-Advertisement-
Home Family ငယ္စဥ္ကတည္းက လြဲမွားတဲ့ အုပ္ထိန္းမႈပုံစံေတြေၾကာင့္ ႀကီးျပင္းခဲ့တဲ့ ကေလးေတြ

ငယ္စဥ္ကတည္းက လြဲမွားတဲ့ အုပ္ထိန္းမႈပုံစံေတြေၾကာင့္ ႀကီးျပင္းခဲ့တဲ့ ကေလးေတြ

0
61

မိဘတိုင္းက ငယ္ရြယ္တဲ့အခ်ိန္မွာ ကိုယ့္သားသမီးကို အရမ္းလည္း ခ်စ္ၾကတယ္။ အရမ္းလဲ စိုးရိမ္လြန္ကဲတတ္ၾကပါတယ္။ မိမိရဲ႕ ကေလးအေပၚ အရမ္းခ်စ္ၿပီး အရမ္းစိုးရိပ္မႈလြန္ကဲတဲ့အခါ အုပ္ခ်ဳပ္မႈပုံစံေတြက တစ္ေျဖးေျဖး လြဲမွားမွန္းမသိလြဲမွားလာခဲ့ပါတယ္။

-Advertisement-

ခႏၶာကိုယ္ ႀကံ႕ခိုင္ဖို႔အတြက္


ငယ္တဲ့အခ်ိန္မွာ ကေလးတိုင္းက အေဆာ့မက္တဲ့သူေတြခ်ည္းပါပဲ။ ကေလးေတြက ဘယ္လိုေတြေဆာ့ခ်င္လဲဆိုေတာ့ သူတို႔က သူငယ္ခ်င္းေတြနဲ႔အတူတူ ေဘာလုံးကန္တာ၊ လိုက္တိုင္းေျပးတိုင္း ေဆာ့တာ စသျဖင့္ ေဆာ့နည္းေပါင္းစုံေဆာ့ၾကပါတယ္။ ဒါေပမဲ့ မ်ားေသာအားျဖင့္ မိဘေတြက အာလိုေပးမေဆာ့ခ်င္ၾကပါဘူး။ သူငယ္ခ်င္းေတြနဲ႔ေဆာ့တဲ့အခါ ကိုယ့္သားသမီးကို သူမ်ားအႏိုင္က်င့္မွာ၊ ေျပးလႊားၿပီးေဆာ့ေနေတာ့ ထိခိုက္ဒဏ္ရာရမွာ၊ ေနပူမိၿပီး ဖ်ားမွာ စျဖင့္ အဘက္ဘက္က အမ်ိဳးမ်ိဳးေတြးၿပီး စိတ္ပူၾကပါတယ္။ ဒါ့ေၾကာင့္ ေဆာ့ခ်င္ရင္လဲ ၿငိမ္ၿငိမ္စိန္စိန္ေဆာ့၊ အိမ္ထဲမွာပဲ ကစား စသျဖင့္ အမ်ိဳးမ်ိဳး ကိုယ့္သားသမီးကို ထိန္းခ်ဳပ္ၾကတယ္။ ၈ႏွစ္ ၉ႏွစ္ ဆယ္ေက်ာ္သက္အရြယ္က ခႏၶာကိုယ္ဖြံ႕ၿဖိဳးဖို႔ အခြင့္အလမ္းေတြအမ်ားႀကီးရွိပါတယ္။ သူတို႔အတြက္ သီးသန္႔ေလ့က်င့္ခန္းဆိုတာလည္း လုပ္ေပးႏိုင္ၾကတာမဟုတ္ပါဘူး။ ဒီလိုအရြယ္မွာ ေဘာလုံးကန္တာ၊ ေျပးလႊာခုန္ေပါက္ ေဆာ့ကစားေနတာ သူခႏၶာကိုယ္ဖြံ႕ၿဖိဳးဖို႔အတြက္ ေလ့က်င့္နည္းတစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့ မိဘေတြအေနနဲ႔က ကိုယ့္သားသမီးကို အိမ္ထဲမွာ အ႐ုပ္ေလးေတြနဲ႔ ၿငိမ္ၿငိမ္းေလးသာ ေဆာ့ခိုင္းေနရင္ ကိုယ့္သားသမီးရဲ႕ ခႏၶာကိုယ္ဟာလည္း ဖြံ႕ၿဖိဳးမႈ၊ ႀကံ႕ခိုင္မႈသိပ့္မရွိေတာ့ပါဘူး။ ႀကီးလာတဲ့အခါ သူမ်ားသားသမီးေတြနဲ႔ ယွဥ္ရင္ ကိုယ့္သားသမီးက ငယ္ငယ္ေလးကတည္းက ေလ့က်င့္မႈမရွိတဲ့အခါ လူေကာင္ကညႇပ္စိ၊ ထစ္ခနဲ႔ ထိခိုက္ဒဏ္ရာရတာနဲ႔ အ႐ိုးက်ိဳးသြားတာမ်ိဳး၊ အဆစ္လႊဲသြားတာမ်ိဳး၊ ပင္ပင္ပန္းပန္းေလး လႈပ္ရွားမိတာနဲ႔ ဖ်ားနာတာမ်ိဳးစတဲ့ ခႏၶာကိုယ္ႀကံ႕ခိုင္မႈေတြ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးကို အလြန္အကၽြံမျဖစ္ေအာင္သာ ေဘးကေန ၾကည့္႐ႈ႕ေစာင့္ေရွာက္ဖို႔ပဲ လိုအပ္ပါတယ္။

