ငွေကြေးများစွာ အကုန်အကျခံ ရိုက်ကူးထားတဲ့ ကိုရီးယား ခေတ်ပေါ်ဒရမ်မာ (၅)ကား

0
222

ကိုရီးယားဒရမ်မာ စီးရီးတစ်ကား ရိုက်ကူးမယ်ဆိုရင် အချိန်နှင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံရသလို မီးထိုးမှန်ထိုးမှအစ သရုပ်ဆောင် ၊ပရိုဂျူဆာအဆုံး အပင်ပန်းခံအလုပ်တွေအများကြီး လုပ်ကြရပါတယ်။ ထူးခြားဆန်းပြားတဲ့ ဇာတ်ညွန်းတစ်ပုဒ်ရရှိဖို့၊ ပြီးပြည့်စုံတဲ့ ဆက်တင်တစ်ခုရှာဖွေဖို့၊ ဇာတ်ကောင်တွေ ဝတ်ဆင်ဖို့အတွက် ထူးခြားဆန်းပြားတဲ့ ဝတ်စုံဒီဇိုင်းတွေ ရရှိဖို့အများကြီး ကြိုးစားကြရပါတယ်။ ဒါ့အပြင် ဒရမ်မာကားကို ထုတ်လုပ်သူများဟာ တတ်နိုင်သမျှ အကောင်းဆုံး အရည်အချင်းရှိသူတွေကိုသာ ငှားရမ်းပြီး ရိုက်ကူးချင်ကြပါတယ်။ တချို့ ကိုရီးယားဒရမ်မာတွေဟာ ပရိတ်သတ်ကို အကောင်းဆုံးတွေကိုသာ ပြသချင်တာကြောင့် ဆက်တင်အပြင်အဆင်ကအစ ငွေကြေး အကုန်ကျခံရိုက်ကူးကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဇာတ်ကားတွေဟာ နိုင်ငံအတော်များများအထိ အောင်မြင်နေတာပဲဖြစ်ပါတယ်။

-Advertisement-

၁။ Are You Human Too? – $9.3 Million USD

‘Are You Human Too? ဆိုတဲ့ ဇာတ်လမ်းတွဲဟာ အကုန်အကျတော်တော် စျေးကြီးတဲ့ ကိုရီးယားဒရမ်မာကားဖြစ်ပါတယ်။ ဒီဒရမ်မာကားက ကိုရီးယားရဲ့ ပထမဆုံး ဉာဏ်ရည်တု AI နည်းပညာစက်ရုပ်နှင့် လူသားတို့ရဲ့ အချစ်ဇာတ်လမ်း ဒရမ်မာကားဖြစ်ပါတယ်။ အဆိုပါပထမဆုံးစီးရီးကို ၂၀၁၈ ဇူလိုင်မှာ လွှင့်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဆိုပါ CGI နဲ့ special effects များက ယနေ့မှာ စျေးအကြီးဆုံး ကေဒရမ်မာများထဲက တစ်ခုအဖြစ် ပြသစေခဲ့ပါတယ်။

၂။ Iris 2 – $18.5 Million USD

‘Iris 2 ဇာတ်လမ်းတွဲဟာ နာမည်ကြီး’Iris ကိုရီးယားဒရမ်မာစီးရီးရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ 2013မှာ နောက်ဆက်တွဲဇာတ်လမ်းကို ထုတ်လွင့်ခဲ့ပြီး ထုတ်လုပ်ဖို့ ပိုက်ဆံအများကြီး ကုန်ကျခဲ့ပါတယ်။ ပြသထုတ်လွှင့်နေတဲ့ အချိန်မှာ ရုပ်ရှင်ရိုက်ကူးမှုဟာ အမေရိကန်ဒေါ်လာ ၁၈ သန်းဝန်းကျင် ကုန်ကျခဲ့ပါတယ်။ ဒီဒရမ်မာစီးရီးတစ်ကားလုံး ရိုက်ကူးနေတဲ့ ကာလပတ်လုံး သုံးစွဲခဲ့တဲ့ ငွေပမာဏဟာ မြင်ရဖို့ရှားပါးခဲ့ပါတယ်။ ဒီဒရမ်မာကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း နာမည်ကြီးသူတွေချည်း ဖြစ်တာကြောင့် ဒါက ထုတ်လုပ်မှုက ဘာ့ကြောင့်စျေးကြီးခဲ့သလဲဆိုတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါ့အပြင် ဒရမ်မာမှာ ဖန်တီးဖို့ ဘတ်ဂျက်အများကြီး ကုန်ကျသော action scenes တွေအများကြီးပါဝင်ပါတယ်။

