ချဉ်ချဉ်စပ်စပ် အရမ်းကြိုက်တတ်တဲ့သူတွေအတွက် စပ်ပြဲလန်နေမဲ့ ရန်ကုန်မြို့တွင်းစားသောက်ဆိုင် review

0
115

၁။ Spicy House

-Advertisement-

Spicy House ဆိုတာနဲ့ မာလာရှမ်းကောကို တန်းမြင်မိကြမယ်ထင်တယ်။ မှိုဝက်သားလုံး၊ ကန်စွန်းရွက်၊ အပ်မှို၊ ကြက်သား၊ ဝက်သား၊ အမဲသား စတဲ့ ကိုယ်ကြိုက်တဲ့ အသား၊ အသီးအရွက်တွေကို လိုသလောက်ရွေးထည့်ပြီး မာလာအရသာ အစပ်လျော့၊ ပုံမှန် နဲ့ အစပ်ဆုံးဆိုပြီးသုံးမျိုးရှိတဲ့ထဲက စားနိုင်သလောက် level ကိုရွေးထည့်လိုက်မယ်ဆိုရင် အရမ်းကိုအရသာရှိလွန်းတဲ့ မာလာရှမ်းကောကို သုံးဆောင်နိုင်မှာပါ။ မာလာရှမ်းကောဆိုင်တွေ အများကြီးရှိတဲ့ထဲကမှ ဘာကြောင့် Spicy House လဲဆိုရင် သူရဲ့မာလာအနှစ်ကစပေါ်လာထဲက တခြားဆိုင်တွေထက် တမူထူးခြားကောင်းမွန်လွန်းတာကြောင့် သူဆီမှာစားပြီးရင် တခြားမှာတွေမတိုးလောက်တော့ဘူးနော်။ဈေးနှုန်းအားဖြင့် ယှဉ်ကြည့်မယ်ဆိုရင်တော့ တခြားဆိုင်တွေထက်တော့ အနည်းငယ် ပိုများပါတယ်။

၂။ Seoul Myanmar

ဒီဆိုင်လေးကတော့ ဖွင့်တာအရမ်းကြီးမကြာသေးပေမယ့် ဖွင့်စကနေခုချိန်ထိ လူတွေကြိတ်ကြိတ်တိုးပဲ။ ကိုရီးယားခေါက်ဆွဲပြုတ်ကို ပွမသွားတဲ့ခေါက်ဆွဲသားနဲ့ အစပ် level 1 ကနေ level 7 ထိရှိတာကြောင့် ကိုယ်စားနိုင်သလောက် level ရွေးပြီးစားလို့ရတယ်။ level 3 လောက်ဆိုရင်ကို တော်တော်စပ်နေဘီနော်။ ကိုလာအေးအေးလေးနဲ့ Seoul Myanmar ကခေါက်ဆွဲပြုတ်ပူစပ်လေးရယ် အဲ့ကကင်ချီလေးရယ်ဆို ရှယ်ပဲ။ သူတို့ဆီမှာရတဲ့ တာကိုယာကီလေးကလည်း အိအိလေးနဲ့ရေဘဝဲတွေအထဲမှာပါပြီး စားလို့လည်းအရမ်းကောင်းတယ် ခေါက်ဆွဲစားပြီးစားရင် အစပ်လည်းပြေတယ်။ တစ်ခုရှိတာကမှာထားရင်တော်တော်လေးစောင့်ရပြီး ခုနောက်ပိုင်းမှာအသားတွေ seafood တွေထည့်ပေးတာနည်းလာတယ်။

