ငွေရေး ကြေးရေးအတွက်ခေါင်းရှုပ်စရာမလိုအောင် အမျိုးသမီးတွေ ရှောင်ရှားသင့်တဲ့ အမှား(၆)ချက်

0
632

အိမ်ထောင်တစ်ခုရဲ့ ငွေကြေးကိုစီမံခန့်ခွဲဖို့ဆိုတာ အပြောလွယ်သလောက် ခက်ခဲတဲ့အလုပ်ဖြစ်ကြောင်း အမျိုးသမီးတိုင်း နားလည်ကြပါတယ်။ လမကုန်ခင်အချိန်ထိ ရှိတဲ့ငွေကြေးနဲ့လောက်အောင်သုံးစွဲဖို့၊ မကုန်သင့်တဲ့ နေရာတွေမှာ မကုန်အောင်စီမံရတာဟာ ကုမ္ပဏီသေးသေးလေးကို ဦးဆောင်နေရသလိုပါပဲ။ ဒါတွေအပြင် သာရေးနာရေး၊ အလှူအတန်းကိစ္စတွေ သာမက နောင်ရေးအတွက်လည်း စုဆောင်းရတဲ့အတွက် ဘယ်လိုအမူအကျင့်တွေနဲ့ ငွေကြေးကိုချွေတာသင့်ပြီး ဘယ်လိုအမှားတွေကိုရှောင်ရှားသင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ဘယ်လိုအကြံပေးချက်မျိုးက သင့်အတွက် အထောက်အကူဖြစ်တယ်ဆိုတာ ကွန်းမန့်ပေးနိုင်ပါတယ်။

-Advertisement-

၁။ ငွေကြေးဟန်ချက်ပျက်ခြင်း

အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ကုန်ကျစရိတ်ကို ထိန်းချုပ်ဖို့ကြိုးစားကြပါတယ်။ ဒါကြောင့် ဈေးဆိုင်က ဈေးအတက်အကျတွေနဲ့ နေ့စဉ်ကုန်ကျစရိတ်ကို စေ့စေ့စပ်စပ်မှတ်သားကြတယ်။ ဒါတောင်မှတစ်လနဲ့တစ်လ အသုံးစရိတ်ကွာဟခဲ့ရင် အိမ်ထောင်ဖက်ရဲ့အပြစ်တင်ခြင်းကို ခံရနိုင်ပါတယ်။ ဒီလို ကုန်ကျစားရိတ်တွကို ထိန်းချုပ်တာဟာ ချီကျူးဖို့ကောင်းပါတယ်။ ဒါပေမယ့် ဝင်ငွေကို ဖြန့်ကျက်ဖို့အတွက်လည်း စဉ်းစားစေချင်ပါတယ်။ ဒါကြောင့် လစာဝင်ငွေရရချင်းပဲ ဘဏ်မှာလစာရဲ့ ၁၀% ကိုတိုက်ရိုက်စုဆောင်းထားသင့်ပြီး တစ်လစာအသုံးစားရိတ်လျာထားတဲ့အခါ အဆိုပါ ငွေ ၁၀% ကိုထည့်မတွက်ပဲ စီစဉ်ထားပါ။ တကယ်လို့ လမကုန်ခင်အသုံးစားရိတ်မလောက်မငှ ဖြစ်တဲ့အခါ အဆိုပါ ၁၀% နဲ့ဟန်မပျက်နေနိုင်သလို လောက်ငှပါက ၁၀% စုဆောင်းထားပြီး ဖြစ်တာကြောင့် လစာရရချင်း ၁၀%ကို ဘဏ်မှာထည့်ထားဖို့ ကြိုးစားသင့်ပါတယ်။

