ငယ်စဥ်ကတည်းက စာဖတ်တတ်တဲ့ အကျင့်ကောင်းကို ဘယ်လိုမျိုး မွေးမြူပေးမလဲ

0
24

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း အပြင်လောကမှာမသိနိုင်တဲ့ ဗဟုသုတတွေကို စာအုပ်တွေကနေတဆင့် သင်ကြားရရှိနိုင်တာကြောင့် မိဘတွေအနေနဲ့ သားသမီးတွေဆီမှာ စာဖတ်တတ်တဲ့အကျင့်ကောင်းကို မွေးမြူပေးတတ်ဖို့ အင်မတန်လိုအပ်ပါတယ်။ ယနေ့ခေတ်မှာတော့ စာဖတ်ခြင်းကို ဝါသနာပါပြီး သဘောကျနှစ်သက်တဲ့သူဦးရေက အင်မတန်နည်းပါးလာပါပြီ။ ဘယ်လောက်ပဲအရေးကြီးတဲ့ အလေ့အကျင့်ကောင်းဆိုပေမယ့်လည်း အချိန်မပေးနိုင်လို့ သိပ်ပြီးစိတ်မပါလို့ စတဲ့အကြောင်းအရင်းတွေကြောင့် မဖတ်ဖြစ်ကြတာများပါတယ်။

ဒါပေမယ့်လည်း မိဘအများစုကတော့ သူတို့စာအုပ်မဖတ်ဖြစ်ကြပေမယ့် သားသမီးတွေကိုတော့ ပညာတတ်ကြီးတွေဖြစ်ချင်စေကြလို့ စာဖတ်ဖို့ကို အမြဲတိုက်တွန်းပေးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးဖြစ်တဲ့အတွက် ငယ်စဥ်ကတည်းက ကြီးတဲ့အထိ အကျင့်ကောင်းဖြစ်သွားစေဖို့အတွက် ဘယ်လိုမျိုးလေး အားပေးတိုက်တွန်းရမလဲဆိုတာကို အခုဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

၁။ အသံကျယ်ကျယ်နဲ့ စာဖတ်ပြပါ

ကလေးမွေးကင်းစကတည်းက ဒီလိုအလေ့အကျင့်ကောင်းလေးကို မပြုလုပ်ပေးခဲ့မိလေခြင်းဆိုပြီးတော့ စိတ်မညစ်သွားလိုက်ပါနဲ့။ အခုကနေစပြီး လုပ်ပေးလို့လည်းရပါတယ်။ ကလေးသဘာဝအရ ပုံပြင်လေးတွေဆိုရင် ဘယ်လိုကြိုက်မှန်းမသိ ကြိုက်ကြတာကြောင့် ငယ်စဥ်ချိန်မှာ ရုပ်ပုံအများကြီးပါတဲ့ ပုံပြင်လေးတွေကိုရွေးပြီး အသံကျယ်ကျယ်နဲ့ဖတ်ပြတဲ့အခါ အင်မတန်သဘောတွေ့တတ်ပါတယ်။ အကယ်လို့ ကိုယ်က သားသမီးငယ်စဥ်ကတည်းက အင်္ဂလိပ်စာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေချင်တယ်ဆိုရင်တော့ အင်္ဂလိပ်စာအုပ်လေးတွေကိုလည်း မကြာမကြာ ဖတ်ပြပေးပါ။ အသံကျယ်တာအပြင် ဟန်ပန်အမူအယာလေးတွေလည်းထည့်ပြီး ဖတ်ပြတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

