ငှက်ပျောသီးနှစ်လုံးကို တစ်လခန့်နေ့စဉ်စားသုံးရုံနဲ့ ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

0
56

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း သဘာဝအသီးအနှံတွေဟာ ရောဂါကာကွယ်ဖို့နှင့် ကျန်းမာကြံ့ခိုင်စေဖို့ များစွာအထောက်အကူပြုကြောင်း လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ သဘာဝအသီးအနှံတစ်မျိုးဖြစ်တဲ့ ငှက်ပျောသီးဟာ အရသာပြည့်ဝပြီး၊ များပြားတဲ့ antioxidantတွေကြောင့် လူတိုင်းနှစ်သက်တဲ့စားစရာဖြစ်သလို ကျန်းမာရေးအတွက် များစွာအကောက်အကူပြုစေပါတယ်။ မှည့်နေတဲ့ငှက်ပျောသီးမှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ antioxidants တွေများပြားစွာပါဝင်တာကြောင့် တစ်ရက်ကိုငှက်ပျောသီးမှည့် နှစ်လုံးခန့်နေ့စဉ်စားသုံးခြင်းဖြင့် ကင်ဆာရောဂါကာကွယ်နိုင်မှုအပါအဝင် များပြားလှတဲ့အကျိုးကျေးဇူး ၁၇ ချက်ကို Lifestyle Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။
၁။ ငှက်ပျောသီးဟာ စိတ်ကျရောဂါကို တိုက်ဖျက်ပေးတယ်
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ serotonin ပမာဏနိမ့်ကျလာတာနဲ့အမျှ စိတ်ဓါတ်ကျခြင်းကို ခံစားကြရပါတယ်။ ဒီအတွက် ငှက်ပျောသီးမှာပါဝင်တဲ့ များပြားတဲ့ tryptophan ပမာဏဟာ ဦးနှောက်ထဲက serotonin အဖြစ်သို့ပြောင်းလဲစေပြီး စိတ်ကျရောဂါလက္ခဏာတွေကို သက်သာရာရစေဖို့ ကူညီပေးပါတယ်။

၂။ စွမ်းအင်တွေကို ပိုမိုရရှိစေပါတယ်
ငှက်ပျောသီးမှာ fructose, glucose နဲ့ sucrose လို့ခေါ်တဲ့ သဘာဝသကြားဓါတ်သုံးမျိုးနဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါစွမ်းအင်ရင်းမြစ်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကို တိုးပွားအောင်မြှင့်တင်ပေးပြီး ငှက်ပျောသီးမှည့်နှစ်လုံးဟာ မိနစ် ၉၀ လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်ကိုလုံလောက်စေပါတယ်။

၃။ ဝိတ်ကျဖို့အတွက် ကူညီပေးပါတယ်
ဝိတ်ချနေတဲ့သူတွေအတွက် ငှက်ပျောသီကအကောင်းဆုံးစားစရာတစ်ခုလည်း ဖြစ်ပါတယ်။ ငှက်ပျောသီးနှစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့်သာပါဝင်ပြီး အမျှင်ဓါတ် ၃ပေါင်ခန့် ပါဝင်တာကြောင့် ဗိုက်ပြည့်သလိုခံစားရပြီး ကယ်လိုရီနည်းပါးတာကြောင့် ဝိတ်တက်ခြင်းကိုကာကွယ်ပေးပါတယ်။

၄။ ဦးနှောက်ကို ကောင်းမွန်စေပါတယ်
ငှက်ပျောသီးဟာ စွမ်းအင်တွေကိုဖြည်းညင်းစွာ ထုတ်လွှတ်ပေးနေတာကြောင့် ဦးနှောက်အတွက် သတိပေးချက်တွေကိုအချိန်ကြာမြင့်စွာ ရရှိစေပါတယ်။ ဒါတွေအပြင် ပိုတက်စီယမ် နဲ့ မဂ္ဂနီစီယမ် မြင့်မားစွာပါဝင်ခြင်းကလည်း ဦးနှောက်ကို ဦးတည်ပြီးကာကွယ်ပေးပါတယ်။

၅။ ဟော်မုန်းကို ဟန်ချက်ညီအောင်ကူညီပေးပါတယ်
ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ B6 ဗီတာမင်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဟော်မုန်းထုတ်လွှတ်မှုအတွက် အကောင်းဆုံးရင်းမြစ်တစ်ခုဖြစ်ပြီး ဟော်မုန်းဟန်ချက်ကို ထိန်းညှိပေးပါတယ်။

၆။ ရင်ပူသက်သာစေတယ်
ငှက်ပျောသီးဟာ အစာချေမှုကို ကူညီပေးပြီး ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာအိမ်အက်ဆစ်ထွက်မှုကို လျော့ချပေးနိုင်ပြီး နှစ်ခုစလုံးက ရင်ပူသက်သာအောင် ကူညီပေးနိုင်ပါတယ်။

၇။ သွေးဖိအားကို လျောကျစေတယ်
သုတေသနပြုသူတွေက ငှက်ပျောသီးကို တစ်နေ့နှစ်လုံးစားရုံနဲ့ သွေးဖိအားကို ၁၀% ထိလျော့ကျစေကြောင်း ပြသခဲ့ပါတယ်။ သူ့မှာပါတဲ့ မြင့်မားတဲ့ပိုတက်စီယမ်နဲ့ ဆိုဒီယမ်အနည်းဆုံးပါဝင်ခြင်းက သွေးဖိအားဆိုင်ရာ ပြဿနာများကို ကူညီပေးပါတယ်။

