Home Celebrity ဂျပန်နိုင်ငံက မျက်နှာအသေးဆုံးနဲ့ ချစ်စရာအကောင်းဆုံး အဆိုတော်မလေး Saito Asuka

ဂျပန်နိုင်ငံက မျက်နှာအသေးဆုံးနဲ့ ချစ်စရာအကောင်းဆုံး အဆိုတော်မလေး Saito Asuka

0
681
မျက်နှာအသေးဆုံး အဆိုတော်မလေး Saito Asuka
မျက်နှာအသေးဆုံး အဆိုတော်မလေး Saito Asuka

အာရှနိုင်ငံတွေထဲမှာမှ အထူးသဖြင့် ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံဟာ မျက်နှာအရွယ်အစားကို ကြည့်ပြီး လှပမှုရှိ မရှိ ဆုံးဖြတ်တတ်ကြပါတယ်။ မျက်နှာသေးငယ်ပြီး လှပမှုရှိနေရင် ဒီလူဟာ လှပတဲ့ အဆင်းအင်္ဂါရပ်နဲ့ ညီတယ်လို့ ဆိုကြပါတယ်။

အခုဖော်ပြပေးမဲ့သူကတော့ ဂျပန်နိုင်ငံက အသက် ၂၀အရွယ် မျက်နှာအသေးဆုံး ဂျပန်အဆိုတော်အမျိုးသမီးတစ်ဦးအကြောင်းဖြစ်ပြီး သူမဟာ မျက်နှာသေးသလို ချစ်စရာလည်း ကောင်းလွန်းတာကြောင့် လူကြိုက်များ ထင်ရှားလာခဲ့ပါတယ်။

သူမရဲ့ မျက်နှာအရွယ်အစားဟာ အရှည် ၇လက်မသာရှိပြီး ဂျပန်နိုင်ငံမှာတော့ မျက်နှာအသေးဆုံး အဆိုတော်မလေးလို့ ခေါ်ဝေါ်ကြပါတယ်။ သူမရဲ့ နာမည်ကတော့ Saito Asuka ဖြစ်ပြီး ၁၉၉၈ခုနှစ် သြဂုတ်လ ၁၀ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

လက်ရှိ Nogizaka46 လို့ ခေါ်တဲ့ Japanese idol group ရဲ့ အဖွဲ့ဝင်အဆိုတော်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့က ရုပ်မြင်သံကြားအစီစဉ်တစ်ခုမှာ သူမရဲ့ အကြောင်းကို တင်ဆက်ပေးခဲ့ပါတယ်။

ဒီအစီအစဉ်မှာတော့ Saito Asuka ရဲ့ မျက်နှာအရွယ်အစားက ဘယ်လောက်သေးလဲ မသေးလဲဆိုတာ သာမန်အရွယ်အစား Mask တစ်ခုကို တပ်ဆင်ခိုင်းပြီး သက်သေပြခဲ့ပါတယ်။

ဒီ Mask ကို တပ်လိုက်တဲ့အချိန်မှာတော့ သူမရဲ့ မျက်စေ့တစ်ဝက်သာပေါ်တော့ပါတယ်။ အဲ့ဒီနောက် သေချာ စနစ်တကျတပ်ဆင်ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

Saito Asuka ရဲ့ ဦးခေါင်းအရွယ်အစားဟာ ၁၉.၇ သာရှိပြီး သူမရဲ့ အဖွဲ့ဝင်မိန်းကလေးတွေနဲ့ ယှဉ်ကြည့်ရရင် Asuka ရဲ့ ခေါင်းအရွယ်အစားဟာ အရမ်းကို သေးငယ်လွန်းပါတယ်။

သူမရဲ့ မျက်နှာအရွယ်အစား သေးလား မသေးလား သိချင်ရင် Earmuff တပ်ဆင်ထားတဲ့ သူမရဲ့ ပုံကိုသာ ကြည့်လိုက်ပါ။

#Lifestyle_Myanmar

#Thar_Nage

သားနှစ်ယောက်နဲ့ အပြိုင်နုပျိုလှပနေတဲ့ အင်ဒိုမေမေရဲ့ အရွယ်တင်ခြင်းဆိုင်ရာ လှို့ဝှက်ချက်

