ချမ်းသာကြွယ်ဝချင်ရင် မလုပ်တာ ပိုကောင်းမယ့်အရာ (၁၀)ခု

0
2238

လူတိုင်းက ချမ်းသာချင်ကြတာကြောင့် စည်းစိမ်ချမ်းသာကို ကိုယ်ပိုင်နည်းလမ်းတွေနှင့် ရှာဖွေကြပါတယ်။ ဒါပေမယ့် အောင်မြင်ပြီး ချမ်းသာကြွယ်ဝမှုကို ရေရှည်ထိန်းထားနိုင်သူက လူအနည်းစုသာ ရှိပါတယ်။ တချို့က အလုပ်အများကြီးလုပ်လို့ ချမ်းသာတဲ့သူရှိသလို၊ တချို့က တစ်ခါတရံ ကံကောင်းပြီး ချမ်းသာသွားသူတွေ ရှိပါတယ်။ တခါတရံ ကံကောင်းပြီး ချမ်းသာသူနှင့် ဟိုစပ်စပ် ဒီစပ်စပ် အလုပ်အများကြီးလုပ်သူဟာ အမှားတွေပြုလုပ်မိတာကြောင့် သူတို့ဟာ ပိုက်ဆံ တကယ်မထိန်းသိမ်းနိုင်ပါဘူး။

-Advertisement-

သုတေသီ Tom Corley က ချမ်းသာသူတွနှင့် ဆင်းရဲသူတွေအကြား ခြားနားမှုကို စိတ်ဝင်စားခဲ့ပြီး ဒီအုပ်စုနှစ်စုကို ၅နှစ်လောက် လေ့လာခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောက်ချက်များလည်း ချခဲ့ပါတယ်။
ဒါ့ကြောင့် သင်ချမ်းသာသူတစ်ယောက် ဖြစ်ချင်ရင် သင်လုပ်နေတာတွေ ရပ်တန့်လိုက်သင့်တဲ့ အရာ (၁၀)ခုကို ဒီနေ့ပြောပြပေးပါမယ်။

၁။ မိတ်ဆွေအသစ်တွေနှင့် မတွေ့ဆုံတာ

ချမ်းသာတဲ့လူတွေဟာ မိတ်ဆွေအသစ်ဖွဲ့တာကို နစ်သက်ကြပါတယ်။ ချမ်းသာကြွယ်ဝသူ ၆၈ရာခိုင်နှုန်းက သူတို့ဟာ မိတ်ဆွေအသစ် တစ်ယောက်ယောက်နဲ့ တွေ့ဆုံရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။ ဆင်းရဲသူ ၁၁ရာခိုင်နှုန်းသာလျှင် တူညီတဲ့ စကားဆိုပါတယ်။ ငွေရေးကြေးရေးတည်ငြိမ်မှုကို ရောက်ရှိသူအများစုက ကိုယ်ကိုယ်ကို impression ကောင်းတွေ ပေးဖို့ တက်နိုင်သမျှ အားထုတ်ပြီး ထိန်းသိမ်းထားကြပါတယ်။ သူတို့ဟာ အားလပ်ရက်နှင့် တခြားအရေးကြီးတဲ့ ရက်တွေမှာ အသိမိတ်ဆွေအဟောင်း/အသစ်တွေနှင့်အတူ ဂုဏ်ပြုစကားဆိုဖို့ မမေ့ကြပါဘူး။

၂။ ကံကြမ္မာကို ယုံကြည်တာ

ချမ်းသာသူတွေက သူတို့ရဲ့ ဘဝလမ်းကြောင်းကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချတတ်ကြသူတွေပါ။ ဆင်းရဲသူ ၉၀ရာခိုင်နှုန်းက သူတို့ရဲ့ ကုသိုလ်ကံဆိုးခြင်းအတွက် ကံကြမ္မာကို အပြစ်တင်ကြပါတယ်။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှု တိုးတတ်လာဖို့ သူတို့ရဲ့ ကိုယ့်ပညာရေးအစား ထီလက်မှတ်တွေနှင့် အကြားအမြင် ဗေဒင်တွေမှာ ပိုက်ဆံရင်းနှီးမြုပ်နှံကြပါတယ်။