၂။ စာအုပ်တွေအများကြီးဝယ်ထားပါ

ကလေးတွေအတွက် အရုပ်တွေ၊ ကစားစရာတွေမျိုးစုံ ဝယ်ပေးသလိုပဲ ပညာရေးနဲ့ ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်တွေကိုလည်း များများဝယ်ပေးပါ။ တစ်ချို့တစ်လေလောက် စုတ်ဖြဲပစ်မိမှာကို သိပ်ပြီးစိုးရိမ်မနေဘဲနဲ့ ကလေးတွေရဲ့ ဘေးဘီဝဲယာမှာ စာအုပ်တွေနဲ့ဝန်းရံပေးလိုက်ပါ။ ဘေးနားမှာစာအုပ်တွေရှိနေတာမြင်ရင် တဖြည်းဖြည်းနဲ့ စာအုပ်ဖတ်ချင်စိတ်ကို ပေါက်ဖွားလာစေမှာဖြစ်ပြီး သူတို့မဖတ်တတ်တဲ့အခါ မိဘတွေကို ကိုယ်စားဖတ်ပြပေးဖို့အတွက် အကူအညီတောင်းခံလာပါလိမ့်မယ်။

၃။ စိတ်ရှည်သည်းခံပါ

တစ်ခါတစ်လေမှာ ကလေးတွေက သူတို့ကြိုက်တတ်တဲ့ ပုံပြင်လေးတွေဆိုရင် မိဘတွေကို ခဏခဏ အကျယ်ကြီး ဖတ်ခိုင်းတတ်လေ့ရှိကြပါတယ်။ အခုလိုဖတ်ခိုင်းတာဟာ သူတို့နည်းလမ်းနဲ့သူတို့ ပုံပြင်ဇာတ်လမ်းတွေကို အလွတ်မှတ်တာဖြစ်တဲ့အတွက် ဒေါသထွက်မယ့်အစား သူတို့ဖတ်ခိုင်းချင်တိုင်း စိတ်ရှည်ရှည်ထားပြီး ဖတ်ပြပေးလိုက်ပါ။

၄။ အရွယ်နဲ့ကိုက်တဲ့စာအုပ်လေးတွေ ဝယ်ပေးပါ

သင့်ကလေးက ပုံပြင်လေးတွေဖတ်တတ်လာပြီ၊ ကျောင်းလည်းတက်ပြီဆိုရင် မိဘအကူအညီမပါဘဲ တဖြည်းဖြည်းနဲ့ သူတို့အားသူတို့ကိုးပြီး စာဖတ်ဖို့ကြိုးစားလာကြပါလိမ့်မယ်။ ဒီလိုအရွယ်ရောက်လာပြီဆိုရင်တော့ မိဘဖြစ်တဲ့ သင်က ချီးမွမ်းစကားဆိုဖို့ ကြိုတင်ပြင်ဆင်ထားပါ။ အတင်းကြီး စာဖတ်ခိုင်းတာထက် သူ့အသိနဲ့သူစာဖတ်တတ်အောင် လေ့ကျင့်ပေးပါ။

၅။ စာဖတ်ချိန်သပ်သပ်ထားပါ

စာဖတ်ဝါသနာပါတဲ့ကလေးတွေပဲဖြစ်ဖြစ်၊ စာဖတ်ဖို့အတန်ငယ်ပျင်းတဲ့ ကလေးတွေပဲဖြစ်ဖြစ် တစ်နေ့မှာ စာဖတ်ချိန်အတွက် သီးသန့်ထားပေးရမှာဖြစ်ပါတယ်။ ဘယ်လောက်ပဲစာဖတ်ဝါသနာပါတယ်ပြောပြော တစ်နေ့လုံးတော့ စာဖတ်ပြီး အချိန်ကုန်နေလို့လည်းမဖြစ်တာကြောင့် တခြားကိစ္စဝိစ္စလေးတွေလည်း လုပ်နိုင်ဖို့အတွက် သူ့အချိန်နဲ့သူ သီးသန့်ထားဖို့လိုအပ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-worldtopupdates

