လူသားတွေမှာ မတူညီတဲ့ခံစားချက်မျိုးစုံ ခံစားဖို့အတွက် စိတ်စွမ်းအင်များ ပိုင်ဆိုင်ထားကြပါတယ်။ ခံစားချက်အမျိုးမျိုးကို တုန့်ပြန်ပုံချင်းကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တစ်ချို့ကလည်း ပျော်လွန်းလို့ မျက်ရည်ကျကြတယ်။ တချို့ကျတော့လည်း ဝမ်းနည်းတဲ့အခါ အားရပါးရငိုချလိုက်ပြီး တချို့ကျတော့လည်း မငိုဘဲ တောင့်ခံတတ်ကြပါတယ်။ ငိုကြွေး ရင် အရှုံးသမားလို့ သတ်မှတ်ခံရမှာစိုးတာနဲ့ မငိုဘဲ ကြိတ်မှိတ်ခံစားကြတာပေါ့။
ကလေးဘဝတုန်းက ကလေးသဘာဝမို့ ချော်လဲလို့ ငိုရင်လည်း မငိုနဲ့ တိတ်တော့လို့ လူကြီးတွေက ချော့ကြပါတယ်။ ကိုယ့်မျက်လုံးနဲ့ကိုယ် ကိုယ့်မျက်ရည်နဲ့ကိုယ် ငိုချင်ရင် ငိုချလိုက်ပါ။ စိတ်ပညာရှင်များကလည်း ငိုခြင်းက ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် အငိုသန်တဲ့သူတွေမှာ သူမတူတဲ့ ထူးခြားတဲ့အရည်အချင်း စရိုက်လက္ခဏာလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ တကယ်လို့ သင် ငိုချင်လာပြီဆိုရင် ငိုခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကိုသာ သတိရလိုက်ပါ။

သင်က ရဲရင့်တဲ့သူဖြစ်ကြောင်း သက်သေပြနေခြင်း
ငိုကြွေးလိုက်ခြင်းကြောင့် သင်က သင့်စိတ်ခံစားချက်ကို ကြောက်ရွံနေတဲ့သူမဟုတ်ကြောင်း ဖော်ပြနေပါတယ်။ မိမိရဲ့တန်ဖိုးကို သိနားလည်တဲ့သူဖြစ်ပြီး သင့်မှာနွေးထွေးတဲ့နှလုံးသားနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ ဦးနှောက်ပိုင်ဆိုင်ထားတယ်လို့ သက်သေပြနေပါတယ်။
ဘဝကို ဟန်ချက်ညီညီဖြတ်သန်းနိုင်တဲ့သူတွေဆိုလည်း မမှားပါဘူး။
လုပ်ငန်းခွင်ဘဝ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ ကိုယ်ပိုင်အချိန်ပေးမှု စတဲ့အချက်တွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်မှ ဟန်ချက်ညီတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်ခံစားချက်ကို လက်ခံနိုင်စွမ်းရှိပြီး ငိုကြွေးခြင်းကလည်း သင့်ဘဝအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

ငိုကြွေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးတယ်။
စိတ်ဖိစီးတဲ့အခါ၊ ဝမ်းနည်းတဲ့အခါ ငိုကြွေးခြင်းက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။ ငိုပြီးသွားတဲ့အခါ စိတ်လက်ပေါ့ပါးသွားပြီး သင့်ကြုံတွေ့နေရတဲ့ပြဿနာရဲ့ အဖြေကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။
ဒီဆောင်းပါးလေးကို ဖတ်ပြီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို အငိုသန်လို့ဆိုပြီး အားမငယ်ဘဲ ငိုချင်တဲ့အချိန်မှာ အားရပါးရသာငိုချလိုက်ပါလို့ အားပေးလိုက်ရပါတယ်။

Lifestyle_Myanmar
ref-speakingtree