ငါးဖမ်းလှေပေါ်မှာအလုပ်လုပ်ပြီး အဖိုးကို ဆေးကုပေးနေတဲ့ ၁၃နှစ်အရွယ်ကောင်လေး

0
52
Reymark Cavesirano
Reymark Cavesirano

Reymark Cavesirano လို့ခေါ်တဲ့ အသက် ၁၃နှစ်အရွယ် ဗီလစ်ပိုင်ကောင်းလေးဟာ မိသားစု စားဖို့နေရေးအတွက် ကျောင်းပိတ်ရက်တိုင်းမှာ ငါးဖမ်းသင်္ဘောဆီသွားပြီး အလုပ်လုပ်ပါတယ်။ ကောင်လေးဟာ မနီလာပင်လယ်ရဲ့ ရေနက်ဆိပ်ကမ်းမှာ ရှိတဲ့ ငါးဖမ်းသင်္ဘောတွေဆီကို စွန့်ပစ် သစ်သားတွေ၊ ဖော့ပြားတွေနဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ဖောင်လေးနဲ့ မနက်အစောကြီး သွားရပါတယ်။

ငါးဖမ်းသင်္ဘောဆီ မရောက်မချင်း သူ့ရဲ့ လက်နှစ်ဖက်ဖြင့် ဖောင်းလေးကို လှော်ခပ်ပြီးသွားရပါတယ်။ ငါးဖမ်းသင်္ဘောဆီရောက်တဲ့အခါမှာလည်း လူကြီးတွေနဲံ တန်းတူအလုပ်လုပ်ရပါတယ်။ တစ်နေကုန် ပင်ပင်ပန်းပန်း ပြုလုပ်ရပေမဲ့ လုပ်ရတဲ့ အလုပ်နဲ့ လုပ်အားခကတော့ မျှတမှုသိပ့်မရှိခဲ့ပါဘူး။

သင်္ဘောပေါ်က လူတွေဟာ သူတို့ရောင်းတန်ဝင်တဲ့ ငါးတွေကိုရွေးပြီး ကျန်တဲ့ငါးသေးသေးလေးတွေ၊ ရွေးကျတွေကို ကောင်လေးရဲ့ လုပ်အားခအဖြင့် ပေးပါတယ်။ အဲ့ဒီနောက် ကောင်လေးဟာ သူရဲ့ မိသားစုတွေဆီ ဖောင်လေးဖြင့် ပြန်လာပြီး အဖိုးရဲ့ တီဘီဆေးဖိုးနဲ့ အိမ်သားတွေစားဖို့အတွက် ရလာတဲ့ငါးကို လိုက်ရောင်းရပါတယ်။ တစ်နေ့ရရှိတဲ့ငွေက အမေရိကန်ဒေါ်လာ ၁.၉၂ / ၂.၈၈ စသဖြင့် အကြမ်းဖျမ်းရရှိပါတယ်။

အဖိုးဖြင့်သူက သူ့ရဲ့မြေးလေး အခုလိုတွေ ခက်ခက်ခဲခဲ အလုပ်လုပ်နေရတဲ့ သိပေမဲ့လည်း မိသားစုအတွက် အခြားရွေးချယ်စရာ လမ်းမရှိတာကြောင့် ဒီအတိုင်းပဲလွှတ်ထားပေးနေရတယ်လို့ ဆိုပါတယ်။ Reymark ရဲ့ ဆန္ဒကေတာ့ သူအခုလို အလုပ် လုပ်နေတာကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အဖိုးကို နေပြန်ကောင်းစေချင်ပြီး သူ့ရဲ့ မိသားစုတွေအားလုံးကို သုံးထပ်တိုက်လေးနဲ့ ထားချင်တယ်လို့ အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ကလေးတွေမှာ အစာစားချင်စိတ် ဆုံးရှုံးတာက ဘာ့ကြောင့် ဖြစ်တာလဲ?ဘယ်လို ကာကွယ်တားဆီးမလဲ?





LEAVE A REPLY

Please enter your comment!
Please enter your name here