ခွဲစိပ်ရာမှ သည်းခြေကျောက် အလုံးပေါင်း ၁၂၀၀၀နီးပါး ရရှိခဲ့လို့ ဆရာဝန်တွေ မျက်လုံးပြူးသွားတဲ့ အမျိုးသမီး

0
587
သည်းခြေကျောက်
သည်းခြေကျောက်

သည်းခြေကျောက် (Gallstones) ဆိုတာ သည်ခြေအိမ်မှာ အစာခြေရည်တွေ အနည်ကျစုပုံလာတဲ့အခါ တစ်ဖြည်းဖြည်း မာကျောလာပြီး သည်းခြေကျောက် ဖြစ်ပေါ်တတ်ပါတယ်။ သည်းခြေကျောက်ဟာ များသောအားဖြင့် အရွယ်ရောက်ပြီး လူကြီးများမှာဖြစ်ပေါ်တတ်ပြီး ယောကျ်ားလေးထက် မိန်းကလေး များမှာပိုဖြစ်နိုင်ခြေရှိပါတယ်။ ယခုလည်း အိန္ဒိယမှာ အမျိုးသမီးတစ်ဦးကို ခွဲစိတ်ရာမှ သည်းခြေကျောက်အလုံးပေါင်း ၁၁၉၅၀ လောက် ထွက်ရှိလာတာကြောင့် ကမ္ယာ့ စံချိန်တောင် တင်သွားရတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဒေါက်တာ Makhan Lala Saha ဟာ လူနာရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အခုလို သည်းခြေအိတ်ထဲက ကျောက်တွေ ရရှိခဲ့တာဖြစ်ပါတယ်။ လူနာဟာ ၂လလောက် တာရှည် အစာအိမ်နာကျင်မှုဖြစ်ခဲ့တာကြောင့် အိန္ဒိယအရှေ့ပိုင်း Debdoot Sevayan ဆေးရုံကြီးမှာ လာရောက်ကုသခဲ့တာဖြစ်ပါတယ်။

-Advertisement-

Ultrasound နဲ့ သေချာစစ်ဆေးပြီးတဲ့အခါ ခွဲစိပ်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နာရီအနည်းငယ်ကြာ သည်းခြေကျောက်တွေကို ဖယ်ရှားခဲ့ရပြီး အလုံးရေ ၅၀၀၀လောက်မှာထဲက အလွန်ပင် အံ့အားသင့်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခုခွဲစိပ်လို့ရရှိတဲ့ ကျောက်အရေအတွက်ဟာ ယခင်စံချိန်တင်ထားတဲ့လူနာထက် ၃ဆလောက် ပိုမိုများပြားနေတဲ့အတွက်ကကြောင့်ပဲဖြစ်တယ်လို့ ဒေါက်တာ Saha ကပြောပါတယ်။ ယခင်အများဆုံးလို့ စံချိန်တင်ထားတဲ့ သူတွေဟာ သည်းခြေကျောက်ပေါင်း ၁၁၁၀ နဲ့ ၁၉၈၃ ခုနှစ်က ဗြိတိန်ဆရာဝန်တွေ ဂျာမန်လူနာကို ခွဲစိပ်တာ သည်းခြေကျောက်ပေါင်း ၃၁၁၀လောက်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ယခုလူနာကတော့ နာရီပေါင်း ၄နာရီလောက် အချိန်ယူပြီး ခွဲစိတ်တဲ့အခါ ၂မီလီမီတာအရွယ်အစား နဲ့ ၅မီလီမီတာ အရွယ်အစား ကျောက်ပေါင်း ၁၁၉၅၀ ဖယ်ရှားခဲ့ရပါတယ်။

သည်းခြေကျောက်ဟာ သေးလွန်းတဲ့အခါ ဒါမှမဟုတ် လေပြွန်ကို မပိတ်သေးတဲ့အခါမျိုးမှာ ရောဂါလက္ခဏာ မပြဘဲ သည်းခြေပြွန် တစ်နေရာရာမှာ ပိတ်ဆို့နေပြီဆိုရင်တော့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သည်းခြေကျောက် တည်တဲ့အခါ ဝမ်းဗိုက်ညာဘက် ရုတ်တရက်ပြင်းပြင်းထန်ထန်နာကျင်လာခြင်း၊ ကျောဘက်လက်ပြင်ရိုးနှစ်ခုကြား ဆိုးဆိုးဝါးဝါး နာကျင်လာခြင်း၊ ရင်ညွန့်ရိုးအောက်ဘက် ဝမ်းဗိုက်အလယ်ဗဟို ရုတ်တရက်နာကျင်မှုပြင်းထန်လာခြင်း၊ ပျို့ အန်ခြင်းတို့ကို ဖြစ်ပေါ်တတ်ပါတယ်။ သည်းခြေကျောက်တည်မှုကြောင့်ဖြစ်ပေါ်တဲ့ နာကျင်မှုဟာ မိနစ်ပိုင်းကနေ နာရီပိုင်း အနည်းငယ်အထိနာကျင်မှုဖြစ်ပေါ်တတ်ပြီး ကိုယ်ဟန်အနေအထား ဘယ်လိုပဲပြောင်းပြောင်း မသက်သာတတ်ပါဘူး။

#Lifestyle_Myanmar

#Thar_Nage

မျက်နှာတစ်ပြင်လုံးမှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပြီး မျက်နှာပြန်လည်နုပျိုစေမဲ့လေ့ကျင့်ခန်း

