ချမ်းသာကြွယ်ဝတဲ့ ဘဝကိုရောက်ရှိဖို့ သိမှတ်ထားရမယ့် ငွေရေးကြေးရေးစီမံမှု(၈)မျိုး

0
122

ကျွန်တော်တို့ဟာ အသက်တွေရလာတဲ့အခါမှသာ တစ်စုံတစ်ခုရဲ့ တန်ဖိုးကို နားလည်လာကြပါတယ်။ ထိုအခါမှသာ အဖိုးတန်သင်ခန်းစာတချို့ကို ကိုယ့်ကိုကိုယ်ပေးဖို့၊ ငယ်ရွယ်မှုကို ပြန်သွားဖို့ အချိန်တွေကို နောက်ပြန်လှည့်ချင်ကြပါတယ်။ ဒါ့ကြောင့် လူတွေက အချိန်နှင့်အမျှ ငွေရေးကြေးရေးနှင့် ပတ်သတ်လာတဲ့အခါ စနစ်တကျ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ လေ့လာဖို့ လိုတာကြောင့် ငွေကြေးထိန်းသိမ်းမှုနှင့် ပတ်သတ်သော အဖိုးတန်သင်ခန်းစာ ၈ခုကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကို လိုက်နာခြင်းဖြင့် သင်တစ်ခါတည်း ချမ်းသာသွားမှာ မဟုတ်ပေမယ့် ငွေကြေးကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိလာပါလိမ့်မယ်။

၁။ မဝယ်သေးဘဲ ငှားနေပါ

များသောအားဖြင့် အိမ်တစ်အိမ်ကို ငှားရမ်းခြင်းက ရေရှည်ရှုထောင့်မှာ များစွာဈေးနှုန်းချိုသာပါတယ်။ ငွေရေးကြေးရေး စုဆောင်းချင်တဲ့ ဝန်ထမ်းတွေအတွက်တော့ အိမ်မဝယ်ဘဲ ငှားရမ်းနေခြင်းက ပိုပြီးအဆင်ပြေစေမှာပါ။ ဒီနှစ် ဒီဒေသမှာ တာဝန်ထမ်းဆောင်ရပေမယ့် နောက်နှစ် နောက်တစ်နေရာ ဖြစ်ရင်ဖြစ်မှာလေ ။ဒါ့ကြောင့် အနာဂတ်မှာ ငွေကြေးအသင့်အတင့်နဲ့ အဆင်ပြေချင်ရင်တော့ အိမ်မဝယ်သေးဘဲ နေရာတစ်နေရာ ငှားရမ်းခြင်းက ကောင်းစွာအဆင်ပြေစေပါတယ်။

၂။ ပိုက်ဆံမချေးပါနဲ့

ငွေချေးခြင်းက အမြဲတမ်း သံသရာလည်နေတတ်ပါတယ်။ ကိုယ်က ပိုက်ဆံချေးသုံးထားပြီးပြီဆို လကုန်လို့ပိုက်ဆံထုတ်တဲ့အခါ ပြန်ဆပ်ရမှာပါ။ ဒီအခါ သင့်တစ်လစာ အသုံးစရိတ်က မလောက်ငှပဲ နောက်တစ်ဖန်ပြန်ချေးခြင်းဖြင့် သံသရာလည်ပြီး သင်ဘယ်တော့မှ ချောင်လည်လာမှာ မဟုတ်ပါဘူး။ အကြွေးဟောင်းတွေ ပေးနေတာနဲ့ပဲ သင့်ဝင်ငွေက အဆုံးသတ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ပြီး အစားအသောက်အတွက်က ဘယ်လောက်၊ ရေ၊မီး၊ဖုန်းအတွက်က ဘယ်လောက် ၊သွားလာစရိတ်က ဘယ်လောက်ကုန်တယ်ဆိုတာ ဆန်းစစ်ပါ။ တကယ်ကုန်သင့်လား၊ မကုန်သင့်ဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။ မလိုအပ်ဘဲ သုံးမိနေတာကို လျော့ပါ။

