စက္ကူရုပ် အနုပညာရှင် Liz Sexton ရဲ့ လက်ရာမြောက်ဖန်တီးမှုများ

0
88
- Advertisement -
Image credits: Liz Sexton

သဘာဝတရားဟာ အနုပညာဖန်တီးသူတွေရဲ့ အကောင်းဆုံးသော လှုံ့ဆော်မှုတစ်ခုဘဲဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာမှုနဲ့ ဂေဟစနစ်ဆိုင်ရာပြသနာများကို မီးမောင်းထိုးပြချင်တဲ့အတွက်သဘာဝတရားနဲ့ဆိုင်တဲ့ အနုပညာအမျိုးအစားအသစ်တစ်ခုပေါ်ထွက်လာပါတယ်။ Minneapolis အခြေစိုက် အနုပညာရှင် Liz Sexton ဟာ လက်ရှိရင်ဆိုင်နေရတဲ့ တောရိုင်းတိရိစ္ဆာန်များ နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုများကို လူအများသိရှိခံစားတတ်စေရန် ရည်ရွယ်ပြီး papier-mâché လို့ခေါ်တဲ့ လက်ရာမြောက်အနုပညာတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

-Advertisement-
Image credits: Liz Sexton

သူမဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဟောလိုးဝင်းပွဲတော်အတွက်ရည်ရွယ်ပြီး ဝတ်ဆင်လို့ရတဲ့တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်တွေကိုဖန်တီးပြုလုပ်ခဲ့ရာမှစတင်ပြီး သူမနဲ့ ဒီအလုပ်ဟာပိုပြီးဆက်စပ်မှုရှိကြောင်းကို တွေ့ရှိရခဲ့ပါတယ်လို့ဆိုပါတယ်။

Image credits: Liz Sexton

အထူးသဖြင့် ပင်လယ်သတ္တဝါတွေရဲ့ နေထိုင်ကျက်စားရာများ တဖြည်းဖြည်းရှားပါးလာတာကို သိစေချင်တဲ့အတွက် ပင်လယ်သတ္တဝါတွေရဲ့ ဦးခေါင်းပုံသဏ္ဍာန်များကို ပြုလုပ်လေ့ရှိပါတယ်လို့ ဆိုပါတယ်။ အနုပညာလက်ရာတစ်ခုဆိုတာထက် ကမ္ဘာကြီးရဲ့ ဂေဟစနစ်ယိုယွင်းလာမှုကို မီးမောင်းထိုးပြလိုရင်းဖြစ်ပါတယ်တဲ့။

Image credits: Liz Sexton

Papier-mâché ဆိုသည်မှာ ပြင်သစ်ဘာသာစကားဖြစ်ပြီး စက္ကူဖြင့်ပြုလုပ်သော အနုပညာပေါင်းစပ်ပစ္စည်းကိုရည်ညွှန်းပါတယ်။ သူမဟာ အနုပညာမျိုးရိုးကြီးမားတဲ့ မိသားစုကမွေးဖွားလာခဲ့သူလည်းဖြစ်ပါတယ်။

Image credits: Liz Sexton

ဒီဖန်တီးမှုမှာ လိုအပ်တာက စက္ကူ၊ ကော်၊ အကုန်လုံးကို ခြောက်သွေ့အောင်ထားဖို့ အချိန်က အဓိကလို့ပြောပါတယ်။ သူမဟာ သူမရဲ့ငယ်ဘဝမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့ Papier-mâché ကိုဘဲအနုပညာဖန်တီးမှုပြုလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။

Image credits: Liz Sexton

သူမရဲ့ဖန်တီးမှုတွေထဲက ဘယ်လိုအရာကို အနှစ်သက်ဆုံးဖြစ်ပါသလဲလို့ မေးတဲ့အခါ အရွယ်အစားအမျိုးမျိုးလုပ်ပေမယ့် ဝတ်ဆင်လို့ရတာကို ပိုပြီး သဘောကျပါတယ်လို့ပြောပါတယ်။ ဘာလဲလို့ဆိုသူမဖန်တီးထား အရုပ်ကို ဝတ်ဆင်ထားပါက တိရစ္ဆာန်တစ်ကောင်က သူမကို ကြည့်နေသလို ခံစားရလို့ပါလို့ဆိုပါတယ်။ တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့အတွက်လည်း ပိုပြီးအသုံးဝင်လို့ပါတဲ့။

#Lifestyle_myanmar

#Dmo_aung

#Ref-boredpanda

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here