၃။ One Zaab

ထိုင်းစာချဉ်ချဉ်စပ်စပ်ကြိုက်သူတွေအတွက် ဒီဆိုင်လေးလက်တို့လိုက်တယ်နော်။ One Zaab ကအရင်ဆိုင်သေးသေးလေးကနေ အခုဆို ဆိုင်ကြီးတိုးချဲ့ဖွင့်လှစ်ထားပါတယ်။ ဆိုင်မှာအထောင်းမျိုးစုံ၊ အသုပ်မျိုးစုံ၊ အကင်မျိုးစုံရပြီး အထောင်းအရည်ကတော့ ပြောစရာကိုမလိုအောင် အစပ်အဟပ်တည့်လွန်းလှပါတယ်။ ရောက်ဖြစ ်ရင် ဝက်ဂုတ်သားကင်၊ မုန့်တီထောင်း၊ သစ်သီးစုံထောင်း၊ ကြက်ခြေထောက်ဟင်းရည် နဲ့ ပြောင်းဖူးထောင်းကို မဖြစ်မနေစားခဲ့စေချင်ပါတယ်နော်။ ချဉ်ချဉ်စပ်စပ်နဲ့ သိပ်ကိုစားလို့ကောင်းပါတယ်။ဈေးနှုန်းကလည်း ပုံမှန်ပဲနော်။

၄။ နေရာ (၂)

Junction City အပေါ်ထပ်က Food court ထဲမှာ အခွဲထပ်ဖွင့်ထားတဲ့နေရာ ၂ ဆိုတဲ့ဆိုင်လေးကတော့ ထိုင်းစာ အသုပ်လေးတွေ အကင်လေးတွေရပါတယ်။ MalKit စားခဲ့တာကတော့ ကွေ့တီယိုအသုပ်ရယ် ကြက်ခြေထောက်ပေါင်းရယ် သဘောၤသီးထောင်းရယ်ပါ။ သူတို့ဆီမှာကွေ့တီယိုက အသုပ်လည်းရတယ် အရည်လည်းရတယ်။ အသုပ်နဲ့အတူထည့်ပေးလိုက်တဲ့ ဟင်းရည်ကတော့ အသက်ပါပဲနော်။ မုန်လာဥဖြူလေးတွေနဲ့ ကြက်သားဖတ်လေးတွေပါတဲ့ ဒီဟင်းရည်လေးကအရမ်းသောက်လို့ ကောင်းတယ်။ အကင်ကလည်း မာလာဆော့စ်နဲ့ စားလို့တယ်။ ကင်ထားတာအိအိလေးနဲ့ အနေတော်ပဲ။ အစပ်ကြိုက်ရင် ကြိုက်သလို ပြင်ခိုင်းလို့ရတဲ့အတွက် အချဉ်အစပ်သမားတွေအတွက်တော့ ကွက်တိပဲ။ ဈေးကတော့ ပုံမှန်ထက်နည်းနည်းများပါတယ်။

၅။ စိတ်ကြိုက် Seafood

ပင်လယ်စာချဉ်ချဉ်စပ်စပ်လေးမှကြိုက်တယ်ဆိုရင် စိတ်ကြိုက် seafood ဆိုတဲ့စားသောက်ဆိုင်လေးကို ညွှန်းချင်ပါတယ်နော်။ သူတို့ဆီမှာရတဲ့ မီနူးထဲကမှ အစပ်ကြိုက်တဲ့သူတွေအတွက် အပ်မှိုပေါင်း၊ ဝက်နံရိုးချဉ်စပ်၊ ပင်လယ်စာတုန်ယမ်း နဲ့အပိုဆောင်းအဖြစ် ချိစ်ဂုံးယောင်းမတို့က အရမ်းစားလို့ကောင်းတယ်နော်။ ထမင်းပူပူလေးမှာပြီး အဲ့က သရက်သီးဖျော်ရည်လေးနဲ့သောက်လိုက်ရရင်တော့ဖြင့် ဘဝအမောတွေပါပြေသွားမယ်….အယ်လယ့်။

ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့ foodie လေးတွေလည်း ကိုကိုတွေ မောင်လေးတွေကို ပူဆာပြီး တူတူသွားစားဖို့ share ပြီး mention ခေါ်ထားလိုက်တော့နော်။

#Lifestyle_Myanmar

#MalKit

Zawgyi

ခ်ဥ္ခ်ဥ္စပ္စပ္ အရမ္းႀကိဳက္တတ္တဲ့သူေတြအတြက္ စပ္ၿပဲလန္ေနမဲ့ ရန္ကုန္ၿမိဳ႕တြင္းစားေသာက္ဆိုင္ review

