ခြေထောက်လေးတွေကို ရှည်သွယ်သယောင် ဖြစ်စေဖို့ Stylist တွေရဲ့ လှည့်ကွက် (၁၀)ခု

0
730
- Advertisement -

ကမ္ဘာပေါ်မှာ အရှည်လျားဆုံးသော ခြေထောက်ပိုင်ရှင်ရဲ့ ခြေထောက်တွေဟာ ၅၂လက်မကျော်ထိ ရှိပါတယ်တဲ့။ ဒီလိုခြေထောက်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ဖို့ဆိုရင်တော့ ဘာနည်းစနစ်မှ မပါဘဲနဲ့ ရဖို့မဖြစ်နိုင်ပါဘူးနော်။ အနည်းဆုံးတော့ အဝတ်အစားလှည့်ကွက်တစ်ချို့နဲ့ ပျိုမေတို့ရဲ့ ခြေထောက်တွေကို ရှိရင်းစွဲထက်ပိုပြီး ရှည်လျားသယောင် ဖန်တီးနိုင်ပါတယ်။ အဝတ်အစားရဲ့ အရှည်နဲ့ အရောင်ကသာ ပျိုမေတို့ရဲ့ အသွင့်အပြင်ကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။

-Advertisement-

၁။ ခြေဖမိုးထိ အုပ်ထားတဲ့ ရူးဖိနပ်တွေအစား ခြေချောင်းလေးတွေကိုသာ ဖုံးအုပ်ထားတဲ့ ရှုးဖိနပ်လေးတွေစီးပါ။

၂။ Cropped pant တွေက သင့်ခြေထောက်တွေကို တိုတောင်းတဲ့ပုံ ပေါက်စေပါတယ်။ ဘောင်းဘီအရှည်က အောက်ခြေမှာ တွန့်ခေါက်နေတဲ့အထိလည်း မရှည်လွန်းသင့်ပါဘူး။

၃။ အင်္ကျီကို ဘောင်းဘီအတွင်းထဲ ထည့်ပြီး ဝတ်ပါ။ အင်္ကျီကို အထဲထည့်ဝတ်တာက အပေါ်ပိုင်းကို ပုသယောင်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်းကို ပိုရှည်သယောင်ဖြစ်စေလို့ပါ။

၄။ ဒေါင်လိုက်အစင်းတွေ ရွေးချယ်ပါ။ ၎င်းက အမြင်အာရုံမှာ သင့်ခြေထောက်တွေကို ပိုရှည်သယောင် ဖြစ်စေပါလိမ့်မယ်။

၅။ ခါးမြင့်ဘောင်းဘီလေးတွေ ရွေးချယ်ပါ။

၆။ အပေါ်အောက် ဆင်တူ ဝမ်းဆက် ဝတ်ဆင်ပါ။

၇။ Skinny jean တွေက သင့်ခြေထောက်တွေကို ပိုရှည်လျားစေပါတယ်။ အထူးသဖြင့် အရောင်ရင့်ကို ရွေးချယ်ပါ။

၈။ ဒေါက်မြင့်ဖိနပ်စီးပါ။ ဒေါက်မြင့်ဖိနပ်က သင့်ခြေထောက်တွေကို ပိုရှည်သွယ်စေပြီး အရပ်မြင့်စေပါတယ်။

၉။ ဝတ်စုံအရောင်နှင့် လိုက်ဖက်တဲ့ ဖိနပ် (သို့) အသားရောင် ဖိနပ်လေးတွေ ရွေးချယ်ပါ။ ဒီနည်းလမ်းက ခြေထောက်နှင့် ဖိနပ်အရောင်ကို မသဲကွဲစေတာကြောင့် သင့်အရပ်ကို ပိုရှည်သယောင် ဖြစ်စေပါတယ်။

၁၀။ စကတ်အရှည်ကို ကြည့်ပါ။ စကတ်ရဲ့ အောက်ခြေက ဒူးအထက်မှာဆိုရင် ပိုကောင်းပါတယ်။ ဒီထက်ပိုရှည်တာလည်း ဝတ်ဆင်နိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ေျခေထာက္ေလးေတြကို ရွည္သြယ္သေယာင္ ျဖစ္ေစဖို႔ Stylist ေတြရဲ႕ လွည့္ကြက္ (၁၀)ခု
ကမာၻေပၚမွာ အရွည္လ်ားဆုံးေသာ ေျခေထာက္ပိုင္ရွင္ရဲ႕ ေျခေထာက္ေတြဟာ ၅၂လက္မေက်ာ္ထိ ရွိပါတယ္တဲ့။ ဒီလိုေျခေထာက္ရွည္ရွည္ေလးေတြ ပိုင္ဆိုင္ဖို႔ဆိုရင္ေတာ့ ဘာနည္းစနစ္မွ မပါဘဲနဲ႔ ရဖို႔မျဖစ္ႏိုင္ပါဘူးေနာ္။ အနည္းဆုံးေတာ့ အဝတ္အစားလွည့္ကြက္တစ္ခ်ိဳ႕နဲ႔ ပ်ိဳေမတို႔ရဲ႕ ေျခေထာက္ေတြကို ရွိရင္းစြဲထက္ပိုၿပီး ရွည္လ်ားသေယာင္ ဖန္တီးႏိုင္ပါတယ္။ အဝတ္အစားရဲ႕ အရွည္နဲ႔ အေရာင္ကသာ ပ်ိဳေမတို႔ရဲ႕ အသြင့္အျပင္ကို အႀကီးအက်ယ္ ေျပာင္းလဲသြားေစႏိုင္ပါတယ္။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here