ခြေထောက်ကို Shaving လုပ်တဲ့အခါ သတိမထားမိဘဲ ပြုလုပ်မိနေတဲ့ အမှားများ

0
442

အခုခေတ်စားနေတဲ့ စကပ်အတို၊ ဘောင်းဘီအတို၊ ဂါဝန်အတိုလေးတွေဝတ်ချင်လို့ ခြေထောက်ကိုအမွှေးအမျှင်တွေကို ရိတ်တတ်လေ့ရှိပါသလား။ ရိတ်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်မသိလို့ အသားမှာဒဏ်ရာရသွားတာမျိုး၊ အမွှေးကြမ်းကြီးတွေ ပြန်ပေါက်လာတာမျိုးကို ကြုံဖူးကြပါသလား။

လုပ်လာတာကြီပြီဆိုပေမယ့်လည်း အခုချိန်ထိ လျောလျောရှူရှူမဖြစ်သေးဘူးဆိုပါက အခုပြောပြပေးမယ့် အမှားတွေကို ပြုလုပ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုအမှားတွေကိုရှောင်ရမလဲ၊ ဘယ်လိုအချက်တွေက ကိုယ့်အတွက်အကျိုးဖြစ်စေမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ မနက်စောစောစီးစီး Shaving လုပ်ခြင်း

မနက်ခင်းထက် ညဖက်ကျမှ Shaving လုပ်ပေးခြင်းက ခြေထောက်အသားအရေကို ပိုပြီးချောမွေ့စေပါတယ်။ ညဖက် Shaving လုပ်ပြီးတာနဲ့ ခြေထောက်ကို Body Moisturizer ပွတ်လိမ်းပေးခြင်းက အိပ်နေချိန်မှာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးလို့ မနက်ခင်းမှာ အသားအရေလေးကို ပိုးသားလေးလို နူးအိနေစေမှာဖြစ်ပါတယ်။

၂။ ရေချိုးခန်းထဲဝင်ဝင်ချင်း ခြေထောက် Shaving လုပ်ခြင်း

ရေချိုးခန်းထဲဝင်လိုက်တာနဲ့ ၁၅ မိနစ်လောက် ပုံမှန်ရေချိုးသလိုမျိုး လိုအပ်တဲ့အခြေအနေတွေ အကုန်လုပ်ပေးပြီးမှ Shaving လုပ်ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အစောကြီးကတည်းက Shaving လုပ်မယ်ဆိုပါက ချွေးပေါက်တွေကျယ်လာမှာဖြစ်ပါတယ်။

၃။ Shaving လုပ်တဲ့အခါ ဘာမှမသုံးခြင်း သို့မဟုတ် ဆပ်ပြပ်တုံးကို အသုံးပြုခြင်း

ဘယ်လောက်ပဲအလျင်လိုနေတယ်ဆိုပါစေ ဘာမှမသုံးဘဲ အခြောက်တိုက်ကြီး Shaving လုပ်ခြင်းကိုတော့ ရှောင်ကြဥ်ပါ။ အသားအရေကို အစိုဓာတ်ပေးမယ့် Shaving ခရင်မ် သို့မဟုတ် ဂျယ်လ်တစ်ခုခုကို သုံးပြီးမှ Shaving လုပ်ခြင်းက သင်တုန်းဓားအသုံးပြုဖို့လွယ်ကူစေသလို ဓားရှခြင်းလည်း မဖြစ်စေတော့ပါဘူး။

၄။ သင်တုန်းဓားအသစ်မလဲခြင်း

ဘယ်လောက်ပဲဈေးကြီးပေးဝယ်ထားရတဲ့ သင်တုန်းဓားပဲပြောပြောပါ၊ မကြာခဏ အသစ်လဲမပေးဘူးဆိုရင်တော့ ကိုယ့်အတွက်ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ဖြစ်လာစေနိုင်ပါတယ်။ ဘက်တီးရီးယားများစုဝေးခြင်း၊ အသားအရေနီရဲခြင်း၊ အထစ်အငေါ့များဖြစ်စေခြင်း စတဲ့အခြေအနေတွေကို ကြုံတွေ့လာရမှာပါ။ ဒါကြောင့် နှစ်ပတ်တစ်ခါ သင်တုန်းဓားကို အသစ်လဲပြီး အသုံးပြုပေးသင့်ပါတယ်။

