ခႏၶာကိုယ္အခ်ိဳးအစားက်ေစဖို႔ သင့္ပံုပန္းသ႑ာန္ေပၚမူတည္ၿပီး ဘယ္လို ခါးပတ္မ်ိဳး ေရြးခ်ယ္မလဲ?

0
268
ခႏၶာကိုယ္အခ်ိဳးအစား

အမ်ိဳးသမီးေတြမွာ ခႏၶာကိုယ္အခ်ိဳးအစား၊ ခႏၶာကိုယ္ဖြဲ႕စညး္တည္ေဆာက္ပံုခ်င္းက တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ ဒါ့ေၾကာင့္ အဝတ္အစားဝတ္တဲ့အခါ ကိုယ္ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔လိုက္ဖက္တဲ့ အဝတ္အစားမ်ိဳး၊ accessoryမ်ိဳးကို ေရြးခ်ယ္တတ္ဖို႔လိုပါတယ္။ accessory ဆိုတဲ့ေနရာမွာ ခါးပတ္လည္း ပါဝင္ပါတယ္။ ခါးပတ္ရဲ႕အကူအညီနဲ႔ အခ်ိဳးအစားမက်တဲ့ေနရာကို ဖံုးကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ခႏၶာကိုယ္ပံုပန္းသ႑ာန္နဲ႔လိုက္ဖက္မယ့္ ခါးပတ္ကို ေရြးခ်ယ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

-Advertisement-

၁။ ႀတိဂံေျပာင္းျပန္ပံု ခႏၶာကိုယ္အခ်ိဳးအစား

ဒီခႏၶာကိုယ္အမ်ိဳးအစားရဲ႕ အဓိကလကၡဏာမ်ားက ပခံုးက်ယ္ၿပီး တင္ပါးက်ဥ္းပါတယ္။ဒါ့ေၾကာင့္ သင့္ရဲ႕ပံုပန္းသ႑ာန္ကို ဟန္ခ်က္ညီေနေစဖို႔ တင္ပါးေတြေပၚမွာ အတိအက် focus ထားဖို႔ပါပဲ။ ခါးကို ေပၚလြင္ေစဖို႔ ခါးႀကိဳးစည္းေလးေတြ၊ အျပားႀကီးႀကီး ခါးပတ္ေတြကို ေရြးခ်ယ္ဖိို႔ လိုအပ္ပါတယ္။

၂။ ပန္းသီးပံု ခႏၶာကိုယ္အခ်ိဳးအစား

ပန္းသီးပံုခႏၶာကိုယ္မွာ တင္ပါးႀကီးၿပီး ခါးျပည့္ျပည့္ရွိပါတယ္။ သင့္တာဝန္က ပံုရိပ္ကို ပိုၿပီးေသးသြယ္ေစဖို႔ ႏွင့္ ဖံုးကြယ္ဖို႔ ျဖစ္ပါတယ္။ ခါးပတ္ပါးပါး ေသးေသးေလးတစ္ခုကို ခါးရဲ႕အထက္မွာသာ ပတ္သင့္ပါတယ္။

၃။ သစ္ေတာ္သီးပံု ခႏၶာကိုယ္အခ်ိဳးအစား

သစ္ေတာ္သီးပံု ခႏၶာကိုယ္အခ်ဳိးအစားဆိုတာကေတာ့ တင္ပါးနဲ႔ တင္ပဆံုတစ္ဝိုက္မွာ အဆီေတြ ပိုၿပီးစုေဝးေနတာေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းက ပိုၿပီးေတာ့ ဖြံ႕ထြားတဲ့ ပံုစံရွိပါတယ္။ ဒါ့ေၾကာင့္ ခါးပတ္ကို ခါးမွာ ဝတ္ဆင္သင့္ပါတယ္။ ႀကီးမားတဲ့ ဒီဇိုင္္းေတြကို ေရွာင္ပါ။ ခါးပတ္ပါးပါးေလးက ႀကီးမားတဲ့ တင္ပါးေတြဆီကေန အာရံုလႊဲေပးၿပီး သင့္ခါးကို ပိုၿပီးေပၚလြင္ပါလိမ့္မယ္။

၄။ သဲနာရီပံု ခႏၶာကိုယ္အခ်ိဳးအစား

တင္၊ ရင္လွၿပီး ခါးေသးေသးရွိတဲ့ ခႏၶာကိုယ္မ်ိဳးျဖစ္ပါတယ္။ ခါးပတ္အျပားႀကီးႀကီးက သင့္ခႏၶာကိုယ္ရဲ႕ အားသာခ်က္အားလံုးကိုထင္ရွားေစၿပီး အေရးအႀကီးဆံုးကေတာ့ သင့္ခါးက်ဥ္းက်ဥ္းေလးကို ေပၚလြင္ေစပါလိမ့္မယ္။

၅။ ေလးေထာင့္ပံု ခႏၶာကိုယ္အခ်ိဳးအစား

ေလးေထာင့္ပံု ခႏၶာကိုယ္အမ်ိဳးအစားက ပခံုးနဲ႔ တင္ပါးအက်ယ္က အတူတူျဖစ္ၿပီး ခါးတုတ္တဲ့ပံုရွိပါတယ္။ သင့္မွာ ေလးေထာင့္ပံု ခႏၶာကိုယ္အမ်ိဳးအစားရွိရင္ က်စ္ထားတဲ့ ခါးပတ္ေလးေတြကို ေရြးခ်ယ္ရပါမယ္။ ခါးပတ္ကို အျပားႀကီးႀကီးပတ္တာက ခါးကိုေသးသြယ္ေစၿပီး သင့္ခႏၶာကိုယ္အမ်ိဳးအစားကို အေလးေပးေပၚလြင္ေစပါတယ္။
ဂ်င္းရွပ္ေတြ၊ ဂါဝန္ေတြ၊ အေပၚထပ္သိုးေမႊးအကၤ်ီခါးရွည္ေလးေတြ၊ ဆြယ္တာေလးေတြ၊ ကုတ္ေလးေတြနဲ႔ ခါးပတ္ကို ဝတ္ဆင္ဖို႔ Stylists ေတြက အႀကံျပဳထားပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source- fabiosa

