မိန္းကေလးတစ္ေယာက္ရဲ႕ စြဲေဆာင္မႈမွာ တင္ကလဲ အဓိကက်ပါတယ္။ ဓာတုေဆးဝါးေနနဲ႔ ပုံေဆာင္တာက သင့္အတြက္ ေဘးထြက္ဆိုးက်ိဳးေတြရွိပါတယ္။ ဒါ့ေၾကာင့္ သဘာဝနည္းလမ္းေလးနဲ႔ မိမိရဲ႕ အလွကိုပုံေဖာ္ႏိုင္မဲ့ နည္းလမ္းေလးအခ်ိဳ႕ မွ်ေဝေပးလိုက္ပါတယ္။ ေလ့က်င့္ခန္း ၁၀မ်ိဳးကို တစ္မ်ိဳးကို ၁ရက္ႏႈန္းနဲ႔ ေလ့က်င့္ေပးရမွာျဖစ္ၿပီး ေလ့က်င့္ခန္း တစ္ခုကို အႀကိမ္ေရ ၁၀၀ အထိျပဳလုပ္ေပးရမွာျဖစ္ပါတယ္။ ေလ့က်င့္ခန္း ၁၀မ်ိဳးလုံးျပည့္သြားတဲ့အခါ အစကေန ျပန္စၿပီးျပဳလုပ္ေပးပါ။
၁။ အေျခခံကီထိုင္ျခင္း
ဒီနည္းက သင့္အတြက္ ႐ိုးရွင္းတဲ့နည္းလမ္းေလးပဲျဖစ္ပါတယ္။ ပခုံးအက်ယ္ထက္အနည္းငယ္ပိုၿပီး သင့္ေျခေထာက္ကိုခ်ဲထားေပးပါ။ ၿပီးလွ်င္ ပုံမွာေဖာ္ျပထားသလို အေနအထားရၿပီဆိုလွ်င္ ကီထိုင္ခ်လိုက္ပါ။ ေအာက္သို႔တစ္ဆုံးထိုင္ခ်ျခင္းမ်ိဳးမဟုတ္ဘဲ ဒူးေကြးတဲ့ေနရာက ေထာင့္မွန္အေနအထားေလာက္ေရာက္ေအာင္ပဲ ေကြးခ်သင့္ပါတယ္။ ထိုနည္းအတိုင္း ထိုင္ – ထ အႀကိမ္အေရအတြက္ ၁၀၀ ထိလုပ္ေပးဖို႔လိုအပ္ပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္ကို ေျခေထာက္က ဟန္ခ်က္ညီထိန္းထားၿပီး ထိုင္ပါ။ သင့္ရဲ႕ တင္ပါးၾကြက္သားေတြကို တင္းမာေစမွာအေသအခ်ာပါပဲ။
၂။ ေျခေထာက္ေနာက္ပစ္ျခင္းနဲ႔အတူ ကီထိုင္ျခင္း
ပထမဦးဆုံး အေျခခံကီးထိုင္ျခင္းနဲ႔အတူ တြဲလုပ္ရမွာျဖစ္ပါတယ္။ အေျခခံကီးထိုင္ၿပီး ထိုင္ရာမွ ထတဲ့အခါ သင့္ရဲ႕ေျခေထာက္က ပုံမွာျပထားသလို အေနာက္ကို ပစ္ထားၿပီး မူလအေနအထားသို႔ျပန္ထားေပးပါ။ ကီထိုင္ – ထ လုပ္တဲ့အခ်ိန္တိုင္း ေျခေထာက္က အေနာက္သို႔ ပစ္ေပးရမွာျဖစ္ၿပီး ဘယ္ညာႏွစ္ဖက္စလုံးကို တစ္လွည့္စီျပဳလုပ္ေပးရမွာျဖစ္ပါတယ္။
၃။ ဆူမို ကီထိုင္ျခင္းနဲ႔ အနည္းငယ္ကြာျခားတဲ့ကီထိုင္ျခင္း
ပခုံးအက်ယ္ထက္အနည္းပိုက်ယ္တဲ့အေနအထားျဖင့္ သင့္ေျခေထာက္ကို ခ်ဲထားေပးၿပီး မတ္တပ္ရပ္လိုက္ပါ။ ၿပီးလွ်င္ အနိမ့္ကီထိုင္ၿပီး ေနာက္ေက်ာကို ဆန္႔ထားေပးသင့္ပါတယ္။ ဒါ့အျပင္ သင့္လက္ႏွစ္ဖက္က ၾကမ္းျပင္ေပၚသို႔ ေလွ်ာ့ခ်ထားသင့္ပါတယ္။ ၿပီးေတာ့မွာ ကီထိုင္ရာမွ ထတဲ့အခါ ပုံမွာျပထားတဲ့အတိုင္း ေျခဖ်ားေထာက္ၿပီး လက္ႏွစ္ဖက္ကလည္းအေပၚသို႔ ေထာင္ေပးထားဖို႔လိုအပ္ပါတယ္။
၄။ ကီထိုင္ျခင္းနဲ႔အတူ ဒူးေထာင္ျခင္း