၃။ Kingdom – $18.5 Million USD

Kingdom လို့လူသိများတဲ့ ဖုတ်ကောင်သည်းထိတ်ရင်ဖို Kဒရမ်မာကားဟာ Netflix ရဲ့မူရင်းစီးရီးဖြစ်ပြီး Ju Jihoon, Ryu Seung Ryong, နဲ့ Bae Doona တို့သရုပ်ဆောင်ထားပါတယ်။ အဆိုပါရုပ်ရှင်ဟာ အလယ်ခေတ် ဂျိုဆွန်မင်းဆက်ကို အခြေတည်ပြီး ဒီဇိုင်းတွေကို အကုန်အကျခံရိုက်ကူးခဲ့ကြပါတယ်။ ထုတ်လုပ်သူများဟာ ဒီစီးရီးထုတ်လုပ်ဖို့အတွက် ဘတ်ဂျက်အလွန်အကျွံသုံးပြီး ရိုက်ကူးခဲ့ကြတာပါ။ episode တစ်ခုစီအတွက် ထုတ်လုပ်မှုကို ဒေါ်လာ 1.76သန်းကျော်သုံးစွဲခဲ့ကြပါတယ်။ ဒီစီးရီးရဲ့ positive reviews များကြောင့် ဒုတိယပိုင်းကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး 2020 မှာ ထုတ်လွှင့်သွားပါလိမ့်မယ်။

၄။ Vagabond – $23.2 Million USD

‘Vagabond’ဆိုတဲ့ ဇာတ်ကားဟာ လူကြိုက်များပြီး ပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ အကုန်အကျအများဆုံး ဒရမ်မာတစ်ကားဖြစ်ပါတယ်။ ဒီဒရမ်မာကားမှာ Miss A’ အဖွဲ့ဝင် Suzy, မင်းသား Lee Seunggi, နဲ့ Shin Sungrok တို့လို ကိုရီးယားဖျော်ဖြေရေးက နာမည်ကြီးသရုပ်ဆောင်တွေချည်းပဲ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကြောင်းကတာ့ သူပါဝင်ခဲ့တဲ့ လေယာဉ်တစ်စီးရဲ့ ပျက်ကျမှုနောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားပေမယ့် နိုင်ငံတကာ အကျင့်ပျက်ခြစားသော အမှုတွေကို တွေ့ရှိခဲ့တဲ့ အမျိုးသားတစ်ဦး(Lee Seunggi)ကို ဗဟိုပြုထားတာပါ။ မော်စကိုနှင့် ပေါ်တူဂီတို့လို နေရာအမျိုးမျိုးမှာ ရိုက်ကူးခဲ့တာကြောင့် ဒီဒရမ်မာထုတ်လုပ်မှု ကုန်ကျစရိတ်က အရမ်းမြင့်မားခဲ့ပါတယ်။

