Home Family ခြေတစ်ဖက်ပြတ်နေပေမဲ့ နာမကျန်းဖြစ်တဲ့ အဖိုး/အဖွားတွေကို လိုက်ပြုစုပေးနေတဲ့ ကောင်လေး

ခြေတစ်ဖက်ပြတ်နေပေမဲ့ နာမကျန်းဖြစ်တဲ့ အဖိုး/အဖွားတွေကို လိုက်ပြုစုပေးနေတဲ့ ကောင်လေး

0
1
Luu
Luu

Luu ဆိုတဲ့ အသက် ၂၄နှစ်အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ ယာဉ်မတော်တဆမှုကြောင့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ခြေတစ်ဖက်ထဲသာရှိတဲ့သူဟာ မကြာခဏဆိုသလို အကူအညီမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကို သွားရောက်ပြုစုပြီး တစ်နိုင်တစ်ပိုင် ပရဟိတပြုလုပ်လေ့ရှိပါတယ်။

သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးကြောင့် လူမှုကွန်ရက်မှာ သူ့ရဲ့ သတင်းက ပြန့်နှံခဲ့ပါတယ်။ ခြေတစ်ချောင်းထဲသာရှိနေပေမဲ့ ဘဝကို အရှုံးမပေးတဲ့အပြင် အများအကျိုးကိုပါ ပံ့ပိုးပေးနိုင်တာကတော့ သူ့ရဲ့ ချီးကျူးစရာစိတ်ဓာတ်လေးလို့ ဆိုရမှာပါပဲ။

သန့်ရှင်းရေးမလုပ်ရေသးခင်အချိန်
သန့်ရှင်းရေးလုပ်ရေသးခင်အချိန်

Luu ဟာ တက်တူးသင်တန်းသွားတက်ရင်း အသက် ၈၇နှစ်အရွယ် အိမ်ထောင်မရှိဘဲတစ်ယောက်ထဲနေထိုင်နေတဲ့ အဖိုးအိုတွေကို တွေ့ပြီး အကူအညီစပေးဖြစ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အဖိုးအိုအိမ်ကို အစောကြီးသွားပြီး နေ့တိုင်း မနက်စာပြင်ဆင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် အိမ်သက်ရှင်းရေး၊ အဖိုးအိုအား ရေးချိုးသန့်စင်ပေးခြင်း စတဲ့ အလုပ်တွေကို ဝိုင်းကူလုပ်ပေးလေ့ရှိပါတယ်။

သူခုလိုပြုစုပေးနေတာ အဖိုးအိုတစ်ယောက်ထဲမဟုတ်ပါဘူး အခြားအသက်ကြီး ရွယ်အို အဖိုး၊ အဖွားတွေ အကုန်လုံးကို လက်လှမ်းမှီသလောက် အိမ်တိုင်ရာရောက် ပြုစုပေးတတ်ပါတယ်။ တစ်ယောက်ထဲနေထိုင်ပြီး အထီးကျန်နေတဲ့ အဖိုးအဖွားတွေကို နွေးထွေးမှုတွေပေးသလို တစ်ခါတလေမှာ ရယ်စရာ ဟာသတွေပြောလေ့ရှိပါတယ်။ သူ့ရဲ့ ဆန္ဒကတော့ ဒီအဖိုးအဖွားတွေရဲ့ အထီးကျန်နေတဲ့ နေ့ရက်တွေကို မေ့ပျောက်ပြီး ဘဝနေမဝင်ခင်အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်သွားတာကို မြင်ချင်ပါတယ်လို့ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

၁နှစ်မှ ၁၈နှစ်အရွယ် ကလေးတွေကို မိဘတွေအနေနဲ့ သင်ပေးဖို့ လိုအပ်တဲ့အရာများ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here