ပခုံးမ်က္ႏွာျပင္တက္ ပိုက်ယ္တဲ့အေနအထားျဖင့္ သင့္ေျခေထာက္ကို ခ်ဲထားေပးလိုက္ပါ။ ၿပီးရင္လက္ႏွစ္ဖက္က ဦးေခါင္းေနာက္မွာထားၿပီး ကီထိုင္ေပးပါ။ ျပန္ထတဲ့အခါ ဒူးေခါင္းကို အေပၚသို႔ေျမႇာက္ၿပီး ထိုဒူးေခါင္းနဲ႔ ဦးေခါင္းအေနာက္မွာရွိတဲ့ လက္ရဲ႕ တံေတာင္ဆစ္နဲ႔ ထိတဲ့အထိ ေျမွာက္ေပးပါ။ ဘယ္ညာေျပာင္းျပန္တစ္လွည့္စီျပဳလုပ္ေပးဖို႔လိုအပ္ပါတယ္။
၅။ ကီထိုင္ျခင္းနဲ႔အတူ ခုန္ျခင္း
အေျခခံကီထိုင္ျခင္းမ်ိဳး ျပဳလုပ္သင့္သင့္ပါတယ္။ ျပန္ထတဲ့အခါမွ ေျခဖ်ားေထာင့္ၿပီး အနည္းငယ္ခုန္ေပးရမွာျဖစ္ပါတယ္။
၆။ ေျခေထာက္စုၿပီး ကီထိုင္ျခင္း
ေျခေထာက္ႏွစ္ဖက္ကို စုထားၿပီး ပုံမွာေဖာ္ျပထားတဲ့အတိုင္းကီထုိင္ေပးရမွာျဖစ္ပါတယ္။
၇။ ေျခေထာက္ေနာက္ထားၿပီး ကီထိုင္ျခင္း
အရင္ဦးဆုံး မတ္တပ္ရပ္အေနအထားကေန ေျခေထာက္ႏွစ္ေခ်ာင္းမွ တစ္ေခ်ာင္းကို အေနာက္သို႔ ဆန္႔ထုတ္လိုက္ပါ။ အေနာက္သို႔ ဆန္႔ထုတ္တဲ့ေျခေထာက္က အေရွ႕တစ္ေခ်ာင္းနဲ႔ တစ္ညီထဲက်ဖို႔အေရးႀကီးပါတယ္။ ၿပီးလွ်င္ ထိုအေနအထားမွ ပုံမွာေဖာ္ျပတဲ့အတိုင္း မုန္ဆိုးဒူးေထာက္ပုံစံ ကီထိုင္လိုက္ပါ။ ဘယ္ညာႏွစ္ဖက္စလုံး တစ္လွည့္စီျပဳလုပ္ေပးရမွာျဖစ္ပါတယ္။
၈။ ဘယ္ညာေျခလွမ္းၿပီးကီထိုင္ျခင္း
မတ္တပ္ရပ္အေနအထားမွ ပုံပါအတိုင္း မုဆိုးဒူးေထာက္ပုံစံကီထိုင္ခ်လိုက္ပါ။ ျပန္ထတဲ့အခါ ေျခေထာက္ကို ဘယ္ညာတစ္လွည့္စီခ်ိန္းၿပီး ကီထိုင္ေပးပါ။
၉။ ေျခတစ္ဖက္ဆင္းၿပီး ကီထိုင္ျခင္း
အေျခခံကီးထိုင္တဲ့ ပုံစံအေနအထားမွ ေျခေထာက္တစ္ေခ်ာင္းကို ေဘးသို႔ ဆန္႔ထုတ္ၿပီး ေျခဖ်ားေလးေတြက ၾကမ္းျပင္သို႔ ထိထားေပးပါ။ ၿပီးလွ်င္ ထိုအေနအထားအတိုင္း ကီးထိုင္ၿပီး ဘယ္ညာတစ္လွည့္စီ ျပန္ျပဳလုပ္ေပးပါ။
၁၀။ ေျခေထာက္ ခ်ဲလိုက္ စုလိုက္အေနအထားျဖင့္ ကီထိုင္ျခင္း
အေျခခံကီထိုင္ျခင္းအေနအထားကဲ့သို႔ေျခေထာက္အေနအထားက ပခုံးမ်က္ႏွာျပင္ထက္ အနည္းငယ္ခ်ဲထားေပးလိုက္ပါ။ ထိုပုံစံအတိုင္း ကီထိုင္ၿပီး ျပန္ထတဲ့အခါ သင့္ေျခေထာက္အေနအထားကို စုၿပီး အနည္းငယ္ခုန္ေပးရမွာျဖစ္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
(Tai Chi) ထိုက္ခ်ိေလ့က်င့္ခန္း ျပဳလုပ္ျခင္းရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
Unicode
ဂျနီဖာလိုပက်ဇ် လို တင်သားလှပစေဖို့အတွက် ရက်ပေါင်း ၃၀ လေ့ကျင့်ခန်း