လူမႈေရးအသိုင္းအဝိုင္း


မိဘေတြရဲ႕ေလာင္းရိပ္ေအာက္မွာပဲ အၿမဲႀကီးျပင္းလာၿပီး ျပင္ပေလာကနဲ႔အဆက္အသြယ္ သိပ့္မရွိတဲ့သူဟာ အရြယ္ေရာက္တဲ့အခါ လူၾကားမတိုးေတာ့ပါဘူး။ ဒါမွမဟုတ္ လူၾကားအတိုးလြန္သြားတတ္ပါတယ္။ ငယ္စဥ္က မိဘရဲ႕ ထားရာေန ေစရာသြားအမိန္႔ေအာက္မွာေနလာေတာ့လူၾကားထဲမွာ ေနထိုင္ရမွာ ေၾကာက္လာမိပါတယ္။ လူၾကားထဲမွာ မလုပ္ရဲမကိုင္ရဲနဲ႔ ကိုယ့္ကိုကိုယ္လဲ ယုံၾကည့္မႈမရွိေတာ့ပါဘူး။ လူမႈေရး၊ အေပါင္းအသင္း ဆက္ဆံေရး ညံ့ဖ်င္းၿပီး အသိုင္းအဝိုင္းရဲ႕ အျပင္ဘက္မွာခြဲထြက္ၿပီး သီးသန္႔ေနထိုင္တတ္ၾကပါတယ္။ ဒါမွမဟုတ္ လူၾကားထဲ အတိုးလြန္သြားတယ္ဆိုတာ မိဘရဲ႕ ေလာင္းရိပ္ေအာက္က လြတ္ထြက္သြားတဲ့အခါ အရင္က မလုပ္ဖူး၊ မကိုင္ဖူး သမွ်ကို အတိုးခ်ၿပီး ျပဳလုပ္သြားတတ္ပါတယ္။ ေကာင္းတာ ဆိုးတာလဲ မသိေတာ့ဘူး အရာအားလုံး ကိုယ့္စိတ္တိုင္းက် လုပ္ခ်င္တာ လုပ္ၿပီး ဘယ္သူမွလည္း ဂ႐ုမစိုက္ခပ္မိုက္မိုက္စာရင္းဝင္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ငယ္စဥ္ကတည္းက ကေလးကို ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြမႈရွိေအာင္ သင့္အေနနဲ႔ အတင္းအက်ပ္ မထိန္းခ်ဳပ္သင့္ဘဲ လမ္းမွားဘက္ကို လုံးဝမေရာက္သြားေအာင္သာ နည္းေပးလမ္းျပဖို႔ပဲ လိုအပ္ပါလိမ့္မယ္။