၅။ Mr. Sunshine – $34.3 Million USD

Mr. Sunshine’ဇာတ်လမ်းတွဲဟာ မကြာသေးမှီက ထုတ်လုပ်ခဲ့တဲ့ စျေးအကြီးဆုံး kဒရမ်မာတွေထဲက တစ်ကားဖြစ်ပါတယ်။ အဆိုပါဒရမ်မာကို 2018 ဇူလိုင်လ ၇ရက်နေ့က ပထမပိုင်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒရမ်မာကားရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ အကြမ်းဖျင်း ၃၄သန်းကျော်ဖြစ်တဲ့ ဝမ်သန်း ၄၀ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စီးရီးရဲ့ တစ်ပိုင်းစီဟာ ထုတ်လုပ်ဖို့ ဝမ်၁.၆သန်း(အမေရိကန်ဒေါ်လာ ၁.၃သန်း)ခန့် ကုန်ကျခဲ့ပါတယ်။ ဒီဒရမ်မာကားက ဘာ့ကြောင့် စျေးကြီးရတာလဲဆိုတော့ ကိုရီးယားခေတ်ကာလ အပိုင်းအခြားကို ဆက်တင်ပြင်ဆင်ပြီး ရိုက်ကူးတာကြောင့် ဖြစ်ပါတယ်။ production အဖွဲ့ဟာ ခေတ်နဲ့ လုံးဝကိုက်ညီဖို့ ဝတ်စုံတွေနဲ့ ဆက်တင်ကို ပြန်လည်ဆန်းသစ်ခဲ့ရပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေငြေၾကးမ်ားစြာ အကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ကိုရီးယား ေခတ္ေပၚဒရမ္မာ (၅)ကား
ကိုရီးယားဒရမ္မာ စီးရီးတစ္ကား ႐ိုက္ကူးမယ္ဆိုရင္ အခ်ိန္ႏွင့္ ေငြေၾကးမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံရသလို မီးထိုးမွန္ထိုးမွအစ သ႐ုပ္ေဆာင္ ၊ပ႐ိုဂ်ဴဆာအဆုံး အပင္ပန္းခံအလုပ္ေတြအမ်ားႀကီး လုပ္ၾကရပါတယ္။ ထူးျခားဆန္းျပားတဲ့ ဇာတ္ၫြန္းတစ္ပုဒ္ရရွိဖို႔၊ ၿပီးျပည့္စုံတဲ့ ဆက္တင္တစ္ခုရွာေဖြဖို႔၊ ဇာတ္ေကာင္ေတြ ဝတ္ဆင္ဖို႔အတြက္ ထူးျခားဆန္းျပားတဲ့ ဝတ္စုံဒီဇိုင္းေတြ ရရွိဖို႔အမ်ားႀကီး ႀကိဳးစားၾကရပါတယ္။ ဒါ့အျပင္ ဒရမ္မာကားကို ထုတ္လုပ္သူမ်ားဟာ တတ္ႏိုင္သမွ် အေကာင္းဆုံး အရည္အခ်င္းရွိသူေတြကိုသာ ငွားရမ္းၿပီး ႐ိုက္ကူးခ်င္ၾကပါတယ္။ တခ်ိဳ႕ ကိုရီးယားဒရမ္မာေတြဟာ ပရိတ္သတ္ကို အေကာင္းဆုံးေတြကိုသာ ျပသခ်င္တာေၾကာင့္ ဆက္တင္အျပင္အဆင္ကအစ ေငြေၾကး အကုန္က်ခံ႐ိုက္ကူးၾကပါတယ္။ ဒါ့ေၾကာင့္လည္း သူတို႔ဇာတ္ကားေတြဟာ ႏိုင္ငံအေတာ္မ်ားမ်ားအထိ ေအာင္ျမင္ေနတာပဲျဖစ္ပါတယ္။