၃။ ကိုယ့်ရဲ့ အလုပ်ကို မုန်းတာ

ငါ့အလုပ်ကို ငါချစ်တယ်ဆိုတာ ငွေရေးကြေးရေးအောင်မြင်သူ ၈၅ ရာခိုင်နှုန်းရဲ့ ပြောစကားပါ။ ဆင်းရဲတဲ့သူတွေဟာ သူတို့အလုပ်မှာ အားနည်းချက်တွေကို ပိုပြီးကြည့်ပါတယ်။ ငါဒီအလုပ်ကြီး လုပ်နေရတာပဲ၊ တခြားအလုပ်မရှိလို့သာ လုပ်နေရတာ၊ မလုပ်ချင်ဘူးဆိုတဲ့ ဒီလိုသဘောထားတွေက သင့်ရဲ့ ဝင်ငွေ တိုးတတ်လာဖို့ကို အတော်လေးခက်ခဲနိုင်ပါတယ်။ သင်လုပ်နေတဲ့ အလုပ်ကို မနှစ်သက်ရင် မညည်းညူနေဘဲ နောက်အလုပ်ပြောင်းသင့်ပါတယ်။

၄။ သင့်ကျန်းမာရေးကို ဂရုမစိုက်တာ

ချမ်းသာတဲ့သူတွေဟာ သူတို့ကျန်းမာရေးကို အချိန်အများကြီး မြှုပ်နှံထားပါတယ်။ ဒါတွေက ဆရာဝန်နှင့် ပုံမှန်စစ်ဆေးတာ၊ ကျန်းမာတဲ့ လူနေမှုပုံစံရှိတာ၊ အားကစားလုပ်တာ(အောင်မြင်သူ ၇၆ရာခိုင်နှုန်းက တစ်ပတ်ကို ၄ကြိမ် အားကစားလုပ်ပါတယ်)၊ မျှတတဲ့ အစားအစာစားသုံးတာ ၊ မကောင်းတဲ့ အလေ့အထကို စွန့်လွှတ်တာတို့ ပါဝင်ပါတယ်။ ဝင်ငွေနည်းတဲ့သူတွေထဲမှာ ၁၃ ရာခိုင်နှုန်းသာလျှင် ကျန်းမာရေးကောင်းခြင်းနှင့် အောင်မြင်မှုအကြား ချိတ်ဆက်မှုကို လက်ခံပါတယ်။

၅။ မစွန့်စားတာ

ဆင်းရဲသူ ၆ရာခိုင်နှုန်းသာ သူတို့ရဲ့ ငွေရေးကြေးရေးအခြေအနေ တိုးတတ်ဖို့ စွန့်စားရမယ်ဆိုတာ သဘောတူပါတယ်။ ချမ်းသာသူ ၅၀ ရာခိုင်နှုန်းကျော်ဟာ စွန့်စားဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ ချမ်းသာသူအတော်များများက သူတို့ဘဝမှာ အောင်မြင်ဖို့ စွန့်စားရင်း အနည်းဆုံးတစ်ကြိမ်တော့ ကျရှုံးတတ်တယ်ဆိုတာ သတိပြုမိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျရှုံးမှုအပေါ်မှာ နှစ်မြောနေမယ့်အစား ရွေ့ဖို့ ကြိုးစားခဲ့ကြပါတယ်။

၆။ reality showတွေ ကြည့်တာ

မချမ်းသာတဲ့ လူတွေအကြား ၇၈ရာခိုင်နှုန်းလောက် တီဗီကြည့်တာ အင်တာနက်သုံးတာအပေါ်မှာ အချိန်သုံးစွဲကြပါတယ်။ ချမ်းသာတဲ့သူတွေအကြား ၆ရာခိုင်နှုန်းလောက်သာ reality showsတွေကို ကြည့်တာပါ။ ချမ်းသာတဲ့ သူတွေက တီဗီအရမ်းကြည့်တာ မနှစ်သက်ပါဘူး။ သူတို့ကြည့်လည်း တစ်နေ့ကို တစ်နာရီထက်မပိုပါဘူး။ အင်တာနက်ဆိုလည်းအတူတူပါပဲ။ အောင်မြင်တဲ့သူတွေဟာ အလုပ်လုပ်တာကလွဲရင် ဆိုရှယ်မီဒီယာကြည့်တာ တစ်နာရီထက် မပိုပါဘူး။

