ကိုယ့်ရဲ့ ခွေးဆိုတာ မိသားစုလိုပါပဲ။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်ကို ကျန်းမာစွာပျော်ရွှင်စေဖို့ အရည်အသွေးကောင်းတဲ့ အစားအစာတွေကို ကျွေးမွေးခြင်းက တကယ်သဘာဝကျပါတယ်။ ဒါပေမယ့် လူ့အစားအစာတစ်ချို့က ခွေးတွေအတွက် အန္တရာယ်ရှိတယ်လို့ သင်သိထားပါသလား? လူတွေစားနေတဲ့အစားအစာတွေထဲမှာ ခွေးတွေကို ကျွေးဖို့ ဘယ်လိုအဆင်မပြေသော အစားအစာတွေကို မျှဝေထားပါတယ်။
ခွေးအဆိပ်သင့်ခြင်း

လေ့လာမှုတစ်ခုအရ အဆိပ်သင့်ခြင်းနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းနှင့် ၉၈ ရာခိုင်နှုန်းဟာ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဆီကနေရောက်လာတဲ့ ခွေးတွေ၊ ကြောင်လေးတွေပဲဖြစ်ကြပါတယ်။ အထူးသဖြင့် လူတွေအတွက် အစားအစာဆိုပေမယ့် ခွေးလေးတွေနဲ့ မတည့်တာမျိုးတွေဖြစ်ပါတယ်။ ဒီလိုလူတွေက သူတို့စားတဲ့အစားအစာတွေကို ခွေးလေးကို ကျွေးမွေးမိရာကနေ စတင်ပါတယ်။ ခွေးတွေဟာ သူတို့အဆိပ်သင့်နိုင်မယ့် အစားအစာတွေကို အလွန်အကျွံစားမိတဲ့အခါ ဒီအချက်လေးတွေကို လိုက်နာပါ။
၁။ အိမ်မွေးတိရစ္ဆာန်ရုံးကို ဖုန်းခေါ်ပါ

သူတို့လမ်းညွှန်ချက်တွေအတိုင်း လိုက်နာပါ။ သင့်ရဲ့ ခွေးအခြေအနေတွေ၊ လက္ခဏာတွေအကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေပေးပါ။ အိမ်မွေးတိရစ္ဆာန်ရုံးကနေ သင့်ခွေးနဲ့ပတ်သက်ပြီး အော့အန်ခြင်းအတွက် ဆေးအညွှန်းတွေပေးနိုင်သလို သူတို့ရုံးကိုလည်း ခေါ်ချင် ခေါ်ပါလိမ့်မယ်။
၂။ သင့်ခွေးက နာရီပေါင်းများစွာ ဘာမှမစားထားဘူးဆိုရင် အစာလေးနည်းနည်းကျွေးကြည့်ပါ
သူတို့က အစာစားဖို့ ငြင်းဆန်နေတယ်ဆိုရင် သူတို့က ပြန်အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို အရမ်းဖိအားမပေးပါနဲ့။
ခွေးတွေကို ဘယ်တော့မှ မကျွေးသင့်သော လူတွေရဲ့ အစားအစာများ

ဒီအစားအစာတွေက သင့်ကျန်းမာရေးအတွက် ကောင်းမွန်စေတာကြောင့် သင့်ခွေးကျန်းမာရေးအတွက်လည်း အဆင်ပြေလိမ့်မယ်လို့ မယူဆပါနဲ့။ လူတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတစ်ချို့ဟာ ခွေးတွေအတွက် အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။
၁။ ကြက်သွန်ဖြူ

American Kennel Club ရဲ့ အဆိုအရ ကြက်သွန်ဖြူဟာ အပိုင်းအစသေးသေးလေးပဲဖြစ်မယ်ဆိုရင်တောင် ခွေးတွေအတွက် အမှန်တကယ်အန္တရာယ်ရှိပါတယ်။ ၎င်းက သင့်ခွေးရဲ့ အူးလမ်းကြောင်းတွေကို ပျက်စီးခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောက်ခြင်းတို့ကို ဖြစ်စေပါတယ်။ ခွေးရဲ့ သွေးနီဥကိုလည်း ပျက်စီးစေနိုင်သလို လတ်ဆတ်သော၊ အမှုန့်နှင့် ခြောက်သွေ့တဲ့ကြက်သွန်ဖြူအမျိုးအစားအားလုံးက သင့်ခွေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
၂။ ကြက်သွန်နီ နှင့် Leeks & Chives
ကြက်သွန်ဖြူလိုပါပဲ ဒီအသီးအနှံတွေကလည်း Allium မိသားစုဝင်ဖြစ်ပါတယ်။ သင့်ခွေးရဲ့ အစာခြေလမ်းကြောင်းနှင့် သွေးနီဥတွေကို ထိခိုက်စေပါတယ်။
၃။ ချောကလက်

သင့်ခွေးအတွက် နောက်ထပ်အဆိပ်အတောက်ဖြစ်စေသော အစားအစာတစ်မျိုးမှာ ချောကလက်ဖြစ်ပါတယ်။ ၎င်းမှာ methylxanthine ပါဝင်ပါတယ်။ သင့်ခွေးက များများစားမိလျှင် သေဆုံးနိုင်ပါတယ်။
၄။ စပျစ်သီးနှင့် စပျစ်သီးပျဉ်
စပျစ်သီးနှင့် စပျစ်သီးပျဉ်တွေဟာ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် အမှန်တကယ်အန္တရာယ်ရှိပါတယ်။ သင့်ခွေးက စပျစ်သီးကို စားလျှင် ကျောက်ကပ်ပျက်ခြင်းနှင့် ရုတ်တရက်သေဆုံးခြင်းတွေဖြစ်စေနိုင်ပါတယ်။
၅။ Macadamia အခွံမာသီး

နောက်ဖက်ခြေထောက်များ အားနည်းခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ဟာ Macadamia အခွံမာသီးတွေကို စားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၎င်းအသီးဟာ ပန်ကရိယရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အသီးတွေရဲ့ အခွံတွေဟာ ခွေးတွေအတွက် အန္တရာယ်ကို ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
၆။ လိမ္မော်သီး၊ သံပုရာသီး

Citrus အသီးတွေက ဗီတာမင်စီပါဝင်တာမှန်သော်လည်း အိမ်မွေးတိရစ္ဆာန်အတွက် အန္တရာယ်ရှိပါတယ်။ အစေ့များ၊ အခွံများနှင့် အစေးတွေဟာ အကြီးမားဆုံးပြဿနာတွေဖြစ်ပါတယ်။ Citrus ပါဝင်သေ အသီးတွေဟာ ခွေးရဲ့ ဦးနှောက်အာရုံကြောစနစ်ကို ဆိုးရွားစေပြီး အန္တရာယ်ရှိပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-powerofpossivity