၂။ ထင်ယောင်ထင်မှားဖြစ်ခြင်း

အမျိုးသမီးတိုင်း ငွေကိုဘယ်လိုချွေတာရမလဲဆိုတာကို သိကြပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်သက်သာအောင်လို့ ဈေးပေါတဲ့ပစ္စည်းတွေကိုချည်း ရွေးမသုံးသင့်ပါဘူး။ တချို့ကမသုံးရက်မစားရက်နဲ့ ငွေကိုပဲ အသေအလဲ စုဆောင်းတတ်ကြတယ်။ ဒါဟာမှားတယ်လို့ မဆိုချင်သော်လည်း ဝင်ငွေထွက်ငွေစာရင်းကို စီမံခန့်ခွဲဖို့အတွက်တော့ ရေရှည်မဟာဗျူဟာကျတဲ့ စီမံမှုမဟုတ်ဖူးလို့ ဆိုချင်ပါတယ်။ ဈေပေါပြီးကောင်းမွန်တဲ့ပစ္စည်းဆိုတာရှားပေမယ့် ဈေးပေါသလောက် အရည်အသွေးညံ့တဲ့ပစ္စည်းတွေကတော့ လက်ညှိုးထိုးမလွဲအောင်ပေါများပါတယ်။ ဒါကြောင့် တစ်ခါပဲကုန်ကျပြီး ကြာရှည်အသုံးခံမယ့်ပစ္စည်းတွေဟာ သုံးစွဲသူကိုလည်းစိတ်ချမ်းသာစေတဲ့အတွက် ဈေးပေါတဲ့ပစ္စည်းတွေနောက်ကိုချည်းမလိုက်ပဲ အသင့်အတင့်နဲ့ကြာရှည်အသုံးခံမယ့် ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ကိုယ့်ဟာကိုယ်မဝယ်ပဲ ပူဆာတတ်ခြင်း

မိသားစုတစ်ခုဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့သူရဲ့နာမည်အောက်မှာပဲ ပိုင်ဆိုင်သမျှတွေကို ထည့်သွင်းထားခြင်း ဘဏ်မှာအကောင့်ဖွင့်ပြီးစုဆောင်းထားခြင်းဟာ ငွေကြေးကိုစီမံသုံးစွဲဖို့ ပိုကောင်းတဲ့အရာဖြစ်ပါတယ်။ သင့်ရဲ့ခင်ပွန်းဖြစ်သူက အိမ်ရဲ့တစ်နေ့တာ ကုန်ကျစားရိတ်တွေကို ထုတ်ပေးနေပေမယ့် သင့်ကိုယ်သင်တော့ အရာအားလုံးမှီခိုစာရင်းထဲမထည့်ထားသင့်ပါဘူး။ ဒါကြောင့် သင့်ခင်ပွန်းဆီက သင်အများကြီးသင်ယူသင့်ပါတယ်။ သင့်ရဲ့တစ်ကိုယ်ရည်တစ်ကာယ အလှအပအတွက် မိသားစုငွေစာရင်းထဲကနေ ဝယ်သင့်တဲ့အရာတွေကို ဝယ်ယူသင့်ပြီး မလိုအပ်ပဲခင်ပွန်းသည်ကို ပူဆာခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ မိသားစုရဲ့ပိုင်ဆိုင်မှုကို ပုဂ္ဂလပိုင်ဆိုင်မှုသဘောမျိုး မသက်ရောက်ပါစေနဲ့။ မိသားစုဘတ်ဂျက်ဟာ အလွန်ကောင်းတဲ့စိတ်ကူးဖြစ်ပြီးတော့ သင်စိတ်ဝင်စားတဲ့အရာတွေနဲ့ပဲ အဆုံးမသတ်အောင်တော့ ရှောင်ကျဉ်ပါ။

