ႏုပ်ိဳတဲ့အသားအေရကို ပိုင္ဆိုင္ထားသူဟာ သဘာဝကေန အလိုအေလွ်ာက္ေပးထားတဲ့ လက္ေဆာင္တစ္ခုေတာ့မဟုတ္ပါဘူး။ မွန္ကန္တဲ့ေရြးခ်ယ္မႈေၾကာင့္ ဒီလိုလွပတဲ့ အသားအေရကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အခုေတာ့ ဒီလွ်ိဳဝွက္ခ်က္ကို ေဖာ္ထုတ္ေပးေတာ့မွာျဖစ္ပါတယ္။
၁။ မ်က္ႏွာသစ္တဲ့အခါ 2-4-2 Method ကို အသုံးျပဳေပးပါ။
2-4-2 method ဆိုတာ မ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ အရင္ဦးဆုံး သင့္မ်က္ႏွာေပၚမွာ hydrophilic ဆီကို အရင္ ၄မိနစ္ သုတ္လိမ္းေပးပါ။ ၿပီးလွ်င္ မ်က္ႏွာသစ္ေဆးျဖင့္ ၂မိနစ္ သုတ္လိမ္းေပးပါ။ အားလုံးၿပီးသြားမွ ေရျဖင့္ သင့္မ်က္ႏွာကို ၄မိနစ္ေလာက္ အခ်ိန္ေပးၿပီး ေဆးေၾကာေပးလိုက္ပါ။ ဒီနည္းလမ္းကို 2 Stage Cleanse လို႔လည္း ေခၚပါတယ္။
၂။ Konjac ေရျမႇဳပ္ကို အသုံးျပဳပါ။
သင့္မ်က္ႏွာကို ေဆးေၾကာတဲ့အခါမွာ Konjac ေရျမႇဳပ္က သင့္အတြက္ အလြန္ေကာင္းမြန္ပါတယ္။ Konjac ေရျမႇဳပ္ဟာ ဝဥအျမစ္ကေန ထုတ္လုပ္ထားတဲ့ သဘာယထုတ္ကုန္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ထိုအရျမႇဳပ္ကို အသုံးျပဳေတာ့မယ္ဆိုရင္ အရင္ဦးဆုံး ေရျမႇဳပ္ေပ်ာ့ေပ်ာင္းလာေအာင္ ေရေႏြးေလးနဲ႔ မိနစ္အနည္းငယ္ေလာက္ စိမ္ေပးၿပီး ၿပီးမွ သင့္မ်က္ႏွာပင္ တစ္ဝိႈက္ကိုထိုေရျမႇဳပ္ေလးနဲ႔ နဖူးကေန ေမးေစ့အထိ ညင္ညင္သာသာပြတ္တိုက္ေပးလိုက္ပါ။ Konjac ေရျမႇဳပ္ကိုေတာ့ Online ကေန မွာယူလို႔ရပါတယ္။
၃။ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ပါ။
သင္ေနပူထဲ ထြက္တာနဲ႔ ေနေရာင္ျခည္ကို ကာကြယ္ဖို႔အတြက္ အထူးဂ႐ုစိုက္ဖို႔အေရးႀကီးပါတယ္။ ေနကာမ်က္မွန္၊ ထီး သို႔မဟုတ္ ဦးထုပ္ေဆာင္ထားပါ။ ေနေရာင္ျခည္ကာကြယ္ေဆးကို အသုံးျပဳေပးပါ။ အဆိုပါ ေနေရာင္ျခည္ကာကြယ္ေဆးဟာ ေနေလာင္ဒဏ္ကို ကာကြယ္ေပးတဲ့အျပင္ အသားအေရ အိုးမင္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
၄။ ဆန္ေဆးေရကို အသုံးျပဳေပးပါ။
ဆန္ေဆးေရဟာ ရာစုႏွစ္မ်ားစြာက သုံးစြဲခဲ့တဲ့ သဘာဝေဆးတစ္လက္ျဖစ္ပါတယ္။ ဆံေကသာအတြက္လည္း အသုံးျပဳႏိုင္သလို သင္အသားအေရအတြက္လည္း အသုံးျပဳႏိုင္ပါတယ္။ သင့္မ်က္ႏွာကို ဆန္ေဆးေရနဲ႔ ပုံမွန္ေဆးေၾကာေပးျခင္းျဖင့္ အသားအေရကို ႏူညံ့ေပ်ာ့ေပ်ာင္းေစၿပီး အသားအေရလည္း ပိုမိုေကာင္းမြန္လာေစပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါမွာ ဆန္ေဆးရည္ကို အသုံးျပဳေပးျခင္းျဖင့္ ဆံသားကို ပိုမိုေကာင္းမြန္ေစပါတယ္။
၅။ ပူစီနံႏွင့္ အစိမ္းေရာင္လက္ဖက္ရည္
ပူစီနံနဲ႔ အစိမ္းေရာင္လက္ဖက္ဟာ သင့္အသားအေရအတြက္ ေကာင္းမြန္တဲ့ ျဒပ္စင္ေတြမ်ားစြာပါဝင္ပါတယ္။ ပူစီနံဆီနဲ႔ အစိမ္းေရာင္လက္ဖက္ကို အသုံးျပဳေပးျခင္းျဖင့္ က်န္းမာတဲ့အသားအေရကို ရရွိမွာျဖစ္ၿပီး သင့္အတြက္မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။