Zawgyi

ငယ္စဥ္ကတည္းက စာဖတ္တတ္တဲ့ အက်င့္ေကာင္းကို ဘယ္လိုမ်ိဳး ေမြးျမဴေပးမလဲ

စာအုပ္စာေပ လူ႔မိတ္ေဆြ ဆိုတဲ့အတိုင္း အျပင္ေလာကမွာမသိႏိုင္တဲ့ ဗဟုသုတေတြကို စာအုပ္ေတြကေနတဆင့္ သင္ၾကားရရွိႏိုင္တာေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးေတြဆီမွာ စာဖတ္တတ္တဲ့အက်င့္ေကာင္းကို ေမြးျမဴေပးတတ္ဖို႔ အင္မတန္လိုအပ္ပါတယ္။ ယေန႔ေခတ္မွာေတာ့ စာဖတ္ျခင္းကို ဝါသနာပါၿပီး သေဘာက်ႏွစ္သက္တဲ့သူဦးေရက အင္မတန္နည္းပါးလာပါၿပီ။ ဘယ္ေလာက္ပဲအေရးႀကီးတဲ့ အေလ့အက်င့္ေကာင္းဆိုေပမယ့္လည္း အခ်ိန္မေပးႏိုင္လို႔ သိပ္ၿပီးစိတ္မပါလို႔ စတဲ့အေၾကာင္းအရင္းေတြေၾကာင့္ မဖတ္ျဖစ္ၾကတာမ်ားပါတယ္။

ဒါေပမယ့္လည္း မိဘအမ်ားစုကေတာ့ သူတို႔စာအုပ္မဖတ္ျဖစ္ၾကေပမယ့္ သားသမီးေတြကိုေတာ့ ပညာတတ္ႀကီးေတြျဖစ္ခ်င္ေစၾကလို႔ စာဖတ္ဖို႔ကို အၿမဲတိုက္တြန္းေပးတတ္ၾကပါတယ္။ ဒါေပမယ့္ ကေလးျဖစ္တဲ့အတြက္ ငယ္စဥ္ကတည္းက ႀကီးတဲ့အထိ အက်င့္ေကာင္းျဖစ္သြားေစဖို႔အတြက္ ဘယ္လိုမ်ိဳးေလး အားေပးတိုက္တြန္းရမလဲဆိုတာကို အခုေဆာင္းပါးေလးမွာ ေျပာျပေပးခ်င္ပါတယ္။

၁။ အသံက်ယ္က်ယ္နဲ႔ စာဖတ္ျပပါ

ကေလးေမြးကင္းစကတည္းက ဒီလိုအေလ့အက်င့္ေကာင္းေလးကို မျပဳလုပ္ေပးခဲ့မိေလျခင္းဆိုၿပီးေတာ့ စိတ္မညစ္သြားလိုက္ပါနဲ႔။ အခုကေနစၿပီး လုပ္ေပးလို႔လည္းရပါတယ္။ ကေလးသဘာဝအရ ပုံျပင္ေလးေတြဆိုရင္ ဘယ္လိုႀကိဳက္မွန္းမသိ ႀကိဳက္ၾကတာေၾကာင့္ ငယ္စဥ္ခ်ိန္မွာ ႐ုပ္ပုံအမ်ားႀကီးပါတဲ့ ပုံျပင္ေလးေတြကိုေ႐ြးၿပီး အသံက်ယ္က်ယ္နဲ႔ဖတ္ျပတဲ့အခါ အင္မတန္သေဘာေတြ႕တတ္ပါတယ္။ အကယ္လို႔ ကိုယ္က သားသမီးငယ္စဥ္ကတည္းက အဂၤလိပ္စာနဲ႔ ရင္းႏွီးကြၽမ္းဝင္မႈရွိေစခ်င္တယ္ဆိုရင္ေတာ့ အဂၤလိပ္စာအုပ္ေလးေတြကိုလည္း မၾကာမၾကာ ဖတ္ျပေပးပါ။ အသံက်ယ္တာအျပင္ ဟန္ပန္အမူအယာေလးေတြလည္းထည့္ၿပီး ဖတ္ျပတာကေတာ့ အေကာင္းဆုံးပဲျဖစ္ပါတယ္။

