ချစ်သူရဲ့လေးစားမှုကို ရရှိဖို့အတွက် အမျိုးသမီးတိုင်းလိုက်နာသင့်တဲ့ အရာ (၉) ချက်
0
276
-Advertisement-
၃။ ကိုယ်ပိုင်ဘဝရှိပါစေ
၅။ မညာပါနဲ့
၈။ ဟန်မဆောင်ပါနဲ့
၉။ မိန်းမဆန်ပါစေ
LM_Naung_Naung
Lifestyle_Myanmar
အမျိုးသမီးတွေကို အလိုလျှောက် ဝလာစေတဲ့ ဟော်မုန်း (၁၀) မျို
အမျိုးသားတွေရဲ့ သဘာဝအရ ချစ်သူအပေါ် ချစ်မြတ်နိုးခြင်းနဲ့ လေးစားခြင်းဟာရောယှက်နေလေ့ရှိပါတယ်။ တစ်ယောက်ကိုတစ်ယောက် လေးစားခြင်းဟာ relationship တစ်ခုအတွက် အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်က ချစ်သူရဲ့မြတ်နိုးမှုကို လိုချင်ရင် အရင်ဆုံးလေးစားမှုကို ရယူဖို့လိုအပ်ပါတယ်။ ချစ်သူရဲ့လေးစားခံရသူတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်တွေကို ရှောင်ရှားဖို့လိုပါလိမ့်မယ်။
၁။ အမြဲတမ်းခေါင်းညိမ့်လက်ခံနေရင်
ချစ်သူပြောသမျှ အရာတိုင်းကို မှားမှားမှန်မှန် ခေါင်းညိမ့်ပြီး လက်ခံနေခြင်းဟာ အမျိုးသားရဲ့ လေးစားခံရမှုအပြင် ချစ်ရေးဆိုမှုကိုပါ လျော့ကျသွားစေပါတယ်။ သင့်အပေါ်ခံစားချက်နက်နက်နဲနဲနဲ့ ဘယ်တော့မှပြောတော့မှာ မဟုတ်ပါဘူး။
၂။ သူနဲ့လိုက် မသောက်ပါနဲ့
သင့်ချစ်သူဟာ သူ့သူငယ်ချင်းနဲ့ အတူတူသောက်ခဲ့တဲ့အချိန်တွေဆိုရင် ပျော်ရွင်ရပြီး ကောင်းမွန်တဲ့အချိန်တွေလို့ မှတ်ယူပါတယ်။ ဒါပေမယ့် public လိုနေရာမျိုးမှာ မိန်းကလေးတစ်ယောက်က ချစ်သူရှေ့မှာ အရက်သို့မဟုတ် ဘီယာသောက်ခဲ့ရင်တော့ သူ့အတွက်ရှက်စရာလို့ မှတ်ယူတတ်ပါတယ်။
၃။ ကိုယ်ပိုင်ဘဝရှိပါစေ
အမျိုးသားအများစုဟာ သူတို့ကိုယ်တိုင် အမျိုးသမီးတစ်ယောက်ရဲ့ဘဝအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ချင်ကြပါတယ်။ ဒါပေမယ့် ဘဝတစ်ခုလုံးအတွက်တော့ မဟုတ်ပါဘူး။
၄။ ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဘာမှမပေးပါနဲ့
ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာတင် သူ့ရဲ့လိင်ဆန္ဒကို လိုက်လျောပေးခြင်းဟာ relationship တစ်ခုကိုလေးစားမှုမရှိခြင်းနဲ့ စတင်ခြင်းနည်းလမ်းဖြစ်ပါတယ်။
၅။ မညာပါနဲ့
ရိုးသားမှုဟာ ကောင်းမွန်တဲ့ realtiomship တိုင်းအတွက် အာမခံချက်တစ်ခုဖြစ်ပါတယ်။
၆။ ရည်းစားဟောင်းအကြောင်း စောဒကမတက်ပါနဲ့
စကားအသုံးအနှုန်းတိုင်းအတွက် ကိုယ့်ကိုယ်ကိုကန့်သတ်ခြင်းဟာ ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။ ရိုးသားပါ ဒါပေမယ့်ဖုံးကွယ်ရမယ့်အရာကိုတော့ ဖုံးကွယ်ထားပါ။
၇။ အခြားသူတွေနဲ့ ပရောပရည်မလုပ်ပါနဲ့
ဒါဟာ သင့်ချစ်သူ့ကိုသဝန်တိုရုံသက်သက်မဟုတ်ပါဘူး။ သင့်ဖက်ကပွင့်လင်းပြီး ရိုးသားတယ်ဆိုရင်တောင်မှ မလိုလားအပ်ပဲ မကောင်းသတင်းတွေ ထွက်တဲ့အတွက် သင်လည်းသိက္ခကျပြီး
ချစ်သူရဲ့ အထင်သေးမှုကို ခံရနိုင်ပါတယ်။
၈။ ဟန်မဆောင်ပါနဲ့
ကိုယ့်ရဲ့ပုံစံအတိုင်း ကိုယ်နေပါ။ အခြားသူတစ်ယောက်လိုမျိုး ဟန်မဆောင်ပါနဲ့။ အတုလည်းခိုးစရာမလိုပါဘူး။
၉။ မိန်းမဆန်ပါစေ
မိန်းမဆန်မှု၊ ကြင်နာသနားစိတ်နဲ့ ဖြူစင်အောင် နေထိုင်ပါ။ ဒီအရည်အချင်းတွေကို မနှစ်သက်တဲ့အမျိုးသားဆိုတာ မရှိပါဘူး။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ချစ်သူရဲ့ လေးစားမြတ်နိုးမှုကို ခံရမှာ အသေအချာပါပဲ။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here