၄။ အမြဲတမ်းကိုယ်ကျိုးစွန့်ခြင်း

ဗြိတိန် လူမှုဗေဒပညာရှင် တွေရဲ့သုတေသနရလာဒ်တွေအရ Singel အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးအမျိုးတွေနဲ့ ဝင်ငွေတူသော်လည်း ပိုချမ်းသာကြကြောင်း အံ့သြဖွယ်တွေ့ရှိရပါတယ်။ တနည်းအားဖြင့် Single အမျိုးသမီးတွေဟာ လက်ထဲအပိုငွေကို ပိုမိုပိုင်ဆိုင်ကြပါတယ်။ ဒါဟာဝမ်းနည်းစရာဖြစ်ပေမယ့် အဖြစ်မှန်ပါပဲ။ ဘာကြောင့်လည်းဆိုတော့ အိမ်ထောင်တစ်ခုဖြစ်လာတာနဲ့ အိမ်မှာလိုအပ်သမျှ သေးသေးလေးကအစ ကိုယ်ကိုင်ဝယ်ထည့်နေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်သင့်ကိုယ်သင်တော့ အမြဲတမ်းကိုယ်ကျိုးစွံသလို အဖြစ်မျိုးတော့ အဖြစ်ခံစရာမလိုပါဘူး။ အိမ်ထောင်ရှိသူပဲဖြစ်ဖြစ် အိမ်ထောင်မရှိသူပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကုန်ကျစားရိတ် ဆိုတာတော့ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ငါအိမ်ထောင်ကျပြီးလို့ အရင်လိုပုံစံမျိုးနေလို့မရဘူးလို့ စိတ်ဒုက္ခရောက်နေမယ့်အစား သုံးသင့်တာကိုသုံး ချွေတာသင့်တာကိုချွေတာသင့်ပါတယ်။

၅။ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်၍

သင့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် မိတ်ဆွေတွေကသင်ကိုအပြင်မှာ ညစာအတူစားဖို့ ဖိတ်ခေါ်တဲ့အခါ အရမ်းကို Fancy ကျတဲ့နေရာဖြစ်နေလို့ သင့်ရဲ့ဘတ်ဂျက်ထိခိုက်မှုကို ဖြစ်စေပါလိမ့်မယ်။ ဒီလိုပြဿနာကိုဖြေရှင်ဖို့ နည်းလမ်းရှိပါတယ်။ အရင်ဆုံး သင်ကကောင်းမွန်တဲ့အကြောင်းပြချက် တစ်ခုပေးဖို့လိုပါတယ်။ အခြားသူတွေ နှစ်သက်ဖို့အတွက် ပိုက်ဆံတွေအများကြီးသုံးပစ်ဖို့ မလိုအပ်သလို သင့်မှာ ငွေရေးအကျပ်အတည်းကြောင့် မသွားနိုင်ကြောင်းကိုလည်း တိုက်ရိုက်ဖွင့်ပြောပြီး အခြားသူတွေအမြင်မှာ သင့်ကိုချို့တဲ့သူလို့ မြင်စရာလည်း မလိုအပ်ပါဘူး။ ဒါကြောင့် ကောင်းမွန်တဲ့အကြောင်းပြချက်နဲ့ ရှောင်ထွက်လိုက်ပါ။ ကုန်ကျစားရိတ်မခံနိုင်မှုဟာ ဆင်ရဲခြင်းလမ်းကို တိုတောင်းစေပါတယ်။