၈။ သွေးရဲ့ကျန်းမာရေးကို ကောင်းစေတယ်
ငှက်ပျောသီးဟာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးကိုကောင်းမွန်စေပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် B6 ကြွယ်ဝတာကြောင့် သွေးဖြူဥထုတ်လုပ်မှုကို အားပေးကြောင်း သိရှိရပါတယ်။
၉။ အရိုးတွေကို ကောင်းမွန်စေတယ် ငှက်ပျောသီးမှာပါတဲ့ အာဟာရဓါတ်တွေဟာ ကယ်လစီယမ်စုပ်ယူမှုကို အားပေးတာကြောင့် သန်မာတဲ့အရိုးတွေကို တည်ဆောက်နိုင်ဖို့ မရှိမဖြစ်အာဟာရတစ်ခုပါ။

၁၀။ နာမကျန်းမှုကို တိုက်ဖျက်တယ်
ငှက်ပျောသီးဟာ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် ဖျားနာမှုကိုဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ထုတ်နိုင်ပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ နဲ့ ကြွက်သားတစ်ရှူးပျက်ဆီးခြင်း ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ ဆေးလိပ်ဖြတ်ဖို့အတွက် ကူညီပေးတယ်
ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် နဲ့ဗီတာမင် B6 ရောနှောနေခြင်းက နီကိုတင်းဓါတ်ကို အကောင်းဆုံးခုခံဖို့ စစ်သည်တော်တွေဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့အလေ့အကျင့်ကို ပျောက်ကင်းစေချင်ရင် ငှက်ပျောသီးကိုမမေ့ဖို့ တိုက်တွန်းပါရစေ။

၁၂။ အစာအိမ်အနာကိုသက်သာစေတယ်
အိန္ဒိယနိုင်ငံက ပါရဂူတစ်ယောက်ဟာ အစာအိမ်အနာကိုပျောက်ကင်းဖို့ ငှက်ပျောသီးကို မှီဝဲသင့်ကြောင်း နဲ့ ငှက်ပျောသီးရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြခဲ့ပြီး သူကိုယ်တိုင်ငှက်ပျောသီးကို သားစဉ်မြေးဆက် မှီဝဲခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးမီကလည်း အင်္ဂလန်က ဆရာဝန်တစ်ယောက်ဟာ ငှက်ပျောသီးမှာပါတဲ့ sitoindoside ကအစာအိမ်အတွက် အသက်ကယ်ဆေးဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါသးတယ်။

၁၃။ အရက်နာကျခြင်းကို သက်သာစေတယ်
အရက်သောက်တတ်သူတွေအတွက် ငှက်ပျောသီးဟာအရက်နာကျခြင်းကို ပျောက်ကင်းအောင်ကူညီပေးနိုင်ပြီး electrolytes အဆင့်မြင့်မားစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကိုပုံမှန်အတိုင်း ပြန်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၁၄။ ဝမ်းချုပ်မှုကို ကာကွယ်ပေးတယ်
ငှက်ပျောသီးမှာပါတဲ့ များပြားတဲ့အမျှင်ဓါတ်တွေက အစာချေဖျက်မှုကို အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် ဝမ်းချုပ်တတ်သူတွေတိုင်း စားသုံးပေးသင့်ပါတယ်။

၁၅။ ဦးနှောက်မူမမှန်မှုကို တားဆီးပေးတယ်
ငှက်ပျောသီးဟာ ဦးနှောက်မူမမှန်မှုကို ကာကွယ်ပေးနိုင်တာကြောင့် စိတ်ဝေဒနာရှင်တွေကို ကျွေးနိုင်ပြီး ဗီတာမင် B က အယ်ဇိုင်းမားရောဂါအတွက် ကောင်းစေပါတယ်။

၁၆။ မှတ်ဉာဏ်ကို မြှင့်တင်ပေးတယ်
ငှက်ပျောသီးမှာ tryptophan, potassium နဲ့ magnesium ကြွယ်ဝစွာပါဝင်တာကြောင့် မှတ်ဉာဏ်ကိုတိုးမြှင့်ပေးနိုင်ပြီး ဉာဏ်ရည်ထက်မြက်စေတာကြောင့် မေ့တတ်တဲ့သူတွေနဲ့ ကျောင်းသားကလေးငယ်တွေ များများစားသုံးပေးသင့်ပါတယ်။

၁၇။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ငှက်ပျောသီးမှာပါဝင်တဲ့ မြင့်မားတဲ့ အာဟာရတွေနဲ့ ဗီတာမင်တွေက နှလုံးအတွက်ကောင်းစေတာကို အံ့သြစရာတော့မရှိပါဘူး။ နှလုံးကိုကာကွယ်ဖို့အတွက် မြင့်မားတဲ့ပိုတက်စီယမ်နဲ့ နည်းပါးတဲ့ ဆိုဒီယမ်ဓါတ်တွေကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး အမျှင်ဓါတ်၊ ဗီတာမင်စီ နဲ့ B6 အပြင်များပြားတဲ့ပါဝင်ပစ္စည်တွေကြောင့် ကျန်းမာရေးအတွက် လူတိုင်းငှက်ပျောသီးကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကိုအားပေးရာရောက်ပြီး ကျန်းမာရေးအန္တရာယ်အမျိုးမျိုးကို ကာကွယ်ရာရောက်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Ref-Health

LEAVE A REPLY

Please enter your comment!
Please enter your name here