ငယ်စဉ်က ရုပ်ဆိုးလို့ လှောင်ပြောင်ခံခဲ့ရပေမယ့် ယခုအချိန်မှာတော့ မြင်သူတိုင်းငေးရတဲ့ cosplayer လေး

0
142
- Advertisement -

နာမည်ကျော် cosplayer တစ်ဦးဖြစ်တဲ့ SaLa ဟာ ချောမောလှပပြီး ဖန်တွေအများကြီးရှိသူတစ်ယောက်ဖြစ်ပေမယ့် သူမငယ်စဉ်အချိန်တုန်းကတော့ ရုပ်ဆိုးလို့ဆိုပြီး အတန်းဖော်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရသူတစ်ယောက်ဖြစ်ကြောင်းကို သူမငယ်စဉ်က ပုံကို မျှဝေခဲ့ပါတယ်။ သူမရဲ့ပို့စ်မှာ ငယ်ငယ်ကပုံနဲ့ ယခုပုံကို ယှဉ်တွဲပြပြီး သူမအလှောင်ခံရပုံကို ပြောပြခဲ့တာကြောင့် like 200000 နီးပါးနဲ့ share 38000 လောက်ရရှိခဲ့ပါတယ်။

-Advertisement-

သူမဟာ Saga Prefecture မှာမွေးဖွားခဲ့ပြီး သူမရဲ့မိဘတွေဟာ စိုက်ပျိုးရေးသမားတွေ ဖြစ်ကြပါတယ်။ ငယ်စဉ်အချိန်က ဆင်းရဲနွမ်းပါးတာကြောင့် အလှအပကို ဂရုမစိုက်နိုင်ပဲ ချို့တဲ့စွာနေခဲ့ရပါတယ်။ ကျောင်းနေဖက် အတန်းဖော်တွေကတော့ သူမကိုရုပ်ဆိုးလို့ အပေါင်းအသင်းမလုပ်ချင်ကြပဲ မကြာခဏလှောင်ပြောင်ခဲ့ကြပါတယ်။ တစ်ယောက်ဆိုရင် နင်ဒီမျက်နှာနဲ့ အသက်ရှင်နိုင်တာကို ငါအံ့သြတယ်လို့တောင် ပြောခဲ့ပါတယ်။ အဲ့အချိန်တုန်းက သူမအရမ်းငိုကြွေးခဲ့ရပါတယ်။ ဒါပေမယ့် အဲ့အချိန်ကစပြီးတော့ သူမဟာမိတ်ကပ်အကြောင်းနဲ့ အစားအာဟာရအကြောင်းကို ကြိုးစားလေ့လာခဲ့ပါတယ်၊

ယခုအချိန်မှာတော့ သူမဟာ သူမကိုချစ်တဲ့ ပရိသတ်တွေအများကြီးနဲ့ သူမဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင်း တိုကျိုမှာနေထိုင်လျှက် ရှိပါတယ်။ ယခုဆိုရင် သူမရဲ့ချောမောလှပမှုနဲ့ ပိုက်ဆံတွေအများကြီး ရှာနိုင်ပြီး လူတိုင်းကို ပြုံးပြရဲပြီဖြစ်ကြောင်း သူမကဆိုပါတယ်။ တကယ်တော့ ကိုယ့်ရဲ့အသွင်အပြင်နဲ့ပတ်သတ်ပြီး အခြားသူတွေဘာပြောပြော ဂရုစိုက်စရာမလိုသလို ရုပ်လှဖို့ထက် စိတ်လှဖို့က ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar




LM_Naung_Naung
Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here