လုပ္ငန္းအေတြ႕အႀကံဳအေျခခံ


ငယ္စဥ္က သင္ခဲ့ဖူးတဲ့ ကုေဋ ရွစ္ဆယ္ သူေဌးသားအေၾကာင္းလူတိုင္းသိၿပီးမွာေပါ့။ မိဘက ခ်မ္းသာေတာ့ ကိုယ့္ရဲ႕ သားသမီးကို ဘာကိုမွ မခိုင္းရဲ႕ဘူး။ ဒါ့ေၾကာင့္ မိဘေတြမရွိတဲ့အခ်ိန္မွာေတာ့ ဘာမွမလုပ္တတ္မကိုင္တတ္နဲ႔ သူမ်ားလိမ္တာ ခံၿပီး ဘဝပ်က္သြားခဲ့တယ္။ ဒီလိုပါပဲ အေတြ႕အႀကံဳဆိုတာ လူ႔ရဲ႕ အသက္နဲ႔မဆိုင္ပါဘူး သူတို႔ျဖတ္သန္းခဲ့တဲ့ ဘဝနဲ႔ပဲ ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ မိမိက ငယ္စဥ္ကတည္းက ကိုယ့္သားသမီးကို အရာအားလုံး လုပ္တတ္ကိုင္တတ္ဖို႔ နည္းေပးလမ္းျပရမွာျဖစ္ပါတယ္။ ကိုယ့္သားသမီး ပင္ပန္းမွာ ဒါ့မွမဟုတ္ ေငြေရးေၾကးေရးမွားယြင္းသြားမွာေၾကာက္တဲ့အခါ စတဲ့ အယူအဆအလြဲေတြေၾကာင့္ ကိုယ့္သားသမီးက ႀကီးလာတဲ့လို႔ လုပ္ငန္းခြင္ဝင္တဲ့အခါ သူမ်ားထက္ ပိုၿပီး ေျခတစ္လွမ္းေနာက္က်ေနပါလိမ့္မယ္။ သူ႔အတြက္ အရာအားလုံးက အသစ္တစ္ခုလို သင္ယူေနရၿပီး အရာရာက သူ႔အတြက္ ခက္ခဲ
ေနပါလိမ့္မယ္။

ကိုယ္ပိုင္ဆုံးျဖတ္ခ်က္


ငယ္စဥ္ကတည္းက လူမ်ားစိတ္နဲ႔ ကိုယ့္ကိုယ္ ေနလာတဲ့အခါ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ဆိုတာလည္း မရွိေတာ့ပါဘူး။ ငယ္စဥ္ကတည္းက ကိုယ္က ဟိုဟာလုပ္ခ်င္ေပမဲ့ မိဘေတြက ဒါမွဒါဆို ဒါလိုက္ရတဲ့အတြက္ အရြယ္ေရာက္လာတဲ့အခါမွာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္လည္းမရွိဘူး။ ကိုယ့္ရဲ႕ ရည္ရြယ္ခ်က္ ပန္တိုင္းဆိုတာလည္း မရွိေတာ့ပါဘူး။ ငယ္စဥ္ကတည္းက ကိုယ္မွာ လုပ္ပိုင္ခြင့္၊ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ဘာမွမရွိတဲ့အခါ အရြယ္ေရာက္လာလွ်င္လည္း ကိုယ့္မွာလုပ္ပိုင္ခြင့္၊ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ရွိေပမဲ့ သူမ်ားေတြရဲ႕ ထားရာေန ေစရာသြားဘဝမွာသာ ေက်နပ္ေနတတ္ပါတယ္။ ကိုယ့္မွာ သူမ်ားေတြထက္ေကာင္းတဲ့ အႀကံဉာဏ္ေကာင္းေတြ ရွိေနေပမဲ့ မျပဳလုပ္ရဲဘူး၊ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈသိပ့္မရွိေတာ့ဘူး စတဲ့ အက်င့္စ႐ိုက္ကအၿမဲစိုးမိုးေနၿပီး သူမ်ားဦးေဆာင္ရာေနာက္က လိုက္တတ္တဲ့ ေနာက္လိုက္သာျဖစ္ေနပါလိမ့္မယ္။ ဒါ့ေၾကာင့္ ငယ္လည္းငယ္တဲ့အေလွ်ာက္သူတို႔နဲ႔ သင့္ေတာ္မဲ့ ကိုယ့္ပိုင္လုပ္ပိုင္ခြင့္၊ ကိုယ္ပိုင္ဆုံးျဖတ္ခ် ခ်တတ္ဖို႔ မိဘေတြအေနနဲ႔ သင္ျပေပးဖို႔လိုအပ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ကိုယ္ဝန္ကို Ultrasound မ႐ိုက္ပဲနဲ႔ ေယာက်္ားေလးလား မိန္းကေလးလား ဆိုတာ ဘယ္လို သိႏိုင္မလဲ


