ခၽြတ္လို႔မရေအာင္ ဂ်ိဳးတက္ေနတဲ့ သြားဂ်ိဳးေတြကို အလြယ္တကူေျဖရွင္းႏိုင္မဲ့ သဘာဝနည္းလမ္းအခ်ိဳ႕

0
787
သြားဂ်ိဳးခၽြတ္နည္း
သြားဂ်ိဳးခၽြတ္နည္း

လူတစ္ေယာက္ရဲ႕ စြဲေဆာင္မႈအရွိဆုံးေနရာေတြမွာ သြားကလဲ အဓိကစြဲေဆာင္ႏိုင္တဲ့အစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ ဒါေပမဲ့ မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႔က ကြမ္း၊ ေဆးလိပ္၊ ေကာ္ဖီ ေတြေန႔စဥ္နဲအမွ် ေန႔တိုင္းလိုလုိ စားသုံးေနတဲ့အခါမွာ ကၽြန္ေတာ္တို႔ရဲ႕ သြားေတြက ဂ်ိဳးတက္ၿပီး ဝါၾကံ႕ၾကံ႕နဲ႔ ခၽြတ္ဖို႔ ခက္ခဲတဲ့အထိျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ပုလဲလုံးေလးေတြလို ျဖဴေဖြးလွပတဲ့ သြားေတြကို ပိုင္ဆိုင္ေစဖို႔အတြက္ Lifestyle_Myanmar ပရိတ္သတ္ႀကီးအတြက္ သဘာဝနည္းလမ္းအခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ မုန္႔ဖုတ္ဆိုဒါ


မုန္႔ဖုတ္ဆိုဒါကို သဘာဝသြားတိုက္ေဆးတစ္မ်ိဳးလို အသုံးျပဳႏိုင္တဲ့အျပင္ အျခားေနရာေတြမွာလည္း အရမ္းကို အသုံးဝင္တဲ့ ေဆးတစ္လတ္လည္းျဖစ္ပါတယ္။ ဆားတစ္ဇြန္း၊ မုန္႔ဖုတ္ဆိုဒါတစ္ဇြန္းကို ေရာေႏွာၿပီး စိုစြတ္တဲ့ သြားတိုက္တံေပၚမွာ တင္ၿပီး သြားတိုက္သလို အသုံးျပဳႏိုင္ပါတယ္။ ရက္အနည္းငယ္အတြင္း ဝါးေနတဲ့သြားေတြ၊ ကြမ္းဂ်ိဳး၊ ေဆးလိပ္ဂ်ိဳး၊ ေကာ္ဖီဂ်ိဳးေတြကို လြယ္ကူစြာဖယ္ရွားေပးႏိုင္ပါတယ္။

၂။ ရွားေစာင္းလက္ပတ္နဲ႔ ဂလစ္ဆရင္း


ကၽြန္ေတာ္တို႔ေန႔စဥ္အသုံးျပဳေနတဲ့ သြားတိုက္ေဆးထက္ပိုၿပီး အစြမ္းထက္တဲ့ ေဆးတစ္လတ္ျဖစ္ပါတယ္။ ပါဝင္တဲ့ ပစၥည္းေတြကေတာ့ – မုန္ဖုတ္ဆိုဒါ ဇြန္းတစ္ဝက္၊ ရွားေစာင္းလက္ပတ္ ၁ဇြန္း၊ ဟင္းသီးဟင္းရြက္မွထုတ္လုပ္တဲ့ ဂလစ္ဆရင္း ၄ဇြန္း အားလုံးကို ေရာေႏွာၿပီး သြားတိုက္တံျဖင့္ သြားတိုက္သလို ပြတ္တိုက္ေပးပါ။ သြားမ်ားကို ခိုင္ခံ့ေစတဲ့အျပင္ သြားဂ်ိဳးေတြကိုလည္း အလြယ္တကူဖယ္ရွားေပးႏိုင္ပါတယ္။

၃။ လိေမၼာ္ခြံ


လိေမၼာ္သီးစားၿပီးတဲ့အခါတိုင္း လိေမၼာ္ခြံကို မလႊင့္ပစ္လိုက္ပါနဲ႔။ လိေမၼာ္ခြံက သင့္သြားကို သန္႔စင္ေပးဖို႔ အဓိက ကုန္ၾကမ္းတစ္ခုျဖစ္ပါတယ္။ လိေမၼာ္ခြံျဖင့္ သင့္သြားမ်ားကို ပြတ္တိုက္ေပးပါ။ သြားမွာစြန္းထင္ေနတဲ့ ဂ်ိဳးေတြ၊ အစြန္းအထင္းေတြကို ဖယ္ရွားႏိုင္တဲ့အျပင္ ဘက္တီးရီးယားပိုးမႊားေတြကိုလည္း တိုက္ထုတ္ေပးႏိုင္ပါတယ္။ မိနစ္အနည္းငယ္ၾကာေအာင္ ပြတ္တိုက္ၿပီးမွ ေရျဖင့္ ပလုတ္က်င္းေပးလိုက္ပါ။

