ငယ်ရွယ်တဲ့အချိန်မှာ အမှားတွေမပြုလုပ်မိအောင် လိုက်နာသင့်တဲ့ အရာလေးတွေ

0
41








အခုပဲလမ်းခွဲလိုက်ပါ









ဘဝမှာပျော်ရွင်ပါစေ






















LM_Naung_Naung
Lifestyle_Myanmar

Unicode

ငယ်ရွယ်တဲ့အချိန်မှာ အမှားတွေမပြုလုပ်မိအောင် လိုက်နာသင့်တဲ့ အရာလေးတွေ
ဘဝဆိုတာဟာ အလွန်တိုတောင်းပြီး မျက်စိတမှိတ် လျှပ်တပျက်မှာပဲ အခြေအနေတွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဘယ်အချိန်မှာ မထင်မှတ်ပဲ သေဆုံးရမယ်ဆိုတာကိုတောင်မှ သိနိုင်စွမ်းမရှိကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ငယ်ရွယ်စဉ်အချိန်မှာ သတိမမူမိပဲနဲ့ လိုက်နာဖို့ပျက်ကွက်တဲ့အရာလေးတွေက နောင်တချိန်လူကြီးဖြစ်လာတဲ့အခါ နောင်တတွေနဲ့ ပြန်မရနိုင်တော့တဲ့အခြေအနေတွေထိကြုံတွေ့နိုင်ပါတယ်။

ငွေကိုသုံးသင့်တဲ့နေရာမှာသုံးပါ
ငယ်ငယ်ကဆိုရင် ဗီဒီယိုဂိမ်းကစားတာကို စွဲလန်းတဲ့အတွက် ဒီနေရာမှာငွေအမြောက်အများကို သုံးမိပါလိမ့်မယ်။ တကယ်တော့ ဒီလိုဂိမ်းတွေဟာ သင့်ဘဝတိုးတက်ဖို့အတွက် ဘာကိုမှသင်မပေးနိုင်ပါဘူး။ ဒီလိုဂိမ်းဆော့ခြင်းနဲ့ ငွေကိုသုံးမယ့်အစား စာအုပ်ကောင်းကောင်းတွေ ဝယ်ဖတ်ရင် ပိုအကျိုးများစေမှာပါ။

မိဘပြောတဲ့စကားကို နားထောင်ပါ
မိဘတွေဆိုတာ သားသမီးရဲ့အကျိုးစီးပွားအတွက်ပဲ ကြည့်တတ်သူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရှိနေသေးတဲ့အချိန်မှာ သူတို့ပြောတဲ့စကားကို နားထောင်ပေးပါ။ မိဘတွေကိုမစော်ကားမိပါစေနဲ့။ မိဘစကားနားထောင်ခြင်းကြောင့် နောင်တချိန်သင့်ဘဝမှာ နောင်တရမယ့်အဖြစ်ကနေကယ်တင်ပေးပါလိမ့်မယ်။

အခုပဲလမ်းခွဲလိုက်ပါ
မကောင်းတဲ့ relationship မှာမနေပါနဲ့။ သင့်အတွက်ရှေ့ရေးမှာ အဆင်မပြေနိုင်ဘူးလို့ ခံစားရရင် ချက်ချင်းပဲလမ်းခွဲလိုက်ပါ၊ ဒီလိုလမ်းခွဲလိုက်တဲ့အခါ သင်နာကျင်နိုင်ပေမယ့် ရှေ့ဆက်ဖို့အတွက် လမ်းတစ်ခုပွင့်သွားမှာပါ။

တစ်ရက်ကို ၇နာရီအိပ်ပါ
တစ်ရက်ကို ၇နာရီကနေ ၈နာရီပြည့်အောင်အိပ်ခြင်းဟာ သင့်ရဲ့ခန္ဓာနဲ့စိတ်ကို လန်းဆန်းစေပါတယ်။ ညဖက်တွေမအိပ်တဲ့အကျင့်ကို မမွေးပါနဲ့။

ဝင်ခွင့်စာမေးပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်ပါ
သင့်ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ဝင်ခွင့်စာမေးပွဲဟာ သင့်ဘဝအတွက် အရေးအကြီးဆုံးအရာတစ်ခုပါ။ ဒီလိုပါပဲ သင်တက်ချင်တဲ့တက္ကသိုလ်အတွက်လည်း အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ လိုပါတယ်။ ဒီလိုစာမေးပွဲတိုင်းကို အင်အားကုန်သုံးပြီး
ပြင်ဆင်ဖို့ မမေ့ပါနဲ့။

