ချစ်သူထိုင်ဖို့ သူ့ခန္ဓာကိုယ်ကို ထိုင်ခုံအဖြစ် ဖန်တီးပေးတဲ့ ကောင်းလေး (ရုပ်သံ)

0
67
စုံတွဲတစ်တွဲ
စုံတွဲတစ်တွဲ
- Advertisement -

ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း သက်သေပြလိုက်တဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်နေ့က facebook ပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ကောင်လေးက သူ့ကောင်မလေးကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ သက်သေပြနေသလိုပါပဲ။ ဒီအဖြစ်အပျက်လေးဟာ နယူးယောက်မှာရှိတဲ့ အာရှစုံတွဲတစ်တွဲရဲ့ လမ်းမပေါ်က အဖြစ်အပျက်လေးတစ်ခုပါ။

-Advertisement-

အဆိုပါ ဗီဒီယိုထဲမှာတော့ သူတို့စုံတွဲဟာ လမ်းလျှောက်လာရင် ကောင်မလေးဆီက အရေးကြီး ဖုန်းဝင်လာဟန်တူပါတယ်။ အဲ့ဒီအခါ ကောင်လေးက သူ့ကောင်မလေး အေးအေးဆေးဆေး ဖုန်းပြောနိုင်ဖို့ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုင်ခုံအဖြစ် ဖန်တီးပြီး ပေးထိုင်ခိုင်းလိုက်တာဖြစ်ပါတယ်။ သူတို့ရဲ့ အဖြစ်အပျက်ကို လမ်းသွားလမ်းလာလူအချို့က စိတ်ဝင်တစားကြည့်ကြပေမဲ့ သူ့ကောင်မလေးကတော့ သိပ့်ပြီး ဂရုစိုက်ပုံမပေါ်ပါဘူး။

ဒီအဖြစ်အပျက်ကို လမ်းသွားလမ်းလာသူတစ်ယောက်က ဗီဒီယိုရိုက်ပြီး လိုင်းပေါ်မှာဖြန့်ဝေခဲ့တာကြောင့် အင်တာနက်သုံးစွဲသူတွေကလည်း ကောင်မလေးရဲ့ လုပ်ရပ်ဟာ သိပ့်ပြီး သူ့ကောင်လေးအပေါ် သနားညှာတာမှုမရှိဘူး၊ တစ်ချို့ကလည်း လမ်းသွားလမ်းလာ လူတွေအတွက် ဒီအပြုအမူက အနှောက်အယှက်ဖြစ်တယ်ဆိုပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့ပါတယ်။

There’s chivalry and then there’s this #whatisnewyork

Gepostet von What Is New York am Freitag, 21. Juni 2019

ကဲ ဒီအပြုအမူကို ကောင်းလေးဘက်ကရော၊ ကောင်မလေးဘက်ကရော၊ လမ်းသွားလမ်းလာတွေဘက်ကရော ကြည့်ရင် Lifestyle Myanmar ပရိတ်သတ်ကြီးအနေနဲ့ ဘယ်လိုမြင်လဲ။

#Lifestyle_Myanmar

#Thar_Nage

ရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ ကွာခြားသွားတဲ့ ဆက်ဆံရေးနဲ့ အပြုအမူအချို့

Zawgyi Fonts







- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here