မိန်းကလေးတစ်ယောက်ရဲ့ စွဲဆောင်မှုမှာ တင်ကလဲ အဓိကကျပါတယ်။ ဓာတုဆေးဝါးနေနဲ့ ပုံဆောင်တာက သင့်အတွက် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းလေးနဲ့ မိမိရဲ့ အလှကိုပုံဖော်နိုင်မဲ့ နည်းလမ်းလေးအချို့ မျှဝေပေးလိုက်ပါတယ်။ လေ့ကျင့်ခန်း ၁၀မျိုးကို တစ်မျိုးကို ၁ရက်နှုန်းနဲ့ လေ့ကျင့်ပေးရမှာဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုကို အကြိမ်ရေ ၁၀၀ အထိပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း ၁၀မျိုးလုံးပြည့်သွားတဲ့အခါ အစကနေ ပြန်စပြီးပြုလုပ်ပေးပါ။
၁။ အခြေခံကီထိုင်ခြင်း
ဒီနည်းက သင့်အတွက် ရိုးရှင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ ပခုံးအကျယ်ထက်အနည်းငယ်ပိုပြီး သင့်ခြေထောက်ကိုချဲထားပေးပါ။ ပြီးလျှင် ပုံမှာဖော်ပြထားသလို အနေအထားရပြီဆိုလျှင် ကီထိုင်ချလိုက်ပါ။ အောက်သို့တစ်ဆုံးထိုင်ချခြင်းမျိုးမဟုတ်ဘဲ ဒူးကွေးတဲ့နေရာက ထောင့်မှန်အနေအထားလောက်ရောက်အောင်ပဲ ကွေးချသင့်ပါတယ်။ ထိုနည်းအတိုင်း ထိုင် – ထ အကြိမ်အရေအတွက် ၁၀၀ ထိလုပ်ပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကို ခြေထောက်က ဟန်ချက်ညီထိန်းထားပြီး ထိုင်ပါ။ သင့်ရဲ့ တင်ပါးကြွက်သားတွေကို တင်းမာစေမှာအသေအချာပါပဲ။
၂။ ခြေထောက်နောက်ပစ်ခြင်းနဲ့အတူ ကီထိုင်ခြင်း
ပထမဦးဆုံး အခြေခံကီးထိုင်ခြင်းနဲ့အတူ တွဲလုပ်ရမှာဖြစ်ပါတယ်။ အခြေခံကီးထိုင်ပြီး ထိုင်ရာမှ ထတဲ့အခါ သင့်ရဲ့ခြေထောက်က ပုံမှာပြထားသလို အနောက်ကို ပစ်ထားပြီး မူလအနေအထားသို့ပြန်ထားပေးပါ။ ကီထိုင် – ထ လုပ်တဲ့အချိန်တိုင်း ခြေထောက်က အနောက်သို့ ပစ်ပေးရမှာဖြစ်ပြီး ဘယ်ညာနှစ်ဖက်စလုံးကို တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။
၃။ ဆူမို ကီထိုင်ခြင်းနဲ့ အနည်းငယ်ကွာခြားတဲ့ကီထိုင်ခြင်း
ပခုံးအကျယ်ထက်အနည်းပိုကျယ်တဲ့အနေအထားဖြင့် သင့်ခြေထောက်ကို ချဲထားပေးပြီး မတ်တပ်ရပ်လိုက်ပါ။ ပြီးလျှင် အနိမ့်ကီထိုင်ပြီး နောက်ကျောကို ဆန့်ထားပေးသင့်ပါတယ်။ ဒါ့အပြင် သင့်လက်နှစ်ဖက်က ကြမ်းပြင်ပေါ်သို့ လျှော့ချထားသင့်ပါတယ်။ ပြီးတော့မှာ ကီထိုင်ရာမှ ထတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း ခြေဖျားထောက်ပြီး လက်နှစ်ဖက်ကလည်းအပေါ်သို့ ထောင်ပေးထားဖို့လိုအပ်ပါတယ်။