၄။ ႏွမ္းေစ့


ႏွမ္းေစ့ လက္တစ္ဆုပ္စာကို သင့္ပါးစပ္ထဲ ထည့္ၿပီး ဘယ္ညာ သြားအစုံျဖင့္ ညႇက္တဲ့အထိဝါးေပးၿပီး ေထြးထုတ္လိုက္ပါ။ ၿပီးွလွ်င္ ေျခာက္ေသြ႕တဲ့ သြားပြတ္တံကို အသုံးျပဳၿပီး သင့္သြားၾကားထဲမွာ က်န္ေနတဲ့ စာၾကြင္းစားက်င္ေတြကို ရွင္းထုတ္ေပးလိုက္ပါ။ သြားၾကားထဲမွာရွိတဲ့ အစြန္းအထင္းေတြကို အလြယ္တကူသန္႔စင္ေစပါတယ္။

၅။ ဗီတာမင္ စီ


ဗီတာမင္ C ပါဝင္တဲ့ သစ္သီးမ်ားျဖင့္ သင့္သြားမ်ားကို သန္႔စင္ေပးႏိုင္ပါတယ္။ ဗီတာမင္ C ၾကြယ္ဝတဲ့ ခရမ္းခ်ဥ္သီး၊ စေတာ္ဘယ္ရီသီး၊ လိေမၼာ္သီး စတဲ့ အသီအႏွံေတြကို ႀကိတ္ၿပီး သင့္သြားမ်ားေပၚကို သုတ္လိမ္းေပးထားလိုက္ပါ။ ၅-၆ မိနစ္ေလာက္ၾကာမွ ေရျဖင့္ သန္႔စင္ေပးလိုက္ပါ။ သြားမွ အစြန္းအထင္းေတြအျပင္ ခံတြင္းနံ႔ ရွင္းျခင္းနဲ႔ ဘက္တီးရီးယားပိုးမႊားမ်ားကို သန္႔စင္ေပးျခင္း တို႔ကို ကူညီေပးႏိုင္ပါတယ္။

၆။ ရွာလကာရည္


သြားမ်ား သန္႔စင္ၿပီး ျဖဴဝင္းေစဖို႔အတြက္ ၁၀၀ရာခိုင္ႏႈန္းထိေရာက္တဲ့ သဘာဝနည္းလမ္းေလးတစ္ခုပဲျဖစ္ပါတယ္။ ရွာလကာရည္ ၂ဇြန္း၊ ဆား ၁ဇြန္း၊ ေရ ၄ေအာင္စ ကို ေရာေႏွာၿပီး သြားတိုက္ေဆးသဖြယ္အသုံးျပဳႏိုင္ပါတယ္။ ရက္အနည္းငယ္အတြင္း သင့္သြားမ်ား ျဖဴဝင္းလာၿပီး ေကာင္းမြန္တဲ့ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ႏိုင္မွာ အမွန္ပါပဲ။ ျပဳလုပ္ရလြယ္ကူၿပီး ေဘးထြက္ဆိုးက်ိဳးေတြ မရွိတာေၾကာင့္ ဂ်ိဳးတက္ၿပီး ဝါေနတဲ့ သြားပိုင္ရွင္မ်ားစမ္းၾကည့္လိုက္ေနာ္။

