water retention လို႔ေခၚတဲ့ ခႏၶာကိုယ္အတြင္း မလိုအပ္တဲ့ အရည္ေတြမ်ားၿပီး ေဖာ ေရာင္ျခင္းဟာ သင့္က်န္းမာေရးအတြက္ အႏၱရာယ္ျဖစ္ေစပါတယ္။ အဆိုပါကဲ့သို႔ ေဖာ ေရာင္ျခင္း ၃မ်ိဳးရွိပါတယ္။ ႏွလုံးအေျခအေနေၾကာင့္လည္ေကာင္း၊ သိုင္း႐ြိဳက္ေရာဂါ ဒါမွမဟုတ္အဆစ္ေရာင္ျခင္းေၾကာင့္လည္ေကာင္း၊ အေရျပား ေရာင္ျခင္းေၾကာင့္ လည္ေကာင္း ေဖာေရာင္ျခင္းအမ်ိဳးမ်ိဳးျဖစ္တတ္ပါတယ္။
water retention ရဲ႕ ေရာဂါလကၡဏာ
ခႏၶာကိုယ္မွာ ေရဓာတ္မ်ားၿပီး အရည္ေတြ ခိုေအာင္ေနတဲ့အခါ ခါတိုင္းထက္ကိုပိုၿပီး ကိုယ့္ခႏၶာကိုယ္က ေလးတယ္လို႔ ခံစားရၿပီး တက္တက္ၾကြၾကြနဲ႔ လႈပ္ရွားသြားလာမႈ သိပ့္မရွိေတာ့ပါဘူး။ ဒါ့အျပင္ အေရျပားက ထိလိုက္တာနဲ႔ ခ်ိဳင့္ဝင္သြားၿပီး တျဖည္းျဖည္းနဲ႔မွျပန္ေဖာင္းလာတာမ်ိဳး၊ ဝမ္းဗိုက္ဧရိယာေဖာင္းတာမ်ိဳး၊ တင္ပါး၊ မ်က္ႏွာ ေဖာျခင္း၊ ေျခသလုံး၊ ေျခေထာက္၊ ေျခဆစ္နဲ႔ ေျခခုံေတြ ေဖာျခင္း၊ အဆစ္ေတြ ေတာင့္တင္းျခင္း စတဲ့ လကၡဏာေတြျဖစ္ေပၚတတ္ပါတယ္။
အဆိုပါ ေရာဂါကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ ဘာေတြလိုအပ္သလဲ?
၁။ စိတ္ဖိစီးမႈ မရွိေအာင္ေနပါ

စိတ္ဖိစီးမႈဟာ ခႏၶာကိုယ္အတြက္ အႏၱရာယ္ရွိတဲ့ တုံ႔ျပန္မႈကို ျဖစ္ေပၚေစပါတယ္။ ၎ရဲ႕ တုံ႔ျပန္မႈဟာ adrgnal ဂလင္းလို႔ေခၚတဲ့ စိတ္ဖိစီးမႈေၾကာင့္ ထြက္ေပၚတဲ့ ေဟာ္မုန္း cortisol ကို လြတ္ေပးပါတယ္။ ၾကာလာတဲ့အခါ cortisol ေတြတိုးပြားလာၿပီး fluid retention ကိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကိုေလ်ာ့ခ်ဖို႔အတြက္ အနားယူတဲ့အခါ ေျခေထာက္ကို ခႏၶာကိုယ္ထက္ အနည္းငယ္ျမင့္တဲ့ေနရာမွာထားၿပီး အသက္႐ွဴစနစ္ကို ေကာင္းမြန္ေအာင္ ပုံမွန္ေလး႐ွဴေပးဖို႔လိုအပ္ပါတယ္။
ေခၽြးေပါင္းအိမ္ျဖင့္ အနားယူပါ။

ေခၽြးေပါင္းအိမ္ဟာ ခႏၶာကိုယ္အတြင္း ခိုေအာင္းေနတဲ့ အရည္ေတြကို စုတ္ထုတ္ဖို႔အတြက္ နည္းလမ္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲမွာရွိတဲ့ မလိုအပ္တဲ့ အရည္ေတြကို ေခၽြးအျဖစ္ ျပန္လည္စုပ္ထုတ္ေပးမွာျဖစ္တာေၾကာင့္အနားယူတဲ့အခါ ေခၽြးေပါင္းအိမ္မွာ သြားၿပီး အနားယူေပးတာ သင့္ေရာဂါအတြက္ သက္သာရာေရာက္ပါလိမ့္မယ္။
ေလ့က်င့္ခန္း/ ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားလုပ္ေပးပါ။