၃။ လစာတိုးပေးဖို့ တောင်းဆိုပါ

တခါတရံ ဒါက ထိုင်စောင့်နေဖို့ မကောင်းပါဘူး။ အထူးသဖြင့် သင်ဟာ နေရာတစ်ခုတည်းမှာ အချိန်ကြာမြင့်စွာ ထမ်းဆောင်နေခဲ့ရတဲ့အခါ၊ သင့်အလုပ်ကို တော်တော်လေး ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ရတဲ့အခါ လစာတိုးပေးဖို့ တောင်းဆိုတာက ရှက်စရာမဟုတ်ပါဘူး။

၄။ ကလေးတွေ မယူရသေးခင်မှာ သင့်ဘဏ်အကောင့်ကို စစ်ဆေးပါ

ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက အတော်လေး အကုန်အကျများတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစုဝင်အသစ်တစ်ယောက်ယူမယ်လို့ ဆုံးဖြတ်ချက် မချခင်မှာ သင့်ရဲ့အခြေခိုင်မာဖို့ သေချာနေပါစေ။ သင့်ရဲ့ငွေရေးကြေးရေးအခြေအနေ လုံခြုံစိတ်ချရပြီလို့ ခံစားရတဲ့အခါမှ ကလေးယူဖို့၊ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ မှန်ကန်တဲ့ အချိန်ဖြစ်ပါတယ်။

၅။ ထက်မြတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ

ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ နယ်ပယ်ကောင်း တစ်ခုမဟုတ်လျှင် ရင်းနှီးမြှုပ်နှံဖို့ အလျင်မလိုပါနဲ့။ အနာဂတ်မှာ အကျိုးရှိစေမယ့် သင့်ကျန်းမာရေးနှင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာက အမြဲတမ်းအကောင်းဆုံးဖြစ်ပါတယ်။

၆။ စျေးဝယ်တဲ့အခါ ဉာဏ်သုံးပါ

အဝတ်အစား ဝယ်တာပဲဖြစ်ဖြစ် ၊ ဖိနပ်ဝယ်တာပဲဖြစ်ဖြစ် အရည်အသွေးမြင့်တဲ့ ပစ္စည်းများကိုသာ ဝယ်ပါ။ အချိန်ကြာမြှင့်စွာ အသုံးခံပြီး အဲ့ဒီအပေါ်မှာ နောက်ထပ်ငွေကြေးကုန်ကျမှု နည်းမှာ ဖြစ်ပါတယ်။ စတိုးဆိုင်မသွားမှီ လိုအပ်တဲ့ပစ္စည်းများကို စာရင်းပြုလုပ်ပါ။ အလွယ်တကူ ဝယ်ယူခြင်းမှ ရှောင်ကြဉ်ပါ။ တခါတရံမှာ Shopping mall တွေက ဝယ်ချင်စရာတွေ အလျှံအပယ်နှင့် စိတ်ကိုညှို့နေပေမယ့် သင်မလိုအပ်တဲ့ ပစ္စည်းအတော်များများပေါ်မှာ သင့်ပိုက်ဆံအားလုံးက ရုတ်တရက် စွန့်ပစ်ပစ္စည်းတွေ ဖြစ်သွားနိုင်ပါတယ်။

၇။ ပိုက်ဆံစစုပါ

သင်အမြတ်အစွန်း ရရှိတဲ့အချိန်တိုင်း ၎င်းရဲ့ 10ရာခိုင်နှုန်းကို စုပါ။ ဒါကို ဘယ်တော့မှ မထိပါနဲ့။ သင်လုပ်နိုင်သမျှ ကာလပတ်လုံး ဘဏ်အကောင့်ထဲမှာ စုထားခြင်းဖြင့် ဒီပိုက်ဆံကို ထားပါ။ တကယ်တော့ ဒီ 10ရာခိုင်နှုန်း လျော့သွားခြင်းက မသိသာပေမယ့် အချိန်ကြာလာရင် သင်ဘယ်လောက်များများ စုမိခဲ့တယ်ဆိုတာ မြင်ရင် အံ့သြသွားပါလိမ့်မယ်။ တကယ်က ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာထက် ဘယ်လောက်စုမိသလဲဆိုတာက အများကြီးပိုအရေးကြီးပါတယ်။ ဝင်ငွေမရှိတော့တဲ့အချိန်၊ နာမကျန်းဖြစ်ချိန်၊ ပင်စင်ယူချိန်တွေမှာ မကြောင့်မကျ နေနိုင်ပါမယ်။

