Home News ခြေတစ်ဖက်မရှိပေမဲ့ စက်ဘီးနင်းပြီး အစားအသောက်လိုက်ပို့တဲ့ delivery လေး

ခြေတစ်ဖက်မရှိပေမဲ့ စက်ဘီးနင်းပြီး အစားအသောက်လိုက်ပို့တဲ့ delivery လေး

0
1
delivery လေး

ဘဝက မပြည့်စုံလို့ အားငယ်ပြီး စိတ်ဓာတ်ကျနေမယ်ဆိုရင် ဒီလို ကိုယ်လက်အင်္ဂါမပြည့်စုံဘဲ ဘဝကို ရုန်းကန်နေရတဲ့ သူတွေကို သင် သတိရလိုက်ပါ။ မကြာသေးမီက ဆိုရှယ်မီဒီယာပေါ်မှာ ခြေတစ်ဖက်ပြတ်နေတဲ့ Grab Food Delivery တစ်ယောက်ရဲ့ ပုံရိပ်အချို့ ပြန့်နှံ့ခဲ့ပါတယ်။ စက်ဘီးတစ်စီးနဲ့ မှာယူသူတွေဆီ အစားအသောက်တွေကို လိုက်ပို့နေတဲ့ ထိုကောင်လေးက ခြေတစ်ဖက်ပြတ်နေပေမဲ့ စားဖို့နေရေးအတွက် ဒီအလုပ်ကို လုပ်ကိုင်ပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

ထိုကောင်လေးဟာ ညာဘက်ဒူးခေါင်းကနေ ခြေတုတပ်ဆင်ထားပြီး ကျောမှာလည်း Grabfood အိတ်ကို လွယ်ထားရပါသေးတယ်။ ဒီပုံကို အစားအသောက်မှာယူသူတစ်ဦးဦးက တွေ့ပြီး နောက်ကျောကနေ ဓာတ်ပုံရိုက်ယူခဲ့တာဖြစ်ပါတယ်။ အဆိုပါပုံရိပ်ကို Connextaxi ဆိုတဲ့ Facebook page ကနေတစ်ဆင့် တင်ခဲ့တာဖြစ်ပြီး facebook သုံးစွဲသူတွေကြား အတော်လေး ပြန့်နှံ့ခဲ့ပါတယ်။

အချို့သော အွန်လိုင်းသုံးစွဲသူတွေဆို ထို delivery လေးရဲ့ ပုံရိပ်ကို သူတို့ဖုန်းရဲ့ Wallpaper အဖြစ်တောင်ထားပြီး ဂုဏ်ပြုနေချီးမွမ်းနေကြပါတယ်။ ဘဝက စိန်ခေါ်မှုတွေပြည့်နှက်နေပေမဲ့ ဘယ်တော့မှ အရှုံးမပေးဘဲ ရင်ဆိုင်သွားတဲ့ သူ့ရဲ့ စိတ်လေးက ကျွန်တော်တို့အတွက်တော့ တကယ့်ကို လေးစားချင်အတုယူချင်စရာကောင်းသလို ခွန်အားလည်းဖြစ်စေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဆန္ဒအတိုင်း ဇနီးသည်ဓာတ်ပုံနဲ့အတူ ခရီးသွားတဲ့ အမျိုးသား

Zawgyi fonts

ေျခတစ္ဖက္မရွိေပမဲ့ စက္ဘီးနင္းၿပီး အစားအေသာက္လိုက္ပို႔တဲ့ delivery ေလး
ဘဝက မျပည့္စုံလို႔ အားငယ္ၿပီး စိတ္ဓာတ္က်ေနမယ္ဆိုရင္ ဒီလို ကိုယ္လက္အဂၤါမျပည့္စုံဘဲ ဘဝကို ႐ုန္းကန္ေနရတဲ့ သူေတြကို သင္ သတိရလိုက္ပါ။ မၾကာေသးမီက ဆိုရွယ္မီဒီယာေပၚမွာ ေျခတစ္ဖက္ျပတ္ေနတဲ့ Grab Food Delivery တစ္ေယာက္ရဲ့ ပုံရိပ္အခ်ိဳ႕ ျပန္႔ႏွံ့ခဲ့ပါတယ္။ စက္ဘီးတစ္စီးနဲ႔ မွာယူသူေတြဆီ အစားအေသာက္ေတြကို လိုက္ပို႔ေနတဲ့ ထိုေကာင္ေလးက ေျခတစ္ဖက္ျပတ္ေနေပမဲ့ စားဖို႔ေနေရးအတြက္ ဒီအလုပ္ကို လုပ္ကိုင္ၿပီး ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ထိုေကာင္ေလးဟာ ညာဘက္ဒူးေခါင္းကေန ေျခတုတပ္ဆင္ထားၿပီး ေက်ာမွာလည္း Grabfood အိတ္ကို လြယ္ထားရပါေသးတယ္။ ဒီပုံကို အစားအေသာက္မွာယူသူတစ္ဦးဦးက ေတြ႕ၿပီး ေနာက္ေက်ာကေန ဓာတ္ပုံရိုက္ယူခဲ့တာျဖစ္ပါတယ္။ အဆိုပါပုံရိပ္ကို Connextaxi ဆိုတဲ့ Facebook page ကေနတစ္ဆင့္ တင္ခဲ့တာျဖစ္ၿပီး facebook သုံးစြဲသူေတြၾကား အေတာ္ေလး ျပန္႔ႏွံ့ခဲ့ပါတယ္။

အခ်ိဳ႕ေသာ အြန္လိုင္းသုံးစြဲသူေတြဆို ထို delivery ေလးရဲ့ ပုံရိပ္ကို သူတို႔ဖုန္းရဲ့ Wallpaper အျဖစ္ေတာင္ထားၿပီး ဂုဏ္ျပဳေနခ်ီးမြမ္းေနၾကပါတယ္။ ဘဝက စိန္ေခၚမွုေတြျပည့္ႏွက္ေနေပမဲ့ ဘယ္ေတာ့မွ အရွုံးမေပးဘဲ ရင္ဆိုင္သြားတဲ့ သူ႔ရဲ့ စိတ္ေလးက ကၽြန္ေတာ္တို႔အတြက္ေတာ့ တကယ့္ကို ေလးစားခ်င္အတုယူခ်င္စရာေကာင္းသလို ခြန္အားလည္းျဖစ္ေစပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here