၁။ Spicy House

Spicy House ဆိုတာနဲ႔ မာလာရွမ္းေကာကို တန္းျမင္မိၾကမယ္ထင္တယ္။ မႈိဝက္သားလုံး၊ ကန္စြန္း႐ြက္၊ အပ္မႈိ၊ ၾကက္သား၊ ဝက္သား၊ အမဲသား စတဲ့ ကိုယ္ႀကိဳက္တဲ့ အသား၊ အသီးအ႐ြက္ေတြကို လိုသေလာက္ေ႐ြးထည့္ၿပီး မာလာအရသာ အစပ္ေလ်ာ့၊ ပုံမွန္ နဲ႔ အစပ္ဆုံးဆိုၿပီးသုံးမ်ိဳးရွိတဲ့ထဲက စားႏိုင္သေလာက္ level ကိုေ႐ြးထည့္လိုက္မယ္ဆိုရင္ အရမ္းကိုအရသာရွိလြန္းတဲ့ မာလာရွမ္းေကာကို သုံးေဆာင္ႏိုင္မွာပါ။ မာလာရွမ္းေကာဆိုင္ေတြ အမ်ားႀကီးရွိတဲ့ထဲကမွ ဘာေၾကာင့္ Spicy House လဲဆိုရင္ သူရဲ႕မာလာအႏွစ္ကစေပၚလာထဲက တျခားဆိုင္ေတြထက္ တမူထူးျခားေကာင္းမြန္လြန္းတာေၾကာင့္ သူဆီမွာစားၿပီးရင္ တျခားမွာေတြမတိုးေလာက္ေတာ့ဘူးေနာ္။ေဈးႏႈန္းအားျဖင့္ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ တျခားဆိုင္ေတြထက္ေတာ့ အနည္းငယ္ ပိုမ်ားပါတယ္။

၂။ Seoul Myanmar

ဒီဆိုင္ေလးကေတာ့ ဖြင့္တာအရမ္းႀကီးမၾကာေသးေပမယ့္ ဖြင့္စကေနခုခ်ိန္ထိ လူေတြႀကိတ္ႀကိတ္တိုးပဲ။ ကိုရီးယားေခါက္ဆြဲျပဳတ္ကို ပြမသြားတဲ့ေခါက္ဆြဲသားနဲ႔ အစပ္ level 1 ကေန level 7 ထိရွိတာေၾကာင့္ ကိုယ္စားႏိုင္သေလာက္ level ေ႐ြးၿပီးစားလို႔ရတယ္။ level 3 ေလာက္ဆိုရင္ကို ေတာ္ေတာ္စပ္ေနဘီေနာ္။ ကိုလာေအးေအးေလးနဲ႔ Seoul Myanmar ကေခါက္ဆြဲျပဳတ္ပူစပ္ေလးရယ္ အဲ့ကကင္ခ်ီေလးရယ္ဆို ရွယ္ပဲ။ သူတို႔ဆီမွာရတဲ့ တာကိုယာကီေလးကလည္း အိအိေလးနဲ႔ေရဘဝဲေတြအထဲမွာပါၿပီး စားလို႔လည္းအရမ္းေကာင္းတယ္ ေခါက္ဆြဲစားၿပီးစားရင္ အစပ္လည္းေျပတယ္။ တစ္ခုရွိတာကမွာထားရင္ေတာ္ေတာ္ေလးေစာင့္ရၿပီး ခုေနာက္ပိုင္းမွာအသားေတြ seafood ေတြထည့္ေပးတာနည္းလာတယ္။

၃။ One Zaab

ထိုင္းစာခ်ဥ္ခ်ဥ္စပ္စပ္ႀကိဳက္သူေတြအတြက္ ဒီဆိုင္ေလးလက္တို႔လိုက္တယ္ေနာ္။ One Zaab ကအရင္ဆိုင္ေသးေသးေလးကေန အခုဆို ဆိုင္ႀကီးတိုးခ်ဲ႕ဖြင့္လွစ္ထားပါတယ္။ ဆိုင္မွာအေထာင္းမ်ိဳးစုံ၊ အသုပ္မ်ိဳးစုံ၊ အကင္မ်ိဳးစုံရၿပီး အေထာင္းအရည္ကေတာ့ ေျပာစရာကိုမလိုေအာင္ အစပ္အဟပ္တည့္လြန္းလွပါတယ္။ ေရာက္ျဖစ ္ရင္ ဝက္ဂုတ္သားကင္၊ မုန႔္တီေထာင္း၊ သစ္သီးစုံေထာင္း၊ ၾကက္ေျခေထာက္ဟင္းရည္ နဲ႔ ေျပာင္းဖူးေထာင္းကို မျဖစ္မေနစားခဲ့ေစခ်င္ပါတယ္ေနာ္။ ခ်ဥ္ခ်ဥ္စပ္စပ္နဲ႔ သိပ္ကိုစားလို႔ေကာင္းပါတယ္။ေဈးႏႈန္းကလည္း ပုံမွန္ပဲေနာ္။

