြင်းက လေထုညစ်ညမ်းမှု မရှိသလို ဆူညံသံတွေ မရှိပါဘူး။

အာဟာရရှိပြီး ညီညွတ်မျှတတဲ့ အစားအစာကို စားသုံးရင်း စက်ဘီးစီးဖို့ သေချာပါစေ။ တစ်နာရီကို 12-14 mphအကြားနှုန်းဖြင့် စက်ဘီးစီးခြင်းက သင့်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးပါတယ်။ သင့်ရဲ့ နေ့စဉ် work out အဖြစ် စက်ဘီးစီးတာကို နှစ်သက်လိမ့်မယ်လို့ မျော်လင့်မိပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-stylecraze

ZawGyi














Lifestyle_Myanmar

LM_Nandar

Source-stylecraze

LEAVE A REPLY

Please enter your comment!
Please enter your name here