ခွဲစိတ်ကုသခြင်းမပြုလုပ်ပဲ လိပ်ခေါင်းရောဂါကို ပျောက်ကင်းနိုင်မဲ့ နည်းလမ်းအချို့
0
104
၁။ စောင်းအိပ်ပါ။
-Advertisement-
၂။ ရှားစောင်းလက်ပတ်
Womans panties hanging on a clothesline, on white wooden background
High Fiber Foods on a white wooden background. View from above
၅။ ရေခဲ
Ice cold hands. Woman hands holding ice cubes – closeup.
မျက်ကွင်းညိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ၇ခု
#Lifestyle_Myanmar
#Thar_Nage
Unicode
ခွဲစိတ်ကုသခြင်းမပြုလုပ်ပဲ လိပ်ခေါင်းရောဂါကို ကုသနိုင်မဲ့ နည်းလမ်းအချို့
၁။ စောင်းအိပ်ပါ။
လိပ်ခေါင်းရောဂါ ခံစားရတဲ့အခါမှာ ထိုင်မရ ထမရနဲ့ ခံစားရခက်တဲ့ ရောဂါမျိုးပဲဖြစ်ပါတယ်။ အိပ်နေတဲ့ အချိန်မျိုးမှာသာ အနည်းငယ်သက်သာသလိုရှိပြီး ညဘက်အိပ်တဲ့အခါ ရောင်ရမ်းနာကျင်ခြင်းကို ဖယ်ရှားနိုင်ဖို့အတွက် သင့်တော်တဲ့ အနေအထားနဲ့ အိပ်သင့်ပါတယ်။ လိပ်ခေါင်းဝေဒနာရှင်တစ်ယောက်အိပ်တဲ့အခါမှာ ဘယ်ဘက် သို့မဟုတ် ညဘက် တစ်ဘက်ဘက်သို့စောင်းပြီးအိပ်သင့်ပါတယ်။ ထိုအနေအထားဟာ စအိုမှ သွေးပြန်ကြောမှ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ပက်လက်အနေအထားအိပ်ခြင်းကို မပြုသင့်ပါဘူး။
၂။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ရဲ့ အကြီးမာဆုံးအားသာချက်ကတော့ ရောင်ရမ်းခြင်းကို ဖယ်ရှားစေပြီး တစ်ရှူးများ နာကျင်မှုကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ အဆိုပါ ရှားစောင်းလက်ပတ်ဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် စအိုမှ သွေးထွက်ခြင်းကိုလည်း ရပ်တန့်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က လိပ်ခေါင်းအတွက် အလွန်ထိရောက်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပြီး လိပ်ခေါင်းဖြစ်ပေါ်သော နေရာ စအိုဝသို့ မိနစ် ၃၀ ခန့် လိမ်းထားပေးပါ။
၃။ အနည်းငယ်ချောင်သော ချည်ထည်အတွင်းခံကိုဝတ်ဆင်ပါ။
လိပ်ခေါင်းရှိသူ ဝေဒနာရှင်တစ်ဦးအနေနဲ့ အတွင်းခံ ဝတ်ဆင်တဲ့အခါမှာ ချည်ဖြစ်၊ ဝါဂွမ်း စတဲ့ အဝတ်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဝါဂွမ်း နဲ့ ချည်ထဲဟာ ဝတ်ဆင်ရအဆင်ပြေပြီး လိပ်ခေါင်းကြောင့် ရောင်းရမ်းခြင်းဖြစ်ပေါ်နေတဲ့အခါ တင်းကြပ်တဲ့ အတွင်းခံမျိုးကြောင့် ပိုနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။
၄။ ဖိုင်ဘာကြွယ်ဝတဲ့ အသီးအရွက်များ
အဓိက လိပ်ခေါင်းရောဂါဖြစ်ပေါ်တာဟာ ဝမ်းချုပ်တတ်ခြင်းကြောင့် အဖြစ်များပါတယ်။ ဝမ်းမချုပ်အောင် မှန်ကန်တဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ အူသိမ် အူမ ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ရန်အတွက် ဖိုင်ဘာကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးသင့်ပါတယ်။ အဆိုပါ အသီးအရွက်များဟာ အစာချေဖျက်ရလွယ်ကူပြီး အူလမ်းကြောင်းကို ကောင်းကောင်းအလုပ်လုပ်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ ရေခဲ
လိပ်ခေါင်းရောဂါဟာ စအိုအတွင်းနံရံမှ သွေးကြောများရောင်ရမ်းပြီး အပြင်ကို ထွက်လာတာဖြစ်ပါတယ်။ ထိုကဲ့သို့ လိပ်ခေါင်းထွက်ာလာတဲ့အခါ ရေခဲကို အဝတ်တစ်ခုခုဖြစ်ပတ်ပြီး အဆိုပါလိပ်ခေါင်းကို မိနစ်အနည်းငယ် ကျက်ထုတ်ထိုးပေးပါ။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေပါတယ်။
၆။ ရေနွေးနွေးကို ဆားရည်စိမ်ပေးပါ။
လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းခြင်း ခံစားရတဲ့အခါမှာ ဆားရေဖြင့် စိမ်ခြင်းက အရမ်းကို ထိရောက်ြ့ပီး လွယ်ကူတဲ့ နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဆား ၅၀၀ ဂရမ်ကို ရေ ၂-၃လီတာထည့်ပြီး ကျိုပေးပါ။ ကျိုထားတဲ့ ဆားရည်ကို နွေးနွေးလေးဖြစ်လာတဲ့အခါမှာ ကျယ်ပြန့်တဲ့ ဇလားထဲထည့်ပြီးအဆိုပါဇလားထဲမှာ သင့်ရဲ့ တင်ပါးကိုစိမ်ထားပေးပါ။
LEAVE A REPLY
Please enter your comment!
Please enter your name here