Unicode

ခန္ဓာကိုယ်အချိုးအစားကျစေဖို့ သင့်ပုံပန်းသဏ္ဍာန်ပေါ်မူတည်ပြီး ဘယ်လို ခါးပတ်မျိုး ရွေးချယ်မလဲ?
အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အချိုးအစား၊ ခန္ဓာကိုယ်ဖွဲ့စညး်တည်ဆောက်ပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားဝတ်တဲ့အခါ ကိုယ်ခန္ဓာကိုယ် အချိုးအစားနဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုး၊ accessoryမျိုးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ accessory ဆိုတဲ့နေရာမှာ ခါးပတ်လည်း ပါဝင်ပါတယ်။ ခါးပတ်ရဲ့အကူအညီနဲ့ အချိုးအစားမကျတဲ့နေရာကို ဖုံးကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့လိုက်ဖက်မယ့် ခါးပတ်ကို ရွေးချယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

၁။ တြိဂံပြောင်းပြန်ပုံ ခန္ဓာကိုယ်အချိုးအစား

ဒီခန္ဓာကိုယ်အမျိုးအစားရဲ့ အဓိကလက္ခဏာများက ပခုံးကျယ်ပြီး တင်ပါးကျဉ်းပါတယ်။ဒါ့ကြောင့် သင့်ရဲ့ပုံပန်းသဏ္ဍာန်ကို ဟန်ချက်ညီနေစေဖို့ တင်ပါးတွေပေါ်မှာ အတိအကျ focus ထားဖို့ပါပဲ။ ခါးကို ပေါ်လွင်စေဖို့ ခါးကြိုးစည်းလေးတွေ၊ အပြားကြီးကြီး ခါးပတ်တွေကို ရွေးချယ်ဖိို့ လိုအပ်ပါတယ်။

၂။ ပန်းသီးပုံ ခန္ဓာကိုယ်အချိုးအစား

ပန်းသီးပုံခန္ဓာကိုယ်မှာ တင်ပါးကြီးပြီး ခါးပြည့်ပြည့်ရှိပါတယ်။ သင့်တာဝန်က ပုံရိပ်ကို ပိုပြီးသေးသွယ်စေဖို့ နှင့် ဖုံးကွယ်ဖို့ ဖြစ်ပါတယ်။ ခါးပတ်ပါးပါး သေးသေးလေးတစ်ခုကို ခါးရဲ့အထက်မှာသာ ပတ်သင့်ပါတယ်။

၃။ သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစား

သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစားဆိုတာကတော့ တင်ပါးနဲ့ တင်ပဆုံတစ်ဝိုက်မှာ အဆီတွေ ပိုပြီးစုဝေးနေတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက ပိုပြီးတော့ ဖွံ့ထွားတဲ့ ပုံစံရှိပါတယ်။ ဒါ့ကြောင့် ခါးပတ်ကို ခါးမှာ ဝတ်ဆင်သင့်ပါတယ်။ ကြီးမားတဲ့ ဒီဇိုင််းတွေကို ရှောင်ပါ။ ခါးပတ်ပါးပါးလေးက ကြီးမားတဲ့ တင်ပါးတွေဆီကနေ အာရုံလွှဲပေးပြီး သင့်ခါးကို ပိုပြီးပေါ်လွင်ပါလိမ့်မယ်။

၄။ သဲနာရီပုံ ခန္ဓာကိုယ်အချိုးအစား

တင်၊ ရင်လှပြီး ခါးသေးသေးရှိတဲ့ ခန္ဓာကိုယ်မျိုးဖြစ်ပါတယ်။ ခါးပတ်အပြားကြီးကြီးက သင့်ခန္ဓာကိုယ်ရဲ့ အားသာချက်အားလုံးကိုထင်ရှားစေပြီး အရေးအကြီးဆုံးကတော့ သင့်ခါးကျဉ်းကျဉ်းလေးကို ပေါ်လွင်စေပါလိမ့်မယ်။

၅။ လေးထောင့်ပုံ ခန္ဓာကိုယ်အချိုးအစား

လေးထောင့်ပုံ ခန္ဓာကိုယ်အမျိုးအစားက ပခုံးနဲ့ တင်ပါးအကျယ်က အတူတူဖြစ်ပြီး ခါးတုတ်တဲ့ပုံရှိပါတယ်။ သင့်မှာ လေးထောင့်ပုံ ခန္ဓာကိုယ်အမျိုးအစားရှိရင် ကျစ်ထားတဲ့ ခါးပတ်လေးတွေကို ရွေးချယ်ရပါမယ်။ ခါးပတ်ကို အပြားကြီးကြီးပတ်တာက ခါးကိုသေးသွယ်စေပြီး သင့်ခန္ဓာကိုယ်အမျိုးအစားကို အလေးပေးပေါ်လွင်စေပါတယ်။
ဂျင်းရှပ်တွေ၊ ဂါဝန်တွေ၊ အပေါ်ထပ်သိုးမွှေးအင်္ကျီခါးရှည်လေးတွေ၊ ဆွယ်တာလေးတွေ၊ ကုတ်လေးတွေနဲ့ ခါးပတ်ကို ဝတ်ဆင်ဖို့ Stylists တွေက အကြံပြုထားပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here