၈။ အိမ်မှာ ချက်ပြီးစားပါ

အစားအစာ ဝယ်ယူခြင်းနှင့် အိမ်မှာ ပြင်ဆင်ချက်ပြုတ်ခြင်းက အပြင်သွားစားတာထက် ဈေးအများကြီး သက်သာစေပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပါဝင်ပစ္စည်းများကို သုံးခြင်းဖြင့် သင်ကြိုက်နှစ်သက်ရာ ဟင်းလျာများကို ချက်နိုင်တဲ့ တခြားအကျိုးများလည်းခံစားခွင့်ရှိပါတယ်။
သင့်ရဲ့ပိုက်ဆံကို ဘယ်လိုစီမံမလဲဆိုတာ လေ့လာဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီအကြံပေးချက်အနည်းငယ်က Lifestyle Myanmar ပရိတ်သတ်တွေအတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ရိုးရှင်းသော ဒီစည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့ သင့်ကလေးတွေကို သင်ပေးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ခ်မ္းသာႂကြယ္ဝတဲ့ ဘဝကိုေရာက္ရွိဖို႔ သိမွတ္ထားရမယ့္ ေငြေရးေၾကးေရးစီမံမႈ(၈)မ်ိဳး

ကြၽန္ေတာ္တို႔ဟာ အသက္ေတြရလာတဲ့အခါမွသာ တစ္စုံတစ္ခုရဲ႕ တန္ဖိုးကို နားလည္လာၾကပါတယ္။ ထိုအခါမွသာ အဖိုးတန္သင္ခန္းစာတခ်ိဳ႕ကို ကိုယ့္ကိုကိုယ္ေပးဖို႔၊ ငယ္႐ြယ္မႈကို ျပန္သြားဖို႔ အခ်ိန္ေတြကို ေနာက္ျပန္လွည့္ခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ လူေတြက အခ်ိန္ႏွင့္အမွ် ေငြေရးေၾကးေရးႏွင့္ ပတ္သတ္လာတဲ့အခါ စနစ္တက် ဘယ္လိုစီမံခန႔္ခြဲမလဲဆိုတာ ေလ့လာဖို႔ လိုတာေၾကာင့္ ေငြေၾကးထိန္းသိမ္းမႈႏွင့္ ပတ္သတ္ေသာ အဖိုးတန္သင္ခန္းစာ ၈ခုကို ေဖာ္ျပေပးလိုက္ပါတယ္။ သူတို႔ကို လိုက္နာျခင္းျဖင့္ သင္တစ္ခါတည္း ခ်မ္းသာသြားမွာ မဟုတ္ေပမယ့္ ေငြေၾကးကို ဘယ္လိုထိန္းသိမ္းမလဲ၊ ဘယ္လိုစီမံခန႔္ခြဲရမလဲဆိုတာကို သိလာပါလိမ့္မယ္။

၁။ မဝယ္ေသးဘဲ ငွားေနပါ
မ်ားေသာအားျဖင့္ အိမ္တစ္အိမ္ကို ငွားရမ္းျခင္းက ေရရွည္ရႈေထာင့္မွာ မ်ားစြာေဈးႏႈန္းခ်ိဳသာပါတယ္။ ေငြေရးေၾကးေရး စုေဆာင္းခ်င္တဲ့ ဝန္ထမ္းေတြအတြက္ေတာ့ အိမ္မဝယ္ဘဲ ငွားရမ္းေနျခင္းက ပိုၿပီးအဆင္ေျပေစမွာပါ။ ဒီႏွစ္ ဒီေဒသမွာ တာဝန္ထမ္းေဆာင္ရေပမယ့္ ေနာက္ႏွစ္ ေနာက္တစ္ေနရာ ျဖစ္ရင္ျဖစ္မွာေလ ။ဒါ့ေၾကာင့္ အနာဂတ္မွာ ေငြေၾကးအသင့္အတင့္နဲ႔ အဆင္ေျပခ်င္ရင္ေတာ့ အိမ္မဝယ္ေသးဘဲ ေနရာတစ္ေနရာ ငွားရမ္းျခင္းက ေကာင္းစြာအဆင္ေျပေစပါတယ္။