#Lifestyle_Myanmar

#Thar_Nage

၁၀လသားအရြယ္ကေလးကို ေျခသည္းညႇပ္ေပးရာမွ ေျခမေလးပါ ျဖတ္လိုက္ရတဲ့ျဖစ္ရပ္


Unicode

ချွတ်လို့မရအောင် ဂျိုးတက်နေတဲ့ သွားဂျိုးတွေကို အလွယ်တကူဖြေရှင်းနိုင်မဲ့ သဘာဝနည်းလမ်းအချို့
လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးနေရာတွေမှာ သွားကလဲ အဓိကစွဲဆောင်နိုင်တဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်တို့က ကွမ်း၊ ဆေးလိပ်၊ ကော်ဖီ တွေနေ့စဉ်နဲအမျှ နေ့တိုင်းလိုလို စားသုံးနေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သွားတွေက ဂျိုးတက်ပြီး ဝါကြံ့ကြံ့နဲ့ ချွတ်ဖို့ ခက်ခဲတဲ့အထိဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပုလဲလုံးလေးတွေလို ဖြူဖွေးလှပတဲ့ သွားတွေကို ပိုင်ဆိုင်စေဖို့အတွက် Lifestyle_Myanmar ပရိတ်သတ်ကြီးအတွက် သဘာဝနည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို သဘာဝသွားတိုက်ဆေးတစ်မျိုးလို အသုံးပြုနိုင်တဲ့အပြင် အခြားနေရာတွေမှာလည်း အရမ်းကို အသုံးဝင်တဲ့ ဆေးတစ်လတ်လည်းဖြစ်ပါတယ်။ ဆားတစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းကို ရောနှောပြီး စိုစွတ်တဲ့ သွားတိုက်တံပေါ်မှာ တင်ပြီး သွားတိုက်သလို အသုံးပြုနိုင်ပါတယ်။ ရက်အနည်းငယ်အတွင်း ဝါးနေတဲ့သွားတွေ၊ ကွမ်းဂျိုး၊ ဆေးလိပ်ဂျိုး၊ ကော်ဖီဂျိုးတွေကို လွယ်ကူစွာဖယ်ရှားပေးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်နဲ့ ဂလစ်ဆရင်း
ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ သွားတိုက်ဆေးထက်ပိုပြီး အစွမ်းထက်တဲ့ ဆေးတစ်လတ်ဖြစ်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ – မုန်ဖုတ်ဆိုဒါ ဇွန်းတစ်ဝက်၊ ရှားစောင်းလက်ပတ် ၁ဇွန်း၊ ဟင်းသီးဟင်းရွက်မှထုတ်လုပ်တဲ့ ဂလစ်ဆရင်း ၄ဇွန်း အားလုံးကို ရောနှောပြီး သွားတိုက်တံဖြင့် သွားတိုက်သလို ပွတ်တိုက်ပေးပါ။ သွားများကို ခိုင်ခံ့စေတဲ့အပြင် သွားဂျိုးတွေကိုလည်း အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။

၃။ လိမ္မော်ခွံ
လိမ္မော်သီးစားပြီးတဲ့အခါတိုင်း လိမ္မော်ခွံကို မလွှင့်ပစ်လိုက်ပါနဲ့။ လိမ္မော်ခွံက သင့်သွားကို သန့်စင်ပေးဖို့ အဓိက ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။ လိမ္မော်ခွံဖြင့် သင့်သွားများကို ပွတ်တိုက်ပေးပါ။ သွားမှာစွန်းထင်နေတဲ့ ဂျိုးတွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပြီးမှ ရေဖြင့် ပလုတ်ကျင်းပေးလိုက်ပါ။

၄။ နှမ်းစေ့
နှမ်းစေ့ လက်တစ်ဆုပ်စာကို သင့်ပါးစပ်ထဲ ထည့်ပြီး ဘယ်ညာ သွားအစုံဖြင့် ညှက်တဲ့အထိဝါးပေးပြီး ထွေးထုတ်လိုက်ပါ။ ပြီးှလျှင် ခြောက်သွေ့တဲ့ သွားပွတ်တံကို အသုံးပြုပြီး သင့်သွားကြားထဲမှာ ကျန်နေတဲ့ စာကြွင်းစားကျင်တွေကို ရှင်းထုတ်ပေးလိုက်ပါ။ သွားကြားထဲမှာရှိတဲ့ အစွန်းအထင်းတွေကို အလွယ်တကူသန့်စင်စေပါတယ်။

၅။ ဗီတာမင် စီ
ဗီတာမင် C ပါဝင်တဲ့ သစ်သီးများဖြင့် သင့်သွားများကို သန့်စင်ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့ အသီအနှံတွေကို ကြိတ်ပြီး သင့်သွားများပေါ်ကို သုတ်လိမ်းပေးထားလိုက်ပါ။ ၅-၆ မိနစ်လောက်ကြာမှ ရေဖြင့် သန့်စင်ပေးလိုက်ပါ။ သွားမှ အစွန်းအထင်းတွေအပြင် ခံတွင်းနံ့ ရှင်းခြင်းနဲ့ ဘက်တီးရီးယားပိုးမွှားများကို သန့်စင်ပေးခြင်း တို့ကို ကူညီပေးနိုင်ပါတယ်။

၆။ ရှာလကာရည်
သွားများ သန့်စင်ပြီး ဖြူဝင်းစေဖို့အတွက် ၁၀၀ရာခိုင်နှုန်းထိရောက်တဲ့ သဘာဝနည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ရှာလကာရည် ၂ဇွန်း၊ ဆား ၁ဇွန်း၊ ရေ ၄အောင်စ ကို ရောနှောပြီး သွားတိုက်ဆေးသဖွယ်အသုံးပြုနိုင်ပါတယ်။ ရက်အနည်းငယ်အတွင်း သင့်သွားများ ဖြူဝင်းလာပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။ ပြုလုပ်ရလွယ်ကူပြီး ဘေးထွက်ဆိုးကျိုးတွေ မရှိတာကြောင့် ဂျိုးတက်ပြီး ဝါနေတဲ့ သွားပိုင်ရှင်များစမ်းကြည့်လိုက်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here