၁။ Are You Human Too? – $9.3 Million USD

‘Are You Human Too? ဆိုတဲ့ ဇာတ္လမ္းတြဲဟာ အကုန္အက်ေတာ္ေတာ္ ေစ်းႀကီးတဲ့ ကိုရီးယားဒရမ္မာကားျဖစ္ပါတယ္။ ဒီဒရမ္မာကားက ကိုရီးယားရဲ႕ ပထမဆုံး ဉာဏ္ရည္တု AI နည္းပညာစက္႐ုပ္ႏွင့္ လူသားတို႔ရဲ႕ အခ်စ္ဇာတ္လမ္း ဒရမ္မာကားျဖစ္ပါတယ္။ အဆိုပါပထမဆုံးစီးရီးကို ၂၀၁၈ ဇူလိုင္မွာ လႊင့္ခဲ့ၿပီး ႀကီးမားေသာ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ အဆိုပါ CGI နဲ႔ special effects မ်ားက ယေန႔မွာ ေစ်းအႀကီးဆုံး ေကဒရမ္မာမ်ားထဲက တစ္ခုအျဖစ္ ျပသေစခဲ့ပါတယ္။

၂။ Iris 2 – $18.5 Million USD

‘Iris 2 ဇာတ္လမ္းတြဲဟာ နာမည္ႀကီး’Iris ကိုရီးယားဒရမ္မာစီးရီးရဲ႕ ေနာက္ဆက္တြဲဇာတ္လမ္းျဖစ္ပါတယ္။ 2013မွာ ေနာက္ဆက္တြဲဇာတ္လမ္းကို ထုတ္လြင့္ခဲ့ၿပီး ထုတ္လုပ္ဖို႔ ပိုက္ဆံအမ်ားႀကီး ကုန္က်ခဲ့ပါတယ္။ ျပသထုတ္လႊင့္ေနတဲ့ အခ်ိန္မွာ ႐ုပ္ရွင္႐ိုက္ကူးမႈဟာ အေမရိကန္ေဒၚလာ ၁၈ သန္းဝန္းက်င္ ကုန္က်ခဲ့ပါတယ္။ ဒီဒရမ္မာစီးရီးတစ္ကားလုံး ႐ိုက္ကူးေနတဲ့ ကာလပတ္လုံး သုံးစြဲခဲ့တဲ့ ေငြပမာဏဟာ ျမင္ရဖို႔ရွားပါးခဲ့ပါတယ္။ ဒီဒရမ္မာကားမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကလည္း နာမည္ႀကီးသူေတြခ်ည္း ျဖစ္တာေၾကာင့္ ဒါက ထုတ္လုပ္မႈက ဘာ့ေၾကာင့္ေစ်းႀကီးခဲ့သလဲဆိုတဲ့ အေၾကာင္းရင္းထဲက တစ္ခုျဖစ္ပါလိမ့္မယ္၊ ဒါ့အျပင္ ဒရမ္မာမွာ ဖန္တီးဖို႔ ဘတ္ဂ်က္အမ်ားႀကီး ကုန္က်ေသာ action scenes ေတြအမ်ားႀကီးပါဝင္ပါတယ္။

၃။ Kingdom – $18.5 Million USD

Kingdom လို႔လူသိမ်ားတဲ့ ဖုတ္ေကာင္သည္းထိတ္ရင္ဖို Kဒရမ္မာကားဟာ Netflix ရဲ႕မူရင္းစီးရီးျဖစ္ၿပီး Ju Jihoon, Ryu Seung Ryong, နဲ႔ Bae Doona တို႔သ႐ုပ္ေဆာင္ထားပါတယ္။ အဆိုပါ႐ုပ္ရွင္ဟာ အလယ္ေခတ္ ဂ်ိဳဆြန္မင္းဆက္ကို အေျခတည္ၿပီး ဒီဇိုင္းေတြကို အကုန္အက်ခံ႐ိုက္ကူးခဲ့ၾကပါတယ္။ ထုတ္လုပ္သူမ်ားဟာ ဒီစီးရီးထုတ္လုပ္ဖို႔အတြက္ ဘတ္ဂ်က္အလြန္အကြၽံသုံးၿပီး ႐ိုက္ကူးခဲ့ၾကတာပါ။ episode တစ္ခုစီအတြက္ ထုတ္လုပ္မႈကို ေဒၚလာ 1.76သန္းေက်ာ္သုံးစြဲခဲ့ၾကပါတယ္။ ဒီစီးရီးရဲ႕ positive reviews မ်ားေၾကာင့္ ဒုတိယပိုင္းကို ႐ိုက္ကူးဖို႔ ျပင္ဆင္ေနၿပီး 2020 မွာ ထုတ္လႊင့္သြားပါလိမ့္မယ္။