၄။ ေနရာ (၂)

Junction City အေပၚထပ္က Food court ထဲမွာ အခြဲထပ္ဖြင့္ထားတဲ့ေနရာ ၂ ဆိုတဲ့ဆိုင္ေလးကေတာ့ ထိုင္းစာ အသုပ္ေလးေတြ အကင္ေလးေတြရပါတယ္။ MalKit စားခဲ့တာကေတာ့ ေကြ႕တီယိုအသုပ္ရယ္ ၾကက္ေျခေထာက္ေပါင္းရယ္ သေဘာသႌးေထာင္းရယ္ပါ။ သူတို႔ဆီမွာေကြ႕တီယိုက အသုပ္လည္းရတယ္ အရည္လည္းရတယ္။ အသုပ္နဲ႔အတူထည့္ေပးလိုက္တဲ့ ဟင္းရည္ကေတာ့ အသက္ပါပဲေနာ္။ မုန္လာဥျဖဴေလးေတြနဲ႔ ၾကက္သားဖတ္ေလးေတြပါတဲ့ ဒီဟင္းရည္ေလးကအရမ္းေသာက္လို႔ ေကာင္းတယ္။ အကင္ကလည္း မာလာေဆာ့စ္နဲ႔ စားလို႔တယ္။ ကင္ထားတာအိအိေလးနဲ႔ အေနေတာ္ပဲ။ အစပ္ႀကိဳက္ရင္ ႀကိဳက္သလို ျပင္ခိုင္းလို႔ရတဲ့အတြက္ အခ်ဥ္အစပ္သမားေတြအတြက္ေတာ့ ကြက္တိပဲ။ ေဈးကေတာ့ ပုံမွန္ထက္နည္းနည္းမ်ားပါတယ္။

၅။ စိတ္ႀကိဳက္ Seafood

ပင္လယ္စာခ်ဥ္ခ်ဥ္စပ္စပ္ေလးမွႀကိဳက္တယ္ဆိုရင္ စိတ္ႀကိဳက္ seafood ဆိုတဲ့စားေသာက္ဆိုင္ေလးကို ၫႊန္းခ်င္ပါတယ္ေနာ္။ သူတို႔ဆီမွာရတဲ့ မီႏူးထဲကမွ အစပ္ႀကိဳက္တဲ့သူေတြအတြက္ အပ္မႈိေပါင္း၊ ဝက္နံ႐ိုးခ်ဥ္စပ္၊ ပင္လယ္စာတုန္ယမ္း နဲ႔အပိုေဆာင္းအျဖစ္ ခ်ိစ္ဂုံးေယာင္းမတို႔က အရမ္းစားလို႔ေကာင္းတယ္ေနာ္။ ထမင္းပူပူေလးမွာၿပီး အဲ့က သရက္သီးေဖ်ာ္ရည္ေလးနဲ႔ေသာက္လိုက္ရရင္ေတာ့ျဖင့္ ဘဝအေမာေတြပါေျပသြားမယ္….အယ္လယ့္။

ခ်ဥ္ခ်ဥ္စပ္စပ္ႀကိဳက္တဲ့ foodie ေလးေတြလည္း ကိုကိုေတြ ေမာင္ေလးေတြကို ပူဆာၿပီး တူတူသြားစားဖို႔ share ၿပီး mention ေခၚထားလိုက္ေတာ့ေနာ္။

LEAVE A REPLY

Please enter your comment!
Please enter your name here