၇။ စာအများကြီး မဖတ်တာ

Dostoyevsky က”စဉ်းစားမရဘူးဆိုတဲ့ အဓိပ္ပာယ်က စာမဖတ်လို့” ဟု ဆိုပါတယ်။ ချမ်းသာသူ ၈၈ ရာခိုင်နှုန်းက စာရေးဆရာတွေကို သဘောကျပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို ဘယ်လိုတိုးတတ်အောင်လုပ်မလဲဆိုတဲ့ အကြောင်းတွေ၊ ပရော်ဖက်ရှင်နယ် ပစ္စည်းတွေ နှင့် သမိုင်းဝင်စာပေတွေကို တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက် ဖတ်ကြပါတယ်။ ဆင်းရဲတဲ့သူ ၂ရာခိုင်နှုန်းသာ စာဖတ်ခြင်းမှာ အချိန်များစွာ မြှုပ်နှံထားတာပါ။

၈။ နောက်ကျမှ အိပ်ရာထတာ

ဝင်ငွေမြင့်မားတဲ့ စီးပွားရေးသမား တစ်ဝက်ကျော်ကျော်က အလုပ်မစခင် အနည်းဆုံး ၃နာရီလောက်ထဲက အိပ်ရာကနိုး နေကြတယ်လို့ Tom Corley ကလေ့လာတွေ့ရှိထားပါတယ်။ သူတို့ဟာ မနက်ခင်းမှာ ကိုယ်ပိုင်လုပ်ငန်းအတွက် အလုပ်လုပ်ရင်း၊ အားကစားလုပ်ရင်း၊ သူတို့လုပ်ဖို့ လိုအပ်တဲ့ အရာတွေကို စီစဉ်ရင်း အချိန်ဖြုန်းပါတယ်၊ အောင်မြင်သူ အတော်များများက တိတ်ဆိတ်တဲ့နေရာမှာ တစ်ခုခုအကြောင်းတွေးတာ၊ ၁၀မိနစ် ၁၅မိနစ်လောက် တရားထိုင်တာ ပြုလုပ်ပါတယ်။ စောစောထခြင်းက အလုံအလောက် မအိပ်ရဘူးလို့ မဆိုလိုပါဘူး။ ချမ်းသာသူ ၈၉ ရာခိုင်နှုန်းက တစ်ညကို ၇နာရီ မှ ၈နာရီလောက် အိပ်ကြပါတယ်။ သူတို့ အကြံပြုထားတဲ့ အိပ်ရာဝင်ချိန်ကတော့ ည ကိုးနာရီနှင့် ၁၀နာရီ အကြားဖြစ်ပါတယ်။

၉။ ကိုယ့်အတွက် အကျိုးမရှိတဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်တာ

လခစားသမား ၉၆ ရာခိုင်နှုန်းက ကိုယ့်ဘဝအကြောင်းကို ညည်းညူတာ၊ သူများအကြောင်း အတင်းအဖျင်းပြောရတာကို နှစ်သက်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား လူမှုရေးအဖွဲ့အစည်းမှာ စေတနာ့ဝန်ထမ်းလုပ်တာ၊ အဖွဲ့ဝင်တာက သင့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့သူအရေအတွက်ကို တိုးစေနိုင်ပါတယ်။ သင့်အချိန်တွေကို အကျိုးရှိစေမယ့်လူနှင့် တွေ့တဲ့အထိ ကိုယ့်ဘာသာ အချိန်ဖြုန်းနေသင့်ပါတယ်။