Unicode

ငယ်စဉ်ကတည်းက လွဲမှားတဲ့ အုပ်ထိန်းမှုပုံစံတွေကြောင့် ကြီးပြင်းခဲ့တဲ့ ကလေးတွေ
မိဘတိုင်းက ငယ်ရွယ်တဲ့အချိန်မှာ ကိုယ့်သားသမီးကို အရမ်းလည်း ချစ်ကြတယ်။ အရမ်းလဲ စိုးရိမ်လွန်ကဲတတ်ကြပါတယ်။ မိမိရဲ့ ကလေးအပေါ် အရမ်းချစ်ပြီး အရမ်းစိုးရိပ်မှုလွန်ကဲတဲ့အခါ အုပ်ချုပ်မှုပုံစံတွေက တစ်ဖြေးဖြေးလွဲမှားမှန်းမသိလွဲမှားလာခဲ့ပါတယ်။

ခန္ဓာကိုယ် ကြံ့ခိုင်ဖို့အတွက်
ငယ်တဲ့အချိန်မှာ ကလေးတိုင်းက အဆော့မက်တဲ့သူတွေချည်းပါပဲ။ ကလေးတွေက ဘယ်လိုတွေဆော့ချင်လဲဆိုတော့ သူတို့က သူငယ်ချင်းတွေနဲ့အတူတူ ဘောလုံးကန်တာ၊ လိုက်တိုင်းပြေးတိုင်း ဆော့တာ စသဖြင့် ဆော့နည်းပေါင်းစုံဆော့ကြပါတယ်။ ဒါပေမဲ့ များသောအားဖြင့် မိဘတွေက အာလိုပေးမဆော့ချင်ကြပါဘူး။ သူငယ်ချင်းတွေနဲ့ဆော့တဲ့အခါ ကိုယ့်သားသမီးကို သူများအနိုင်ကျင့်မှာ၊ ပြေးလွှားပြီးဆော့နေတော့ ထိခိုက်ဒဏ်ရာရမှာ၊ နေပူမိပြီး ဖျားမှာ စဖြင့် အဘက်ဘက်က အမျိုးမျိုးတွေးပြီး စိတ်ပူကြပါတယ်။ ဒါ့ကြောင့် ဆော့ချင်ရင်လဲ ငြိမ်ငြိမ်စိန်စိန်ဆော့၊ အိမ်ထဲမှာပဲ ကစား စသဖြင့် အမျိုးမျိုး ကိုယ့်သားသမီးကို ထိန်းချုပ်ကြတယ်။ ၈နှစ် ၉နှစ် ဆယ်ကျော်သက်အရွယ်က ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ သူတို့အတွက် သီးသန့်လေ့ကျင့်ခန်းဆိုတာလည်း လုပ်ပေးနိုင်ကြတာမဟုတ်ပါဘူး။ ဒီလိုအရွယ်မှာ ဘောလုံးကန်တာ၊ ပြေးလွှာခုန်ပေါက် ဆော့ကစားနေတာ သူခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့က ကိုယ့်သားသမီးကို အိမ်ထဲမှာ အရုပ်လေးတွေနဲ့ ငြိမ်ငြိမ်းလေးသာ ဆော့ခိုင်းနေရင် ကိုယ့်သားသမီးရဲ့ ခန္ဓာကိုယ်ဟာလည်း ဖွံ့ဖြိုးမှု၊ ကြံ့ခိုင်မှုသိပ့်မရှိတော့ပါဘူး။ ကြီးလာတဲ့အခါ သူများသားသမီးတွေနဲ့ ယှဉ်ရင် ကိုယ့်သားသမီးက ငယ်ငယ်လေးကတည်းက လေ့ကျင့်မှုမရှိတဲ့အခါ လူကောင်ကညှပ်စိ၊ ထစ်ခနဲ့ ထိခိုက်ဒဏ်ရာရတာနဲ့ အရိုးကျိုးသွားတာမျိုး၊ အဆစ်လွှဲသွားတာမျိုး၊ ပင်ပင်ပန်းပန်းလေး လှုပ်ရှားမိတာနဲ့ ဖျားနာတာမျိုးစတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ မရှိတော့ပါဘူး။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို အလွန်အကျွံမဖြစ်အောင်သာ ဘေးကနေ ကြည့်ရှု့စောင့်ရှောက်ဖို့ပဲ လိုအပ်ပါတယ်။