၅။ ခြေထောက် Shaving လုပ်တဲ့အခါ အောက်ကနေအပေါ်သို့သွားခြင်း

ခြေ‌ထောက်ရိတ်တဲ့အခါလည်း ဆေးတွေလိမ်းသလိုပင် အပေါ်ကနေ အောက်သို့သွားရမှာြဖစ်ပေမယ့် သင်ကအခုလက်ရှိမှာ အောက်ကနေ အပေါ်သို့ ပြန်တက်နေတာဆိုရင်တော့ အမှားကြီးကိုပြုလုပ်မိနေပါပြီ။

၆။ အမျိုးသားသုံး သင်တုန်းဓားကို အသုံးပြုနေခြင်း

အမျိုးသမီးအများစုက Shaving လုပ်တဲ့အခါ အမျိုးသားသုံး သင်တုန်းဓားကိုအသုံးပြုခြင်းက ပိုပြီးထိရောက်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေရဲ့အမွှေးအမျှင်နဲ့ အသားအရေအမျိုးအစားပေါ်မူတည်ပြီး ထုတ်လုပ်ထားတဲ့ သင်တုန်းဓားတွေကိုသာ အသုံးပြုပေးစေချင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-goodhousekeeping

Zawgyi Font

ေျခေထာက္ကို Shaving လုပ္တဲ့အခါ သတိမထားမိဘဲ ျပဳလုပ္မိေနတဲ့ အမွားမ်ား

အခုေခတ္စားေနတဲ့ စကပ္အတို၊ ေဘာင္းဘီအတို၊ ဂါဝန္အတိုေလးေတြဝတ္ခ်င္လို႔ ေျခေထာက္ကိုအေမႊးအမွ်င္ေတြကို ရိတ္တတ္ေလ့ရွိပါသလား။ ရိတ္တဲ့အခါမွာလည္း နည္းမွန္လမ္းမွန္မသိလို႔ အသားမွာဒဏ္ရာရသြားတာမ်ိဳး၊ အေမႊးၾကမ္းႀကီးေတြ ျပန္ေပါက္လာတာမ်ိဳးကို ႀကဳံဖူးၾကပါသလား။

လုပ္လာတာႀကီၿပီဆိုေပမယ့္လည္း အခုခ်ိန္ထိ ေလ်ာေလ်ာရႉရႉမျဖစ္ေသးဘူးဆိုပါက အခုေျပာျပေပးမယ့္ အမွားေတြကို ျပဳလုပ္ေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါဆိုရင္ ဘယ္လိုအမွားေတြကိုေရွာင္ရမလဲ၊ ဘယ္လိုအခ်က္ေတြက ကိုယ့္အတြက္အက်ိဳးျဖစ္ေစမလဲဆိုတာကို အခုပဲၾကည့္လိုက္ရေအာင္ပါ။

၁။ မနက္ေစာေစာစီးစီး Shaving လုပ္ျခင္း

မနက္ခင္းထက္ ညဖက္က်မွ Shaving လုပ္ေပးျခင္းက ေျခေထာက္အသားအေရကို ပိုၿပီးေခ်ာေမြ႕ေစပါတယ္။ ညဖက္ Shaving လုပ္ၿပီးတာနဲ႔ ေျခေထာက္ကို Body Moisturizer ပြတ္လိမ္းေပးျခင္းက အိပ္ေနခ်ိန္မွာ အသားအေရကို အစိုဓာတ္ျဖည့္တင္းေပးလို႔ မနက္ခင္းမွာ အသားအေရေလးကို ပိုးသားေလးလို ႏူးအိေနေစမွာျဖစ္ပါတယ္။