၆။ ေနေလာင္ကြက္ေတြနဲ႔ အသားအေရာင္ မညီညာမႈအတြက္
ကၽြန္ေတာ္တို႔အသားအေရက နာရီပတ္တဲ့အခါ နာရီပတ္ထားတဲ့ေနရာနဲ႔၊ ဖိနပ္စီးတဲ့အခါ ဖိနပ္သဲႀကိဳဖိမိတဲ့ေနရာေတြက အသားအေရက အျခားအသားအေရနဲ႔ မတူပဲျဖဴၿပီးကြက္ေနတတ္ပါတယ္။ ဒီလိုအသားေရာင္မညီညာမႈကို ေျဖရွင္းဖို႔အတြက္ သဘာဝနည္းလမ္းေလးတစ္ခုမွ်ေဝေပးလိုက္ပါတယ္။ ဒါကေတာ့ သၾကား လက္ဖက္ရည္ဇြန္းနဲ႔ ၁/၂ ခန္႔၊ စႏၵကူးမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔ ကိုေမႊေပးပါ။ ၿပီးလွ်င္ ခရမ္းခ်ဥ္သီးကို တစ္ဝက္လွီးၿပီး စႏၵကူးနဲ႔ သၾကားအေရာအေႏွာကို ထိုခရမ္းခ်ဥ္သီးျခမ္းမွာသုတ္လိမ္းၿပီး သင္သုတ္လိမ္းခ်င္တဲ့ေနရာတစ္ဝႈိက္ကို ၅-၁၀ မိနစ္ေလာက္ ပြတ္တိုက္ေပးပါ။ ၿပီးမွ ေရျဖင့္ ေသခ်ာေဆးေၾကာေပးလိုက္ပါ။
၇။ ဆီကို အသုံးျပဳေပးပါ။
အုန္းဆီ၊ ေထာပတ္ဆီ၊ သံလြင္ဆီ စတဲ့ ေအာ္ဂဲနစ္ အဆီမ်ားကို မ်က္ႏွာသာမက သင့္ရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြရဲ႕ ဘယ္ေနရာမဆို အသုံးျပဳေပးႏိုင္ပါတယ္။ အုန္းဆီဟာ အသားအေရကို စိုေျပေအာင္ျပဳစုပ်ိဳးေထာင္ေပးၿပီး သံလြင္ဆီကေတာ့ အသားအေရ ပ်က္စီးမႈမရွိေအာင္ ကာကြယ္ေပးထားႏိုင္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ေခၽြးနံ႔ေပ်ာက္ေဆး အစြန္းအထင္းေတြကို ဖယ္ရွားဖို႔ နည္းလမ္း ၅ခု
Unicode
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသားအရေကို အပြစ်တင်ရက်စရာမရှိအောင် ဘယ်လိုထိန်းသိမ်းမလဲ။
နုပျိုတဲ့အသားအရေကို ပိုင်ဆိုင်ထားသူဟာ သဘာဝကနေ အလိုအလျှောက်ပေးထားတဲ့ လက်ဆောင်တစ်ခုတော့မဟုတ်ပါဘူး။ မှန်ကန်တဲ့ရွေးချယ်မှုကြောင့် ဒီလိုလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အခုတော့ ဒီလျှိုဝှက်ချက်ကို ဖော်ထုတ်ပေးတော့မှာဖြစ်ပါတယ်။
၁။ မျက်နှာသစ်တဲ့အခါ 2-4-2 Method ကို အသုံးပြုပေးပါ။
2-4-2 method ဆိုတာ မျက်နှာသစ်တော့မယ်ဆိုရင် အရင်ဦးဆုံး သင့်မျက်နှာပေါ်မှာ hydrophilic ဆီကို အရင် ၄မိနစ် သုတ်လိမ်းပေးပါ။ ပြီးလျှင် မျက်နှာသစ်ဆေးဖြင့် ၂မိနစ် သုတ်လိမ်းပေးပါ။ အားလုံးပြီးသွားမှ ရေဖြင့် သင့်မျက်နှာကို ၄မိနစ်လောက် အချိန်ပေးပြီး ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းကို 2 Stage Cleanse လို့လည်း ခေါ်ပါတယ်။
၂။ Konjac ရေမြှုပ်ကို အသုံးပြုပါ။
သင့်မျက်နှာကို ဆေးကြောတဲ့အခါမှာ Konjac ရေမြှုပ်က သင့်အတွက် အလွန်ကောင်းမွန်ပါတယ်။ Konjac ရေမြှုပ်ဟာ ဝဥအမြစ်ကနေ ထုတ်လုပ်ထားတဲ့ သဘာယထုတ်ကုန်တစ်မျိုးပဲဖြစ်ပါတယ်။ ထိုအရမြှုပ်ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဦးဆုံး ရေမြှုပ်ပျော့ပျောင်းလာအောင် ရေနွေးလေးနဲ့ မိနစ်အနည်းငယ်လောက် စိမ်ပေးပြီး ပြီးမှ သင့်မျက်နှာပင် တစ်ဝှိုက်ကိုထိုရေမြှုပ်လေးနဲ့ နဖူးကနေ မေးစေ့အထိ ညင်ညင်သာသာပွတ်တိုက်ပေးလိုက်ပါ။ Konjac ရေမြှုပ်ကိုတော့ Online ကနေ မှာယူလို့ရပါတယ်။
