ချစ်သူကို ဘုရင်မတစ်ပါးလိုစောင့်ရှောက်တတ်တဲ့ ရာသီခွင် ၄ခု

    0
    347
    - Advertisement -

    မိန်းမတိုင်းက ပြီးပြည့်စုံသောယောင်္ကျားတစ်ယောက်ကို ရှာဖွေဖို့ကြိုးစားကြတယ်။ ဒါဟာ လူတွေက ဆက်ဆံရေးနှင့်ပတ်သက်ပြီးတော့ လူတော်တော်များများက မှန်ကန်တဲ့အထောက်အထားကို ရှာဖွေတဲ့အခါ ရာသီခွင်အထောက်အထားကလည်း အလွန်အရေးကြီးတယ်လို့ ယူဆမိပါတယ်။ တာ၀န်ယူမှုမရှိတဲ့ရာသီခွင်တွေနဲ့ပတ်သက်ပြီး အရင်က ကျွန်မတို့ရေးခဲ့ဖူးပါတယ်။ ဒါတစ်ခါမှာတော့ တာ၀န်ယူနိုင်စွမ်းတွေအရမ်းမြင့်မားပြီးတော့ ချစ်သူကို ဘုရင်မတစ်ပါးလိုစောင့်ရှောက်မယ့် ရာသီခွင်လေးတွေအကြောင်းမျှ၀ေပေးချင်ပါတယ်။

    -Advertisement-

    Capricon(Dec 22- Jan 19)

    ဒီရာသီခွင်တွေဟာ အမှန်တကယ်ကို ကြီးမားတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ကြပါတယ်။ သူတို့ချစ်မြတ်နိုးရသူတွေကို များသောအားဖြင့် နှစ်ခြိုက်ခြင်း၊ ချီးမွမ်းခြင်း၊ လက်ဆောင်ပေးခြင်း၊ စောင့်ရှောက်ခြင်းနှင့် အာရုံစူးစိုက်ခြင်းစတဲ့အရာတွေနဲ့ လွှမ်းမိုးလေ့ရှိကြပါတယ်။ Capriconတွေဟာ စည်းကမ်းကြီးပြီးတော့ ပြတ်သားတဲ့သူတွေလိုထင်ရပါတယ်။ ဒါပေမယ့် သူတို့ဟာ နူးညံ့သိမ်မွေ့ပြီးတော့ ချစ်ခြင်းမေတ္တာတွေနဲ့ နေထိုင်တတ်တဲ့သူလေးတွေပါ။

    သူတို့ဟာ သူတို့ချစ်တဲ့မိန်းကလေးပျော်ရွှင်ဖို့အတွက်ဆိုရင် အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေပါတယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို အပြောနဲ့သက်သေပြရုံမက လုပ်ရပ်နဲ့ပါ သက်သေပြကြတာပါ။ သူတို့ရဲ့ ပင်ကိုယ်သဘာ၀က ရက်ရောတတ်ကြတာကြောင့် သက်တောင့်သက်သာရှိတဲ့ဇိမ်ခံပစ္စည်းတွေကို ဖန်တီးပေးဖို့ နှမြောတတ်သူတွေမဟုတ်ပါဘူး။ Capriconတွေဟာ သူတို့ချစ်သူတွေရဲ့ အလိုဆန္ဒတွေအတွက် သူတို့မှာ ကိုယ်ရေးကိုယ်တာအခက်အခဲတွေရှိတယ်ဆိုရင်တောင် လှည့်မကြည့်ဘဲ ဖြည့်ဆည်းပေးဖို့ နည်းလမ်းရှာတတ်သူတွေပါ။

    ၂။ Pisces(Feb 19-Mar 19)

    ရိုမန်တစ်ဆန်လွန်းတဲ့Piscesတွေဟာ ပြီးပြည့်စုံတဲ့လက်တွဲဖော်ကို အချိန်အကြာကြီး ရှာဖွေပြီးတော့ တွေ့တဲ့အခါမှာလည်း သူမကို ပျော်ရွှင်စေဖို့အတွက်ပဲ ကြိုးစားပါတယ်။ တီထွင်ဖန်တီးမှုနှင့် မြင့်မားတဲ့ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ ပင်ကိုယ်အသိစိတ်က သူ့ကို ချစ်မြတ်နိုးသူများရဲ့ ဆန္ဒကို အလိုလျောက်သိနိုင်တဲ့ ညဥ်လေးဖြစ်ပါတယ်။ Piscesရာသီခွင်အမျိုးသားများဟာသူတို့ရဲ့ နေအိမ်အတွင်းမှာ နွေးထွေးတဲ့ ပတ်၀န်းကျင်ကို ဖန်တီးပြီးတော့ ဂေဟစနစ်ကို နှစ်သက်ကြပါတယ်။ သူတို့တွေဟာ သူတို့ချစ်မြတ်နိုးရသူတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ၀န်းရံထားပါတယ်။

