ဂါဝန်ဝတ်တဲ့အခါ ခန္ဓာကိုယ်သွယ်သွယ်လေး ဖြစ်စေဖို့ နည်းလမ်း (၁၀)ခု

0
400

သင် အရမ်းဝနေရင်တောင် ဂါဝန်တစ်ထည်ကို စတိုင်ကျအောင် ဘယ်လိုဝတ်ဆင်နိုင်သလဲ? ဂါဝန်လှလှလေးဝတ်ချင်ပေမယ့် ဗိုက်အဆီရှိလို့ မလှမှာ စိုးရိမ်နေတဲ့ ပျိုမေတို့အတွက် ဂါဝန်ဝတ်တဲ့အခါ ခန္ဓာကိုယ် သွယ်လျတဲ့ပုံပေါက်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်ပါ

ဒါက အရေးပါဆုံးသော အကြံပြုချက်တစ်ခုဖြစ်ပါတယ်။ သင်အရမ်းဝနေရင် (slim fit) ကိုယ်ကျပ်ဂါဝန်တွေက သင့်အတွက် မှန်ကန်တဲ့ရွေးချယ်မှု မဖြစ်နိုင်ပါဘူး။ အထပ်ထပ်လေးတွေ ခေါက်ပြီးချုပ်ထားတဲ့ ဂါဝန်လေးတွေ၊ အထပ်တွန့်လေးတွေပါတဲ့ အဝတ်အစားတွေကို ရွေးချယ်ဖို့ ကြိုးစားပါ။ A line ဂါဝန်တွေကလည်း ခန္ဓာကိုယ်ကို ရှည်၊ သွယ်စေတဲ့ impression တစ်ခုကို ဖန်တီးဖို့ ကူညီပေးပါတယ်။

၂။ အရောင် ရင့်ရင့်ကိုရွေးပါ

အရောင်ရင့်ရင့်ဂါဝန်တွေက ခန္ဓာကိုယ်ပိန်သွယ်စေတဲ့ impression တစ်ခုကို ဖန်တီးပေးပါတယ်။ အနက် သို့ အနီရောင် မိုနိုခရုမ်ဂါဝန်ကို ရွေးချယ်ပါ။ accessorize လေးတွေထည့်လိုက်ရင် သင့်ကိုပိုပြီး စတိုင်ကျစေနိုင်ပါတယ်။ ဒီ Look က အကိတ်မမတွေကို ပြေပြေပြစ်ပြစ်ဖြစ်စေပြီး အဓိကပြဿနာနေရာတွေကို ဖုံးကွယ်ပေးပါတယ်။

၃။ ဒေါင်လိုက်အစင်းကျားကို ရွေးချယ်ပါ

ဒေါင်လိုက်အစင်း ဂါဝန်ရှည်ကို ရွေးချယ်ခြင်းက အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။ ဒါက အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျတဲ့ illusion ကိုဖန်တီးပေးပါတယ်။ တင်ပါးကျယ်ပြီး ခါးတုတ်နေတာတွေကို အာရုံစိုက်မိတော့မှာ မဟုတ်ပါဘူး။

၎။ ဘေးဘောင်ကွက်ပါတဲ့ ဂါဝန်

တစ်ထည်လုံးအစင်း ဝတ်မယ့်အစား ဒီဘေးနှစ်ဘက် အစင်းလိုင်းက ခန္ဓာကိုယ်ရဲ့ ဘေးတွေကို သွယ်သွားစေပါတယ်။ ဒါက သင့်ခါးကို သေးငယ်သွားသယောင်ဖြစ်စေပြီး အရပ်ရှည်တဲ့ပုံလည်း ပေါက်စေပါတယ်။

၅။ အဆင်နုတ်နုတ်လေးတွေ

ဂါဝန်အဆင်ရွေးတဲ့အခါ အပွင့်ကြီးကြီးတွေ၊ Print ဒီဇိုင်းကြီးကြီးတွေ မရွေးချယ်ပါနဲ့။ အပွင့်နုတ်နုတ်လေးတွေ ပါတဲ့ဂါဝန်ကို ရွေးချယ်ပါ။ အဆင်ဒီဇိုင်းကြီးကြီးတွေက သင့်ခန္ဓာကိုယ်ကို ပိုကြီးသယောင်ဖြစ်စေပြီး အဆင်ဒီဇိုင်းသေးသေးလေးက ကိုယ်ကာယပုံပန်းသဏ္ဍန်ကို သေးသွယ်စေတဲ့ အထင်အမြင် ကိုပေးပါတယ်။ ဒါ့ကြောင့် အဆင်နုတ်နုတ်လေးတွေပါတဲ့ ဂါဝန် သို့မဟုတ် အစင်းဂါဝန်၊ သို့မဟုတ် မိုနိုခရုမ်ဂါဝန်အမျိုးအစား တစ်ခုခုကို ရွေးချယ်လိုက်ပါ။