၆။ စိတ်လိုက်မာန်ပါဝယ်တတ်ခြင်း

အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေဟာ မပြေမလည်နဲ့ဈေးဝယ်တဲ့ ခံစားချက်မျိုးကို ကျော်လွှားဖို့နှစ်သက်ကြပါတယ်။ သတိပြုစရာအနေနဲ့ စိတ်ချမ်းချမ်းသာသာနဲ့ ဈေးဝယ်ထွက်နေရတဲ့ အချိန်တွေမှာတော့ ယခုလိုခံစားချက်ကို သင်သတိထားမိမှာ မဟုတ်ပါဘူး။ ဝယ်ချင်တာတွေ ဝယ်ပြီးမှ စိတ်ဆင်ရဲရတဲ့အဖြစ်မျိုး မကြုံတွေစေချင်တာကြောင့် သင်တကယ်လိုအပ်နေတဲ့အရာ စိတ်ကူးထားတဲ့အရာတွေကိုသာ ဦးစားပေးဝယ်ယူသင့်ပါတယ်။ ယခုလိုကာလတွေမှာ အရောင်းမြင့်တင်ရေးတွေ လုပ်နေကြတဲ့အတွက် ဈေးလျော့ရောင်းခြင်းတွေ များစွာရှိနေတာကြောင့် သင့်စိတ်ကို ခိုင်ခိုင်မာမာထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မြင်သမျှကိုတန်လိုက်တာဆိုပြီး ဦးတည်ရာမဲ့လျှောက်ဝယ်နေရင် သင့်ရဲ့ဘဏ္ဍာရေးကို ထိခိုက်နိုင်ပါတယ်။ ဘယ်စီပွားရေးသမားမှ အရှုံခံပြီးရောင်းမှာမဟုတ်တဲ့အတွက် သင်သုံးလိုက်တဲ့ငွေပမာဏက သူတို့ရဲ့ဘဏ္ဍာရေးကို ခိုင်မာသွားစေမှာပါ။ ဒါကြောင့် စိတ်လိုက်မာန်ပါ ဝယ်တတ်တဲ့အကျင့်ကို ရှောင်ရှားသင့်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

ေငြေရး ေၾကးေရးအတြက္ေခါင္း႐ႈပ္စရာမလိုေအာင္ အမ်ိဳးသမီးေတြ ေရွာင္ရွားသင့္တဲ့ အမွား(၆)ခ်က္

အိမ္ေထာင္တစ္ခုရဲ႕ ေငြေၾကးကိုစီမံခန္႔ခြဲဖို႔ဆိုတာ အေျပာလြယ္သေလာက္ ခက္ခဲတဲ့အလုပ္ျဖစ္ေၾကာင္း အမ်ိဳးသမီးတိုင္း နားလည္ၾကပါတယ္။ လမကုန္ခင္အခ်ိန္ထိ ရွိတဲ့ေငြေၾကးနဲ႔ေလာက္ေအာင္သံုးစြဲဖို႔၊ မကုန္သင့္တဲ့ ေနရာေတြမွာ မကုန္ေအာင္စီမံရတာဟာ ကုမၸဏီေသးေသးေလးကို ဦးေဆာင္ေနရသလိုပါပဲ။ ဒါေတြအျပင္ သာေရးနာေရး၊ အလွဴအတန္းကိစၥေတြ သာမက ေနာင္ေရးအတြက္လည္း စုေဆာင္းရတဲ့အတြက္ ဘယ္လိုအမူအက်င့္ေတြနဲ႔ ေငြေၾကးကိုေခၽြတာသင့္ၿပီး ဘယ္လိုအမွားေတြကိုေရွာင္ရွားသင့္တယ္ဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။ ဘယ္လိုအၾကံေပးခ်က္မ်ိဳးက သင့္အတြက္ အေထာက္အကူျဖစ္တယ္ဆိုတာ ကြန္းမန္႔ေပးႏိုင္ပါတယ္။