၄။ Vagabond – $23.2 Million USD

‘Vagabond’ဆိုတဲ့ ဇာတ္ကားဟာ လူႀကိဳက္မ်ားၿပီး ပရိတ္သတ္ေတြၾကားမွာ နာမည္ႀကီးတဲ့ အကုန္အက်အမ်ားဆုံး ဒရမ္မာတစ္ကားျဖစ္ပါတယ္။ ဒီဒရမ္မာကားမွာ Miss A’ အဖြဲ႕ဝင္ Suzy, မင္းသား Lee Seunggi, နဲ႔ Shin Sungrok တို႔လို ကိုရီးယားေဖ်ာ္ေျဖေရးက နာမည္ႀကီးသ႐ုပ္ေဆာင္ေတြခ်ည္းပဲ သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္ေၾကာင္းကတာ့ သူပါဝင္ခဲ့တဲ့ ေလယာဥ္တစ္စီးရဲ႕ ပ်က္က်မႈေနာက္ကြယ္က အမွန္တရားကို ဖုံးကြယ္ဖို႔ ႀကိဳးစားေပမယ့္ ႏိုင္ငံတကာ အက်င့္ပ်က္ျခစားေသာ အမႈေတြကို ေတြ႕ရွိခဲ့တဲ့ အမ်ိဳးသားတစ္ဦး(Lee Seunggi)ကို ဗဟိုျပဳထားတာပါ။ ေမာ္စကိုႏွင့္ ေပၚတူဂီတို႔လို ေနရာအမ်ိဳးမ်ိဳးမွာ ႐ိုက္ကူးခဲ့တာေၾကာင့္ ဒီဒရမ္မာထုတ္လုပ္မႈ ကုန္က်စရိတ္က အရမ္းျမင့္မားခဲ့ပါတယ္။

၅။ Mr. Sunshine – $34.3 Million USD

Mr. Sunshine’ဇာတ္လမ္းတြဲဟာ မၾကာေသးမွီက ထုတ္လုပ္ခဲ့တဲ့ ေစ်းအႀကီးဆုံး kဒရမ္မာေတြထဲက တစ္ကားျဖစ္ပါတယ္။ အဆိုပါဒရမ္မာကို 2018 ဇူလိုင္လ ၇ရက္ေန႔က ပထမပိုင္း ထုတ္လႊင့္ခဲ့ပါတယ္။ ဒရမ္မာကားရဲ႕ ထုတ္လုပ္မႈကုန္က်စရိတ္ဟာ အေမရိကန္ေဒၚလာ အၾကမ္းဖ်င္း ၃၄သန္းေက်ာ္ျဖစ္တဲ့ ဝမ္သန္း ၄၀ကို ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။ စီးရီးရဲ႕ တစ္ပိုင္းစီဟာ ထုတ္လုပ္ဖို႔ ဝမ္၁.၆သန္း(အေမရိကန္ေဒၚလာ ၁.၃သန္း)ခန္႔ ကုန္က်ခဲ့ပါတယ္။ ဒီဒရမ္မာကားက ဘာ့ေၾကာင့္ ေစ်းႀကီးရတာလဲဆိုေတာ့ ကိုရီးယားေခတ္ကာလ အပိုင္းအျခားကို ဆက္တင္ျပင္ဆင္ၿပီး ႐ိုက္ကူးတာေၾကာင့္ ျဖစ္ပါတယ္။ production အဖြဲ႕ဟာ ေခတ္နဲ႔ လုံးဝကိုက္ညီဖို႔ ဝတ္စုံေတြနဲ႔ ဆက္တင္ကို ျပန္လည္ဆန္းသစ္ခဲ့ရပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here