ခွေးမျက်လုံးကို ဆေးလိပ်မီးနဲ့ ထိုးတဲ့ အမျိုးသမီးရဲ့ ဗီဒီယိုကြောင့် အွန်လိုင်းသုံးစွဲသူတွေ ဒေါသထွက်

0
166
တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု

ယခုတလော အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ဟာ တိရိစ္ဆာန် မချစ်တတ်တဲ့သူတောင် မြင်ရုံနဲ့ ဒေါသထွက်တယ်ဆိုတော့ အိမ်မွေးတိရိစ္ဆာန် ချစ်တတ်တဲ့လူတစ်ယောက်အဖို့တော့ ပြောပြစရာမလိုအောင် သည်းခံနိုင်မှာမဟုတ်လောက်ပါဘူး။ ဒီ ဗီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတစ်ဦးက ခွေးပေါက်လေးတစ်ကောင်ကို ဂုတ်ကဆွဲပြီး ဆေးလိပ်မီးနဲ့ အကြိမ်ကြိမ် ထိုးနှက်နေတာပဲဖြစ်ပါတယ်။

ခွေးပေါက်လေးရဲ့ မျက်လုံး တည့်တည့်ကို ဆေးလိပ်မီးနဲ့ ထိုးပြီး ဆေးလိပ်မီး သေလောက်မဲ့ အချိန်ကျရင် တစ်ခါ ဆေးလိပ်မီးရဲလာအောင် ပြန်ဖွာပြီး ခွေးကို နောက်တစ်ကြိမ်ထပ်ထိုးပါတယ်။ ပြီးတဲ့အခါမှာတော့ ၂မိနစ်နဲ့ ၁၉စက္ကန့်စာ ရှိတဲ့ ဒီ အဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ တင်ထားပေးခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဟာ WhatsApp ကနေတစ်ဆင့် Twitter ပေါ်အထိ ပျံ့နှံ့သွားပြီး အွန်လိုင်းသုံးစွဲသူတွေ အရမ်းကို ဒေါသထွက်၊ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး ဥပဒေတွေ ထိထိရောက်ရောက် အရေးယူပေးဖို့ နဲ့ အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသမီးကိုလည်း စုံစမ်းရှာဖွေပေးဖို့ မလေးရှားရဲတပ်ဖွဲ့ကို တိုက်တွန်းထားပါတယ်။

လက်ရှိအခြေအနေမှာတော့ Twitter ပေါ်မှာ အဆိုပါ ဗီဒီယိုဖိုင်ဟာ retweets 10k နဲ့ Like 2.2k အထိ ရရှိထားပြီး ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi fonts

ေခြးမ်က္လုံးကို ေဆးလိပ္မီးနဲ႔ ထိုးတဲ့ အမ်ိဳးသမီးရဲ့ ဗီဒီယိုေၾကာင့္ အြန္လိုင္းသုံးစြဲသူေတြ ေဒါသထြက္

ယခုတေလာ အြန္လိုင္းမွာ ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္ဟာ တိရိစၧာန္ မခ်စ္တတ္တဲ့သူေတာင္ ျမင္႐ုံနဲ႔ ေဒါသထြက္တယ္ဆိုေတာ့ အိမ္ေမြးတိရိစၧာန္ ခ်စ္တတ္တဲ့လူတစ္ေယာက္အဖို႔ေတာ့ ေျပာျပစရာမလိုေအာင္ သည္းခံနိုင္မွာမဟုတ္ေလာက္ပါဘူး။ ဒီ ဗီဒီယိုဖိုင္ထဲမွာ အမ်ိဳးသမီးတစ္ဦးက ေခြးေပါက္ေလးတစ္ေကာင္ကို ဂုတ္ကဆြဲၿပီး ေဆးလိပ္မီးနဲ႔ အႀကိမ္ႀကိမ္ ထိုးႏွက္ေနတာပဲျဖစ္ပါတယ္။

ေခြးေပါက္ေလးရဲ့ မ်က္လုံး တည့္တည့္ကို ေဆးလိပ္မီးနဲ႔ ထိုးၿပီး ေဆးလိပ္မီး ေသေလာက္မဲ့ အခ်ိန္က်ရင္ တစ္ခါ ေဆးလိပ္မီးရဲလာေအာင္ ျပန္ဖြာၿပီး ေခြးကို ေနာက္တစ္ႀကိမ္ထပ္ထိုးပါတယ္။ ၿပီးတဲ့အခါမွာေတာ့ ၂မိနစ္နဲ႔ ၁၉စကၠန္႔စာ ရွိတဲ့ ဒီ အျဖစ္အပ်က္ကို ဗီဒီယိုရိုက္ကူးခဲ့ၿပီး လူမွုကြန္ယက္ေပၚမွာ တင္ထားေပးခဲ့ပါတယ္။

အဆိုပါ ဗီဒီယိုဟာ WhatsApp ကေနတစ္ဆင့္ Twitter ေပၚအထိ ပ်ံ႕ႏွံ့သြားၿပီး အြန္လိုင္းသုံးစြဲသူေတြ အရမ္းကို ေဒါသထြက္၊ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ တိရိစၧာန္ ညႇင္းပန္းႏွိပ္စက္မွုနဲ႔ ပတ္သက္ၿပီး ဥပေဒေတြ ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ နဲ႔ အခုအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ျပစ္မွု က်ဴးလြန္သူ အမ်ိဳးသမီးကိုလည္း စုံစမ္းရွာေဖြေပးဖို႔ မေလးရွားရဲတပ္ဖြဲ႕ကို တိုက္တြန္းထားပါတယ္။

လက္ရွိအေျခအေနမွာေတာ့ Twitter ေပၚမွာ အဆိုပါ ဗီဒီယိုဖိုင္ဟာ retweets 10k နဲ႔ Like 2.2k အထိ ရရွိထားၿပီး ေဝဖန္ေျပာဆိုမွုေတြ ျမင့္တက္ေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here