ချစ်သူကို Birthday Surprise လုပ်ဖို့ သွားရာမှ ဝမ်းနည်းစရာအဖြစ်နဲ့ ကြုံရတဲ့ ကောင်လေး

0
1799
ချစ်သူကို မွေးနေ့ Surprise

တကယ်ချစ်တဲ့သူက သူများထပ်ပိုပြီး အထိနာတယ်ဆိုတာ ဒီလိုအဖြစ်မျိုးကို ဆိုရမလိုပဲ။ ကိုယ်က ချစ်လွန်းလို့ တယုတရနဲ့ တန်ဖိုးထားပေမဲ့ သူကတော့ နောက်တစ်ယောက်ရင်ခွင်မှာ သာယာနေတဲ့ အဖြစ်အပျက်ဟာ မျက်မြင်တွေ့ဖို့မပြောနဲ့ ကြားနေရတာနဲ့တင် အတော်လေး ခံစားရပါတယ်။ ယခုလည်း တရုတ်အမျိုးသားတစ်ယောက်က ပန်းစည်းလေးနဲ့အတူ ဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေလိုက်ပါတယ်။

-Advertisement-

သာမန်ပုံမျိုးမဟုတ်ဘဲ ကိုယ်ချစ်သူက နောက်တစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။ တခြားသူအတွက်တော့ရယ်ရွှင်စရာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကိုယ်တိုင်ခံစားရတဲ့သူကတော့ တော်တော်လေး နာကျင်မိမှာ အမှန်ပါပဲ။ ထိုအမျိုးသားဟာ ဓာတ်ပုံနဲ့အတူ စာရေးသားပြီး ပို့စ်တင်ပေးခဲ့ပါတယ်။ သူတင်ထားတဲ့ ပို့စ်မှာတော့ “ဒီနေ့က ကျွန်တော့်ကောင်မလေး မွေးနေ့ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့မွေးနေ့မှာ suprise လုပ်ပေးဖို့ သူ့ရှိတဲ့ ကားပါကင်နေရာကို သူ မသိအောင် လာခဲ့တာပါ။ ဒါပေမဲ့ ဒီမြင်ကွင်းကို ကြည့်ရှု့ဖို့တော့ ကျွန်တော်မမျှော်လင့်ထားဘူး” လို့ရေးထားတာပါ။

အဆိုပါ တရုတ်ကောင်လေး တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပွေ့ချီနေတဲ့ စုံတွဲတစ်တွဲရဲ့ မြင်ကွင်းပါ။ အဲ့ဒီစုံတွဲမှာ ပွေ့ချီခံထားရတဲ့ ကောင်မလေးကတော့ သူ မွေးနေ့ Suprise လုပ်မဲ့ သူ့ရဲ့ ရည်းစား ပဲဖြစ်ပါတယ်။ တွေ့တွေ့ချင်းမှာတော့ စိတ်မထိန်းနိုင်လောက်အောင် မျက်ရည်တွေကျမိခဲ့ပါတယ်။ အဲ့ဒီနောက် တရုတ်ကောင်လေးဟာ သူ ဘယ်လောက် နာကျင်ခံစားရမလဲဆိုတာ သိဖို့ သူတို့နှစ်ယောက်ပွေ့ဖက်ထားတဲ့ပုံကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။

ဒီပုံကို အွန်လိုင်းပေါ် မျှဝေပြီးနောက် အွန်လိုင်းသုံးစွဲသူတော်တော်များများက အဆိုပါ တရုတ်ကောင်လေးကို နှစ်သိမ့်ပေးခဲ့ကြပြီး ကောင်မလေးကိုလည်း အရှုပ်ထုပ်တစ်ယောက်ပါလို့ မှတ်ချက်ပေးထားကြပါတယ်။ တစ်ချို့မှတ်ချက်တွေက ကောင်းလေးဘက်က ဝင်ပြောတဲ့သူရှိသလို ကောင်မလေးဘက်နေ ဝင်ပြောပေးတဲ့သူတွေလည်း အနည်းနဲ့အများ ရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဆန္ဒအတိုင်း ဇနီးသည်ဓာတ်ပုံနဲ့အတူ ခရီးသွားတဲ့ အမျိုးသား