၁။ ေငြေၾကးဟန္ခ်က္ပ်က္ျခင္း

အမ်ိဳးသမီးတိုင္းဟာ သူတို႔ရဲ႕ကုန္က်စရိတ္ကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားၾကပါတယ္။ ဒါေၾကာင့္ ေစ်းဆိုင္က ေစ်းအတက္အက်ေတြနဲ႔ ေန႔စဥ္ကုန္က်စရိတ္ကို ေစ့ေစ့စပ္စပ္မွတ္သားၾကတယ္။ ဒါေတာင္မွတစ္လနဲ႔တစ္လ အသံုးစရိတ္ကြာဟခဲ့ရင္ အိမ္ေထာင္ဖက္ရဲ႕အျပစ္တင္ျခင္းကို ခံရႏိုင္ပါတယ္။ ဒီလို ကုန္က်စားရိတ္တြကို ထိန္းခ်ဳပ္တာဟာ ခ်ီက်ဴးဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ ၀င္ေငြကို ျဖန္႔က်က္ဖို႔အတြက္လည္း စဥ္းစားေစခ်င္ပါတယ္။ ဒါေၾကာင့္ လစာ၀င္ေငြရရခ်င္းပဲ ဘဏ္မွာလစာရဲ႕ ၁၀% ကိုတိုက္႐ိုက္စုေဆာင္းထားသင့္ၿပီး တစ္လစာအသံုးစားရိတ္လ်ာထားတဲ့အခါ အဆိုပါ ေငြ ၁၀% ကိုထည့္မတြက္ပဲ စီစဥ္ထားပါ။ တကယ္လို႔ လမကုန္ခင္အသံုးစားရိတ္မေလာက္မငွ ျဖစ္တဲ့အခါ အဆိုပါ ၁၀% နဲ႔ဟန္မပ်က္ေနႏိုင္သလို ေလာက္ငွပါက ၁၀% စုေဆာင္းထားၿပီး ျဖစ္တာေၾကာင့္ လစာရရခ်င္း ၁၀%ကို ဘဏ္မွာထည့္ထားဖို႔ ႀကိဳးစားသင့္ပါတယ္။

၂။ ထင္ေယာင္ထင္မွားျဖစ္ျခင္း

အမ်ိဳးသမီးတိုင္း ေငြကိုဘယ္လိုေခၽြတာရမလဲဆိုတာကို သိၾကပါတယ္။ ဒါေပမယ့္ ကုန္က်စရိတ္သက္သာေအာင္လို႔ ေစ်းေပါတဲ့ပစၥည္းေတြကိုခ်ည္း ေရြးမသံုးသင့္ပါဘူး။ တခ်ိဳ႕ကမသံုးရက္မစားရက္နဲ႔ ေငြကိုပဲ အေသအလဲ စုေဆာင္းတတ္ၾကတယ္။ ဒါဟာမွားတယ္လို႔ မဆိုခ်င္ေသာ္လည္း ၀င္ေငြထြက္ေငြစာရင္းကို စီမံခန္႔ခြဲဖို႔အတြက္ေတာ့ ေရရွည္မဟာဗ်ဴဟာက်တဲ့ စီမံမႈမဟုတ္ဖူးလို႔ ဆိုခ်င္ပါတယ္။ ေစ်ေပါၿပီးေကာင္းမြန္တဲ့ပစၥည္းဆိုတာရွားေပမယ့္ ေစ်းေပါသေလာက္ အရည္အေသြးညံ့တဲ့ပစၥည္းေတြကေတာ့ လက္ညွိဳးထိုးမလြဲေအာင္ေပါမ်ားပါတယ္။ ဒါေၾကာင့္ တစ္ခါပဲကုန္က်ၿပီး ၾကာရွည္အသံုးခံမယ့္ပစၥည္းေတြဟာ သံုးစြဲသူကိုလည္းစိတ္ခ်မ္းသာေစတဲ့အတြက္ ေစ်းေပါတဲ့ပစၥည္းေတြေနာက္ကိုခ်ည္းမလိုက္ပဲ အသင့္အတင့္နဲ႔ၾကာရွည္အသံုးခံမယ့္ ပစၥည္းေတြကိုေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