အထိုင္မ်ားတဲ့ အလုပ္လုပ္သူေတြ ေျခေထာက္နဲ႔ ေျခဆစ္ေတြ ေရာင္ရမ္းျခင္းျဖစ္ေပၚတတ္ပါတယ္။ ဒါက Water retention အျပင္ အျခား ဆက္စပ္ေရာဂါေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈရွိတဲ့ေလ့က်င့္ခန္းမ်ိဳး၊ ေျပးျခင္း ဒါမွမဟုတ္ ေရကူးျခင္း စတဲ့ ကိုယ္လက္လႈပ္ရွားမႈမ်ိဳးကိုျပဳလုပ္သင့္ပါတယ္။
ေန႔စဥ္စားေသာက္တဲ့အစားအေသာက္ကို ဆင္ျခင္ပါ။

ပ႐ိုတိန္းဓာတ္၊ ပိုတက္စီယမ္၊ မဂၢနီဆီယမ္ နဲ႔ ဗီတာမင္ B6 ၾကြယ္ဝတဲ့အစားအစာမ်ားဟာ Water retention ျဖစ္ဖို႔ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ၾကက္ဥ၊ မက္ကရယ္ငါး၊ သၾကားမုန္လာ၊ ဆလရီ၊ ေထာပတ္သီး၊ နာနတ္သီး၊ တ႐ုတ္ဇီးသီး၊ သဖန္းသီး၊ ကညြတ္၊ အနက္ေရာင္ေခ်ာကလက္ တို႔ကို စားသုံးသင့္ပါတယ္။ ဒိန္ခဲ၊ အုတ္ဂ်ဳံ၊ အားျဖည့္အခ်ိဳ႕ရည္၊ ကြပ္ကီးနဲ႔ အငံဓာတ္မ်ားတဲ့ အစားအစာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။
အိပ္ခ်ိန္အလုံအေလာက္ယူပါ။