၁၀။ အလွန်အကျွံဖြုန်းတာ

ဆင်းရဲသူ အများစုဟာ ဝင်ငွေထက် ထွက်ငွေကပိုကြမ်းပါတယ်။ ကိုယ်တကယ်မလိုအပ်ဘဲ၊ မတတ်နိုင်ဘဲ စျေးကြီးတဲ့ ကားတွေ၊ ဖုန်းတွေနဲ့ တခြားအရာတွေကို အကြွေးမဝယ်ပါနဲ့။ ချမ်းသာတဲ့သူတွေက ဒီဝင်ငွေဖြန့်ဝေခြင်းစနစ်ကို အမြဲတမ်း လက်ကိုင်ထားပါတယ်။
၂၀% – စုဆောင်းပါ။
၂၅% – ချေးငှားထား၊ ပေါင်ထားတာတွေကို ဆပ်ပါ။
၁၅% – အစားအစာ
၁၀% – ဖျော်ဖြေရေး
၅% – ကားခ
ကျန်တဲ့ပိုက်ဆံကို ပညာရေး၊ ကျန်းမာရေး၊ အဝတ်အစားကဲ့သို့ အမြဲတမ်းမကုန်တဲ့နေရာတွေမှာ သုံးပါ။

သင့်ရဲ့စိတ်အားထက်သန်မှုကို ဘယ်လိုရှာဖွေမလဲ?
Tom Corley ကချမ်းသာတဲ့သူတွေရဲ့ အလေ့အထများကို လေ့လာပြီးနောက် ကောက်ချက်တစ်ခု ရလာခဲ့ပါတယ်။ အောင်မြင်နေတဲ့သူတွေဟာ သူတို့တကယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ပြီး ဝင်ငွေကောင်းလာတာကြောင့် အောင်မြင်လာတာဖြစ်ပါတယ်။ ဒါကတော့ သင်အလုပ်အကိုင်ရှာဖွေနေဆဲဆိုရင် လုပ်ဆောင်ရမယ့် အစီအစဉ်တွေ ဖြစ်ပါတယ်။
၁။ သင်ဝါသနာပါတဲ့ အရာတွေကို စာရင်းလုပ်ပါ။ သင့်မှာ လိုအပ်နေတဲ့ တချို့ကျွမ်းကျင်မှုတွေကို ဟိုက်လိုက် လုပ်ထားပါ။
၂။ တခြားအရာတွေထက်ပိုပြီး သင်လုပ်ချင်တဲ့ အရာ (၁၀)ခုကို ထပ်ခွဲထုတ်ပါ။ ၁ကနေ ၁၀ရဲ့ လုပ်ခနှုန်းထားတွေပေါ်မှာ အကဲဖြတ်ပါ။
၃။ သင် ဝါသနာပါယုံသာမက သင့်ကို ဝင်ငွေအများဆုံးရစေမယ့် အလုပ်ကို ရွေးချယ်ပါ။ ဥပမာ- လည်စည်းပုဝါထိုးတဲ့ အလုပ်ကို ရွေးချယ်တယ်ဆိုပါစို့ ၊တစ်လကို သင် လည်စည်းပုဝါ ဘယ်လောက် ထိုးနိုင်သလဲ၊ သူတို့ကို ရောင်းရင် ငွေဘယ်လောက် ဝင်နိုင်သလဲဆိုတာ တွက်ချက်ပါ။
၄။ နောက်ဆုံးမှာ လုပ်ငန်းတာဝန်တစ်ခုချင်းစီအတွက် ရမှတ်တွေကို ပေါင်းပါ။ အမြင့်ဆုံးရတဲ့ တစ်ခုက သင့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်သင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