    မနက်ခင်းအိပ်ရာနှိုးထလာတဲ့အခါ breakfastပွဲလေးအဆင်သင့်ဖြစ်နေတာမျိုး၊ ဖယောင်းတွေပတ်ပတ်လည်ထွန်းထားတဲ့ကြည်နူးဖွယ်ညစာမျိုး၊ အေးချမ်းတဲ့လရောင်အောက်မှာ နှစ်ဦးသားလမ်းလျှောက်ဖြစ်တာမျိုးတွေ၊ ရိုမန့်ပန်းလေးတွေနဲ့အတူ သူတို့ချစ်သူဟာ မိဖုရားတစ်ပါးထက် ပိုသာတဲ့ပြီးပြည့်စုံမှုတွေ ပေးစွမ်းပါလိမ့်မယ်။ စိတ်ကူးယဥ်ဆန်ပြီးတော့ နှစ်ဦးနှစ်ဖက်အပြန်အလှန်ယဥ်ကျေးသိမ်မွေ့မှုတွေမျှ၀ေထားတဲ့ နှစ်သက်ဖွယ်အမှတ်တရတွေကို မမေ့သင့်ပါဘူး။ သူတို့ရဲ့ချစ်မြတ်နိုးမှုကိုအသိအမှတ်ပြုခြင်းက သူတို့ရဲ့ ပျော်ရွှင်မှုကို ဖြစ်စေသလိုပဲ သူတို့အတွက်လည်း အရမ်းအရေးကြီးပါတယ်။

    ၃။ Leo(July 23- August 22)

    Leoတွေဟာ ဘယ်လိုကိစ္စမျိုးတွေပဲလုပ်လုပ်အမျိုးသမီးတွေရဲ့ မျက်နှာကို ကြည့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လက်တွဲဖော်တွေနဲ့ ပြဿနာမဖြစ်ချင်ကြလို့ပါ။ ဆွဲဆောင်မှုရှိတဲ့Leoလေးတွေနဲ့စကားပြောရတာ ပျော်စရာကောင်းပါတယ်။ ချစ်ရသူတွေကို လက်ဆောင်တွေပေးချင်တဲ့သူတို့ရဲ့ ရက်ရောမှုနှင့် မျှော်လင့်ချက်လေးတွေက Capriconတွေလိုပဲ ကြီးမားကျယ်ပြန့်လွန်းပါတယ်။ ဒီရာသီခွင်တွေရဲ့ အမျိုးသားတွေဟာ သူတို့ရဲ့မိန်းကလေးတွေကို ပျော်ရွှင်စေချင်ကြတယ်။ ဒါ့အပြင် သူတို့က အပေါင်းအသင်းတွေအတွက်လည်း ဂုဏ်ယူတတ်ကြပါတယ်။ နောက်ပြီးတော့ စူပါးမားကတ်တွေမှာ စျေး၀ယ်တဲ့အခါမှာ သူတို့က သူတို့ရဲ့ချစ်သူတွေကို ကမ္ဘာ့ထိပ်တန်းအမျိုးသမီးတစ်ယောက်၊ ဒါမှမဟုတ် ဆယ်လီအမျိုးသမီးတွေလိုမျိုး ခံစားရစေပါလိမ့်မယ်။

    ၄။ Taurus(Apr 20- May 20)

    Taurusတွေဟာ ငြိမ်းချမ်းခြင်းနှင့်နှစ်သိမ့်ခြင်းကို ကြိုက်နှစ်သက်ကြတဲ့ရာသီခွင်ဖြစ်ပါတယ်။ အဲ့လိုနည်းနဲ့ပဲ သူတို့ဟာ ရင်းနှီးမှုကိုရယူဖို့ အကောင်းဆုံးမိတ်ဖက်တွေအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ သင်ဟာ သူတို့လေးတွေနဲ့ ပေါင်းသင်းတဲ့အခါ သက်တောင့်သက်သာရှိပြီးတော့ လုံခြုံစိတ်ချရှိတယ်လို့ ခံစားရစေပါတယ်။ Taurusတွေဟာ သူတို့ရဲ့ ချစ်သူတွေကို ရုပ်ပစ္စည်းတွေနဲ့သာမက စိတ်၀ိညာဥ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်သည်အထိ သစ္စာစောင့်သိတတ်သူလေးတွေဖြစ်ကြပါတယ်။ ဒီလိုစောင့်သိမှုမျိုးကို တစ်ခြားရာသီခွင်တွေကို တွေ့ရဖို့မလွယ်ကူပါဘူး။


    Taurusတွေရဲ့ ဂရုစိုက်စောင့်ရှောက်တတ်တဲ့အကျင့်လေးတွေကြောင့် ချစ်သူရဲ့မျက်နှာအနေအထားအသွင်အပြင်တွေ နည်းနည်းလေးပြောင်းလဲသွားတယ်ဆိုရင်ပဲ သတိထားမိတတ်ပါတယ်။ သူတို့ဟာ ပထမဆုံး တန်ဖိုးထားပြီးတော့ နောက်ဆုံးမှာ အလွယ်တကူလက်တွဲသွားတတ်ကြပါတယ်။ သူတို့ဘေးမှာရှိတဲ့ သူတို့ချစ်မြတ်နိုးရတဲ့ မင်းသမီးလေးဟာ အမြဲတမ်းဘုရင်မလေးတစ်ပါးလို ခံစားနေရပါလိမ့်မယ်။

    Lifestyle_Myanmar

    Nyein_Thu

    sources-mambee

    - Advertisement -

    LEAVE A REPLY

    Please enter your comment!
    Please enter your name here