၃။ ကုိယ့္ဟာကိုယ္မ၀ယ္ပဲ ပူဆာတတ္ျခင္း

မိသားစုတစ္ခုဟာ အိမ္ေထာင္ဦးစီးျဖစ္တဲ့သူရဲ႕နာမည္ေအာက္မွာပဲ ပိုင္ဆိုင္သမွ်ေတြကို ထည့္သြင္းထားျခင္း ဘဏ္မွာအေကာင့္ဖြင့္ၿပီးစုေဆာင္းထားျခင္းဟာ ေငြေၾကးကိုစီမံသံုးစြဲဖို႔ ပိုေကာင္းတဲ့အရာျဖစ္ပါတယ္။ သင့္ရဲ႕ခင္ပြန္းျဖစ္သူက အိမ္ရဲ႕တစ္ေန႔တာ ကုန္က်စားရိတ္ေတြကို ထုတ္ေပးေနေပမယ့္ သင့္ကိုယ္သင္ေတာ့ အရာအားလံုးမွီခိုစာရင္းထဲမထည့္ထားသင့္ပါဘူး။ ဒါေၾကာင့္ သင့္ခင္ပြန္းဆီက သင္အမ်ားႀကီးသင္ယူသင့္ပါတယ္။ သင့္ရဲ႕တစ္ကိုယ္ရည္တစ္ကာယ အလွအပအတြက္ မိသားစုေငြစာရင္းထဲကေန ၀ယ္သင့္တဲ့အရာေတြကို ၀ယ္ယူသင့္ၿပီး မလိုအပ္ပဲခင္ပြန္းသည္ကို ပူဆာျခင္းကိုေရွာင္က်ဥ္သင့္ပါတယ္။ မိသားစုရဲ႕ပိုင္ဆိုင္မႈကို ပုဂၢလပိုင္ဆိုင္မႈသေဘာမ်ိဳး မသက္ေရာက္ပါေစနဲ႔။ မိသားစုဘတ္ဂ်က္ဟာ အလြန္ေကာင္းတဲ့စိတ္ကူးျဖစ္ၿပီးေတာ့ သင္စိတ္၀င္စားတဲ့အရာေတြနဲ႔ပဲ အဆံုးမသတ္ေအာင္ေတာ့ ေရွာင္က်ဥ္ပါ။

၄။ အျမဲတမ္းကိုယ္က်ိဳးစြန္႔ျခင္း

ၿဗိတိန္ လူမႈေဗဒပညာရွင္ ေတြရဲ႕သုေတသနရလာဒ္ေတြအရ Singel အမ်ိဳးသမီးေတြဟာ အိမ္ေထာင္က်ၿပီးအမ်ိဳးေတြနဲ႔ ၀င္ေငြတူေသာ္လည္း ပိုခ်မ္းသာၾကေၾကာင္း အ့ံၾသဖြယ္ေတြ႕ရွိရပါတယ္။ တနည္းအားျဖင့္ Single အမ်ိဳးသမီးေတြဟာ လက္ထဲအပိုေငြကို ပိုမိုပိုင္ဆိုင္ၾကပါတယ္။ ဒါဟာ၀မ္းနည္းစရာျဖစ္ေပမယ့္ အျဖစ္မွန္ပါပဲ။ ဘာေၾကာင့္လည္းဆိုေတာ့ အိမ္ေထာင္တစ္ခုျဖစ္လာတာနဲ႔ အိမ္မွာလိုအပ္သမွ်
ေသးေသးေလးကအစ ကိုယ္ကိုင္၀ယ္ထည့္ေနတာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္သင့္ကိုယ္သင္ေတာ့ အျမဲတမ္းကိုယ္က်ိဳးစြံသလို အျဖစ္မ်ိဳးေတာ့ အျဖစ္ခံစရာမလိုပါဘူး။ အိမ္ေထာင္ရွိသူပဲျဖစ္ျဖစ္ အိမ္ေထာင္မရွိသူပဲ ျဖစ္ျဖစ္ ပုဂၢိဳလ္ေရးကုန္က်စားရိတ္ ဆိုတာေတာ့ ရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ငါအိမ္ေထာင္က်ၿပီးလို႔ အရင္လိုပံုစံမ်ိဳးေနလို႔မရဘူးလို႔ စိတ္ဒုကၡေရာက္ေနမယ့္အစား သံုးသင့္တာကိုသံုး ေခၽြတာသင့္တာကိုေခၽြတာသင့္ပါတယ္။