၂။ ေရခ်ိဳးခန္းထဲဝင္ဝင္ခ်င္း ေျခေထာက္ Shaving လုပ္ျခင္း

ေရခ်ိဳးခန္းထဲဝင္လိုက္တာနဲ႔ ၁၅ မိနစ္ေလာက္ ပုံမွန္ေရခ်ိဳးသလိုမ်ိဳး လိုအပ္တဲ့အေျခအေနေတြ အကုန္လုပ္ေပးၿပီးမွ Shaving လုပ္ေပးသင့္ပါတယ္။ ဒီလိုမဟုတ္ဘဲ အေစာႀကီးကတည္းက Shaving လုပ္မယ္ဆိုပါက ေခြၽးေပါက္ေတြက်ယ္လာမွာျဖစ္ပါတယ္။

၃။ Shaving လုပ္တဲ့အခါ ဘာမွမသုံးျခင္း သို႔မဟုတ္ ဆပ္ျပပ္တုံးကို အသုံးျပဳျခင္း

ဘယ္ေလာက္ပဲအလ်င္လိုေနတယ္ဆိုပါေစ ဘာမွမသုံးဘဲ အေျခာက္တိုက္ႀကီး Shaving လုပ္ျခင္းကိုေတာ့ ေရွာင္ၾကဥ္ပါ။ အသားအေရကို အစိုဓာတ္ေပးမယ့္ Shaving ခရင္မ္ သို႔မဟုတ္ ဂ်ယ္လ္တစ္ခုခုကို သုံးၿပီးမွ Shaving လုပ္ျခင္းက သင္တုန္းဓားအသုံးျပဳဖို႔လြယ္ကူေစသလို ဓားရွျခင္းလည္း မျဖစ္ေစေတာ့ပါဘူး။

၄။ သင္တုန္းဓားအသစ္မလဲျခင္း

ဘယ္ေလာက္ပဲေဈးႀကီးေပးဝယ္ထားရတဲ့ သင္တုန္းဓားပဲေျပာေျပာပါ၊ မၾကာခဏ အသစ္လဲမေပးဘူးဆိုရင္ေတာ့ ကိုယ့္အတြက္ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြကိုပဲ ျဖစ္လာေစႏိုင္ပါတယ္။ ဘက္တီးရီးယားမ်ားစုေဝးျခင္း၊ အသားအေရနီရဲျခင္း၊ အထစ္အေငါ့မ်ားျဖစ္ေစျခင္း စတဲ့အေျခအေနေတြကို ႀကဳံေတြ႕လာရမွာပါ။ ဒါေၾကာင့္ ႏွစ္ပတ္တစ္ခါ သင္တုန္းဓားကို အသစ္လဲၿပီး အသုံးျပဳေပးသင့္ပါတယ္။

၅။ ေျခေထာက္ Shaving လုပ္တဲ့အခါ ေအာက္ကေနအေပၚသို႔သြားျခင္း

ေျခ‌ေထာက္ရိတ္တဲ့အခါလည္း ေဆးေတြလိမ္းသလိုပင္ အေပၚကေန ေအာက္သို႔သြားရမွာျဖစ္ေပမယ့္ သင္ကအခုလက္ရွိမွာ ေအာက္ကေန အေပၚသို႔ ျပန္တက္ေနတာဆိုရင္ေတာ့ အမွားႀကီးကိုျပဳလုပ္မိေနပါၿပီ။

၆။ အမ်ိဳးသားသုံး သင္တုန္းဓားကို အသုံးျပဳေနျခင္း

အမ်ိဳးသမီးအမ်ားစုက Shaving လုပ္တဲ့အခါ အမ်ိဳးသားသုံး သင္တုန္းဓားကိုအသုံးျပဳျခင္းက ပိုၿပီးထိေရာက္မႈရွိတယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမယ့္လည္း အမ်ိဳးသမီးေတြရဲ႕အေမႊးအမွ်င္နဲ႔ အသားအေရအမ်ိဳးအစားေပၚမူတည္ၿပီး ထုတ္လုပ္ထားတဲ့ သင္တုန္းဓားေတြကိုသာ အသုံးျပဳေပးေစခ်င္ပါတယ္။

#Lifestyle_Myanmar

#Thinzar

Ref- goodhousekeeping

LEAVE A REPLY

Please enter your comment!
Please enter your name here