ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ

0
103

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက လူနေအဆောက်အအုံတစ်ခုမှာ ၃နှစ်အရွယ်ကလေးတစ်ယောက် အဆောက်အဦးရဲ့ ၆ထပ်ကနေအောက်ကို ပြုတ်ကျခဲ့ပေမယ့် အိမ်နီးချင်းတွေက အတူတူပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ အဆိုပါ တုန်လှုပ်ဖွယ်အဖြစ်အပျက်ကို တနင်္လာနေ့က Jiulongpo District, Chongqing ကနေမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

-Advertisement-

ဗီဒီယိုမှတ်တမ်းအရ ကလေးငယ်ဟာ ၆ထပ်တိုက်ရဲ့ ဝရံတာလက်ရမ်းမှာ တွဲလောင်းအနေအထားတဲ့ အောက်ကိုမကျအောင် ဆုပ်ကိုင်ထားပါတယ်။ ကံကောင်းစွာနဲ့ပဲ အိမ်နီးချင်းတွေက အချိန်မီသိရှိခဲ့လို့ အဆောက်အဦးရဲ့ အောက် ကလေးပြုတ်ကျလာမယ့်နေရာကို ကြိုတင်ပြီးရောက်ခဲ့တာကြောင့် ပြုတ်ကျလာတဲ့ ကလေးငယ်ကိုဖမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကလေးဟာ ဝရံတာရဲ့လက်ရမ်းကို ဘယ်လောက်ကြာကြာထိ ခိုခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရှိခဲ့ရပါဘူး။ ကြောက်လန့်တကြားနဲ့ အကျယ်ကြီးအော်ငိုနေခဲ့တာကြောင့် သိရှိခဲ့ရတာဖြစ်ကြောင်း အိမ်နီခြင်းဖြစ်သူရဲ့ပြောချက်အရ သိရှိရပါတယ်။ ကလေးရဲ့မိဘတွေက အဆိုပါမတော်တဆမှုဖြစ်တဲ့အချိန်မှာ အလုပ်သွားနေကြတာကြောင့် အင်တာနက်မှာလူတွေကတော့ မိဘတွေရဲ့ ပေါ့လျော့မှုနဲ့ အဆောက်အဦးရဲ့အားနည်းချက်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ ကလေးပြုတ်ကျပြီးနောက် အသေးစားထိခိုက်မှုတွေသာ ရခဲ့လို့ ဆေးရုံမှာ ဆေးစစ်ချက်ယူနေခဲ့ရပါတယ်။
LM_Nuang_Naung
Lifestyle_Myanmar

Source

Zawgyi font

ေျခာက္ထပ္ကေန ျပဳတ္က်လာတဲ့ ကေလးငယ္ကို လက္မတင္ေလး ကယ္တင္ႏိုင္ခဲ့ၾကတဲ့ အိမ္နီးခ်င္းမ်ား
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းက လူေနအေဆာက္အအုံတစ္ခုမွာ ၃ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ အေဆာက္အဦးရဲ႕ ၆ထပ္ကေနေအာက္ကို ျပဳတ္က်ခဲ့ေပမယ့္ အိမ္နီးခ်င္းေတြက အတူတူပူးေပါင္းၿပီး ကယ္ဆယ္ႏိုင္ခဲ့ၾကပါတယ္။ အဆိုပါ တုန္လႈပ္ဖြယ္အျဖစ္အပ်က္ကို တနလၤာေန႔က Jiulongpo District, Chongqing ကေနမွတ္တမ္းတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဗီဒီယိုမွတ္တမ္းအရ ကေလးငယ္ဟာ ၆ထပ္တိုက္ရဲ႕ ဝရံတာလက္ရမ္းမွာ တြဲေလာင္းအေနအထားတဲ့ ေအာက္ကိုမက်ေအာင္ ဆုပ္ကိုင္ထားပါတယ္။ ကံေကာင္းစြာနဲ႔ပဲ အိမ္နီးခ်င္းေတြက အခ်ိန္မီသိရွိခဲ့လို႔ အေဆာက္အဦးရဲ႕ ေအာက္ ကေလးျပဳတ္က်လာမယ့္ေနရာကို ႀကိဳတင္ၿပီးေရာက္ခဲ့တာေၾကာင့္ ျပဳတ္က်လာတဲ့ ကေလးငယ္ကိုဖမ္းႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။
ကေလးဟာ ဝရံတာရဲ႕လက္ရမ္းကို ဘယ္ေလာက္ၾကာၾကာထိ ခိုခဲ့ရတယ္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရွိခဲ့ရပါဘူး။ ေၾကာက္လန္႔တၾကားနဲ႔ အက်ယ္ႀကီးေအာ္ငိုေနခဲ့တာေၾကာင့္
သိရွိခဲ့ရတာျဖစ္ေၾကာင္း အိမ္နီျခင္းျဖစ္သူရဲ႕ေျပာခ်က္အရ သိရွိရပါတယ္။ ကေလးရဲ႕မိဘေတြက အဆိုပါမေတာ္တဆမႈျဖစ္တဲ့အခ်ိန္မွာ အလုပ္သြားေနၾကတာေၾကာင့္ အင္တာနက္မွာလူေတြကေတာ့ မိဘေတြရဲ႕ ေပါ့ေလ်ာ့မႈနဲ႔ အေဆာက္အဦးရဲ႕အားနည္းခ်က္ေတြကို ျပင္းျပင္းထန္ထန္ေဝဖန္ေနၾကပါတယ္။ ကေလးျပဳတ္က်ၿပီးေနာက္ အေသးစားထိခိုက္မႈေတြသာ ရခဲ့လို႔ ေဆး႐ုံမွာ ေဆးစစ္ခ်က္ယူေနခဲ့ရပါတယ္။
LM_Nuang_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here