၅။ ေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သတ္၍

သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ ဒါမွမဟုတ္ မိတ္ေဆြေတြကသင္ကိုအျပင္မွာ ညစာအတူစားဖို႔ ဖိတ္ေခၚတဲ့အခါ အရမ္းကို Fancy က်တဲ့ေနရာျဖစ္ေနလို႔ သင့္ရဲ႕ဘတ္ဂ်က္ထိခိုက္မႈကို ျဖစ္ေစပါလိမ့္မယ္။ ဒီလိုျပႆနာကိုေျဖရွင္ဖို႔ နည္းလမ္းရွိပါတယ္။ အရင္ဆံုး သင္ကေကာင္းမြန္တဲ့အေၾကာင္းျပခ်က္ တစ္ခုေပးဖို႔လိုပါတယ္။ အျခားသူေတြ ႏွစ္သက္ဖို႔အတြက္ ပိုက္ဆံေတြအမ်ားႀကီးသံုးပစ္ဖို႔ မလိုအပ္သလို
သင့္မွာ ေငြေရးအက်ပ္အတည္းေၾကာင့္ မသြားႏိုင္ေၾကာင္းကိုလည္း တိုက္႐ိုက္ဖြင့္ေျပာၿပီး အျခားသူေတြအျမင္မွာ သင့္ကိုခ်ိဳ႕တဲ့သူလို႔ ျမင္စရာလည္း မလိုအပ္ပါဘူး။ ဒါေၾကာင့္ ေကာင္းမြန္တဲ့အေၾကာင္းျပခ်က္နဲ႔ ေရွာင္ထြက္လိုက္ပါ။ ကုန္က်စားရိတ္မခံႏိုင္မႈဟာ ဆင္ရဲျခင္းလမ္းကို တိုေတာင္းေစပါတယ္။

၆။ စိတ္လိုက္မာန္ပါ၀ယ္တတ္ျခင္း

အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြဟာ မေျပမလည္နဲ႔ေစ်း၀ယ္တဲ့ ခံစားခ်က္မ်ိဳးကို ေက်ာ္လႊားဖို႔ႏွစ္သက္ၾကပါတယ္။ သတိျပဳစရာအေနနဲ႔ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေစ်း၀ယ္ထြက္ေနရတဲ့ အခ်ိန္ေတြမွာေတာ့ ယခုလိုခံစားခ်က္ကို သင္သတိထားမိမွာ မဟုတ္ပါဘူး။ ၀ယ္ခ်င္တာေတြ ၀ယ္ၿပီးမွ စိတ္ဆင္ရဲရတဲ့အျဖစ္မ်ိဳး မၾကံဳေတြေစခ်င္တာေၾကာင့္ သင္တကယ္လိုအပ္ေနတဲ့အရာ စိတ္ကူးထားတဲ့အရာေတြကိုသာ ဦးစားေပး၀ယ္ယူသင့္ပါတယ္။ ယခုလိုကာလေတြမွာ အေရာင္းျမင့္တင္ေရးေတြ လုပ္ေနၾကတဲ့အတြက္ ေစ်းေလ်ာ့ေရာင္းျခင္းေတြ မ်ားစြာရွိေနတာေၾကာင့္ သင့္စိတ္ကို ခိုင္ခိုင္မာမာထားသင့္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ျမင္သမွ်ကိုတန္လိုက္တာဆိုၿပီး ဦးတည္ရာမဲ့ေလွ်ာက္၀ယ္ေနရင္ သင့္ရဲ႕ဘ႑ာေရးကို ထိခိုက္ႏိုင္ပါတယ္။ ဘယ္စီပြားေရးသမားမွ အ႐ႈံခံၿပီးေရာင္းမွာမဟုတ္တဲ့အတြက္ သင္သံုးလိုက္တဲ့ေငြပမာဏက သူတို႔ရဲ႕ဘ႑ာေရးကို ခိုင္မာသြားေစမွာပါ။ ဒါေၾကာင့္ စိတ္လိုက္မာန္ပါ ၀ယ္တတ္တဲ့အက်င့္ကို ေရွာင္ရွားသင့္ပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here