ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာထက် အသက်ကြီးမှ အိမ်ထောင်ရေးကို ဘာလို့စဥ်းစားသင့်တာလဲ

0
113

ယနေ့ခေတ်မှာ လူငယ်အများစုဟာ ငယ်တုန်းရွယ်တုန်းကတည်းက အိမ်ထောင်ပြုနေကြပြီဆိုတာကို သတိထားမိကြမှာပါ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အသက် ၃၀ နားကပ်နေပြီ သို့မဟုတ် ကျော်နေပြီဆိုပေမယ့်လည်း အိမ်ထောင်မပြုသေး၊ ရည်းစားမထားကြသေးလို့ သူများတွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ ဒါပေမယ့် ဒါတွေဟာ တကယ်တမ်း တန်ဖိုးရှိတဲ့ နောက်ကွယ်က အကျိုးအကြောင်းတွေကို သေချာမသိသေးတဲ့အတွက်ကြောင့်ပါ။

ဒါကြောင့် အသက် ၃၀ နားကပ်နေပြီ၊ ကျော်နေပြီဆိုပေမယ့်လည်း အိမ်ထောင်မပြုဖြစ်သေးလို့ ဘာလို့အဆင်ပြေနေသေးလဲဆိုတာကို အခုပဲပြောပြပေးချင်ပါတယ်။

၁။ ရွေးချယ်မှုမှန်ကန်ခြင်း

အကုန်လုံးကို ခြုံငုံပြီး ဆိုလိုတာမဟုတ်ပေမယ့်လည်း ၂၀ မတိုင်ခင်နဲ့ အသက် ၂၀ အစောပိုင်းတွေမှာ အိမ်ထောင်ပြုကြသူတွေဟာ ပြဿနာတစ်ချို့တစ်လေ ကြုံတွေ့ရတတ်ပါတယ်။ အသက် ၂၀ တစ်လျှောက်မှာ ကြုံတွေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သင်ယူခဲ့တာတွေကြောင့် အိမ်ထောင်ရေးနဲ့ပတ်သက်လို့ သို့မဟုတ် လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာလည်း သေချာစဥ်းစားတွေးခေါ်တတ်လာပါတယ်။

၂။ ကိုယ်လုပ်ချင်တာတွေလုပ်ဖို့ အသက် ၃၀ က အကောင်းဆုံးအရွယ်ပါ။

အသက် ၂၀ အရွယ်ဆိုတာဟာ ရှိသမျှ အတွေ့အကြုံကို အကုန်သိမ်းကြုံးပြီး ရှာဖွေနေရတာဖြစ်တာကြောင့် ကိုယ့်အတွက် နေရာကောင်းတစ်ခုကို မပိုင်ဆိုင်နိုင်သေးပါဘူး။ ဒါပေမယ့် အသက် ၃၀ နားကပ်လာတဲ့အခါမှာတော့ ဗဟုသုတ၊ လုပ်ငန်းအတွေ့အကြုံ သေချာပိုင်နိုင်သွားပြီဖြစ်တာကြောင့် ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းပေါ်လည်း လျှောက်နိုင်ကာ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။

၃။ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ အလောတကြီးလုပ်စရာမလိုတော့ခြင်း

အိမ်ထောင်ပြုတာကို အလောတကြီးလုပ်တာဟာ အစားအသောက်ကို မြန်မြန်ဆန်ဆန်စားလိုက်သလိုပါပဲ။ စားတဲ့အချိန်မှာတော့ အရသာရှိတယ်ဆိုပေမယ့်လည်း အစာမကြေချိန်မှာတော့ ဆိုးဆိုးရွားရွား ခံစားရပါပြီ။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါမှာလည်း ဖြစ်ကတတ်ဆန်း မြန်မြန်ဆန်ဆန်ဆောင်လို့မရပါဘူး။ နောက်မှနောင်တရတယ်မဖြစ်ရအောင် လိုအပ်တဲ့အချက်တွေကို အကုန်စဥ်းစားတတ်ဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source: rte

Zawgyi

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္ျပဳတာထက္ အသက္ႀကီးမွ အိမ္ေထာင္ေရးကို ဘာလို႔စဥ္းစားသင့္တာလဲ