Zawgyi Fonts

ခ်စ္သူကို Birthday Surprise လုပ္ဖို႔ သြားရာမွ ဝမ္းနည္းစရာအျဖစ္နဲ႔ ၾကဳံရတဲ့ ေကာင္ေလး
တကယ္ခ်စ္တဲ့သူက သူမ်ားထပ္ပိုၿပီး အထိနာတယ္ဆိုတာ ဒီလိုအျဖစ္မ်ိဳးကို ဆိုရမလိုပဲ။ ကိုယ္က ခ်စ္လြန္းလို႔ တယုတရနဲ႔ တန္ဖိုးထားေပမဲ့ သူကေတာ့ ေနာက္တစ္ေယာက္ရင္ခြင္မွာ သာယာေနတဲ့ အျဖစ္အပ်က္ဟာ မ်က္ျမင္ေတြ႕ဖို႔မေျပာနဲ႔ ၾကားေနရတာနဲ႔တင္ အေတာ္ေလး ခံစားရပါတယ္။ ယခုလည္း တ႐ုတ္အမ်ိဳးသားတစ္ေယာက္က ပန္းစည္းေလးနဲ႔အတူ ဓာတ္ပုံတစ္ပုံကို ဆိုရွယ္မီဒီယာေပၚမွာ မၽွေဝလိုက္ပါတယ္။

သာမန္ပုံမ်ိဳးမဟုတ္ဘဲ ကိုယ္ခ်စ္သူက ေနာက္တစ္ေယာက္နဲ႔ ေပ်ာ္ရႊင္ေနတဲ့ပုံကို ေနာက္ခံထားၿပီး ရိုက္ကူးထားတဲ့ ပုံရိပ္ေလးပဲျဖစ္ပါတယ္။ တျခားသူအတြက္ေတာ့ရယ္ရႊင္စရာမ်ိဳး ျဖစ္ေကာင္းျဖစ္နိုင္ေပမဲ့ ကိုယ္တိုင္ခံစားရတဲ့သူကေတာ့ ေတာ္ေတာ္ေလး နာက်င္မိမွာ အမွန္ပါပဲ။ ထိုအမ်ိဳးသားဟာ ဓာတ္ပုံနဲ႔အတူ စာေရးသားၿပီး ပို႔စ္တင္ေပးခဲ့ပါတယ္။ သူတင္ထားတဲ့ ပို႔စ္မွာေတာ့ “ဒီေန႔က ကၽြန္ေတာ့္ေကာင္မေလး ေမြးေန႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူ႔ေမြးေန႔မွာ suprise လုပ္ေပးဖို႔ သူ႔ရွိတဲ့ ကားပါကင္ေနရာကို သူ မသိေအာင္ လာခဲ့တာပါ။ ဒါေပမဲ့ ဒီျမင္ကြင္းကို ၾကည့္ရွု႔ဖို႔ေတာ့ ကၽြန္ေတာ္မေမၽွာ္လင့္ထားဘူး” လို႔ေရးထားတာပါ။

အဆိုပါ တ႐ုတ္ေကာင္ေလး ေတြ႕လိုက္ရတဲ့ ျမင္ကြင္းကေတာ့ တကယ့္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေပြ႕ခ်ီေနတဲ့ စုံတြဲတစ္တြဲရဲ့ ျမင္ကြင္းပါ။ အဲ့ဒီစုံတြဲမွာ ေပြ႕ခ်ီခံထားရတဲ့ ေကာင္မေလးကေတာ့ သူ ေမြးေန႔ Suprise လုပ္မဲ့ သူ႔ရဲ့ ရည္းစား ပဲျဖစ္ပါတယ္။ ေတြ႕ေတြ႕ခ်င္းမွာေတာ့ စိတ္မထိန္းနိုင္ေလာက္ေအာင္ မ်က္ရည္ေတြက်မိခဲ့ပါတယ္။ အဲ့ဒီေနာက္ တ႐ုတ္ေကာင္ေလးဟာ သူ ဘယ္ေလာက္ နာက်င္ခံစားရမလဲဆိုတာ သိဖို႔ သူတို႔ႏွစ္ေယာက္ေပြ႕ဖက္ထားတဲ့ပုံကို ေနာက္ခံထားၿပီး ဓာတ္ပုံရိုက္ခဲ့တာျဖစ္ပါတယ္။

ဒီပုံကို အြန္လိုင္းေပၚ မၽွေဝၿပီးေနာက္ အြန္လိုင္းသုံးစြဲသူေတာ္ေတာ္မ်ားမ်ားက အဆိုပါ တ႐ုတ္ေကာင္ေလးကို ႏွစ္သိမ့္ေပးခဲ့ၾကၿပီး ေကာင္မေလးကိုလည္း အရွုပ္ထုပ္တစ္ေယာက္ပါလို႔ မွတ္ခ်က္ေပးထားၾကပါတယ္။ တစ္ခ်ိဳ႕မွတ္ခ်က္ေတြက ေကာင္းေလးဘက္က ဝင္ေျပာတဲ့သူရွိသလို ေကာင္မေလးဘက္ေန ဝင္ေျပာေပးတဲ့သူေတြလည္း အနည္းနဲ႔အမ်ား ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here