၂။ ပိုက္ဆံမေခ်းပါနဲ႔
ေငြေခ်းျခင္းက အၿမဲတမ္း သံသရာလည္ေနတတ္ပါတယ္။ ကိုယ္က ပိုက္ဆံေခ်းသုံးထားၿပီးၿပီဆို လကုန္လို႔ပိုက္ဆံထုတ္တဲ့အခါ ျပန္ဆပ္ရမွာပါ။ ဒီအခါ သင့္တစ္လစာ အသုံးစရိတ္က မေလာက္ငွပဲ ေနာက္တစ္ဖန္ျပန္ေခ်းျခင္းျဖင့္ သံသရာလည္ၿပီး သင္ဘယ္ေတာ့မွ ေခ်ာင္လည္လာမွာ မဟုတ္ပါဘူး။ အေႂကြးေဟာင္းေတြ ေပးေနတာနဲ႔ပဲ သင့္ဝင္ေငြက အဆုံးသတ္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ လစဥ္အသုံးစရိတ္ေတြကို စာရင္းလုပ္ၿပီး အစားအေသာက္အတြက္က ဘယ္ေလာက္၊ ေရ၊မီး၊ဖုန္းအတြက္က ဘယ္ေလာက္ ၊သြားလာစရိတ္က ဘယ္ေလာက္ကုန္တယ္ဆိုတာ ဆန္းစစ္ပါ။ တကယ္ကုန္သင့္လား၊ မကုန္သင့္ဘူးလားဆိုတာကို ရွင္းရွင္းလင္းလင္း ျမင္လာပါလိမ့္မယ္။ မလိုအပ္ဘဲ သုံးမိေနတာကို ေလ်ာ့ပါ။

၃။ လစာတိုးေပးဖို႔ ေတာင္းဆိုပါ
တခါတရံ ဒါက ထိုင္ေစာင့္ေနဖို႔ မေကာင္းပါဘူး။ အထူးသျဖင့္ သင္ဟာ ေနရာတစ္ခုတည္းမွာ အခ်ိန္ၾကာျမင့္စြာ ထမ္းေဆာင္ေနခဲ့ရတဲ့အခါ၊ သင့္အလုပ္ကို ေတာ္ေတာ္ေလး ေကာင္းမြန္စြာ အလုပ္လုပ္ခဲ့ရတဲ့အခါ လစာတိုးေပးဖို႔ ေတာင္းဆိုတာက ရွက္စရာမဟုတ္ပါဘူး။

၄။ ကေလးေတြ မယူရေသးခင္မွာ သင့္ဘဏ္အေကာင့္ကို စစ္ေဆးပါ
ကေလးေတြကို ျပဳစုပ်ိဳးေထာင္ျခင္းက အေတာ္ေလး အကုန္အက်မ်ားတဲ့ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိသားစုဝင္အသစ္တစ္ေယာက္ယူမယ္လို႔ ဆုံးျဖတ္ခ်က္ မခ်ခင္မွာ သင့္ရဲ႕အေျခခိုင္မာဖို႔ ေသခ်ာေနပါေစ။ သင့္ရဲ႕ေငြေရးေၾကးေရးအေျခအေန လုံၿခဳံစိတ္ခ်ရၿပီလို႔ ခံစားရတဲ့အခါမွ ကေလးယူဖို႔၊ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ဖို႔ မွန္ကန္တဲ့ အခ်ိန္ျဖစ္ပါတယ္။

၅။ ထက္ျမတ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ပါ
ကိုယ္နဲ႔ ရင္းႏွီးကြၽမ္းဝင္တဲ့ နယ္ပယ္ေကာင္း တစ္ခုမဟုတ္လွ်င္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အလ်င္မလိုပါနဲ႔။ အနာဂတ္မွာ အက်ိဳးရွိေစမယ့္ သင့္က်န္းမာေရးႏွင့္ ပညာေရးမွာ ရင္းႏွီးျမႇဳပ္ႏွံတာက အၿမဲတမ္းအေကာင္းဆုံးျဖစ္ပါတယ္။