Zawgyi fonts

ဂ်ပန္နိုင္ငံက မ်က္ႏွာအေသးဆုံးနဲ႔ ခ်စ္စရာအေကာင္းဆုံး အဆိုေတာ္မေလး Saito Asuka
အာရွနိုင္ငံေတြထဲမွာမွ အထူးသျဖင့္ ကိုရီးယားနဲ႔ ဂ်ပန္ ႏွစ္နိုင္ငံဟာ မ်က္ႏွာအရြယ္အစားကို ၾကည့္ၿပီး လွပမွုရွိ မရွိ ဆုံးျဖတ္တတ္ၾကပါတယ္။ မ်က္ႏွာေသးငယ္ၿပီး လွပမွုရွိေနရင္ ဒီလူဟာ လွပတဲ့ အဆင္းအဂၤါရပ္နဲ႔ ညီတယ္လို႔ ဆိုၾကပါတယ္။ အခုေဖာ္ျပေပးမဲ့သူကေတာ့ ဂ်ပန္နိုင္ငံက အသက္ ၂၀အရြယ္ မ်က္ႏွာအေသးဆုံး ဂ်ပန္အဆိုေတာ္အမ်ိဳးသမီးတစ္ဦးအေၾကာင္းျဖစ္ၿပီး သူမဟာ မ်က္ႏွာေသးသလို ခ်စ္စရာလည္း ေကာင္းလြန္းတာေၾကာင့္ လူႀကိဳက္မ်ား ထင္ရွားလာခဲ့ပါတယ္။

သူမရဲ့ မ်က္ႏွာအရြယ္အစားဟာ အရွည္ ၇လက္မသာရွိၿပီး ဂ်ပန္နိုင္ငံမွာေတာ့ မ်က္ႏွာအေသးဆုံး အဆိုေတာ္မေလးလို႔ ေခၚေဝၚၾကပါတယ္။ သူမရဲ့ နာမည္ကေတာ့ Saito Asuka ျဖစ္ၿပီး ၁၉၉၈ခုႏွစ္ ၾသဂုတ္လ ၁၀ရက္ေန႔မွာ ေမြးဖြားခဲ့တာပါ။ လက္ရွိ Nogizaka46 လို႔ ေခၚတဲ့ Japanese idol group ရဲ့ အဖြဲ႕ဝင္အဆိုေတာ္တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလ ၂၇ရက္ေန႔က ႐ုပ္ျမင္သံၾကားအစီစဥ္တစ္ခုမွာ သူမရဲ့ အေၾကာင္းကို တင္ဆက္ေပးခဲ့ပါတယ္။

ဒီအစီအစဥ္မွာေတာ့ Saito Asuka ရဲ့ မ်က္ႏွာအရြယ္အစားက ဘယ္ေလာက္ေသးလဲ မေသးလဲဆိုတာ သာမန္အရြယ္အစား Mask တစ္ခုကို တပ္ဆင္ခိုင္းၿပီး သက္ေသျပခဲ့ပါတယ္။ ဒီ Mask ကို တပ္လိုက္တဲ့အခ်ိန္မွာေတာ့ သူမရဲ့ မ်က္ေစ့တစ္ဝက္သာေပၚေတာ့ပါတယ္။ အဲ့ဒီေနာက္ ေသခ်ာ စနစ္တက်တပ္ဆင္ၾကည့္လိုက္တဲ့အခါ သူမရဲ့ မ်က္ႏွာတစ္ခုလုံးကို ဖုံးလႊမ္းသြားခဲ့ပါတယ္။

Saito Asuka ရဲ့ ဦးေခါင္းအရြယ္အစားဟာ ၁၉.၇ သာရွိၿပီး သူမရဲ့ အဖြဲ႕ဝင္မိန္းကေလးေတြနဲ႔ ယွဥ္ၾကည့္ရရင္ Asuka ရဲ့ ေခါင္းအရြယ္အစားဟာ အရမ္းကို ေသးငယ္လြန္းပါတယ္။ သူမရဲ့ မ်က္ႏွာအရြယ္အစား ေသးလား မေသးလား သိခ်င္ရင္ Earmuff တပ္ဆင္ထားတဲ့ သူမရဲ့ ပုံကိုသာ ၾကည့္လိုက္ပါ။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here