ခ်မ္းသာႂကြယ္ဝခ်င္ရင္ မလုပ္တာ ပိုေကာင္းမယ့္အရာ (၁၀)ခု
လူတိုင္းက ခ်မ္းသာခ်င္ၾကတာေၾကာင့္ စည္းစိမ္ခ်မ္းသာကို ကိုယ္ပိုင္နည္းလမ္းေတြႏွင့္ ရွာေဖြၾကပါတယ္။ ဒါေပမယ့္ ေအာင္ျမင္ၿပီး ခ်မ္းသာႂကြယ္ဝမႈကို ေရရွည္ထိန္းထားႏိုင္သူက လူအနည္းစုသာ ရွိပါတယ္။ တခ်ိဳ႕က အလုပ္အမ်ားႀကီးလုပ္လို႔ ခ်မ္းသာတဲ့သူရွိသလို၊ တခ်ိဳ႕က တစ္ခါတရံ ကံေကာင္းၿပီး ခ်မ္းသာသြားသူေတြ ရွိပါတယ္။ တခါတရံ ကံေကာင္းၿပီး ခ်မ္းသာသူႏွင့္ ဟိုစပ္စပ္ ဒီစပ္စပ္ အလုပ္အမ်ားႀကီးလုပ္သူဟာ အမွားေတြျပဳလုပ္မိတာေၾကာင့္ သူတို႔ဟာ ပိုက္ဆံ တကယ္မထိန္းသိမ္းႏိုင္ပါဘူး။
သုေတသီ Tom Corley က ခ်မ္းသာသူတြႏွင့္ ဆင္းရဲသူေတြအၾကား ျခားနားမႈကို စိတ္ဝင္စားခဲ့ၿပီး ဒီအုပ္စုႏွစ္စုကို ၅ႏွစ္ေလာက္ ေလ့လာခဲ့ပါတယ္။ စိတ္ဝင္စားဖို႔ ေကာင္းတဲ့ ေကာက္ခ်က္မ်ားလည္း ခ်ခဲ့ပါတယ္။
ဒါ့ေၾကာင့္ သင္ခ်မ္းသာသူတစ္ေယာက္ ျဖစ္ခ်င္ရင္ သင္လုပ္ေနတာေတြ ရပ္တန္႔လိုက္သင့္တဲ့ အရာ (၁၀)ခုကို ဒီေန႔ေျပာျပေပးပါမယ္။

၁။ မိတ္ေဆြအသစ္ေတြႏွင့္ မေတြ႕ဆုံတာ

ခ်မ္းသာတဲ့လူေတြဟာ မိတ္ေဆြအသစ္ဖြဲ႕တာကို နစ္သက္ၾကပါတယ္။ ခ်မ္းသာႂကြယ္ဝသူ ၆၈ရာခိုင္ႏႈန္းက သူတို႔ဟာ မိတ္ေဆြအသစ္ တစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆုံရတာကို ႏွစ္သက္တယ္လို႔ ဆိုပါတယ္။ ဆင္းရဲသူ ၁၁ရာခိုင္ႏႈန္းသာလွ်င္ တူညီတဲ့ စကားဆိုပါတယ္။ ေငြေရးေၾကးေရးတည္ၿငိမ္မႈကို ေရာက္ရွိသူအမ်ားစုက ကိုယ္ကိုယ္ကို impression ေကာင္းေတြ ေပးဖို႔ တက္ႏိုင္သမွ် အားထုတ္ၿပီး ထိန္းသိမ္းထားၾကပါတယ္။ သူတို႔ဟာ အားလပ္ရက္ႏွင့္ တျခားအေရးႀကီးတဲ့ ရက္ေတြမွာ အသိမိတ္ေဆြအေဟာင္း/အသစ္ေတြႏွင့္အတူ ဂုဏ္ျပဳစကားဆိုဖို႔ မေမ့ၾကပါဘူး။

၂။ ကံၾကမၼာကို ယုံၾကည္တာ

ခ်မ္းသာသူေတြက သူတို႔ရဲ႕ ဘဝလမ္းေၾကာင္းကို သူတို႔ကိုယ္တိုင္ ဆုံးျဖတ္ခ်က္ခ်တတ္ၾကသူေတြပါ။ ဆင္းရဲသူ ၉၀ရာခိုင္ႏႈန္းက သူတို႔ရဲ႕ ကုသိုလ္ကံဆိုးျခင္းအတြက္ ကံၾကမၼာကို အျပစ္တင္ၾကပါတယ္။ သူတို႔ရဲ႕ ခ်မ္းသာႂကြယ္ဝမႈ တိုးတတ္လာဖို႔ သူတို႔ရဲ႕ ကိုယ့္ပညာေရးအစား ထီလက္မွတ္ေတြႏွင့္ အၾကားအျမင္ ေဗဒင္ေတြမွာ ပိုက္ဆံရင္းႏွီးျမဳပ္ႏွံၾကပါတယ္။

