စကားများလွန်းတဲ့အမျိုးသမီးတွေက အသက်ပိုရှည်ကြောင်းလေ့လာတွေ့ရှိ

0
64
- Advertisement -

နောက်တစ်ခါသင်စကားများလွန်းနေတယ်လို့ တစ်စုံတစ်ယောက်ကပြောတဲ့အခါ သတင်းကောင်းကို စဥ်းစားပါ။ ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်မှုရှိခြင်းက နက်ရှိုင်းတဲ့လူမှုရေးနှောင်ကြိုးကို ဖန်တီးဖို့နှင့် ပြုစုပျိုးထောင်ဖို့ နောက်ပြီးမိမိကိုယ်ကို ပိုမိုတိကျစွာထုတ်ဖော်ပြောဆိုင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါ့အပြင် သက်တမ်းပိုရှည်တယ်လို့လည်း ကျွမ်းကျင်သူတွေက ယုံကြည်ကြတယ်။

-Advertisement-

ကျွန်တော်တို့ရဲ့သက်တမ်းအရှည်က ကျွန်တော်တို့ရဲ့ဗီဇပေါ်မှာမူတည်တယ်ဆိုတာ လူသိများတဲ့သိပ္ပံနည်းကျအယူအဆတစ်ခုဖြစ်ပါတယ်။ တစ်ချို့ကျွမ်းကျင်သူတွေက ”အသက်ရှည်စေတဲ့ဗီဇ”လို့ ခေါ်တဲ့DNAကို ပိုမိုထိရောက်အောင် ပြုပြင်ဖို့ တာ၀န်ရှိတဲ့မျိုးရိုးဗီဇကိုပဲ လေ့လာကြတယ်။ မကြာသေးခင်က သုတေသနပြုချက်တွေအရ ကျွန်တော်တို့ရဲ့ သက်တမ်းတွေက မျိုးရိုးဗီဇအပေါ်မှာသာ မှီတည်နေတာမဟုတ်ဘဲ ကျွန်တော်တို့ဘယ်လောက်ပြောဆိုတယ်ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။

အဲလ်ဘတ်အိုင်းစတိုင်းဆေးပညာကောလိပ်နှင့် Yeshivaတက္ကသိုလ်မှ သိပ္ပံပညာရှင်အုပ်စုတစ်စုက ကျွန်တော်တို့ပြောဆိုတဲ့ စကားလုံးအရေအတွက်နှင့် ကျွန်တော်တို့ရဲ့သက်တမ်းကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လေ့လာခဲ့တယ်။ အကောင်းမြင်တဲ့ အပြုအမူတွေနဲ့ အတွေးအခေါ်တွေအရ စကားပြောတဲ့သူတွေဟာ သူတို့ရဲ့အသက်ရှည်ခြင်းကို တိုးမြှင့်ပေးတဲ့ ပိုမိုကောင်းမွန်တဲ့ဘ၀အရည်အသွေးကို တွေ့ရှိခဲ့တယ်။

Dr. Nir Barzilaiရဲ့ ညွှန်ကြားချက်အရ အသက်၉၅နှစ်မှ ၁၀၀ကြားရှိတဲ့ အသက်ကြီးသူ၂၅၀ယောက်ကို လေ့လာပြီးတော့ ၎င်းတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ မျိုးရိုးဗီဇအကြားဆက်နွယ်မှုကို အာရုံစိုက်ခဲ့တယ်။ သူတို့ကိုယ်သူတို့အကောင်းမြင်သမားတွေအဖြစ် ရှုမြင်ကြတဲ့သူတွေက စကားတွေအများကြီးပြောရတာကို နှစ်သက်ကြတာကို တွေ့ရတယ်။

စပိန်စိတ်ပညာရှင် Luis Rojas Marcosက ”ငါတို့ပြောဆိုတဲ့စကားများ”ဆိုတဲ့ စာအုပ်ထဲမှာ တစ်နေ့လျှင် စကားလုံး၁၅၀၀၀ကျော်ပြောတဲ့သူတွေက အဲ့ဒီ့ထက်ပိုစကားနည်းတဲ့လူတွေထက်ပိုအသက်ရှည်တယ်လို့ ရှင်းပြတယ်။ ဒေါက်တာ Rojas Marcosရဲ့ ပြောကြားချက်တွေ စကားပြောသူတွေဟာ ကျေနပ်ရောင်ရဲမှုခံစားရတယ်လို့ ခံစားရပြီးတော့ ပိုမိုကျန်းမာသန်စွမ်းကာ အသက်ရှည်ရှည်ပိုနေထိုင်ကြတယ်တဲ့။

စိတ်၀င်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကအမျိုးသမီးတွေက အမျိုးသားတွေထက် အဘယ်ကြောင့် အသက်ပိုရှည်တယ်ဆိုတာ ရှင်းပြတဲ့လေ့လာမှုတွေကိုအထောက်အကူပြုနိုင်ပါတယ်။ အကြောင်းရင်းကတော့ ”ဘာသာစကားပရိုတိန်း”လို့ခေါ်တဲ့ လူသိများတဲ့ မြင့်မားတဲ့ FOXP2ပရိုတိန်းကြောင့် အမျိုးသမီးတွေဟာပိုမိုစကားပြောတတ်ကြတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ပိုမိုမြင့်မားတဲ့FOXP2ပမာဏက တစ်နေ့လျှင် အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် စကားလုံးပေါင်း ၂၀၀၀၀ခန့်အထိ ပြောနေတဲ့အချိန်မှာ အမျိုးသားတွေကတော့ ၇၀၀၀၀န်းကျင်လောက်ပဲပြောတတ်ကြပါတယ်တဲ့။

Lifestyle_Myanmar

Nyein_Thu

sources-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here