၆။ ခါးကြိုးချည်ပါတဲ့ ဂါဝန်ကို ဝယ်ပါ

ခါးကြိုးချည်ပါတဲ့ ဂါဝန်တွေက သဲနာရီပုံစံလို ခန္ဓာကိုယ်ကို သွယ်လျသယောင် ဖန်တီးပေးပါတယ်။ ခါးတစ်ဝိုက်မှာ ကြိုးချည်ရတဲ့ ဂါဝန်တွေက ခါးသွယ်သွယ်လေး ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ပုံသဏ္ဍာန်က ဘာပဲဖြစ်နေပါစေ။ ဒီတစ်ခုက သင့်ကို ပြေပြေပြစ်ပြစ်လေး ဖြစ်စေပါလိမ့်မယ်။

၇။ ခါးပတ်တစ်ခု သုံးပါ

ခါးကြိုးချည်ပါတဲ့ ဂါဝန်လိုပဲ။ ခါးပတ်တစ်ခုကို အသုံးပြုရင် သင့်ခါးလေးကို ကျဉ်းမြောင်းသွားစေပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်သေးသွယ်သယောင် ဖြစ်စေပါတယ်။ သင့်မှာ သစ်တော်သီးပုံခန္ဓာကိုယ် သို့မဟုတ် လေးထောင့်ပုံ ခန္ဓာကိုယ်ပုံသဏ္ဍာန်ဆိုရင် ဒီခါးပတ်က သင့်ကို သေးသွယ်ပြီး ပါးလျတဲ့ပုံကို အလွယ်တကူ ဖန်တီးပေးပါတယ်။

၈။ ဂါဝန်ပေါ်မှာ ခါးရှည်အပေါ်ထပ်အပါးလေးတွေ သုံးပါ

ဂါဝန်တစ်ထည်ပေါ်မှာ ခါးရှည်အပေါ်ထပ်ပါးပါးလေး ထပ်ဝတ်တာက သင့်ရဲ့ပြဿနာဖြစ်နေတဲ့ ဧရိယာတွေအားလုံးကို ဖုံးကွယ်ပေးပါတယ်။ ဂါဝန်နဲ့ ဆန့်ကျင်ဘက်ဒီဇိုင်းကို ရွေးချယ်ပါ။ ဂါဝန်ပြောင်လေးပေါ်မှာ အပွင့် သို့မဟုတ် အစင်းပါတဲ့ အပေါ်ထပ်တစ်ထည်ကို ဝတ်ဆင်ပါ။ ဒါက မတူညီတဲ့ နည်းလမ်းနဲ့ စတိုင်ကျအောင် ကူညီပေးပါလိမ့်မယ်။

၉။ ဒေါက်ဖိနပ်စီးပါ

ဂါဝန်နဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို ဝတ်ဆင်ခြင်းက အရမ်းကို အရေးပါပါတယ်။ သင့်ရဲ့ဂါဝန်တွေနဲ့အတူ ဖနောင့်အပိတ်ပါတဲ့ ဒေါက်လေးတွေ၊ ရှုးဒေါက်မြင့်ဖိနပ်လေးတွေ ဝတ်ဆင်ပါ။ ဒါက သင့်ရဲ့ကိုယ်ဟန်အနေအထားကို ဖြောင့်မတ်စေပြီး သင့်ကို အရပ်ရှည်ပြီး ခန္ဓာကိုယ် ပိန်သွယ်သယောင် ဖန်တီးပေးပါတယ်။

၁၀။ ဗိုက်ချပ်အတွင်းခံဝတ်ပါ

ခန္ဓာကိုယ်ကောက်ကြောင်းလေး လှပနေစေဖို့ ဗိုက်ချပ်ဘောင်းဘီနဲ့ ဗိုက်ချပ်ဘရာတစ်စုံကို ဝယ်ထားတာက အထိရောက်ဆုံး ဖြေရှင်းချက်ဖြစ်ပါတယ်။
အသားကောင်းတဲ့ shapewear ကိုဝယ်ဖို့ ကြိုးစားပါ။ အရေပြားပေါ်မှာ သက်တောင့်သက်သာမရှိတဲ့ ၊ လေဝင်လေထွက်မကောင်းတဲ့ အထည်သားကို မရွေးချယ်ပါနဲ့။ ဗိုက်ချပ်ဝတ်ဆင်ခြင်းက သင့်ခန္ဓာကိုယ်ကို ကောက်ကြောင်းပေါ်စေပြီး ဗိုက်ခေါက်ထွက်မှာ စိုးရိမ်စရာမလိုဘဲ ဘယ်ဂါဝန်မဆို ဝတ်ဆင်နိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here