၂။ စာအုပ္ေတြအမ်ားႀကီးဝယ္ထားပါ

ကေလးေတြအတြက္ အ႐ုပ္ေတြ၊ ကစားစရာေတြမ်ိဳးစုံ ဝယ္ေပးသလိုပဲ ပညာေရးနဲ႔ ဘဝတက္လမ္းအတြက္ အေထာက္အကူျဖစ္ေစမယ့္ စာအုပ္ေတြကိုလည္း မ်ားမ်ားဝယ္ေပးပါ။ တစ္ခ်ိဳ႕တစ္ေလေလာက္ စုတ္ၿဖဲပစ္မိမွာကို သိပ္ၿပီးစိုးရိမ္မေနဘဲနဲ႔ ကေလးေတြရဲ႕ ေဘးဘီဝဲယာမွာ စာအုပ္ေတြနဲ႔ဝန္းရံေပးလိုက္ပါ။ ေဘးနားမွာစာအုပ္ေတြရွိေနတာျမင္ရင္ တျဖည္းျဖည္းနဲ႔ စာအုပ္ဖတ္ခ်င္စိတ္ကို ေပါက္ဖြားလာေစမွာျဖစ္ၿပီး သူတို႔မဖတ္တတ္တဲ့အခါ မိဘေတြကို ကိုယ္စားဖတ္ျပေပးဖို႔အတြက္ အကူအညီေတာင္းခံလာပါလိမ့္မယ္။

၃။ စိတ္ရွည္သည္းခံပါ

တစ္ခါတစ္ေလမွာ ကေလးေတြက သူတို႔ႀကိဳက္တတ္တဲ့ ပုံျပင္ေလးေတြဆိုရင္ မိဘေတြကို ခဏခဏ အက်ယ္ႀကီး ဖတ္ခိုင္းတတ္ေလ့ရွိၾကပါတယ္။ အခုလိုဖတ္ခိုင္းတာဟာ သူတို႔နည္းလမ္းနဲ႔သူတို႔ ပုံျပင္ဇာတ္လမ္းေတြကို အလြတ္မွတ္တာျဖစ္တဲ့အတြက္ ေဒါသထြက္မယ့္အစား သူတို႔ဖတ္ခိုင္းခ်င္တိုင္း စိတ္ရွည္ရွည္ထားၿပီး ဖတ္ျပေပးလိုက္ပါ။

၄။ အ႐ြယ္နဲ႔ကိုက္တဲ့စာအုပ္ေလးေတြ ဝယ္ေပးပါ

သင့္ကေလးက ပုံျပင္ေလးေတြဖတ္တတ္လာၿပီ၊ ေက်ာင္းလည္းတက္ၿပီဆိုရင္ မိဘအကူအညီမပါဘဲ တျဖည္းျဖည္းနဲ႔ သူတို႔အားသူတို႔ကိုးၿပီး စာဖတ္ဖို႔ႀကိဳးစားလာၾကပါလိမ့္မယ္။ ဒီလိုအ႐ြယ္ေရာက္လာၿပီဆိုရင္ေတာ့ မိဘျဖစ္တဲ့ သင္က ခ်ီးမြမ္းစကားဆိုဖို႔ ႀကိဳတင္ျပင္ဆင္ထားပါ။ အတင္းႀကီး စာဖတ္ခိုင္းတာထက္ သူ႔အသိနဲ႔သူစာဖတ္တတ္ေအာင္ ေလ့က်င့္ေပးပါ။

၅။ စာဖတ္ခ်ိန္သပ္သပ္ထားပါ

စာဖတ္ဝါသနာပါတဲ့ကေလးေတြပဲျဖစ္ျဖစ္၊ စာဖတ္ဖို႔အတန္ငယ္ပ်င္းတဲ့ ကေလးေတြပဲျဖစ္ျဖစ္ တစ္ေန႔မွာ စာဖတ္ခ်ိန္အတြက္ သီးသန႔္ထားေပးရမွာျဖစ္ပါတယ္။ ဘယ္ေလာက္ပဲစာဖတ္ဝါသနာပါတယ္ေျပာေျပာ တစ္ေန႔လုံးေတာ့ စာဖတ္ၿပီး အခ်ိန္ကုန္ေနလို႔လည္းမျဖစ္တာေၾကာင့္ တျခားကိစၥဝိစၥေလးေတြလည္း လုပ္ႏိုင္ဖို႔အတြက္ သူ႔အခ်ိန္နဲ႔သူ သီးသန႔္ထားဖို႔လိုအပ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-worldtopupdates

LEAVE A REPLY

Please enter your comment!
Please enter your name here