၆။ ေစ်းဝယ္တဲ့အခါ ဉာဏ္သုံးပါ
အဝတ္အစား ဝယ္တာပဲျဖစ္ျဖစ္ ၊ ဖိနပ္ဝယ္တာပဲျဖစ္ျဖစ္ အရည္အေသြးျမင့္တဲ့ ပစၥည္းမ်ားကိုသာ ဝယ္ပါ။ အခ်ိန္ၾကာျမႇင့္စြာ အသုံးခံၿပီး အဲ့ဒီအေပၚမွာ ေနာက္ထပ္ေငြေၾကးကုန္က်မႈ နည္းမွာ ျဖစ္ပါတယ္။ စတိုးဆိုင္မသြားမွီ လိုအပ္တဲ့ပစၥည္းမ်ားကို စာရင္းျပဳလုပ္ပါ။ အလြယ္တကူ ဝယ္ယူျခင္းမွ ေရွာင္ၾကဥ္ပါ။ တခါတရံမွာ Shopping mall ေတြက ဝယ္ခ်င္စရာေတြ အလွ်ံအပယ္ႏွင့္ စိတ္ကိုညႇိဳ႕ေနေပမယ့္ သင္မလိုအပ္တဲ့ ပစၥည္းအေတာ္မ်ားမ်ားေပၚမွာ သင့္ပိုက္ဆံအားလုံးက ႐ုတ္တရက္ စြန႔္ပစ္ပစၥည္းေတြ ျဖစ္သြားႏိုင္ပါတယ္။

၇။ ပိုက္ဆံေခြၽတာဖို႔ စတင္ပါ
သင္အျမတ္အစြန္း ရရွိတဲ့အခ်ိန္တိုင္း ၎ရဲ႕ 10ရာခိုင္ႏႈန္းကို စုပါ။ ဒါကို ဘယ္ေတာ့မွ မထိပါနဲ႔။ သင္လုပ္ႏိုင္သမွ် ကာလပတ္လုံး ဘဏ္အေကာင့္ထဲမွာ စုထားျခင္းျဖင့္ ဒီပိုက္ဆံကို ထားပါ။ တကယ္ေတာ့ ဒီ 10ရာခိုင္ႏႈန္း ေလ်ာ့သြားျခင္းက မသိသာေပမယ့္ အခ်ိန္ၾကာလာရင္ သင္ဘယ္ေလာက္မ်ားမ်ား စုမိခဲ့တယ္ဆိုတာ ျမင္ရင္ အံ့ၾသသြားပါလိမ့္မယ္။ တကယ္က ဝင္ေငြဘယ္ေလာက္ရွိသလဲဆိုတာထက္ ဘယ္ေလာက္စုမိသလဲဆိုတာက အမ်ားႀကီးပိုအေရးႀကီးပါတယ္။ ဝင္ေငြမရွိေတာ့တဲ့အခ်ိန္၊ နာမက်န္းျဖစ္ခ်ိန္၊ ပင္စင္ယူခ်ိန္ေတြမွာ မေၾကာင့္မက် ေနႏိုင္ပါမယ္။

၈။ အိမ္မွာ ခ်က္ၿပီးစားပါ
အစားအစာ ဝယ္ယူျခင္းႏွင့္ အိမ္မွာ ျပင္ဆင္ခ်က္ျပဳတ္ျခင္းက အျပင္သြားစားတာထက္ ေဈးအမ်ားႀကီး သက္သာေစပါတယ္။ က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ ပါဝင္ပစၥည္းမ်ားကို သုံးျခင္းျဖင့္ သင္ႀကိဳက္ႏွစ္သက္ရာ ဟင္းလ်ာမ်ားကို ခ်က္ႏိုင္တဲ့ တျခားအက်ိဳးမ်ားလည္းခံစားခြင့္ရွိပါတယ္။
သင့္ရဲ႕ပိုက္ဆံကို ဘယ္လိုစီမံမလဲဆိုတာ ေလ့လာဖို႔ ဘယ္ေတာ့မွ ေနာက္က်တယ္ဆိုတာ မရွိပါဘူး။ ဒီအႀကံေပးခ်က္အနည္းငယ္က Lifestyle Myanmar ပရိတ္သတ္ေတြအတြက္ အသုံးဝင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ႐ိုးရွင္းေသာ ဒီစည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာဖို႔ သင့္ကေလးေတြကို သင္ေပးႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here