၃။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပါ။
သင်နေပူထဲ ထွက်တာနဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် အထူးဂရုစိုက်ဖို့အရေးကြီးပါတယ်။ နေကာမျက်မှန်၊ ထီး သို့မဟုတ် ဦးထုပ်ဆောင်ထားပါ။ နေရောင်ခြည်ကာကွယ်ဆေးကို အသုံးပြုပေးပါ။ အဆိုပါ နေရောင်ခြည်ကာကွယ်ဆေးဟာ နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့အပြင် အသားအရေ အိုးမင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၄။ ဆန်ဆေးရေကို အသုံးပြုပေးပါ။
ဆန်ဆေးရေဟာ ရာစုနှစ်များစွာက သုံးစွဲခဲ့တဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ ဆံကေသာအတွက်လည်း အသုံးပြုနိုင်သလို သင်အသားအရေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သင့်မျက်နှာကို ဆန်ဆေးရေနဲ့ ပုံမှန်ဆေးကြောပေးခြင်းဖြင့် အသားအရေကို နူညံ့ပျော့ပျောင်းစေပြီး အသားအရေလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ဆန်ဆေးရည်ကို အသုံးပြုပေးခြင်းဖြင့် ဆံသားကို ပိုမိုကောင်းမွန်စေပါတယ်။
၅။ ပူစီနံနှင့် အစိမ်းရောင်လက်ဖက်ရည်
ပူစီနံနဲ့ အစိမ်းရောင်လက်ဖက်ဟာ သင့်အသားအရေအတွက် ကောင်းမွန်တဲ့ ဒြပ်စင်တွေများစွာပါဝင်ပါတယ်။ ပူစီနံဆီနဲ့ အစိမ်းရောင်လက်ဖက်ကို အသုံးပြုပေးခြင်းဖြင့် ကျန်းမာတဲ့အသားအရေကို ရရှိမှာဖြစ်ပြီး သင့်အတွက်များစွာအထောက်အကူဖြစ်စေပါတယ်။
၆။ နေလောင်ကွက်တွေနဲ့ အသားအရောင် မညီညာမှုအတွက်
ကျွန်တော်တို့အသားအရေက နာရီပတ်တဲ့အခါ နာရီပတ်ထားတဲ့နေရာနဲ့၊ ဖိနပ်စီးတဲ့အခါ ဖိနပ်သဲကြိုဖိမိတဲ့နေရာတွေက အသားအရေက အခြားအသားအရေနဲ့ မတူပဲဖြူပြီးကွက်နေတတ်ပါတယ်။ ဒီလိုအသားရောင်မညီညာမှုကို ဖြေရှင်းဖို့အတွက် သဘာဝနည်းလမ်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။ ဒါကတော့ သကြား လက်ဖက်ရည်ဇွန်းနဲ့ ၁/၂ ခန့်၊ စန္ဒကူးမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့် ကိုမွှေပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီးကို တစ်ဝက်လှီးပြီး စန္ဒကူးနဲ့ သကြားအရောအနှောကို ထိုခရမ်းချဉ်သီးခြမ်းမှာသုတ်လိမ်းပြီး သင်သုတ်လိမ်းချင်တဲ့နေရာတစ်ဝှိုက်ကို ၅-၁၀ မိနစ်လောက် ပွတ်တိုက်ပေးပါ။ ပြီးမှ ရေဖြင့် သေချာဆေးကြောပေးလိုက်ပါ။
၇။ ဆီကို အသုံးပြုပေးပါ။
အုန်းဆီ၊ ထောပတ်ဆီ၊ သံလွင်ဆီ စတဲ့ အော်ဂဲနစ် အဆီများကို မျက်နှာသာမက သင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ဘယ်နေရာမဆို အသုံးပြုပေးနိုင်ပါတယ်။ အုန်းဆီဟာ အသားအရေကို စိုပြေအောင်ပြုစုပျိုးထောင်ပေးပြီး သံလွင်ဆီကတော့ အသားအရေ ပျက်စီးမှုမရှိအောင် ကာကွယ်ပေးထားနို်င်ပါတယ်။