၃။ ကိုယ့္ရဲ႕ အလုပ္ကို မုန္းတာ

ငါ့အလုပ္ကို ငါခ်စ္တယ္ဆိုတာ ေငြေရးေၾကးေရးေအာင္ျမင္သူ ၈၅ ရာခိုင္ႏႈန္းရဲ႕ ေျပာစကားပါ။ ဆင္းရဲတဲ့သူေတြဟာ သူတို႔အလုပ္မွာ အားနည္းခ်က္ေတြကို ပိုၿပီးၾကည့္ပါတယ္။ ငါဒီအလုပ္ႀကီး လုပ္ေနရတာပဲ၊ တျခားအလုပ္မရွိလို႔သာ လုပ္ေနရတာ၊ မလုပ္ခ်င္ဘူးဆိုတဲ့ ဒီလိုသေဘာထားေတြက သင့္ရဲ႕ ဝင္ေငြ တိုးတတ္လာဖို႔ကို အေတာ္ေလးခက္ခဲႏိုင္ပါတယ္။ သင္လုပ္ေနတဲ့ အလုပ္ကို မႏွစ္သက္ရင္ မညည္းညဴေနဘဲ ေနာက္အလုပ္ေျပာင္းသင့္ပါတယ္။

၄။ သင့္က်န္းမာေရးကို ဂ႐ုမစိုက္တာ

ခ်မ္းသာတဲ့သူေတြဟာ သူတို႔က်န္းမာေရးကို အခ်ိန္အမ်ားႀကီး ျမႇဳပ္ႏွံထားပါတယ္။ ဒါေတြက ဆရာဝန္ႏွင့္ ပုံမွန္စစ္ေဆးတာ၊ က်န္းမာတဲ့ လူေနမႈပုံစံရွိတာ၊ အားကစားလုပ္တာ(ေအာင္ျမင္သူ ၇၆ရာခိုင္ႏႈန္းက တစ္ပတ္ကို ၄ႀကိမ္ အားကစားလုပ္ပါတယ္)၊ မွ်တတဲ့ အစားအစာစားသုံးတာ ၊ မေကာင္းတဲ့ အေလ့အထကို စြန္႔လႊတ္တာတို႔ ပါဝင္ပါတယ္။ ဝင္ေငြနည္းတဲ့သူေတြထဲမွာ ၁၃ ရာခိုင္ႏႈန္းသာလွ်င္ က်န္းမာေရးေကာင္းျခင္းႏွင့္ ေအာင္ျမင္မႈအၾကား ခ်ိတ္ဆက္မႈကို လက္ခံပါတယ္။

၅။ မစြန္႔စားတာ

ဆင္းရဲသူ ၆ရာခိုင္ႏႈန္းသာ သူတို႔ရဲ႕ ေငြေရးေၾကးေရးအေျခအေန တိုးတတ္ဖို႔ စြန္႔စားရမယ္ဆိုတာ သေဘာတူပါတယ္။ ခ်မ္းသာသူ ၅၀ ရာခိုင္ႏႈန္းေက်ာ္ဟာ စြန္႔စားဖူးတဲ့ အေတြ႕အႀကဳံရွိပါတယ္။ ခ်မ္းသာသူအေတာ္မ်ားမ်ားက သူတို႔ဘဝမွာ ေအာင္ျမင္ဖို႔ စြန္႔စားရင္း အနည္းဆုံးတစ္ႀကိမ္ေတာ့ က်ရႈံးတတ္တယ္ဆိုတာ သတိျပဳမိၾကပါတယ္။ ဒါေပမယ့္ သူတို႔ဟာ က်ရႈံးမႈအေပၚမွာ ႏွစ္ေျမာေနမယ့္အစား ေ႐ြ႕ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

၆။ reality showေတြ ၾကည့္တာ

မခ်မ္းသာတဲ့ လူေတြအၾကား ၇၈ရာခိုင္ႏႈန္းေလာက္ တီဗီၾကည့္တာ အင္တာနက္သုံးတာအေပၚမွာ အခ်ိန္သုံးစြဲၾကပါတယ္။ ခ်မ္းသာတဲ့သူေတြအၾကား ၆ရာခိုင္ႏႈန္းေလာက္သာ reality showsေတြကို ၾကည့္တာပါ။ ခ်မ္းသာတဲ့ သူေတြက တီဗီအရမ္းၾကည့္တာ မႏွစ္သက္ပါဘူး။ သူတို႔ၾကည့္လည္း တစ္ေန႔ကို တစ္နာရီထက္မပိုပါဘူး။ အင္တာနက္ဆိုလည္းအတူတူပါပဲ။ ေအာင္ျမင္တဲ့သူေတြဟာ အလုပ္လုပ္တာကလြဲရင္ ဆိုရွယ္မီဒီယာၾကည့္တာ တစ္နာရီထက္ မပိုပါဘူး။