ဘဝမှာပျော်ရွင်ပါစေ
ဘဝဟာအဆင်မပြေမှုတွေနဲ့ တခါတလေကြုံရမှာပါ။ ဒါပေမယ့် အဆင်မပြေမှုတွေဟာ ကြာရှည်မခံပါဘူး။ ဘယ်အရာအတွက်မှ စိတ်ဖိစီးမခံပါနဲ့။ ဘဝထဲက ပျော်စရာကောင်းတာတွေကိုပဲ ခံစားလိုက်ပါ။

ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဂရုစိုက်ပါ
သင့်ဖုန်း၊ ကွန်ပြူတာ စတာတွေကို password ခံထားပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖိုင်တခုဆောက်တော့မယ်ဆိုရင်နှစခါပြန်စဉ်းစားပြီး လုံခြုံအောင်ထားဖို့ အရေးကြီးပါတယ်။

ဆေးလိပ်ကိုအစမလုပ်ပါနဲ့
ဆေးလိပ်ဟာ စွဲနေပြီဆိုရင် ဖြတ်ဖို့ခက်ပါတယ်။ ကြာရှည်လာတာနဲ့အမျှ သင့်ကျန်းမာရေးအတွက် ဆိုးကျိုတွေ ကြုံတွေ့လာပါလိမ့်မယ်။

အရာရာတိုင်းကို သိပ်အလေးအနက်ထားပြီး မပြောပါနဲ့
ကြီးတဲ့သူတွေဟာလည်း လူတွေဖြစ်တဲ့အတွက် ဘက်လိုက်တတ်ပါတယ်။ ဒါ့ကြောင့် သူတို့မိသားစုအတွင်းမှာ အခြားသူတွေအကြောင်းကို ပြောတဲ့အခါတိုင်း အမှန်မဟုတ်သလို၊ မျှတချင်မှမျှတပါလိမ့်မယ်။

ရည်မှန်းချက်တွေကို ပိုပြီးအာရုံစိုက်ပါ
သင့်ရဲ့ရည်မှန်းချက်တွေကို ပိုပြီးအာရုံစိုက်သင့်သလို မေ့လျော့နေခြင်းကိုလည်း ဂရုစိုက်ရှောင်ရှားဖို့ လိုပါတယ်။ သင်လိုချင်တဲ့အရာတွေအတွက် အမြဲတမ်း ပလန်ရှိပြီး ရအောင်ရယူဆုံးဖြတ်ပါ။

အာရုံစူးစိုက်ပြီး လေ့လာပါ
ဘယ်အရာကိုပဲ လေ့လာပါစေ အတွင်းကျကျသိရှိပြီး ကျွမ်းကျင်ဖို့အတွက် စိတ်ဝင်စားဖို့နဲ့ အာရုံစိုက်ဖို့လိုအပ်ပါတယ်။

ငယ်ရွယ်မှုဟာ အဖိုးတန်ပါတယ်
သင်အသက်ကြီးလာရင် ပြန်ငယ်လို့မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ပျော်ဖို့အတွက် ဆော့ကစားပါ၊ သဘာဝတရားကြီးနဲ့ရင်းနှီးဖို့ကြိုးစားပါ၊ မရောက်ဖူးတဲ့ နေရာတွေကို ခရီးဆန့်ပါ၊ သူငယ်ချင်းအသစ်တွေကို ရှာပါ။ ငယ်ရွယ်ချိန်က သင့်ဘဝရဲ့ပျော်ရွင်မှုဟာ သင်အသက်ကြီးလာတဲ့အချိန်မှာ
အရိပ်ထင်စေပါလိမ့်မယ်။

ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင်ပါ
သင့်ဘဝဟာ သင့်ကိုယ်ပိုင်ဖြစ်ပြီး အခြားတစ်ယောက်ရဲ့ စိတ်ကူးအိမ်မက်တွေမှာ အသက်ရှင်ဖို့ မကြိုးစားပါနဲ့။ ကိုယ်ပိုင်ရည်မှန်းချက်အတိုင်းသာ ဆက်လက်လုပ်ဆောင်ပါ။ သင်ကိုယ်တိုင်ပျော်ရွင်နေမှသာ အခြားသူတွေကိုလည်း ပျော်အောင်လုပ်ပေးနိုင်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here