ရုပ်ရှင်နဲ့ စာအုပ်တွေထဲက ရိုမန့်ဆန်တဲ့ ဇာတ်လမ်းတွေကြောင့် တစ်ချို့လူတွေက တကယ်ချစ်တဲ့ ယောက်ကျ်ားလေးတွေက သူ့ရဲ့ ချစ်သူကောင်မလေးကို ပန်းစည်းအကြီးကြီးတွေပေးတာ ကျောက်မျက်ရတနာ လက်ဆောင်တွေပေးတာတွေ လုပ်ကြတယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ ဒါတွေက အပေါ်ယံတွေပါ။ တကယ်ချစ်တဲ့ ချစ်သူကောင်လေးတွေဆိုတာ ဒီလိုအပေါ်ယံတွေထက် တကယ့်စိတ်ရင်းကနေလာတဲ့ အရာတွေကိုသာ ပေးလေ့ရှိပါတယ်။
ချစ်သူမိန်းကလေးရဲ့သူငယ်ချင်းတွေ မိသားစုဝင်တွေကို အလေးထားတယ်
တကယ်ချစ်တဲ့အမျိုးသားတွေက ချစ်သူမိန်းကလေးရဲ့သူငယ်ချင်းတွေ မိသားစုဝင်တွေကို သူ့ရဲ့နှလုံးသားထဲမှာ ထားလေ့ရှိပါတယ်။ ချစ်သူမိန်းကလေး လိုအပ်နေချိန်မှာ အမြဲတမ်းရှိနေပေးတတ်တာ တကယ်ချစ်တဲ့ ယောကျ်ားလေးတွေရဲ့ အပြုအမူတစ်ခုပါ။

ချစ်သူမိန်းကလေးရဲ့အောင်မြင်မှုအပေါ် အမြဲတမ်းဂုဏ်ယူနေတက်တယ်
အမျိုးသားတော်တော်များများက မိန်းကလေးတွေအောင်မြင်နေတာကို မကြိုက်ကြပါဘူး။ အထူးသဖြင့် သူတို့ကိုယ်တိုင်က ကျရှုံးပြီး အမျိုးသမီးတွေက အောင်မြင်သွားတဲ့အချိန်တွေမှာပေါ့။ ဒါပေမယ့် သူ့ရဲ့ချစ်သူကောင်မလေးကို တကယ်ချစ်မြတ်နိုးတဲ့ အမျိုးသားတွေကတော့ သူမရဲ့အောင်မြင်မှုတွေအတွက် အမြဲတမ်း ဝမ်းသာပျော်ရွှင်နေလေ့ရှိပါတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေကို ထုတ်ဖော်ပြောဆိုဖို့လည်း ဝန်မလေးတတ်ပါဘူး။

အမြဲတမ်းအားပေးလေ့ရှိတယ်
တကယ်ချစ်တဲ့အမျိုးသားတွေနဲ့နေရတဲ့ အမျိုးသမီးတွေဟာ အမြဲတမ်းအင်အားတွေရှိနေသလို ခံစားရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်ချစ်တဲ့အမျိုးသားတွေက သူ့ရဲ့ချစ်သူမိန်းကလေးကို အမြဲတမ်းလိုလို အားပေးစကားတွေ ချီးကျုးစကားတွေ ပြောဆိုပေးနေလို့ပါပဲ။

ဦးစားပေးတယ်
တကယ်ချစ်တဲ့အမျိုးသားတွေက ချစ်သူမိန်းကလေးအတွက် အမြဲတမ်း ဦးစားပေး စဉ်းစားပေးပါတယ်။ ဒါက ချစ်သူမိန်းကလေးနဲ့အတူတူ အချိန်ဖြုန်းချင်ရုံသက်သက်မဟုတ်ဘဲ အနာဂတ်အတွက်ပါ ရည်ရွယ်ပြီး ပြုမူဆက်ဆံနေခြင်းဖြစ်ပါတယ်။ အမျိုးသားတွေဟာ သူတို့တကယ်ချစ်တဲ့ မိန်းကလေးတွေအကြောင်း အမြဲတမ်းစဉ်းစားနေတတ်သလို သူမရဲ့စိတ်ဝင်စားမှုတွေကိုလည်း ဦးစားပေးလေ့ရှိပါတယ်။

ချစ်သူမိန်းကလေးပြောသမျှကို ဂရုတစိုက်နားထောင်ပေးတယ်
တကယ်ချစ်တဲ့ အမျိုးသားတွေက ချစ်သူမိန်းကလေးပြောသမျှကို ဂရုတစိုက်နားထောင်ပေးကြပြီး စိတ်ဝင်တစား မေးခွန်းလေးတွေ မေးတတ်ကြပါတယ်။
Lifestyle_Myanmar
ref-lifehack