၇။ စာအမ်ားႀကီး မဖတ္တာ

Dostoyevsky က”စဥ္းစားမရဘူးဆိုတဲ့ အဓိပၸာယ္က စာမဖတ္လို႔” ဟု ဆိုပါတယ္။ ခ်မ္းသာသူ ၈၈ ရာခိုင္ႏႈန္းက စာေရးဆရာေတြကို သေဘာက်ပါတယ္။ သူတို႔ဟာ ကိုယ့္ကိုယ္ကို ဘယ္လိုတိုးတတ္ေအာင္လုပ္မလဲဆိုတဲ့ အေၾကာင္းေတြ၊ ပေရာ္ဖက္ရွင္နယ္ ပစၥည္းေတြ ႏွင့္ သမိုင္းဝင္စာေပေတြကို တစ္ေန႔ကို အနည္းဆုံး မိနစ္ ၃၀ေလာက္ ဖတ္ၾကပါတယ္။ ဆင္းရဲတဲ့သူ ၂ရာခိုင္ႏႈန္းသာ စာဖတ္ျခင္းမွာ အခ်ိန္မ်ားစြာ ျမႇဳပ္ႏွံထားတာပါ။

၈။ ေနာက္က်မွ အိပ္ရာထတာ

ဝင္ေငြျမင့္မားတဲ့ စီးပြားေရးသမား တစ္ဝက္ေက်ာ္ေက်ာ္က အလုပ္မစခင္ အနည္းဆုံး ၃နာရီေလာက္ထဲက အိပ္ရာကႏိုး ေနၾကတယ္လို႔ Tom Corley ကေလ့လာေတြ႕ရွိထားပါတယ္။ သူတို႔ဟာ မနက္ခင္းမွာ ကိုယ္ပိုင္လုပ္ငန္းအတြက္ အလုပ္လုပ္ရင္း၊ အားကစားလုပ္ရင္း၊ သူတို႔လုပ္ဖို႔ လိုအပ္တဲ့ အရာေတြကို စီစဥ္ရင္း အခ်ိန္ျဖဳန္းပါတယ္၊ ေအာင္ျမင္သူ အေတာ္မ်ားမ်ားက တိတ္ဆိတ္တဲ့ေနရာမွာ တစ္ခုခုအေၾကာင္းေတြးတာ၊ ၁၀မိနစ္ ၁၅မိနစ္ေလာက္ တရားထိုင္တာ ျပဳလုပ္ပါတယ္။ ေစာေစာထျခင္းက အလုံအေလာက္ မအိပ္ရဘူးလို႔ မဆိုလိုပါဘူး။ ခ်မ္းသာသူ ၈၉ ရာခိုင္ႏႈန္းက တစ္ညကို ၇နာရီ မွ ၈နာရီေလာက္ အိပ္ၾကပါတယ္။ သူတို႔ အႀကံျပဳထားတဲ့ အိပ္ရာဝင္ခ်ိန္ကေတာ့ ည ကိုးနာရီႏွင့္ ၁၀နာရီ အၾကားျဖစ္ပါတယ္။

၉။ ကိုယ့္အတြက္ အက်ိဳးမရွိတဲ့သူေတြနဲ႔ အေပါင္းအသင္းလုပ္တာ

လခစားသမား ၉၆ ရာခိုင္ႏႈန္းက ကိုယ့္ဘဝအေၾကာင္းကို ညည္းညဴတာ၊ သူမ်ားအေၾကာင္း အတင္းအဖ်င္းေျပာရတာကို ႏွစ္သက္ၾကပါတယ္။ ဒီလိုလုပ္မယ့္အစား လူမႈေရးအဖြဲ႕အစည္းမွာ ေစတနာ့ဝန္ထမ္းလုပ္တာ၊ အဖြဲ႕ဝင္တာက သင့္ပတ္ဝန္းက်င္မွာ ေကာင္းတဲ့သူအေရအတြက္ကို တိုးေစႏိုင္ပါတယ္။ သင့္အခ်ိန္ေတြကို အက်ိဳးရွိေစမယ့္လူႏွင့္ ေတြ႕တဲ့အထိ ကိုယ့္ဘာသာ အခ်ိန္ျဖဳန္းေနသင့္ပါတယ္။