လူမှုရေးအသိုင်းအဝိုင်း
မိဘတွေရဲ့လောင်းရိပ်အောက်မှာပဲ အမြဲကြီးပြင်းလာပြီး ပြင်ပလောကနဲ့အဆက်အသွယ် သိပ့်မရှိတဲ့သူဟာ အရွယ်ရောက်တဲ့အခါ လူကြားမတိုးတော့ပါဘူး။ ဒါမှမဟုတ် လူကြားအတိုးလွန်သွားတတ်ပါတယ်။ ငယ်စဉ်က မိဘရဲ့ ထားရာနေ စေရာသွားအမိန့်အောက်မှာနေလာတော့လူကြားထဲမှာ နေထိုင်ရမှာ ကြောက်လာမိပါတယ်။ လူကြားထဲမှာ မလုပ်ရဲမကိုင်ရဲနဲ့ ကိုယ့်ကိုကိုယ်လဲ ယုံကြည့်မှုမရှိတော့ပါဘူး။ လူမှုရေး၊ အပေါင်းအသင်း ဆက်ဆံရေး ညံ့ဖျင်းပြီး အသိုင်းအဝိုင်းရဲ့ အပြင်ဘက်မှာခွဲထွက်ပြီး သီးသန့်နေထိုင်တတ်ကြပါတယ်။ ဒါမှမဟုတ် လူကြားထဲ အတိုးလွန်သွားတယ်ဆိုတာ မိဘရဲ့ လောင်းရိပ်အောက်က လွတ်ထွက်သွားတဲ့အခါ အရင်က မလုပ်ဖူး၊ မကိုင်ဖူး သမျှကို အတိုးချပြီး ပြုလုပ်သွားတတ်ပါတယ်။ ကောင်းတာ ဆိုးတာလဲ မသိတော့ဘူး အရာအားလုံး ကိုယ့်စိတ်တိုင်းကျ လုပ်ချင်တာ လုပ်ပြီး ဘယ်သူမှလည်း ဂရုမစိုက်ခပ်မိုက်မိုက်စာရင်းဝင်သွားတတ်ပါတယ်။ ဒါ့ကြောင့် ငယ်စဉ်ကတည်းက ကလေးကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင် သင့်အနေနဲ့ အတင်းအကျပ် မထိန်းချုပ်သင့်ဘဲ လမ်းမှားဘက်ကို လုံးဝမရောက်သွားအောင်သာ နည်းပေးလမ်းပြဖို့ပဲ လိုအပ်ပါလိမ့်မယ်။