အိပ္ခ်ိန္ အလုံအေလာက္မရွိတဲ့ ခႏၶာကိုယ္ဟာ က်န္းမာေရးအတြက္ မေကာင္းတဲ့ လကၡဏာမ်ားစြာျဖစ္ေပၚႏိုင္ပါတယ္။ လူတစ္ေယာက္အတြက္ ပုံမွန္အိပ္စက္ခ်ိန္ ၈နာရီ လုံလုံေလာက္ေလာက္မရရွိလည္း Water retention အျပင္ အျခားေရာဂါေပါင္းစုံျဖစ္ေပၚႏိုင္တယ္ဆိုတာ သတိျပဳဖို႔လိုအပ္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ကၽြန္ေတာ္တို႔ မၾကာခဏလ်စ္လ်ဴရႈထားတတ္ၾကတဲ့ ေသြးလႊတ္ေၾကာပိတ္ဆို႔မႈရဲ႕ အႏၱရာယ္လကၡဏာ (၇)ခု
Unicode
ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့အရည်တွေများပြီး ဖော ရောင်ခြင်း ဖြစ်ပေါ်တဲ့သူတွေအတွက် နည်းလမ်းအချို့
water retention လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ အရည်တွေများပြီး ဖော ရောင်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေပါတယ်။ အဆိုပါကဲ့သို့ ဖော ရောင်ခြင်း ၃မျိုးရှိပါတယ်။ နှလုံးအခြေအနေကြောင့်လည်ကောင်း၊ သိုင်းရွိုက်ရောဂါ ဒါမှမဟုတ်အဆစ်ရောင်ခြင်းကြောင့်လည်ကောင်း၊ အရေပြား ရောင်ခြင်းကြောင့် လည်ကောင်း ဖောရောင်ခြင်းအမျိုးမျိုးဖြစ်တတ်ပါတယ်။
water retention ရဲ့ ရောဂါလက္ခဏာ
ခန္ဓာကိုယ်မှာ ရေဓာတ်များပြီး အရည်တွေ ခိုအောင်နေတဲ့အခါ ခါတိုင်းထက်ကိုပိုပြီး ကိုယ့်ခန္ဓာကိုယ်က လေးတယ်လို့ ခံစားရပြီး တက်တက်ကြွကြွနဲ့ လှုပ်ရှားသွားလာမှု သိပ့်မရှိတော့ပါဘူး။ ဒါ့အပြင် အရေပြားက ထိလိုက်တာနဲ့ ချိုင့်ဝင်သွားပြီး တဖြည်းဖြည်းနဲ့မှပြန်ဖောင်းလာတာမျိုး၊ ဝမ်းဗိုက်ဧရိယာဖောင်းတာမျိုး၊ တင်ပါး၊ မျက်နှာ ဖောခြင်း၊ ခြေသလုံး၊ ခြေထောက်၊ ခြေဆစ်နဲ့ ခြေခုံတွေ ဖောခြင်း၊ အဆစ်တွေ တောင့်တင်းခြင်း စတဲ့ လက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။
အဆိုပါ ရောဂါကို လျော့ချနိုင်ဖို့အတွက် ဘာတွေလိုအပ်သလဲ?
၁။ စိတ်ဖိစီးမှု မရှိအောင်နေပါ
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေပါတယ်။ ၎င်းရဲ့ တုံ့ပြန်မှုဟာ adrgnal ဂလင်းလို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်တဲ့ ဟော်မုန်း cortisol ကို လွတ်ပေးပါတယ်။ ကြာလာတဲ့အခါ cortisol တွေတိုးပွားလာပြီး fluid retention ကိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျော့ချဖို့အတွက် အနားယူတဲ့အခါ ခြေထောက်ကို ခန္ဓာကိုယ်ထက် အနည်းငယ်မြင့်တဲ့နေရာမှာထားပြီး အသက်ရှူစနစ်ကို ကောင်းမွန်အောင် ပုံမှန်လေးရှူပေးဖို့လိုအပ်ပါတယ်။
ချွေးပေါင်းအိမ်ဖြင့် အနားယူပါ။
ချွေးပေါင်းအိမ်ဟာ ခန္ဓာကိုယ်အတွင်း ခိုအောင်းနေတဲ့ အရည်တွေကို စုတ်ထုတ်ဖို့အတွက် နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အရည်တွေကို ချွေးအဖြစ် ပြန်လည်စုပ်ထုတ်ပေးမှာဖြစ်တာကြောင့်အနားယူတဲ့အခါ ချွေးပေါင်းအိမ်မှာ သွားပြီး အနားယူပေးတာ သင့်ရောဂါအတွက် သက်သာရာရောက်ပါလိမ့်မယ်။
လေ့ကျင့်ခန်း/ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးပါ။
အထိုင်များတဲ့ အလုပ်လုပ်သူတွေ ခြေထောက်နဲ့ ခြေဆစ်တွေ ရောင်ရမ်းခြင်းဖြစ်ပေါ်တတ်ပါတယ်။ ဒါက Water retention အပြင် အခြား ဆက်စပ်ရောဂါတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားမှုရှိတဲ့လေ့ကျင့်ခန်းမျိုး၊ ပြေးခြင်း ဒါမှမဟုတ် ရေကူးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုပြုလုပ်သင့်ပါတယ်။
နေ့စဉ်စားသောက်တဲ့အစားအသောက်ကို ဆင်ခြင်ပါ။
ပရိုတိန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B6 ကြွယ်ဝတဲ့အစားအစာများဟာ Water retention ဖြစ်ဖို့ကို လျော့ချပေးနိုင်ပါတယ်။ ကြက်ဥ၊ မက်ကရယ်ငါး၊ သကြားမုန်လာ၊ ဆလရီ၊ ထောပတ်သီး၊ နာနတ်သီး၊ တရုတ်ဇီးသီး၊ သဖန်းသီး၊ ကညွတ်၊ အနက်ရောင်ချောကလက် တို့ကို စားသုံးသင့်ပါတယ်။ ဒိန်ခဲ၊ အုတ်ဂျုံ၊ အားဖြည့်အချို့ရည်၊ ကွပ်ကီးနဲ့ အငံဓာတ်များတဲ့ အစားအစာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
အိပ်ချိန်အလုံအလောက်ယူပါ။
အိပ်ချိန် အလုံအလောက်မရှိတဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ လက္ခဏာများစွာဖြစ်ပေါ်နိုင်ပါတယ်။ လူတစ်ယောက်အတွက် ပုံမှန်အိပ်စက်ချိန် ၈နာရီ လုံလုံလောက်လောက်မရရှိလည်း Water retention အပြင် အခြားရောဂါပေါင်းစုံဖြစ်ပေါ်နိုင်တယ်ဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။