၁၀။ အလြန္အကြၽံျဖဳန္းတာ

ဆင္းရဲသူ အမ်ားစုဟာ ဝင္ေငြထက္ ထြက္ေငြကပိုၾကမ္းပါတယ္။ ကိုယ္တကယ္မလိုအပ္ဘဲ၊ မတတ္ႏိုင္ဘဲ ေစ်းႀကီးတဲ့ ကားေတြ၊ ဖုန္းေတြနဲ႔ တျခားအရာေတြကို အေႂကြးမဝယ္ပါနဲ႔။ ခ်မ္းသာတဲ့သူေတြက ဒီဝင္ေငြျဖန္႔ေဝျခင္းစနစ္ကို အၿမဲတမ္း လက္ကိုင္ထားပါတယ္။
၂၀% – စုေဆာင္းပါ။
၂၅% – ေခ်းငွားထား၊ ေပါင္ထားတာေတြကို ဆပ္ပါ။
၁၅% – အစားအစာ
၁၀% – ေဖ်ာ္ေျဖေရး
၅% – ကားခ
က်န္တဲ့ပိုက္ဆံကို ပညာေရး၊ က်န္းမာေရး၊ အဝတ္အစားကဲ့သို႔ အၿမဲတမ္းမကုန္တဲ့ေနရာေတြမွာ သုံးပါ။

သင့္ရဲ႕စိတ္အားထက္သန္မႈကို ဘယ္လိုရွာေဖြမလဲ?
Tom Corley ကခ်မ္းသာတဲ့သူေတြရဲ႕ အေလ့အထမ်ားကို ေလ့လာၿပီးေနာက္ ေကာက္ခ်က္တစ္ခု ရလာခဲ့ပါတယ္။ ေအာင္ျမင္ေနတဲ့သူေတြဟာ သူတို႔တကယ္ဝါသနာပါတဲ့ အလုပ္ကို လုပ္ၿပီး ဝင္ေငြေကာင္းလာတာေၾကာင့္ ေအာင္ျမင္လာတာျဖစ္ပါတယ္။ ဒါကေတာ့ သင္အလုပ္အကိုင္ရွာေဖြေနဆဲဆိုရင္ လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြ ျဖစ္ပါတယ္။
၁။ သင္ဝါသနာပါတဲ့ အရာေတြကို စာရင္းလုပ္ပါ။ သင့္မွာ လိုအပ္ေနတဲ့ တခ်ိဳ႕ကြၽမ္းက်င္မႈေတြကို ဟိုက္လိုက္ လုပ္ထားပါ။
၂။ တျခားအရာေတြထက္ပိုၿပီး သင္လုပ္ခ်င္တဲ့ အရာ (၁၀)ခုကို ထပ္ခြဲထုတ္ပါ။ ၁ကေန ၁၀ရဲ႕ လုပ္ခႏႈန္းထားေတြေပၚမွာ အကဲျဖတ္ပါ။
၃။ သင္ ဝါသနာပါယုံသာမက သင့္ကို ဝင္ေငြအမ်ားဆုံးရေစမယ့္ အလုပ္ကို ေ႐ြးခ်ယ္ပါ။ ဥပမာ- လည္စည္းပုဝါထိုးတဲ့ အလုပ္ကို ေ႐ြးခ်ယ္တယ္ဆိုပါစို႔ ၊တစ္လကို သင္ လည္စည္းပုဝါ ဘယ္ေလာက္ ထိုးႏိုင္သလဲ၊ သူတို႔ကို ေရာင္းရင္ ေငြဘယ္ေလာက္ ဝင္ႏိုင္သလဲဆိုတာ တြက္ခ်က္ပါ။
၄။ ေနာက္ဆုံးမွာ လုပ္ငန္းတာဝန္တစ္ခုခ်င္းစီအတြက္ ရမွတ္ေတြကို ေပါင္းပါ။ အျမင့္ဆုံးရတဲ့ တစ္ခုက သင့္ဘဝရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ျဖစ္သင့္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here