ဂ်ပိန္ဘဝကေန ေပါင္ ၇သိန္းခြဲနဲ႔ ကမ္းလွမ္းခံရေလာက္ေအာင္ ခႏၶာကိုယ္ေျပာင္လဲလိုက္တဲ့ အမ်ိဳးသား

0
205
Zac Aynsley
Zac Aynsley

Zac Aynsley ဆိုတဲ့ အသက္ ၂၁ႏွစ္အရြယ္ အမ်ိဳးသားဟာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ သူ႔ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကိုေျပာင္းလဲပစ္ႏိုင္ခဲ့ပါတယ္။ သူဟာ ေက်ာင္းသားဘဝတုန္းက အတန္းေဖာ္ေတြရဲ႕ ေလွာင္ေျပာင္ေနတဲ့ စကားသံေတြကို မခံႏိုင္လို႔ အခုလို႔ သူ႔ရဲ႕ခႏၶာကိုယ္ကို ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။

အခုဆိုရင္ သူ႔ကို ေဟာလိဝုဒ္ၾကယ္ပြင့္ေတြနဲ႔အတူ ႐ုပ္ရွင္႐ိုက္ဖို႔ေတာင္ ေပါင္ ၇သိန္းခြဲေပးၿပီး ကမ္းလွမ္းခံထားရသူတစ္ဦးျဖစ္ေနပါၿပီ။ Zac ဟာ လြန္ခဲ့တဲ့ ၉ႏွစ္ေလာက္က ပိန္ကပ္ေနတဲ့ သူ႔ရဲ႕ ခႏၶာကိုယ္ေၾကာင့္ လူေတြရဲ႕ ေလွာင္ေျပာင္မႈေတြ၊ အႏိုင္က်င့္မႈေတြ၊ တိုက္ခိုက္မႈေတြကို မ်ားစြာ ခံခဲ့ရၿပီး အၿမဲလိုလို စိုးရိမ္စိတ္နဲ႔ အားငယ္စိတ္ကသာလႊမ္းမိုးခဲ့ပါတယ္လို႔ဆိုပါတယ္။

အခုဆိုရင္ အခ်ိဳးအစားက်က်နဲ႔ လွပေတာင့္တင္းတဲ့ သူ႔ရဲ႕ ခႏၶာကိုယ္ေၾကာင့္ ကမာၻတစ္ဝွမ္းမွာ သူ႔ကို အားေပးေနတဲ့ ပရိသတ္ေတြ အမ်ားအျပားရွိေနၿပီး instagram ေပၚမွာလည္း follower တစ္သန္းမကေအာင္ျမင္မႈရေနတဲ့ ေမာ္ဒယ္တစ္ဦးျဖစ္ေနပါၿပီ။ သူကို ခ်စ္စႏႈိးနဲ႔ Mr Biceps လို႔ ေခၚၾကၿပီး Fitness နဲ႔ ပတ္သတ္တဲ့ ထုတ္ကုန္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ သူ႔ပုံကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အရင္တုန္းက သူ႔ဘဝက တစ္ေန႔လုံးလိုလို စိုးရိမ္ပူပန္မႈေတြနဲ႔၊ အေၾကာက္တရားေတြသာ ျပည့္ႏွက္ေနၿပီး ဘယ္သူမွလည္း စကားေျပာဆိုေလ့မရွိဘဲ တစ္ေနကုန္ ေခါင္းငိုက္ဆိုက္ေနေနခဲ့ရဖူးပါတယ္။ ဒါေပမဲ့ လူေတြရဲ႕ဒီအေျပာေတြေၾကာင့္ ရွက္ေၾကာက္နာက်ည္းစိတ္ေတြျဖစ္ေပၚေပမဲ့ အခုခ်ိန္မွာေတာ့ ဒီေဝဖန္ ေျပာဆိုမႈေတြက ကၽြန္ေတာ့္ရဲ႕ ဘဝကို တစ္ဆစ္ခ်ိဳးေျပာင္းလဲသြားတာေၾကာင့္ ေက်းဇူးတင္ရမလိုျဖစ္ေနပါတယ္ လို႔ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

လွ်ံလွ်ံေတာက္ေအာင္ျမင္ရာကေန လမ္းေဘးဘဝေရာက္ခဲ့ရတဲ့ မဂၢဇင္းကာဗာေမာ္ဒယ္

Unicode

ဂျပိန်ဘဝကနေ ပေါင် ရသိန်းခွဲနဲ့ ကမ်းလှမ်းခံရလောက်အောင် ခန္ဓာကိုယ်ပြောင်လဲလိုက်တဲ့ အမျိုးသား
Zac Aynsley ဆိုတဲ့ အသက် ၂၁နှစ်အရွယ် အမျိုးသားဟာ မယုံနိုင်စရာကောင်းလောက်အောင် သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ သူဟာ ကျောင်းသားဘဝတုန်းက အတန်းဖော်တွေရဲ့ လှောင်ပြောင်နေတဲ့ စကားသံတွေကို မခံနိုင်လို့ အခုလို့ သူ့ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

အခုဆိုရင် သူ့ကို ဟောလိဝုဒ်ကြယ်ပွင့်တွေနဲ့အတူ ရုပ်ရှင်ရိုက်ဖို့တောင် ပေါင် ရသိန်းခွဲပေးပြီး ကမ်းလှမ်းခံထားရသူတစ်ဦးဖြစ်နေပါပြီ။ Zac ဟာ လွန်ခဲ့တဲ့ ၉နှစ်လောက်က ပိန်ကပ်နေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြောင့် လူတွေရဲ့ လှောင်ပြောင်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ တိုက်ခိုက်မှုတွေကို များစွာ ခံခဲ့ရပြီး အမြဲလိုလို စိုးရိမ်စိတ်နဲ့ အားငယ်စိတ်ကသာလွှမ်းမိုးခဲ့ပါတယ်လို့ဆိုပါတယ်။

အခုဆိုရင် အချိုးအစားကျကျနဲ့ လှပတောင့်တင်းတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေ အများအပြားရှိနေပြီး instagram ပေါ်မှာလည်း follower တစ်သန်းမကအောင်မြင်မှုရနေတဲ့ မော်ဒယ်တစ်ဦးဖြစ်နေပါပြီ။ သူကို ချစ်စနှိုးနဲ့ Mr Biceps လို့ ခေါ်ကြပြီး Fitness နဲ့ ပတ်သတ်တဲ့ ထုတ်ကုန်တော်တော်များများမှာတော့ သူ့ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

အရင်တုန်းက သူ့ဘဝက တစ်နေ့လုံးလိုလို စိုးရိမ်ပူပန်မှုတွေနဲ့၊ အကြောက်တရားတွေသာ ပြည့်နှက်နေပြီး ဘယ်သူမှလည်း စကားပြောဆိုလေ့မရှိဘဲ တစ်နေကုန် ခေါင်းငိုက်ဆိုက်နေနေခဲ့ရဖူးပါတယ်။ ဒါပေမဲ့ လူတွေရဲ့ဒီအပြောတွေကြောင့် ရှက်ကြောက်နာကျည်းစိတ်တွေဖြစ်ပေါ်ပေမဲ့ အခုချိန်မှာတော့ ဒီဝေဖန် ပြောဆိုမှုတွေက ကျွန်တော့်ရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားတာကြောင့် ကျေးဇူးတင်ရမလိုဖြစ်နေပါတယ် လို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here