Zawgyi fonts

ခြဲစိပ္ရာမွ သည္းေျခေက်ာက္ ၁၂၀၀၀နီးပါး ရရွိခဲ့လို႔ ဆရာဝန္ေတြ မ်က္လုံးျပဴးသြားတဲ့ အမ်ိဳးသမီး
သည္းေျခေက်ာက္ (Gallstones) ဆိုတာ သည္ေျခအိမ္မွာ အစာေျခရည္ေတြ အနည္က်စုပုံလာတဲ့အခါ တစ္ျဖည္းျဖည္း မာေက်ာလာၿပီး သည္းေျခေက်ာက္ ျဖစ္ေပၚတတ္ပါတယ္။ သည္းေျခေက်ာက္ဟာ မ်ားေသာအားျဖင့္ အရြယ္ေရာက္ၿပီး လူႀကီးမ်ားမွာျဖစ္ေပၚတတ္ၿပီး ေယာက်္ားေလးထက္ မိန္းကေလး မ်ားမွာပိုျဖစ္နိုင္ေျခရွိပါတယ္။ ယခုလည္း အိႏၵိယမွာ အမ်ိဳးသမီးတစ္ဦးကို ခြဲစိတ္ရာမွ သည္းေျခေက်ာက္အလုံးေပါင္း ၁၁၉၅၀ ေလာက္ ထြက္ရွိလာတာေၾကာင့္ ကမ္ယာ့ စံခ်ိန္ေတာင္ တင္သြားရတဲ့အထိျဖစ္ခဲ့ရပါတယ္။ ေဒါက္တာ Makhan Lala Saha ဟာ လူနာရဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ အခုလို သည္းေျခအိတ္ထဲက ေက်ာက္ေတြ ရရွိခဲ့တာျဖစ္ပါတယ္။ လူနာဟာ ၂လေလာက္ တာရွည္ အစာအိမ္နာက်င္မွုျဖစ္ခဲ့တာေၾကာင့္ အိႏၵိယအေရွ႕ပိုင္း Debdoot Sevayan ေဆး႐ုံႀကီးမွာ လာေရာက္ကုသခဲ့တာျဖစ္ပါတယ္။

Ultrasound နဲ႔ ေသခ်ာစစ္ေဆးၿပီးတဲ့အခါ ခြဲစိပ္ဖို႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ နာရီအနည္းငယ္ၾကာ သည္းေျခေက်ာက္ေတြကို ဖယ္ရွားခဲ့ရၿပီး အလုံးေရ ၅၀၀၀ေလာက္မွာထဲက အလြန္ပင္ အံ့အားသင့္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ယခုခြဲစိပ္လို႔ရရွိတဲ့ ေက်ာက္အေရအတြက္ဟာ ယခင္စံခ်ိန္တင္ထားတဲ့လူနာထက္ ၃ဆေလာက္ ပိုမိုမ်ားျပားေနတဲ့အတြက္ကေၾကာင့္ပဲျဖစ္တယ္လို႔ ေဒါက္တာ Saha ကေျပာပါတယ္။ ယခင္အမ်ားဆုံးလို႔ စံခ်ိန္တင္ထားတဲ့ သူေတြဟာ သည္းေျခေက်ာက္ေပါင္း ၁၁၁၀ နဲ႔ ၁၉၈၃ ခုႏွစ္က ၿဗိတိန္ဆရာဝန္ေတြ ဂ်ာမန္လူနာကို ခြဲစိပ္တာ သည္းေျခေက်ာက္ေပါင္း ၃၁၁၀ေလာက္ပဲရရွိခဲ့တာျဖစ္ပါတယ္။ ယခုလူနာကေတာ့ နာရီေပါင္း ၄နာရီေလာက္ အခ်ိန္ယူၿပီး ခြဲစိတ္တဲ့အခါ ၂မီလီမီတာအရြယ္အစား နဲ႔ ၅မီလီမီတာ အရြယ္အစား ေက်ာက္ေပါင္း ၁၁၉၅၀ ဖယ္ရွားခဲ့ရပါတယ္။

သည္းေျခေက်ာက္ဟာ ေသးလြန္းတဲ့အခါ ဒါမွမဟုတ္ ေလႁပြန္ကို မပိတ္ေသးတဲ့အခါမ်ိဳးမွာ ေရာဂါလကၡဏာ မျပဘဲ သည္းေျခႁပြန္ တစ္ေနရာရာမွာ ပိတ္ဆို႔ေနၿပီဆိုရင္ေတာ့ ေရာဂါလကၡဏာေတြ ျဖစ္ေပၚတတ္ပါတယ္။ သည္းေျခေက်ာက္ တည္တဲ့အခါ ဝမ္းဗိုက္ညာဘက္ ႐ုတ္တရက္ျပင္းျပင္းထန္ထန္နာက်င္လာျခင္း၊ ေက်ာဘက္လက္ျပင္ရိုးႏွစ္ခုၾကား ဆိုးဆိုးဝါးဝါး နာက်င္လာျခင္း၊ ရင္ညြန္႔ရိုးေအာက္ဘက္ ဝမ္းဗိုက္အလယ္ဗဟို ႐ုတ္တရက္နာက်င္မွုျပင္းထန္လာျခင္း၊ ပ်ိဳ႕ အန္ျခင္းတို႔ကို ျဖစ္ေပၚတတ္ပါတယ္။ သည္းေျခေက်ာက္တည္မွုေၾကာင့္ျဖစ္ေပၚတဲ့ နာက်င္မွုဟာ မိနစ္ပိုင္းကေန နာရီပိုင္း အနည္းငယ္အထိနာက်င္မွုျဖစ္ေပၚတတ္ၿပီး ကိုယ္ဟန္အေနအထား ဘယ္လိုပဲေျပာင္းေျပာင္း မသက္သာတတ္ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here