၄။ ကီထိုင်ခြင်းနဲ့အတူ ဒူးထောင်ခြင်း
ပခုံးမျက်နှာပြင်တက် ပိုကျယ်တဲ့အနေအထားဖြင့် သင့်ခြေထောက်ကို ချဲထားပေးလိုက်ပါ။ ပြီးရင်လက်နှစ်ဖက်က ဦးခေါင်းနောက်မှာထားပြီး ကီထိုင်ပေးပါ။ ပြန်ထတဲ့အခါ ဒူးခေါင်းကို အပေါ်သို့မြှောက်ပြီး ထိုဒူးခေါင်းနဲ့ ဦးခေါင်းအနောက်မှာရှိတဲ့ လက်ရဲ့ တံတောင်ဆစ်နဲ့ ထိတဲ့အထိ မြှောက်ပေးပါ။ ဘယ်ညာပြောင်းပြန်တစ်လှည့်စီပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
၅။ ကီထိုင်ခြင်းနဲ့အတူ ခုန်ခြင်း
အခြေခံကီထိုင်ခြင်းမျိုး ပြုလုပ်သင့်သင့်ပါတယ်။ ပြန်ထတဲ့အခါမှ ခြေဖျားထောင့်ပြီး အနည်းငယ်ခုန်ပေးရမှာဖြစ်ပါတယ်။
၆။ ခြေထောက်စုပြီး ကီထိုင်ခြင်း
ခြေထောက်နှစ်ဖက်ကို စုထားပြီး ပုံမှာဖော်ပြထားတဲ့အတိုင်းကီထိုင်ပေးရမှာဖြစ်ပါတယ်။
၇။ ခြေထောက်နောက်ထားပြီး ကီထိုင်ခြင်း
အရင်ဦးဆုံး မတ်တပ်ရပ်အနေအထားကနေ ခြေထောက်နှစ်ချောင်းမှ တစ်ချောင်းကို အနောက်သို့ ဆန့်ထုတ်လိုက်ပါ။ အနောက်သို့ ဆန့်ထုတ်တဲ့ခြေထောက်က အရှေ့တစ်ချောင်းနဲ့ တစ်ညီထဲကျဖို့အရေးကြီးပါတယ်။ ပြီးလျှင် ထိုအနေအထားမှ ပုံမှာဖော်ပြတဲ့အတိုင်း မုန်ဆိုးဒူးထောက်ပုံစံ ကီထိုင်လိုက်ပါ။ ဘယ်ညာနှစ်ဖက်စလုံး တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။
၈။ ဘယ်ညာခြေလှမ်းပြီးကီထိုင်ခြင်း
မတ်တပ်ရပ်အနေအထားမှ ပုံပါအတိုင်း မုဆိုးဒူးထောက်ပုံစံကီထိုင်ချလိုက်ပါ။ ပြန်ထတဲ့အခါ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီချိန်းပြီး ကီထိုင်ပေးပါ။
၉။ ခြေတစ်ဖက်ဆင်းပြီး ကီထိုင်ခြင်း
အခြေခံကီးထိုင်တဲ့ ပုံစံအနေအထားမှ ခြေထောက်တစ်ချောင်းကို ဘေးသို့ ဆန့်ထုတ်ပြီး ခြေဖျားလေးတွေက ကြမ်းပြင်သို့ ထိထားပေးပါ။ ပြီးလျှင် ထိုအနေအထားအတိုင်း ကီးထိုင်ပြီး ဘယ်ညာတစ်လှည့်စီ ပြန်ပြုလုပ်ပေးပါ။
၁၀။ ခြေထောက် ချဲလိုက် စုလိုက်အနေအထားဖြင့် ကီထိုင်ခြင်း
အခြေခံကီထိုင်ခြင်းအနေအထားကဲ့သို့ခြေထောက်အနေအထားက ပခုံးမျက်နှာပြင်ထက် အနည်းငယ်ချဲထားပေးလိုက်ပါ။ ထိုပုံစံအတိုင်း ကီထိုင်ပြီး ပြန်ထတဲ့အခါ သင့်ခြေထောက်အနေအထားကို စုပြီး အနည်းငယ်ခုန်ပေးရမှာဖြစ်ပါတယ်။