လုပ်ငန်းအတွေ့အကြုံအခြေခံ
ငယ်စဉ်က သင်ခဲ့ဖူးတဲ့ ကုဋေ ရှစ်ဆယ် သူဌေးသားအကြောင်းလူတိုင်းသိပြီးမှာပေါ့။ မိဘက ချမ်းသာတော့ ကိုယ့်ရဲ့ သားသမီးကို ဘာကိုမှ မခိုင်းရဲ့ဘူး။ ဒါ့ကြောင့် မိဘတွေမရှိတဲ့အချိန်မှာတော့ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ သူများလိမ်တာ ခံပြီး ဘဝပျက်သွားခဲ့တယ်။ ဒီလိုပါပဲ အတွေ့အကြံုဆိုတာ လူ့ရဲ့ အသက်နဲ့မဆိုင်ပါဘူး သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ပဲ ဆိုင်ပါတယ်။ ဒါ့ကြောင့် မိမိက ငယ်စဉ်ကတည်းက ကိုယ့်သားသမီးကို အရာအားလုံး လုပ်တတ်ကိုင်တတ်ဖို့ နည်းပေးလမ်းပြရမှာဖြစ်ပါတယ်။ ကိုယ့်သားသမီး ပင်ပန်းမှာ ဒါ့မှမဟုတ် ငွေရေးကြေးရေးမှားယွင်းသွားမှာကြောက်တဲ့အခါ စတဲ့ အယူအဆအလွဲတွေကြောင့် ကိုယ့်သားသမီးက ကြီးလာတဲ့လို့ လုပ်ငန်းခွင်ဝင်တဲ့အခါ သူများထက် ပိုပြီး ခြေတစ်လှမ်းနောက်ကျနေပါလိမ့်မယ်။ သူ့အတွက် အရာအားလုံးက အသစ်တစ်ခုလို သင်ယူနေရပြီး အရာရာက သူ့အတွက် ခက်ခဲ
နေပါလိမ့်မယ်။

ကိုယ်ပိုင်ဆုံးဖြတ်ချက်
ငယ်စဉ်ကတည်းက လူများစိတ်နဲ့ ကိုယ့်ကိုယ် နေလာတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာလည်း မရှိတော့ပါဘူး။ ငယ်စဉ်ကတည်းက ကိုယ်က ဟိုဟာလုပ်ချင်ပေမဲ့ မိဘတွေက ဒါမှဒါဆို ဒါလိုက်ရတဲ့အတွက် အရွယ်ရောက်လာတဲ့အခါမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်းမရှိဘူး။ ကိုယ့်ရဲ့ ရည်ရွယ်ချက် ပန်တိုင်းဆိုတာလည်း မရှိတော့ပါဘူး။ ငယ်စဉ်ကတည်းက ကိုယ်မှာ လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဘာမှမရှိတဲ့အခါ အရွယ်ရောက်လာလျှင်လည်း ကိုယ့်မှာလုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပေမဲ့ သူများတွေရဲ့ ထားရာနေ စေရာသွားဘဝမှာသာ ကျေနပ်နေတတ်ပါတယ်။ ကိုယ့်မှာ သူများတွေထက်ကောင်းတဲ့ အကြံဉာဏ်ကောင်းတွေ ရှိနေပေမဲ့ မပြုလုပ်ရဲဘူး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုသိပ့်မရှိတော့ဘူး စတဲ့ အကျင့်စရိုက်ကအမြဲစိုးမိုးနေပြီး သူများဦးဆောင်ရာနောက်က လိုက်တတ်တဲ့ နောက်လိုက်သာဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် ငယ်လည်းငယ်တဲ့အလျှောက်သူတို့နဲ့ သင့်တော်မဲ့ ကိုယ့်ပိုင်လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချ ချတတ်ဖို့ မိဘတွေအနေနဲ့ သင်ပြပေးဖို့လိုအပ်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here