ယေန႔ေခတ္မွာ လူငယ္အမ်ားစုဟာ ငယ္တုန္း႐ြယ္တုန္းကတည္းက အိမ္ေထာင္ျပဳေနၾကၿပီဆိုတာကို သတိထားမိၾကမွာပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ အသက္ ၃၀ နားကပ္ေနၿပီ သို႔မဟုတ္ ေက်ာ္ေနၿပီဆိုေပမယ့္လည္း အိမ္ေထာင္မျပဳေသး၊ ရည္းစားမထားၾကေသးလို႔ သူမ်ားေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံေနရပါတယ္။ ဒါေပမယ့္ ဒါေတြဟာ တကယ္တမ္း တန္ဖိုးရွိတဲ့ ေနာက္ကြယ္က အက်ိဳးအေၾကာင္းေတြကို ေသခ်ာမသိေသးတဲ့အတြက္ေၾကာင့္ပါ။

ဒါေၾကာင့္ အသက္ ၃၀ နားကပ္ေနၿပီ၊ ေက်ာ္ေနၿပီဆိုေပမယ့္လည္း အိမ္ေထာင္မျပဳျဖစ္ေသးလို႔ ဘာလို႔အဆင္ေျပေနေသးလဲဆိုတာကို အခုပဲေျပာျပေပးခ်င္ပါတယ္။

၁။ ေ႐ြးခ်ယ္မႈမွန္ကန္ျခင္း

အကုန္လုံးကို ၿခဳံငုံၿပီး ဆိုလိုတာမဟုတ္ေပမယ့္လည္း ၂၀ မတိုင္ခင္နဲ႔ အသက္ ၂၀ အေစာပိုင္းေတြမွာ အိမ္ေထာင္ျပဳၾကသူေတြဟာ ျပႆနာတစ္ခ်ိဳ႕တစ္ေလ ႀကဳံေတြ႕ရတတ္ပါတယ္။ အသက္ ၂၀ တစ္ေလွ်ာက္မွာ ႀကဳံေတြ႕လာခဲ့ရတဲ့ အေတြ႕အႀကဳံေတြ၊ သင္ယူခဲ့တာေတြေၾကာင့္ အိမ္ေထာင္ေရးနဲ႔ပတ္သက္လို႔ သို႔မဟုတ္ လက္တြဲေဖာ္ကို ေ႐ြးခ်ယ္တဲ့အခါမွာလည္း ေသခ်ာစဥ္းစားေတြးေခၚတတ္လာပါတယ္။

၂။ ကိုယ္လုပ္ခ်င္တာေတြလုပ္ဖို႔ အသက္ ၃၀ က အေကာင္းဆုံးအ႐ြယ္ပါ။

အသက္ ၂၀ အ႐ြယ္ဆိုတာဟာ ရွိသမွ် အေတြ႕အႀကဳံကို အကုန္သိမ္းႀကဳံးၿပီး ရွာေဖြေနရတာျဖစ္တာေၾကာင့္ ကိုယ့္အတြက္ ေနရာေကာင္းတစ္ခုကို မပိုင္ဆိုင္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ အသက္ ၃၀ နားကပ္လာတဲ့အခါမွာေတာ့ ဗဟုသုတ၊ လုပ္ငန္းအေတြ႕အႀကဳံ ေသခ်ာပိုင္ႏိုင္သြားၿပီျဖစ္တာေၾကာင့္ ကိုယ္လုပ္ခ်င္တဲ့လမ္းေၾကာင္းေပၚလည္း ေလွ်ာက္ႏိုင္ကာ ကိုယ္လုပ္ခ်င္တဲ့အရာေတြကိုလည္း လုပ္ေဆာင္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

၃။ အိမ္ေထာင္ေရးနဲ႔ပတ္သက္လို႔ အေလာတႀကီးလုပ္စရာမလိုေတာ့ျခင္း

အိမ္ေထာင္ျပဳတာကို အေလာတႀကီးလုပ္တာဟာ အစားအေသာက္ကို ျမန္ျမန္ဆန္ဆန္စားလိုက္သလိုပါပဲ။ စားတဲ့အခ်ိန္မွာေတာ့ အရသာရွိတယ္ဆိုေပမယ့္လည္း အစာမေၾကခ်ိန္မွာေတာ့ ဆိုးဆိုး႐ြား႐ြား ခံစားရပါၿပီ။ ဒါေၾကာင့္ အိမ္ေထာင္ျပဳတဲ့အခါမွာလည္း ျဖစ္ကတတ္ဆန္း ျမန္ျမန္ဆန္ဆန္ေဆာင္လို႔မရပါဘူး။ ေနာက္မွေနာင္တရတယ္မျဖစ္ရေအာင္ လိုအပ္တဲ့အခ်က္ေတြကို အကုန္စဥ္းစားတတ္ဖို႔ လိုအပ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source: rte

LEAVE A REPLY

Please enter your comment!
Please enter your name here